ဂျီနိုဆိုက်အသွင်ဆောင်တဲ့ ရာဇဝတ်မှုတွေမှာ လုံခြုံရေးကောင်စီဝင်များ ဗီတိုအာဏာကျင့်သုံးနေခြင်းက တရားဝင်ပါသလား (ဘာသာပြန်ဆောင်းပါး)

 592

Alynn (NP News) - မတ် ၂၃

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် အတွက် တာဝန်ရှိသည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း အားလုံးက အသိအမှတ် ပြုထားကြသည်။ အဖွဲ့ဝင် ၁၅ နိုင်ငံရှိပြီး ၅ နိုင်ငံမှာ ဗီတိုအာဏာကျင့်သုံးခွင့်ရရှိသည့် အမြဲတမ်းအဖွဲ့ဝင်များ ဖြစ်ကြသည်။ ဗီတိုအာဏာသည် လုံခြုံရေးကောင်စီတွင် အရေးပါဆုံးနှင့်အငြင်းပွားဖွယ် အဖြစ်ဆုံးအရာ တစ်ခုလည်း ဖြစ်နေသည်။ အမြဲတမ်းအဖွဲ့ဝင်များမှာ တရုတ်၊ ပြင်သစ်၊ ရုရှား၊ ယူကေနှင့် အမေရိကန်တို့ ဖြစ်ပြီး ခိုင်မာသောဆုံးဖြတ်ချက် (Resolution) များကိုပင် ဗီတိုအာဏာသုံးပယ်ချနိုင်သည်။ သို့ဖြစ်ရာ ဗီတို အာဏာနှင့်ပတ်သက်၍ အငြင်းအခုံများစွာရှိနေပြီး အချို့ UN အတွက် ဗီတိုအာဏာက မရှိမဖြစ် အရေးပါသည့် အရာတစ်ခုဟု ယူဆကြသော်လည်း အချို့ကမူ တာဝန်ဝတ္တရားများကိုဆောင်ရွက်ရာတွင် အဟန့်အတားဖြစ် စေကြောင်း ရှုမြင်ကြသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် တစ်နိုင်ငံက ဗီတိုအာဏာ ကျင့်သုံးသည့်အခါတိုင်း ကုလသမဂ္ဂ၏လုပ်ငန်းစဉ်တစ်ခုလုံးကို ကမောက်ကမဖြစ်သွားစေနိုင်သည်။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်တိုင်းသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိန်းသိမ်းရန်အစဉ်ရှေးရှုသော် လည်း ဗီတိုအာဏာသည် ၎င်းဆုံးဖြတ်ချက်ကို အကောင်အထည်မဖော်နိုင်အောင် ဟန့်တားနိုင်နေသည်။ ဗီတို အာဏာကျင့်သုံးမှုသည် ဒဏ်ခတ်ပိတ်ဆို့မှုများ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ၊ စစ်ရေးအရ ကြားဝင်စွက်ဖက်မှုများ၊ ငြိမ်းချမ်းရေး ထိန်းသိမ်းတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ခြင်းနှင့် ရုပ်သိမ်းခြင်းတို့ အထိပါ ပါဝင်သည့်အတွက် လူတစ်ဦးတစ်ယောက်ချင်းစီ၏ ရှင်သန်ရပ်တည်မှုအပေါ် သက်ရောက်မှုရှိနေပါသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်က အထွေထွေညီလာခံ၏ တောင်းဆို
ချက်အရ ယူအေအီးနိုင်ငံသည် အပြည်ပြည်ဆိုင်ရာတရားရုံးရှေ့မှောက် (ICJ) ၌ အစ္စရေးတို့သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေ အ တွင်း ကျင့်သုံးလျက်ရှိသည့်မူဝါဒများနှင့်ပတ်သက်၍ အောက်ပါအတိုင်းအကြံပြုကြားနာခဲ့သည်။ “ လုံခြုံ ရေးကောင်စီတွင် နိုင်ငံများအနေဖြင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာပြီး တာဝန်ဝတ္တရားများကို ပူးပေါင်းဆောင်ရွက်ကြဖို့နှင့် အကယ်၍ လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကိုထောက်ခံခြင်း သို့မဟုတ် ကန့် ကွက်ခြင်း အပြုအမူများသည် နိုင်ငံတကာဥပဒေကို ဆိုးဆိုးရွားရွားချိုးဖောက်နေလျှင် တာဝန်ဝတ္တရားများ ကိုလည်း ဆောင်ရွက်နိုင်တော့မည်မဟုတ်ကြောင်း ” ယူအေအီးကိုယ်စားလှယ်က တရားရုံးထံ လျှောက်ထား ခဲ့သည်။ လုံခြုံရေးကောင်စီကအဆိုပြုသည့် ဂါဇာကမ်းမြောင်အပစ်အခတ်ရပ်စဲရေးဆုံးဖြတ်ချက်ကို အမေရိ ကန်က ဗီတိုအာဏာသုံးပယ်ချပြီးနောက် ယူအေအီးသည် ထို လျှောက်ထားချက်ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ ယူအေအီး၏ လျှောက်ထားချက်သည် ICJ တရားရုံး၏ စီရင်ဆုံးဖြတ်ချက်များကို မေးခွန်းထုတ်လိုက်သလို ဖြစ်နေပြီး ဆိုးရွားသော ရာဇဝတ်မှုများကို နိုင်ငံတကာဥပဒေနှင့်အညီဖြေရှင်းရာတွင် ဗီတိုအာဏာ၏ ပိတ်ဆို့ နေမှုများကို ထင်သာမြင်သာဖြစ်စေသည်။ လက်ရှိအခြေအနေတွင် လုံခြုံရေးကောင်စီ၌ ဗီတို အာဏာ ကျင့် သုံးနေခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများ၊ စစ် ရာဇဝတ်မှုများနှင့် ဆက်စပ်မှုရှိနေကြောင်းတွေးတောစရာဖြစ်နေသည်။ ယခင်ကလည်း ကုလသမဂ္ဂနိုင်ငံများ သည် အမြဲတမ်းအဖွဲ့ဝင်များ၏ ဗီတိုအာဏာကျင့်သုံးမှုကို လျှော့ချပေးဖို့ တောင်းဆိုခြင်းများရှိခဲ့သည်။ ထို တောင်းဆိုချက်များကို ပြင်သစ်နှင့် ယူကေနိုင်ငံတို့က အလေးထားသော် လည်း အခြားအဖွဲ့ဝင် ၃ ဦးကမူ ဗီတို အာဏာကို သုံးမြဲသုံးဆဲပင် ရှိကြသည်။

ဆိုးရွားသည့်ရာဇဝတ်မှုများကြုံတွေ့ရသော်လည်း အင်အားကြီးနိုင်ငံများသည် ဗီတိုအာဏာသုံးဖို့ ဝန်မလေးကြပေ။ ဥပမာပြရလျှင် ရုရှားသည် ဆီးရီး ယားပြည်တွင်းစစ်အတွင်း အာဆတ်အစိုးရ၏ ရာဇဝတ် မှုများကို ဗီတိုအာဏာသုံးပြီး အကာအကွယ်ပေးခဲ့သည်။ ထိုအချိန်က ဆီးရီးယားပဋိပက္ခအတွင်း ဓာတု လက် နက်များအသုံးပြုခြင်း ရှိ/ မရှိ စုံစမ်းစစ်ဆေးရန် လုံခြုံရေးကောင်စီက ယန္တရားတစ်ခုဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ သော်လည်း ရုရှားက ဗီတိုအာဏာသုံး ပယ်ချခဲ့သည်။ ထို့ပြင် ၂၀ဝ၀ ပြည့်နှစ်များအတွင်း ဆူဒန်၌ လူမျိုးသုဉ်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်မှု အသွင်ဆောင်သည့် လုပ်ရပ်များရှိနေသော်လည်း တရုတ်သည် ဆူဒန်၌ ကုလသမဂ္ဂ၏တပ်ဖွဲ့များဖြန့် ကြက်ခြင်းနှင့် အရေးယူပိတ်ဆို့ခြင်း ဆုံးဖြတ်ချက်များ အားနည်းယုတ် လျော့စေရန် ဗီတိုအာဏာသုံးခဲ့ဖူးသည်။

ထို့ပြင် မကြာသေးမီက အမေရိကန်၏ ဗီတိုအာဏာကျင့်သုံးမှုသည် အလွန်အမင်းအံ့အားသင့်စရာ ကောင်းနေသေးသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၈ ရက်က ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ချက်ချင်း ရပ်စဲ ရေးဆုံးဖြတ်ချက်ကို အမေရိကန်က ပထမအကြိမ် ဗီတိုအာဏာသုံးပယ်ချခဲ့သည်။ ထို့ပြင် ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီ ၂၀ ရက်က ထိုဆုံးဖြတ်ချက်နှင့်ပတ်သက်၍ လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံ အနက် ၁၃ နိုင်ငံက ထောက်ခံ ခဲ့သော်လည်း အမေရိကန်က ဗီတိုအာဏာ ထပ်မံကျင့်သုံးခဲ့သည်။ ICJ သည် ဂါဇာအရေးနှင့် ပတ်သက်၍ တောင်အာဖရိကနိုင်ငံကတောင်းဆိုသည့် ယာယီစီမံချက်များကိုခွင့်ပြုခဲ့သည်။ အပြည်ပြည်ဆိုင်ရာ လွတ်လပ် သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ ဖော်ပြချက်အရ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက် မှ စတင် ခဲ့သည့် ပဋိပက္ခသည်အဘက်ဘက်မှ စစ်ရာဇဝတ်မှုမြောက်နေကြောင်း ထင်ရှားသောသက်သေများရှိနေသည် ဟု ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အစ္စရေးအနေဖြင့် စစ်ပွဲဆိုင်ရာဥပဒေများကို လေးစားလိုက်နာသင့်ကြောင်း ကော် မရှင်က တောင်းဆိုခဲ့သည်။ အမေရိကန်သမ္မတဘိုင်ဒင်ကိုယ်တိုင်ကလည်း အစ္စရေး၏လေကြောင်းဗုံးကျဲ တိုက်ခိုက်မှုများသည် ပစ်မှတ်ကို အတိအကျ ခွဲခြမ်းစိတ်ဖြာခြင်းမရှိ အလုံးစုံတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့ဖူးသည်။

သို့ဖြစ်ရာ ဂါဇာစစ်ပွဲကဲ့သို့ ဆိုးရွားသော ရာဇဝတ်မှုကျူးလွန်သည့်အခြေအနေများတွင် လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက ထောက်ခံသည့်ဆုံးဖြတ်ချက်မျိုးကို ဗီတိုအာဏာသုံးပယ်ချခြင်းက နိုင်ငံတကာ ဥပဒေများနှင့် လျော်ညီမှုရှိပါသလားဟု မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ ဗီတိုအာဏာသည် နိုင်ငံတကာ ဥပဒေဘောင်အတွင်း၌သာရှိပြီး ၎င်းကို ကျော်လွန်၍ အာဏာသက်ရောက်နိုင်စွမ်းမရှိသင့်ပေ။ လူမျိုးသုဉ်း သတ်ဖြတ်ခြင်း၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်သည့် အခြေ အနေမျိုးတွင် ဗီတိုအာဏာ ကျင့်သုံးခြင်းသည် တရားဝင်ဖြစ်ခြင်း/ မဖြစ်ခြင်းကို ခွဲခြမ်းစိတ်ဖြာနိုင်သည့် အခြေ အနေအချို့ရှိနေသည်။ ၎င်းမှာ ဗီတိုအာဏာကျင့်သုံးခြင်းများသည် (၁) jus cogens ဟုခေါ်သည့် အပြည်ပြည် ဆိုင်ရာ ဥပဒေစံနှုန်းများ၊ (၂) ကုလသမဂ္ဂပဋိညာဉ်ပါ ရည်မှန်းချက်များ၊ အခြေခံမူ များနှင့် (၃) ဂျီနိုဆိုက် ကွန်ဗင်ရှင်းနှင့် ဂျီနီဗာကွန်ဗင်းရှင်းပါ တာဝန်ဝတ္တရားများနှင့် လျော်ညီမှု ရှိ/ မရှိ ထိုအချက် ၃ ချက်ပေါ် မူတည်၍ ဆန်းစစ်ခြင်းဖြစ်သည်။

ပထမအချက်အနေဖြင့် ကုလသမဂ္ဂပဋိညာဉ် စာချုပ်၏ အထက်တွင် jus cogens ဟုခေါ်သည့် နိုင်ငံ တကာ ဥပဒေတည်ရှိနေသည်။ ထို့ကြောင့် ကုလသမဂ္ဂပဋိညာဉ် အပိုဒ် ၂၇၊ ပုဒ်မ ၃ အရ ပေးအပ်ထားသော ဗီတိုအာဏာသည်လည်း နိုင်ငံတကာ ဥပဒေအောက်တွင်သာရှိနေမည်ဖြစ်သည်။ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်ကို သုတ်သင်ရှင်းလင်းမှု၊ စစ်ရာဇဝတ်ကျူးလွန်မှုတို့ကို jus cogens အောက်တွင် တားမြစ် ထားပါသည်။ သို့ဖြစ်၍ နိုင်ငံတကာဥပဒေအောက်တွင် အမြင့်ဆုံးအကာအကွယ်ပေးထားသော ထိုရာဇဝတ်မှု များတွင် ဗီတိုအာဏာကျင့်သုံးခြင်းကို ကန့်သတ်မထားခြင်းက နိုင်ငံတကာဥပဒေနှင့် မလျော်ညီရာရောက် နေသည်။

ဒုတိယအချက်အနေဖြင့် ဗီတိုအာဏာသည် ကုလသမဂ္ဂပဋိညာဉ်တွင်ပါဝင်ပြီး အပိုဒ် ၂၄၊ ပုဒ်မ ၂ အရ လုံခြုံရေးကောင်စီသည် တာဝန်ဝတ္တရားများကို ဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့၏ ရည်မှန်းချက်များနှင့် မူများအတိုင်းဆောင်ရွက်ရမည်ဟု ပါရှိသည်။ အပိုဒ် ၁ ပါ ရည်မှန်းချက်များအရ ‘‘ လူ့အခွင့်အရေးများကို လေးစားလိုက်နာပြီး တရားမျှတခြင်းအခြေခံမူများ၊ နိုင်ငံတကာ ဥပဒေများနှင့်အညီဆောင်ရွက်ရမည် ’’ ဟု ဖော်ပြပါရှိသည်။ အပိုဒ် ၂ ပါ အခြေခံမူများ အရ ‘‘ ကုလသမဂ္ဂပဋိညာဉ်စာချုပ်နှင့်အညီ စိတ်စေတနာ ကောင်းဖြင့် ဆောင်ရွက်ရမည် ’’ ဟူ၍ ဖြစ်သည်။ သို့ဖြစ်ပါ၍ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းများ၊ လူသားမျိုးနွယ် စုအပေါ် ကျူးလွန်ခြင်းများနှင့် စစ်ရာဇဝတ်မှုကျူးလွန်ခြင်း အခြေအနေများတွင် ဗီတိုအာဏာကျင့်သုံးခြင်း သည် ဖော်ပြပါ ကုလသမဂ္ဂ၏ ရည်မှန်းချက်နှင့် အခြေခံမူများကို ဖောက်ဖျက်ရာ ရောက်နေပေသည်။

တတိယအချက်အနေဖြင့် အချို့သောနိုင်ငံတကာစာချုပ်များအောက်တွင် ပါဝင်ချုပ်ဆိုသည့် နိုင်ငံ များလိုက်နာရမည့် တာဝန်ဝတ္တရားများရှိနေသည်။ ၎င်းတို့တွင် ဂျီနိုဆိုက်ကွန်ဗင်းရှင်းနှင့် ဂျီနီဗာကွန်ဗင်းရှင်း တို့လည်း အပါအဝင်ဖြစ်ပြီး ၎င်းစာချုပ်များ၏ အပိုဒ် ၁ ပါ တာဝန်ဝတ္တရားများအရ လူမျိုးသုဉ်းသတ်ဖြတ် ခြင်းကို တားဆီးကာကွယ်ရန်နှင့် မည်သည့် အခြေအနေမျိုးတွင်မဆို စာချုပ်ပါအချက်များကို လေးစားလိုက် နာရမည်ဟု ဖော်ပြထားသည်။ သို့ဖြစ်ရာ ၎င်းစာချုပ်ဝင်နိုင်ငံများဖြစ်သည့် လုံခြုံရေးကောင်စီ၏ အမြဲတမ်း အဖွဲ့ဝင်များသည် လူမျိုးသုဉ်းသတ်ဖြတ်ခြင်းကို ဦးတည်စေမည့်လုပ်ရပ်မှန်သမျှကို အစွမ်းကုန်တားဆီး ကာကွယ်ရမည့်တာဝန်ရှိနေသည်။

အထက်ဖော်ပြပါအချက် ၃ ချက်လုံးသည် ဆိုးရွားသော ရာဇဝတ်မှုများအတွင်း ဗီတိုအာဏာကျင့်သုံး ခြင်းနှင့်ပတ်သက်၍ သိသာမြင်သာစေသည့် အချက်များဖြစ်ရာ အချက်တစ်ခုနှင့် ငြိစွန်းနေလျှင်ပင် ၎င်း ဗီတို အာဏာကျင့်သုံးခြင်း၏ တရားဝင်မှုက မေးခွန်းထုတ်စရာဖြစ်လာမည် ဖြစ်သည်။ ဂါဇာကမ်းမြောင် စစ်ပွဲ အတွင်း အစ္စရေး၏ အရပ်သားနှင့် ရန်သူ ခွဲခြားခြင်းမရှိ ဝေဟင်မှ ဗုံးကျဲခြင်း၊ ဒုံးကျည်များဖြင့် အများပြည်သူ ပိုင်ဆေးရုံများ၊ အဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းက စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်း ဖြစ်ကြောင်း သုံးသပ်ချက်များ ရှိနေသည်။ သို့ဖြစ်ရာ အမေရိကန်အနေဖြင့် အစ္စရေးကို ကာကွယ်ရန်အတွက် လုံခြုံရေးကောင်စီတွင် ဗီတို အာဏာကျင့်သုံးနေခြင်းလုပ်ရပ်က လူမိုက်အားပေးရာရောက်သလိုဖြစ်နေပြီး လူသားချင်းစာနာ ထောက်ထားမှုများ၊ လစ်ဘရယ်ဝါဒများကို ရှေ့တန်းတင် ဦးစားပေးနေသည့် အင်အားကြီး နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာနှင့် လုပ်ရပ်တို့မှာ လမ်းလွဲနေပါကြောင်း ရေးသားလိုက်ရပါသည်။

zawgyi version
ဂ်ီႏိုဆိုက္အသြင္ေဆာင္တဲ့ ရာဇဝတ္မႈေတြမွာ လုံၿခဳံေရးေကာင္စီဝင္မ်ား ဗီတိုအာဏာက်င့္သုံးေနျခင္းက တရားဝင္ပါသလား
Alynn (NP News) - မတ္ ၂၃

ကုလသမဂၢလုံၿခဳံေရးေကာင္စီသည္ အျပည္ျပည္ဆိုင္ရာၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကို ထိန္းသိမ္းရန္ အတြက္ တာဝန္ရွိသည့္ ႏိုင္ငံတကာအဖြဲ႕အစည္းတစ္ခုျဖစ္ေၾကာင္း အားလုံးက အသိအမွတ္ ျပဳထားၾကသည္။ အဖြဲ႕ဝင္ ၁၅ ႏိုင္ငံရွိၿပီး ၅ ႏိုင္ငံမွာ ဗီတိုအာဏာက်င့္သုံးခြင့္ရရွိသည့္ အၿမဲတမ္းအဖြဲ႕ဝင္မ်ား ျဖစ္ၾကသည္။ ဗီတိုအာဏာသည္ လုံၿခဳံေရးေကာင္စီတြင္ အေရးပါဆုံးႏွင့္အျငင္းပြားဖြယ္ အျဖစ္ဆုံးအရာ တစ္ခုလည္း ျဖစ္ေနသည္။ အၿမဲတမ္းအဖြဲ႕ဝင္မ်ားမွာ တ႐ုတ္၊ ျပင္သစ္၊ ႐ုရွား၊ ယူေကႏွင့္ အေမရိကန္တို႔ ျဖစ္ၿပီး ခိုင္မာေသာဆုံးျဖတ္ခ်က္ (Resolution) မ်ားကိုပင္ ဗီတိုအာဏာသုံးပယ္ခ်ႏိုင္သည္။ သို႔ျဖစ္ရာ ဗီတို အာဏာႏွင့္ပတ္သက္၍ အျငင္းအခုံမ်ားစြာရွိေနၿပီး အခ်ိဳ႕ UN အတြက္ ဗီတိုအာဏာက မရွိမျဖစ္ အေရးပါသည့္ အရာတစ္ခုဟု ယူဆၾကေသာ္လည္း အခ်ိဳ႕ကမူ တာဝန္ဝတၱရားမ်ားကိုေဆာင္႐ြက္ရာတြင္ အဟန႔္အတားျဖစ္ ေစေၾကာင္း ရႈျမင္ၾကသည္။

ကုလသမဂၢလုံၿခဳံေရးေကာင္စီ၏ အၿမဲတမ္းအဖြဲ႕ဝင္ တစ္ႏိုင္ငံက ဗီတိုအာဏာ က်င့္သုံးသည့္အခါတိုင္း ကုလသမဂၢ၏လုပ္ငန္းစဥ္တစ္ခုလုံးကို ကေမာက္ကမျဖစ္သြားေစႏိုင္သည္။ ကုလသမဂၢ၏ ဆုံးျဖတ္ခ်က္တိုင္းသည္ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးႏွင့္ လုံၿခဳံေရးကိုထိန္းသိမ္းရန္အစဥ္ေရွးရႈေသာ္ လည္း ဗီတိုအာဏာသည္ ၎ဆုံးျဖတ္ခ်က္ကို အေကာင္အထည္မေဖာ္ႏိုင္ေအာင္ ဟန႔္တားႏိုင္ေနသည္။ ဗီတို အာဏာက်င့္သုံးမႈသည္ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား၊ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အေထာက္အပံ့မ်ား၊ စစ္ေရးအရ ၾကားဝင္စြက္ဖက္မႈမ်ား၊ ၿငိမ္းခ်မ္းေရး ထိန္းသိမ္းတပ္ဖြဲ႕ဝင္မ်ား ျဖန႔္ၾကက္ျခင္းႏွင့္ ႐ုပ္သိမ္းျခင္းတို႔ အထိပါ ပါဝင္သည့္အတြက္ လူတစ္ဦးတစ္ေယာက္ခ်င္းစီ၏ ရွင္သန္ရပ္တည္မႈအေပၚ သက္ေရာက္မႈရွိေနပါသည္။

၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၁ ရက္က အေထြေထြညီလာခံ၏ ေတာင္းဆို
ခ်က္အရ ယူေအအီးႏိုင္ငံသည္ အျပည္ျပည္ဆိုင္ရာတရား႐ုံးေရွ႕ေမွာက္ (ICJ) ၌ အစၥေရးတို႔သိမ္းပိုက္ထားေသာ ပါလက္စတိုင္းနယ္ေျမ အ တြင္း က်င့္သုံးလ်က္ရွိသည့္မူဝါဒမ်ားႏွင့္ပတ္သက္၍ ေအာက္ပါအတိုင္းအႀကံျပဳၾကားနာခဲ့သည္။ “ လုံၿခဳံ ေရးေကာင္စီတြင္ ႏိုင္ငံမ်ားအေနျဖင့္ ႏိုင္ငံတကာဥပေဒမ်ားကို ေလးစားလိုက္နာၿပီး တာဝန္ဝတၱရားမ်ားကို ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ႏွင့္ အကယ္၍ လုံၿခဳံေရးေကာင္စီ၏ဆုံးျဖတ္ခ်က္ကိုေထာက္ခံျခင္း သို႔မဟုတ္ ကန႔္ ကြက္ျခင္း အျပဳအမူမ်ားသည္ ႏိုင္ငံတကာဥပေဒကို ဆိုးဆိုး႐ြား႐ြားခ်ိဳးေဖာက္ေနလွ်င္ တာဝန္ဝတၱရားမ်ား ကိုလည္း ေဆာင္႐ြက္ႏိုင္ေတာ့မည္မဟုတ္ေၾကာင္း ” ယူေအအီးကိုယ္စားလွယ္က တရား႐ုံးထံ ေလွ်ာက္ထား ခဲ့သည္။ လုံၿခဳံေရးေကာင္စီကအဆိုျပဳသည့္ ဂါဇာကမ္းေျမာင္အပစ္အခတ္ရပ္စဲေရးဆုံးျဖတ္ခ်က္ကို အေမရိ ကန္က ဗီတိုအာဏာသုံးပယ္ခ်ၿပီးေနာက္ ယူေအအီးသည္ ထို ေလွ်ာက္ထားခ်က္ကို တင္သြင္းခဲ့ျခင္းျဖစ္သည္။ ယူေအအီး၏ ေလွ်ာက္ထားခ်က္သည္ ICJ တရား႐ုံး၏ စီရင္ဆုံးျဖတ္ခ်က္မ်ားကို ေမးခြန္းထုတ္လိုက္သလို ျဖစ္ေနၿပီး ဆိုး႐ြားေသာ ရာဇဝတ္မႈမ်ားကို ႏိုင္ငံတကာဥပေဒႏွင့္အညီေျဖရွင္းရာတြင္ ဗီတိုအာဏာ၏ ပိတ္ဆို႔ ေနမႈမ်ားကို ထင္သာျမင္သာျဖစ္ေစသည္။ လက္ရွိအေျခအေနတြင္ လုံၿခဳံေရးေကာင္စီ၌ ဗီတို အာဏာ က်င့္ သုံးေနျခင္းသည္ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈမ်ား၊ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္ေနသည့္ ရာဇဝတ္မႈမ်ား၊ စစ္ ရာဇဝတ္မႈမ်ားႏွင့္ ဆက္စပ္မႈရွိေနေၾကာင္းေတြးေတာစရာျဖစ္ေနသည္။ ယခင္ကလည္း ကုလသမဂၢႏိုင္ငံမ်ား သည္ အၿမဲတမ္းအဖြဲ႕ဝင္မ်ား၏ ဗီတိုအာဏာက်င့္သုံးမႈကို ေလွ်ာ့ခ်ေပးဖို႔ ေတာင္းဆိုျခင္းမ်ားရွိခဲ့သည္။ ထို ေတာင္းဆိုခ်က္မ်ားကို ျပင္သစ္ႏွင့္ ယူေကႏိုင္ငံတို႔က အေလးထားေသာ္ လည္း အျခားအဖြဲ႕ဝင္ ၃ ဦးကမူ ဗီတို အာဏာကို သုံးၿမဲသုံးဆဲပင္ ရွိၾကသည္။

ဆိုး႐ြားသည့္ရာဇဝတ္မႈမ်ားႀကဳံေတြ႕ရေသာ္လည္း အင္အားႀကီးႏိုင္ငံမ်ားသည္ ဗီတိုအာဏာသုံးဖို႔ ဝန္မေလးၾကေပ။ ဥပမာျပရလွ်င္ ႐ုရွားသည္ ဆီးရီး ယားျပည္တြင္းစစ္အတြင္း အာဆတ္အစိုးရ၏ ရာဇဝတ္ မႈမ်ားကို ဗီတိုအာဏာသုံးၿပီး အကာအကြယ္ေပးခဲ့သည္။ ထိုအခ်ိန္က ဆီးရီးယားပဋိပကၡအတြင္း ဓာတု လက္ နက္မ်ားအသုံးျပဳျခင္း ရွိ/ မရွိ စုံစမ္းစစ္ေဆးရန္ လုံၿခဳံေရးေကာင္စီက ယႏၲရားတစ္ခုဖြဲ႕စည္းဖို႔ ဆုံးျဖတ္ခဲ့ ေသာ္လည္း ႐ုရွားက ဗီတိုအာဏာသုံး ပယ္ခ်ခဲ့သည္။ ထို႔ျပင္ ၂၀ဝ၀ ျပည့္ႏွစ္မ်ားအတြင္း ဆူဒန္၌ လူမ်ိဳးသုဥ္း သတ္ျဖတ္မႈ၊ စစ္ရာဇဝတ္မႈက်ဴးလြန္မႈ အသြင္ေဆာင္သည့္ လုပ္ရပ္မ်ားရွိေနေသာ္လည္း တ႐ုတ္သည္ ဆူဒန္၌ ကုလသမဂၢ၏တပ္ဖြဲ႕မ်ားျဖန႔္ ၾကက္ျခင္းႏွင့္ အေရးယူပိတ္ဆို႔ျခင္း ဆုံးျဖတ္ခ်က္မ်ား အားနည္းယုတ္ ေလ်ာ့ေစရန္ ဗီတိုအာဏာသုံးခဲ့ဖူးသည္။

ထို႔ျပင္ မၾကာေသးမီက အေမရိကန္၏ ဗီတိုအာဏာက်င့္သုံးမႈသည္ အလြန္အမင္းအံ့အားသင့္စရာ ေကာင္းေနေသးသည္။ ၂၀၂၃ ခုႏွစ္ ဒီဇင္ဘာ ၈ ရက္က ဂါဇာကမ္းေျမာင္တြင္ အပစ္အခတ္ခ်က္ခ်င္း ရပ္စဲ ေရးဆုံးျဖတ္ခ်က္ကို အေမရိကန္က ပထမအႀကိမ္ ဗီတိုအာဏာသုံးပယ္ခ်ခဲ့သည္။ ထို႔ျပင္ ၂၀၂၄ ခုႏွစ္ ေဖေဖာ္ ဝါရီ ၂၀ ရက္က ထိုဆုံးျဖတ္ခ်က္ႏွင့္ပတ္သက္၍ လုံၿခဳံေရးေကာင္စီဝင္ ၁၅ ႏိုင္ငံ အနက္ ၁၃ ႏိုင္ငံက ေထာက္ခံ ခဲ့ေသာ္လည္း အေမရိကန္က ဗီတိုအာဏာ ထပ္မံက်င့္သုံးခဲ့သည္။ ICJ သည္ ဂါဇာအေရးႏွင့္ ပတ္သက္၍ ေတာင္အာဖရိကႏိုင္ငံကေတာင္းဆိုသည့္ ယာယီစီမံခ်က္မ်ားကိုခြင့္ျပဳခဲ့သည္။ အျပည္ျပည္ဆိုင္ရာ လြတ္လပ္ ေသာစုံစမ္းစစ္ေဆးေရးေကာ္မရွင္၏ ေဖာ္ျပခ်က္အရ ၂၀၂၃ ခုႏွစ္ ေအာက္တိုဘာ ၇ ရက္ မွ စတင္ ခဲ့သည့္ ပဋိပကၡသည္အဘက္ဘက္မွ စစ္ရာဇဝတ္မႈေျမာက္ေနေၾကာင္း ထင္ရွားေသာသက္ေသမ်ားရွိေနသည္ ဟု ထုတ္ျပန္ခဲ့သည္။ ထို႔ျပင္ အစၥေရးအေနျဖင့္ စစ္ပြဲဆိုင္ရာဥပေဒမ်ားကို ေလးစားလိုက္နာသင့္ေၾကာင္း ေကာ္ မရွင္က ေတာင္းဆိုခဲ့သည္။ အေမရိကန္သမၼတဘိုင္ဒင္ကိုယ္တိုင္ကလည္း အစၥေရး၏ေလေၾကာင္းဗုံးက်ဲ တိုက္ခိုက္မႈမ်ားသည္ ပစ္မွတ္ကို အတိအက် ခြဲျခမ္းစိတ္ျဖာျခင္းမရွိ အလုံးစုံတိုက္ခိုက္ေနျခင္း ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ဖူးသည္။

သို႔ျဖစ္ရာ ဂါဇာစစ္ပြဲကဲ့သို႔ ဆိုး႐ြားေသာ ရာဇဝတ္မႈက်ဴးလြန္သည့္အေျခအေနမ်ားတြင္ လုံၿခဳံေရး ေကာင္စီအဖြဲ႕ဝင္ ၉ ႏိုင္ငံက ေထာက္ခံသည့္ဆုံးျဖတ္ခ်က္မ်ိဳးကို ဗီတိုအာဏာသုံးပယ္ခ်ျခင္းက ႏိုင္ငံတကာ ဥပေဒမ်ားႏွင့္ ေလ်ာ္ညီမႈရွိပါသလားဟု ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့သည္။ ဗီတိုအာဏာသည္ ႏိုင္ငံတကာ ဥပေဒေဘာင္အတြင္း၌သာရွိၿပီး ၎ကို ေက်ာ္လြန္၍ အာဏာသက္ေရာက္ႏိုင္စြမ္းမရွိသင့္ေပ။ လူမ်ိဳးသုဥ္း သတ္ျဖတ္ျခင္း၊ လူသားမ်ိဳးႏြယ္အေပၚ ရာဇဝတ္မႈ က်ဴးလြန္ျခင္းႏွင့္ စစ္ရာဇဝတ္မႈမ်ား က်ဴးလြန္သည့္ အေျခ အေနမ်ိဳးတြင္ ဗီတိုအာဏာ က်င့္သုံးျခင္းသည္ တရားဝင္ျဖစ္ျခင္း/ မျဖစ္ျခင္းကို ခြဲျခမ္းစိတ္ျဖာႏိုင္သည့္ အေျခ အေနအခ်ိဳ႕ရွိေနသည္။ ၎မွာ ဗီတိုအာဏာက်င့္သုံးျခင္းမ်ားသည္ (၁) jus cogens ဟုေခၚသည့္ အျပည္ျပည္ ဆိုင္ရာ ဥပေဒစံႏႈန္းမ်ား၊ (၂) ကုလသမဂၢပဋိညာဥ္ပါ ရည္မွန္းခ်က္မ်ား၊ အေျခခံမူ မ်ားႏွင့္ (၃) ဂ်ီႏိုဆိုက္ ကြန္ဗင္ရွင္းႏွင့္ ဂ်ီနီဗာကြန္ဗင္းရွင္းပါ တာဝန္ဝတၱရားမ်ားႏွင့္ ေလ်ာ္ညီမႈ ရွိ/ မရွိ ထိုအခ်က္ ၃ ခ်က္ေပၚ မူတည္၍ ဆန္းစစ္ျခင္းျဖစ္သည္။

ပထမအခ်က္အေနျဖင့္ ကုလသမဂၢပဋိညာဥ္ စာခ်ဳပ္၏ အထက္တြင္ jus cogens ဟုေခၚသည့္ ႏိုင္ငံ တကာ ဥပေဒတည္ရွိေနသည္။ ထို႔ေၾကာင့္ ကုလသမဂၢပဋိညာဥ္ အပိုဒ္ ၂၇၊ ပုဒ္မ ၃ အရ ေပးအပ္ထားေသာ ဗီတိုအာဏာသည္လည္း ႏိုင္ငံတကာ ဥပေဒေအာက္တြင္သာရွိေနမည္ျဖစ္သည္။ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ၊ လူသားမ်ိဳးႏြယ္ကို သုတ္သင္ရွင္းလင္းမႈ၊ စစ္ရာဇဝတ္က်ဴးလြန္မႈတို႔ကို jus cogens ေအာက္တြင္ တားျမစ္ ထားပါသည္။ သို႔ျဖစ္၍ ႏိုင္ငံတကာဥပေဒေအာက္တြင္ အျမင့္ဆုံးအကာအကြယ္ေပးထားေသာ ထိုရာဇဝတ္မႈ မ်ားတြင္ ဗီတိုအာဏာက်င့္သုံးျခင္းကို ကန႔္သတ္မထားျခင္းက ႏိုင္ငံတကာဥပေဒႏွင့္ မေလ်ာ္ညီရာေရာက္ ေနသည္။

ဒုတိယအခ်က္အေနျဖင့္ ဗီတိုအာဏာသည္ ကုလသမဂၢပဋိညာဥ္တြင္ပါဝင္ၿပီး အပိုဒ္ ၂၄၊ ပုဒ္မ ၂ အရ လုံၿခဳံေရးေကာင္စီသည္ တာဝန္ဝတၱရားမ်ားကို ေဆာင္႐ြက္ရာတြင္ ကုလသမဂၢအဖြဲ႕၏ ရည္မွန္းခ်က္မ်ားႏွင့္ မူမ်ားအတိုင္းေဆာင္႐ြက္ရမည္ဟု ပါရွိသည္။ အပိုဒ္ ၁ ပါ ရည္မွန္းခ်က္မ်ားအရ ‘‘ လူ႔အခြင့္အေရးမ်ားကို ေလးစားလိုက္နာၿပီး တရားမွ်တျခင္းအေျခခံမူမ်ား၊ ႏိုင္ငံတကာ ဥပေဒမ်ားႏွင့္အညီေဆာင္႐ြက္ရမည္ ’’ ဟု ေဖာ္ျပပါရွိသည္။ အပိုဒ္ ၂ ပါ အေျခခံမူမ်ား အရ ‘‘ ကုလသမဂၢပဋိညာဥ္စာခ်ဳပ္ႏွင့္အညီ စိတ္ေစတနာ ေကာင္းျဖင့္ ေဆာင္႐ြက္ရမည္ ’’ ဟူ၍ ျဖစ္သည္။ သို႔ျဖစ္ပါ၍ လူမ်ိဳးသုဥ္းသတ္ျဖတ္ျခင္းမ်ား၊ လူသားမ်ိဳးႏြယ္ စုအေပၚ က်ဴးလြန္ျခင္းမ်ားႏွင့္ စစ္ရာဇဝတ္မႈက်ဴးလြန္ျခင္း အေျခအေနမ်ားတြင္ ဗီတိုအာဏာက်င့္သုံးျခင္း သည္ ေဖာ္ျပပါ ကုလသမဂၢ၏ ရည္မွန္းခ်က္ႏွင့္ အေျခခံမူမ်ားကို ေဖာက္ဖ်က္ရာ ေရာက္ေနေပသည္။

တတိယအခ်က္အေနျဖင့္ အခ်ိဳ႕ေသာႏိုင္ငံတကာစာခ်ဳပ္မ်ားေအာက္တြင္ ပါဝင္ခ်ဳပ္ဆိုသည့္ ႏိုင္ငံ မ်ားလိုက္နာရမည့္ တာဝန္ဝတၱရားမ်ားရွိေနသည္။ ၎တို႔တြင္ ဂ်ီႏိုဆိုက္ကြန္ဗင္းရွင္းႏွင့္ ဂ်ီနီဗာကြန္ဗင္းရွင္း တို႔လည္း အပါအဝင္ျဖစ္ၿပီး ၎စာခ်ဳပ္မ်ား၏ အပိုဒ္ ၁ ပါ တာဝန္ဝတၱရားမ်ားအရ လူမ်ိဳးသုဥ္းသတ္ျဖတ္ ျခင္းကို တားဆီးကာကြယ္ရန္ႏွင့္ မည္သည့္ အေျခအေနမ်ိဳးတြင္မဆို စာခ်ဳပ္ပါအခ်က္မ်ားကို ေလးစားလိုက္ နာရမည္ဟု ေဖာ္ျပထားသည္။ သို႔ျဖစ္ရာ ၎စာခ်ဳပ္ဝင္ႏိုင္ငံမ်ားျဖစ္သည့္ လုံၿခဳံေရးေကာင္စီ၏ အၿမဲတမ္း အဖြဲ႕ဝင္မ်ားသည္ လူမ်ိဳးသုဥ္းသတ္ျဖတ္ျခင္းကို ဦးတည္ေစမည့္လုပ္ရပ္မွန္သမွ်ကို အစြမ္းကုန္တားဆီး ကာကြယ္ရမည့္တာဝန္ရွိေနသည္။

အထက္ေဖာ္ျပပါအခ်က္ ၃ ခ်က္လုံးသည္ ဆိုး႐ြားေသာ ရာဇဝတ္မႈမ်ားအတြင္း ဗီတိုအာဏာက်င့္သုံး ျခင္းႏွင့္ပတ္သက္၍ သိသာျမင္သာေစသည့္ အခ်က္မ်ားျဖစ္ရာ အခ်က္တစ္ခုႏွင့္ ၿငိစြန္းေနလွ်င္ပင္ ၎ ဗီတို အာဏာက်င့္သုံးျခင္း၏ တရားဝင္မႈက ေမးခြန္းထုတ္စရာျဖစ္လာမည္ ျဖစ္သည္။ ဂါဇာကမ္းေျမာင္ စစ္ပြဲ အတြင္း အစၥေရး၏ အရပ္သားႏွင့္ ရန္သူ ခြဲျခားျခင္းမရွိ ေဝဟင္မွ ဗုံးက်ဲျခင္း၊ ဒုံးက်ည္မ်ားျဖင့္ အမ်ားျပည္သူ ပိုင္ေဆး႐ုံမ်ား၊ အေဆာက္အအုံမ်ားကို ပစ္မွတ္ထား တိုက္ခိုက္ေနျခင္းက စစ္ရာဇဝတ္မႈ က်ဴးလြန္ေနျခင္း ျဖစ္ေၾကာင္း သုံးသပ္ခ်က္မ်ား ရွိေနသည္။ သို႔ျဖစ္ရာ အေမရိကန္အေနျဖင့္ အစၥေရးကို ကာကြယ္ရန္အတြက္ လုံၿခဳံေရးေကာင္စီတြင္ ဗီတို အာဏာက်င့္သုံးေနျခင္းလုပ္ရပ္က လူမိုက္အားေပးရာေရာက္သလိုျဖစ္ေနၿပီး လူသားခ်င္းစာနာ ေထာက္ထားမႈမ်ား၊ လစ္ဘရယ္ဝါဒမ်ားကို ေရွ႕တန္းတင္ ဦးစားေပးေနသည့္ အင္အားႀကီး ႏိုင္ငံတစ္ႏိုင္ငံ၏ ဂုဏ္သိကၡာႏွင့္ လုပ္ရပ္တို႔မွာ လမ္းလြဲေနပါေၾကာင္း ေရးသားလိုက္ရပါသည္။

Related news

© 2021. All rights reserved.