ကမ္ဘာ့ဩဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ရုရှားသမ္မတပူတင်ဆိုတာ ဘယ်လိုလူစားမျိုးလဲ (ဘာသာပြန်ဆောင်းပါး)

 1109

ဂျန်ဇက် (NP News) - မတ် ၂၇

လက်ရှိကမ္ဘာတစ်ဝန်းရှိ နိုင်ငံ့ခေါင်းဆောင်တွေထဲ ဩဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်တွေထဲမှာ ရုရှားသမ္မတပူတင် ပါဝင်နေပါတယ်။ ရုရှားသမ္မတပူတင်ဟာ လက်ရှိအချိန်မှာ အသက် ၇၁ နှစ်အရွယ်ရှိနေပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ထက် ၁၀ နှစ် ငယ်သလို တရုတ်သမ္မတရှီကျင့်ဖျင့်ထက် ၁ နှစ်ကြီးပါတယ်။ နာမည်ကျော် ရုရှားပြည်ပ ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ ကေဂျီဘီထောက်လှမ်းရေးအဖွဲ့မှာ ၁၆ နှစ်ကြာ တာဝန်ယူဖူးတဲ့ ပူတင်ဟာ ရုရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်၊ သမ္မတရာထူးတွေကို ၁၉၉၉ ခုနှစ်ကတည်းက စတင်တာဝန်ယူခဲ့ဖူးရာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ တရုတ်သမ္မတ ရှီကျင့်ဖျင့်တို့ထက် နိုင်ငံရေး သမ္ဘာ၊ ဝါရင့်သူတစ်ယောက်လို့ ဆိုနိုင်ပါတယ်။

ပူတင်ကို ၁၉၅၂ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စု လီနင်ဂရက်မြို့မှာမွေးဖွားခဲ့ပြီး မိခင်ဖြစ်သူက စက်ရုံအလုပ်သမ တစ်ဦးဖြစ်သလို ဖခင်ဖြစ်သူက ရုရှား ရေတပ်သားတစ်ဦးဖြစ်ပါတယ်။ ပူတင်ရဲ့အဘိုးဖြစ်သူက စစ်သားတစ်ဦးဖြစ် ကာ နိုင်ငံအတွက် အသက်ပေးခဲ့သလို ဖခင်ဖြစ်သူကလည်း ဒုတိယကမ္ဘာစစ်အတွင်းမှာ မိမိကိုယ်ပိုင်ဆန္ဒ အလျောက် အသက်ပေးစစ်မှုထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပူတင်ရဲ့အဘွားနဲ့မိခင်ဖြစ်သူတို့ဟာ ဗာလို့ဂျာလို့ အိမ်နာမည် ခေါ်ဆိုခံရတဲ့ပူတင်ကို ရှင်သန်အောင် ကျွေးမွေး စောင့်ရှောက်ခဲ့ပြီး နိုင်ငံ့သမ္မတ ဖြစ်လာမယ်လို့ ကြိုတင်တွေးထင် ထားတာမျိုး မရှိခဲ့ပါဘူး။ ရုရှားသမ္မတပူတင်ဟာ ငယ်စဉ်ကလေးဘဝကနေ လူပျိုပေါက်အရွယ်ရောက်တဲ့အချိန်အထိ ဆင်းဆင်းရဲရဲနဲ့ သာမန်တိုက်ခန်းကျဉ်းလေးထဲ မှာ ရှင်သန်ခဲ့ရပါတယ်။ စိန့်ပီတာစဘတ်မြို့ ယူနီဗာစတီရှိ ဥပဒေတန်းမှာ ဘွဲ့ရရှိခဲ့တဲ့ပူတင်ဟာ ထောက်လှမ်း ရေးအဖွဲ့မှာ အမှုထမ်းဖို့ စိတ်ဝင်စားခဲ့ပြီး ကျောင်းပြီးချိန်မှာ ကေဂျီဘီ KGB နာမည်ကျော် ဆိုဗီယက် ထောက်လှမ်း ရေးအဖွဲ့မှာ ဝင်ရောက်အမှုထမ်းခဲ့ပြီး၊ အဲဒီအချိန်က သာမန်စစ်ဘက်ရေးရာထောက်လှမ်းရေးအရာရှိတစ်ဦးသာ ဖြစ်တာကြောင့် ဆိုဗီယက်ကွန် မြူနစ်ပါတီစနစ်ဦးဆောင်မှုအောက်မှာ ကြီးကြီးမားမားရာထူးကိုရနိုင်မယ်လို့ အိပ်မက်မမက်ခဲ့ဘူးလို့ ဆိုပါတယ်။ ပူတင်ဟာ ကေဂျီဘီ KGB ထောက်လှမ်းရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေရင်း မိန်းမရခဲ့ပြီး သမီးတစ်ဦး မွေးဖွားခဲ့ပါတယ်။

ပူတင်ဟာ ရဲရင့်ထက်မြက်တဲ့ခေါင်းဆောင် တစ်ဦးဖြစ်တယ်ဆိုတာ KGB ထောက်လှမ်းရေးအဖွဲ့မှာ ပါဝင်ချိန် ကတည်းက သက်သေပြနိုင်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာ ပူတင်တို့ ရုရှားထောက်လှမ်းရေးအဖွဲ့ အရာရှိတွေ နေထိုင် နေတဲ့ အဆောက်အအုံကို ဂျာမနီ ဆန္ဒပြအုပ်စုတွေ လာရောက်ဝန်းရံပြီး KGB ထောက်လှမ်းရေးအဖွဲ့တွေကို လက်နက်ချဖို့တောင်းဆိုခဲ့ရာ ပူတင်က ခပ်ပြတ်ပြတ်တုံ့ပြန်ခဲ့ပြီး သူရဲ့ရဲစွမ်းသတ္တိကို ပြသနိုင်ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ပူတင်ဟာ ဆန္ဒပြလူအုပ်ကြီးရှေ့ထွက်ပြီး စိုးရိမ်ကြောက်ရွံ့မှုမရှိဘဲ လူအုပ်ရှေ့ထွက်ကာ “ငါ့မှာ ပစ္စတိုကျည်ထိုးပြီး အသင့်၊ ငါ့တပ်ဖွဲ့တွေလည်းအသင့်ပြင်ပြီး ကျည်ထိုးပြီးသားတွေချည်းပဲ။ ပြီးတော့ ဒီအဆောက် အအုံက ဆိုဗီယက်နိုင်ငံကို ကိုယ်စားပြုတယ်။ နိုင်ငံနှစ်နိုင်ငံအကြား အသိမှတ်ပြုထားတဲ့ဧရိယာကို အတင်းဝင်ရောက်သိမ်းပိုက်မည်ဆိုပါက ငါတို့ အကုန်သေမှပဲ မင်းတို့ဝင်လို့ရမယ်။ ငါတို့နဲ့အတူ မင်းတို့လူအုပ်ထဲက အယောက် ၁၀ဝ ထက်တော့ မနည်း တူတူသေရမယ်၊ ဒါကြောင့် ငါတို့အနေနဲ့ ဆန္ဒပြတဲ့လူအုပ်ကို လေးစားမှုရှိသလို မင်းတို့လည်း တခြားနိုင်ငံတစ်ခုကို လေးစား မှုရှိစေချင်ပါတယ်” လို့ ပြောပါတယ်။

ပူတင်ဟာ ဒုတိယမြောက်သမီးလေးမွေးဖွားပြီးချိန်မှာလည်း အလုပ်ပြုတ်မှုနဲ့အတူ အခက်အခဲများစွာဖြစ်ခဲ့ရပြီး ဘဝကို ခက်ခဲစွာရုန်းကန်ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီလိုမျိုး ဘဝအခက်အခဲတွေ ရှိနေချိန်မှာ ပူတင်ဟာ မော်စကို မြို့ရှိ စစ်ဘက်ထောက်လှမ်းရေးဌာနမှာ တာဝန်ထမ်းဆောင်ဖို့ ကမ်းလှမ်းခံခဲ့ရပြီး မြို့တော်မော်စကို ကို ရောက်ရှိ လာခဲ့ရာ ဘဝကို ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်လာစေခဲ့ပါတယ်။ စစ်ဘက်ထောက်လှမ်းရေးတာဝန်ကို ဒုတိယ ဗိုလ်မှူးကြီးတာဝန်အထိ ထမ်းဆောင်ခဲ့သလို စိန့်ပီတာစဘတ်မြို့အုပ်ချုပ်ရေးမှူးကြီးတာဝန်၊ သမ္မတရုံး အတွင်းလူ၊ ဥပဒေဘွဲ့ရ၊ ဂျာမန်စကား၊ အင်္ဂလိပ်စကား တတ်ကျွမ်းပြီး အရည်အချင်းရှိ ထက်မြက်တဲ့ပူတင်ဟာ အဲဒီအချိန်က ကျန်းမာရေးအရရော နိုင်ငံရေးပါဝါ အရရော ဦးမဆောင်နိုင်တော့တဲ့ သမ္မတကြီး ယဲ့လ်ဆင်ရဲ့ယုံကြည်ရသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ အမေရိကန်စီအိုင်အေလက်ချက်ကြောင့် ၁၉၉၀ ပြည့်နှစ်မှာ ဆိုဗီယက်ပြည်ထောင် စုကြီး ပြိုကွဲခဲ့ပြီး ရုရှားနိုင်ငံဟာလည်း အခက်အခဲများစွာဖြစ်လာခဲ့ပါတယ်။

အမေရိကန်စီအိုင်အေအဖွဲ့ကလည်း ဆိုဗီယက်ပြည်ထောင်စုကြီးက ကျန်ခဲ့တဲ့ ရုရှားနိုင်ငံကို ဖြိုခွဲဖို့ ထပ်မံ ကြံစည် လာခဲ့ပါတယ်။အဲဒီ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလတွေမှာ ကော့ကေးဆပ် ဒေသ ရုရှားအနောက်တောင်ပိုင်း ဒေသတွေမှာ အစွန်းရောက်အကြမ်းဖက်ဝါဒတွေ ခေါင်းထောင်လာပြီး ချေချင်းညာ ပြည်နယ်လွတ်မြောက်ရေး အတွက် တိုက်ပွဲတွေ စတင်လာခဲ့ပါတယ်။ အဲဒီလိုမျိုး နိုင်ငံအခက်အခဲဖြစ်နေချိန်မှာ သမ္မတယဲ့လ်ဆင်ဟာ အကြောင်းပြချက်တွေရှာပြီး နိုင်ငံရေးလောက ကနေ မထွက်ခွာခင် ပူတင်ကို ကိုယ်စားအုပ်ချုပ်စေကာ နိုင်ငံရေးသမားကောင်းဖြစ်လာစေဖို့ လေ့ကျင့်ပေးခဲ့ပါတယ်။ နိုင်ငံငယ်တစ်ခုကို ဦးဆောင်ရတာတောင် မလွယ်ကူ ချိန်မှာ နိုင်ငံအများစုစည်းပေါင်းစပ်ထားတဲ့ ရုရှားဖက်ဒရယ် နိုင်ငံတော်ကြီး၊ ကမ္ဘာ့အကြီးဆုံးဧရိယာပိုင်တဲ့ နိုင်ငံ တစ်နိုင်ငံ၊ လူမျိုးပေါင်းများစွာ၊ ဘာသာအယူဝါဒအစုံရှိတဲ့ ဖက်ဒရယ်နိုင်ငံကြီးကို ဦးဆောင်ရမယ်ဆိုရင် နေ့ရော ညပါ လေ့လာအားထုတ် ခေါင်းရှုပ်မှာ သေချာလှပါတယ်။

၁၉၉၉ ဒီဇင် ဘာ ၃၁ ရက်နေ့မှာ ပူတင်ဟာ ရွေးကောက်ပွဲအနိုင်ရ ယူနိုက်တက်ရုရှားနိုင်ငံရေး ပါတီကနေ အဆိုပြုတင်သွင်းတဲ့ သမ္မတအဖြစ် ခရင်မလင်နန်းတော်ကြီးမှာ သမ္မတ ဘိသိက်အခမ်းအနားဖြင့် သမ္မတကြီးတစ်ဦး ဖြစ်လာခဲ့ပြီး အဲဒီအချိန်က သမ္မတပူတင်ရဲ့အသက် ဟာ ၄၈ နှစ်အရွယ် သာရှိနေသေးပါတယ်။ သက်ကြား အိုတွေကို နိုင်ငံအနာဂတ် လက်ဆင့်မကမ်းဘဲ ငယ်ရွယ်တတ်ကြွပြီး လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းပြည့်ဝသူထံ ရုရှားနိုင်ငံကြီးကို ပုံအပ်ခဲ့တာမျိုးလည်း ဖြစ်ပါတယ်။ ပူတင်ဟာ ရုရှားသမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်းမှာ စိန်ခေါ်မှုအမျိုးမျိုးရင်ဆိုင်ခဲ့ရပေမယ့် ကြံ့ကြံ့ခံပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်၊ ခေတ်မီလက်နက်တွေ ပိုမိုပိုင်ဆိုင် အောင်၊ ကမ္ဘာ့စူပါ ပါဝါနိုင်ငံဖြစ်အောင် ကြိုးပမ်းရုန်းကန်ခဲ့ပါတယ်။ ပူတင်ဟာ ရုရှားသမ္မတ၊ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတဲ့ နှစ်ပေါင်း ၂၀ ကျော်အတွင်းမှာ ရုရှားကို ကမ္ဘာ့ စူပါပါဝါနိုင်ငံအဖြစ် ပုံရိပ်တည်ဆောက်နိုင်ခဲ့သလို ဩဇာလွှမ်းမိုးမှုရှိတဲ့ နိုင်ငံဖြစ်လာစေဖို့ ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။ ပူတင်ဟာ ရုရှားနိုင်ငံကို ဒီမိုကရက် တစ် နိုင်ငံအဖြစ်ကနေ အာဏာရှင်နိုင်ငံဖြစ်အောင်ဖန်တီးခဲ့တယ်လို့ ဝေဖန်ပြစ်တင်မှုတွေရှိခဲ့ပေမယ့် ပူတင်ဟာ နိုင်ငံကို စုစည်းညီညွတ်မှုဖြစ်အောင်၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲအောင် ကြိုးပမ်း လျက်ရှိနေပါတယ်။ ပူတင်ဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးပိုမိုခိုင်မာအားကောင်းစေဖို့အပြင် အရှေ့အလယ်ပိုင်းဒေသတွေမှာ ဩဇာလွှမ်းမိုးမှု ပိုမိုတိုးချဲ့နိုင်အောင် ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။

ပူတင်ဟာ ၎င်းရဲ့ရည်မှန်းချက်တွေကို ရယူနိုင်ဖို့ အင်အားသုံးဖြေရှင်းတတ်တဲ့ လူမျိုးဆိုတာ ခရိုင်းမီးယား ကျွန်းဆွယ်ပြဿနာနဲ့ ယူကရိန်း စစ်ပွဲတွေက သက်သေပြနေတယ်လို့ ထင်ကြေးပေး သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ပူတင်ဟာ မျိုးချစ် စိတ်ပြင်းထန်သူတစ်ဦးဖြစ်ပြီး သူရဲ့ နိုင်ငံသားတွေ၊ လူမျိုးတွေ စုစည်းညီညွတ်မှု ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ အကောင်းဘက်က ရှုမြင်သုံးသပ်တာတွေလည်းရှိနေပါတယ်။ ပူတင်ဟာ သမ္မတအဖြစ် တာဝန်ယူချိန်ကာလတွေအတွင်းမှာ အနည်းဆုံး (၇) ကြိမ်လုပ်ကြံသတ်ဖြတ်ခံရပေ့မယ့် အသက်ရှင် လွတ်မြောက်ခဲ့သလို သူ့အပေါ် ဝေဖန်ပြစ်တင် သူတွေကိုလည်း ခပ်ပြတ်ပြတ်တုံ့ပြန်တတ်သူတစ်ဦးဖြစ်တယ်လို့ နိုင်ငံတကာမီဒီယာတွေက ဖော်ပြခဲ့ဖူးပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုမီဒီယာတွေဟာ ရုရှားသမ္မတပူတင်နဲ့ပတ်သက်ပြီး ဝေဖန်ပြစ်တင်မှုမျိုးစုံပြုလုပ်နေပေမယ့် ရုရှားနိုင်ငံသားတွေကတော့ သမ္မတ ပူတင်ကို ပိုမိုယုံကြည်ထောက်ခံနေဆဲဖြစ်တယ်လို့ ရုရှားပြည်သူ့သဘောထားဆိုင်ရာသုသေတနအဖွဲ့ VCIOM အဖွဲ့က ပြောပါတယ်။

VCIOM အဖွဲ့ကောက်ယူခဲ့တဲ့စစ်တမ်းထဲမှာ ရုရှားနိုင်ငံသား (၇၈)ရာခိုင်နှုန်းက သမ္မတပူတင်ရဲ့ဆောင်ရွက်ချက် တွေကို ယုံကြည်ထောက်ခံနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတပူတင်ဟာ မတ်လအတွင်းကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း သမ္မတအဖြစ် ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ရာ အဲဒီရွေးကောက်ပွဲမှာ ဆက်လက်အနိုင်ရမယ် ဆိုရင် ရုရှားနိုင်ငံရဲ့သမ္မတအဖြစ် ငါးကြိမ်ဆက်တိုက် တာဝန်ယူခွင့်ရမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်အထိ သမ္မတအဖြစ် ဆက်လက်တာဝန်ယူသွားမှာဖြစ်ပါတယ်။

Zawgyi Version
ကမာၻ႔ဩဇာလႊမ္းမိုးမႈအရွိဆုံး ပုဂၢိဳလ္တစ္ဦးျဖစ္တဲ့ ႐ုရွားသမၼတပူတင္ဆိုတာ ဘယ္လိုလူစားမ်ိဳးလဲ (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - မတ္ ၂၇

လက္ရွိကမာၻတစ္ဝန္းရွိ ႏိုင္ငံ့ေခါင္းေဆာင္ေတြထဲ ဩဇာလႊမ္းမိုးမႈအရွိဆုံးပုဂၢိဳလ္ေတြထဲမွာ ႐ုရွားသမၼတပူတင္ ပါဝင္ေနပါတယ္။ ႐ုရွားသမၼတပူတင္ဟာ လက္ရွိအခ်ိန္မွာ အသက္ ၇၁ ႏွစ္အ႐ြယ္ရွိေနၿပီး အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ထက္ ၁၀ ႏွစ္ ငယ္သလို တ႐ုတ္သမၼတရွီက်င့္ဖ်င့္ထက္ ၁ ႏွစ္ႀကီးပါတယ္။ နာမည္ေက်ာ္ ႐ုရွားျပည္ပ ေထာက္လွမ္းေရးအဖြဲ႕ျဖစ္တဲ့ ေကဂ်ီဘီေထာက္လွမ္းေရးအဖြဲ႕မွာ ၁၆ ႏွစ္ၾကာ တာဝန္ယူဖူးတဲ့ ပူတင္ဟာ ႐ုရွားႏိုင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္၊ သမၼတရာထူးေတြကို ၁၉၉၉ ခုႏွစ္ကတည္းက စတင္တာဝန္ယူခဲ့ဖူးရာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္၊ တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္တို႔ထက္ ႏိုင္ငံေရး သမာၻ၊ ဝါရင့္သူတစ္ေယာက္လို႔ ဆိုႏိုင္ပါတယ္။

ပူတင္ကို ၁၉၅၂ ခုႏွစ္က ဆိုဗီယက္ျပည္ေထာင္စု လီနင္ဂရက္ၿမိဳ႕မွာေမြးဖြားခဲ့ၿပီး မိခင္ျဖစ္သူက စက္႐ုံအလုပ္သမ တစ္ဦးျဖစ္သလို ဖခင္ျဖစ္သူက ႐ုရွား ေရတပ္သားတစ္ဦးျဖစ္ပါတယ္။ ပူတင္ရဲ႕အဘိုးျဖစ္သူက စစ္သားတစ္ဦးျဖစ္ ကာ ႏိုင္ငံအတြက္ အသက္ေပးခဲ့သလို ဖခင္ျဖစ္သူကလည္း ဒုတိယကမာၻစစ္အတြင္းမွာ မိမိကိုယ္ပိုင္ဆႏၵ အေလ်ာက္ အသက္ေပးစစ္မႈထမ္းေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။

ပူတင္ရဲ႕အဘြားနဲ႔မိခင္ျဖစ္သူတို႔ဟာ ဗာလို႔ဂ်ာလို႔ အိမ္နာမည္ ေခၚဆိုခံရတဲ့ပူတင္ကို ရွင္သန္ေအာင္ ေကြၽးေမြး ေစာင့္ေရွာက္ခဲ့ၿပီး ႏိုင္ငံ့သမၼတ ျဖစ္လာမယ္လို႔ ႀကိဳတင္ေတြးထင္ ထားတာမ်ိဳး မရွိခဲ့ပါဘူး။ ႐ုရွားသမၼတပူတင္ဟာ ငယ္စဥ္ကေလးဘဝကေန လူပ်ိဳေပါက္အ႐ြယ္ေရာက္တဲ့အခ်ိန္အထိ ဆင္းဆင္းရဲရဲနဲ႔ သာမန္တိုက္ခန္းက်ဥ္းေလးထဲ မွာ ရွင္သန္ခဲ့ရပါတယ္။ စိန႔္ပီတာစဘတ္ၿမိဳ႕ ယူနီဗာစတီရွိ ဥပေဒတန္းမွာ ဘြဲ႕ရရွိခဲ့တဲ့ပူတင္ဟာ ေထာက္လွမ္း ေရးအဖြဲ႕မွာ အမႈထမ္းဖို႔ စိတ္ဝင္စားခဲ့ၿပီး ေက်ာင္းၿပီးခ်ိန္မွာ ေကဂ်ီဘီ KGB နာမည္ေက်ာ္ ဆိုဗီယက္ ေထာက္လွမ္း ေရးအဖြဲ႕မွာ ဝင္ေရာက္အမႈထမ္းခဲ့ၿပီး၊ အဲဒီအခ်ိန္က သာမန္စစ္ဘက္ေရးရာေထာက္လွမ္းေရးအရာရွိတစ္ဦးသာ ျဖစ္တာေၾကာင့္ ဆိုဗီယက္ကြန္ ျမဴနစ္ပါတီစနစ္ဦးေဆာင္မႈေအာက္မွာ ႀကီးႀကီးမားမားရာထူးကိုရႏိုင္မယ္လို႔ အိပ္မက္မမက္ခဲ့ဘူးလို႔ ဆိုပါတယ္။ ပူတင္ဟာ ေကဂ်ီဘီ KGB ေထာက္လွမ္းေရးအဖြဲ႕မွာ တာဝန္ထမ္းေဆာင္ေနရင္း မိန္းမရခဲ့ၿပီး သမီးတစ္ဦး ေမြးဖြားခဲ့ပါတယ္။

ပူတင္ဟာ ရဲရင့္ထက္ျမက္တဲ့ေခါင္းေဆာင္ တစ္ဦးျဖစ္တယ္ဆိုတာ KGB ေထာက္လွမ္းေရးအဖြဲ႕မွာ ပါဝင္ခ်ိန္ ကတည္းက သက္ေသျပႏိုင္ခဲ့ပါတယ္။ ဂ်ာမနီႏိုင္ငံမွာ ပူတင္တို႔ ႐ုရွားေထာက္လွမ္းေရးအဖြဲ႕ အရာရွိေတြ ေနထိုင္ ေနတဲ့ အေဆာက္အအုံကို ဂ်ာမနီ ဆႏၵျပအုပ္စုေတြ လာေရာက္ဝန္းရံၿပီး KGB ေထာက္လွမ္းေရးအဖြဲ႕ေတြကို လက္နက္ခ်ဖို႔ေတာင္းဆိုခဲ့ရာ ပူတင္က ခပ္ျပတ္ျပတ္တုံ႔ျပန္ခဲ့ၿပီး သူရဲ႕ရဲစြမ္းသတၱိကို ျပသႏိုင္ခဲ့ပါတယ္။ အဲဒီ အခ်ိန္တုန္းက ပူတင္ဟာ ဆႏၵျပလူအုပ္ႀကီးေရွ႕ထြက္ၿပီး စိုးရိမ္ေၾကာက္႐ြံ႕မႈမရွိဘဲ လူအုပ္ေရွ႕ထြက္ကာ “ငါ့မွာ ပစၥတိုက်ည္ထိုးၿပီး အသင့္၊ ငါ့တပ္ဖြဲ႕ေတြလည္းအသင့္ျပင္ၿပီး က်ည္ထိုးၿပီးသားေတြခ်ည္းပဲ။ ၿပီးေတာ့ ဒီအေဆာက္ အအုံက ဆိုဗီယက္ႏိုင္ငံကို ကိုယ္စားျပဳတယ္။ ႏိုင္ငံႏွစ္ႏိုင္ငံအၾကား အသိမွတ္ျပဳထားတဲ့ဧရိယာကို အတင္းဝင္ေရာက္သိမ္းပိုက္မည္ဆိုပါက ငါတို႔ အကုန္ေသမွပဲ မင္းတို႔ဝင္လို႔ရမယ္။ ငါတို႔နဲ႔အတူ မင္းတို႔လူအုပ္ထဲက အေယာက္ ၁၀ဝ ထက္ေတာ့ မနည္း တူတူေသရမယ္၊ ဒါေၾကာင့္ ငါတို႔အေနနဲ႔ ဆႏၵျပတဲ့လူအုပ္ကို ေလးစားမႈရွိသလို မင္းတို႔လည္း တျခားႏိုင္ငံတစ္ခုကို ေလးစား မႈရွိေစခ်င္ပါတယ္” လို႔ ေျပာပါတယ္။

ပူတင္ဟာ ဒုတိယေျမာက္သမီးေလးေမြးဖြားၿပီးခ်ိန္မွာလည္း အလုပ္ျပဳတ္မႈနဲ႔အတူ အခက္အခဲမ်ားစြာျဖစ္ခဲ့ရၿပီး ဘဝကို ခက္ခဲစြာ႐ုန္းကန္ျဖတ္သန္းခဲ့ရပါတယ္။ အဲဒီလိုမ်ိဳး ဘဝအခက္အခဲေတြ ရွိေနခ်ိန္မွာ ပူတင္ဟာ ေမာ္စကို ၿမိဳ႕ရွိ စစ္ဘက္ေထာက္လွမ္းေရးဌာနမွာ တာဝန္ထမ္းေဆာင္ဖို႔ ကမ္းလွမ္းခံခဲ့ရၿပီး ၿမိဳ႕ေတာ္ေမာ္စကို ကို ေရာက္ရွိ လာခဲ့ရာ ဘဝကို ႀကီးမားတဲ့အေျပာင္းအလဲေတြ ျဖစ္လာေစခဲ့ပါတယ္။ စစ္ဘက္ေထာက္လွမ္းေရးတာဝန္ကို ဒုတိယ ဗိုလ္မႉးႀကီးတာဝန္အထိ ထမ္းေဆာင္ခဲ့သလို စိန႔္ပီတာစဘတ္ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉးႀကီးတာဝန္၊ သမၼတ႐ုံး အတြင္းလူ၊ ဥပေဒဘြဲ႕ရ၊ ဂ်ာမန္စကား၊ အဂၤလိပ္စကား တတ္ကြၽမ္းၿပီး အရည္အခ်င္းရွိ ထက္ျမက္တဲ့ပူတင္ဟာ အဲဒီအခ်ိန္က က်န္းမာေရးအရေရာ ႏိုင္ငံေရးပါဝါ အရေရာ ဦးမေဆာင္ႏိုင္ေတာ့တဲ့ သမၼတႀကီး ယဲ့လ္ဆင္ရဲ႕ယုံၾကည္ရသူတစ္ဦး ျဖစ္လာခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ အေမရိကန္စီအိုင္ေအလက္ခ်က္ေၾကာင့္ ၁၉၉၀ ျပည့္ႏွစ္မွာ ဆိုဗီယက္ျပည္ေထာင္ စုႀကီး ၿပိဳကြဲခဲ့ၿပီး ႐ုရွားႏိုင္ငံဟာလည္း အခက္အခဲမ်ားစြာျဖစ္လာခဲ့ပါတယ္။

အေမရိကန္စီအိုင္ေအအဖြဲ႕ကလည္း ဆိုဗီယက္ျပည္ေထာင္စုႀကီးက က်န္ခဲ့တဲ့ ႐ုရွားႏိုင္ငံကို ၿဖိဳခြဲဖို႔ ထပ္မံ ႀကံစည္ လာခဲ့ပါတယ္။အဲဒီ ၁၉၉၀ ျပည့္ႏွစ္ ေနာက္ပိုင္းကာလေတြမွာ ေကာ့ေကးဆပ္ ေဒသ ႐ုရွားအေနာက္ေတာင္ပိုင္း ေဒသေတြမွာ အစြန္းေရာက္အၾကမ္းဖက္ဝါဒေတြ ေခါင္းေထာင္လာၿပီး ေခ်ခ်င္းညာ ျပည္နယ္လြတ္ေျမာက္ေရး အတြက္ တိုက္ပြဲေတြ စတင္လာခဲ့ပါတယ္။ အဲဒီလိုမ်ိဳး ႏိုင္ငံအခက္အခဲျဖစ္ေနခ်ိန္မွာ သမၼတယဲ့လ္ဆင္ဟာ အေၾကာင္းျပခ်က္ေတြရွာၿပီး ႏိုင္ငံေရးေလာက ကေန မထြက္ခြာခင္ ပူတင္ကို ကိုယ္စားအုပ္ခ်ဳပ္ေစကာ ႏိုင္ငံေရးသမားေကာင္းျဖစ္လာေစဖို႔ ေလ့က်င့္ေပးခဲ့ပါတယ္။ ႏိုင္ငံငယ္တစ္ခုကို ဦးေဆာင္ရတာေတာင္ မလြယ္ကူ ခ်ိန္မွာ ႏိုင္ငံအမ်ားစုစည္းေပါင္းစပ္ထားတဲ့ ႐ုရွားဖက္ဒရယ္ ႏိုင္ငံေတာ္ႀကီး၊ ကမာၻ႔အႀကီးဆုံးဧရိယာပိုင္တဲ့ ႏိုင္ငံ တစ္ႏိုင္ငံ၊ လူမ်ိဳးေပါင္းမ်ားစြာ၊ ဘာသာအယူဝါဒအစုံရွိတဲ့ ဖက္ဒရယ္ႏိုင္ငံႀကီးကို ဦးေဆာင္ရမယ္ဆိုရင္ ေန႔ေရာ ညပါ ေလ့လာအားထုတ္ ေခါင္းရႈပ္မွာ ေသခ်ာလွပါတယ္။

၁၉၉၉ ဒီဇင္ ဘာ ၃၁ ရက္ေန႔မွာ ပူတင္ဟာ ေ႐ြးေကာက္ပြဲအႏိုင္ရ ယူႏိုက္တက္႐ုရွားႏိုင္ငံေရး ပါတီကေန အဆိုျပဳတင္သြင္းတဲ့ သမၼတအျဖစ္ ခရင္မလင္နန္းေတာ္ႀကီးမွာ သမၼတ ဘိသိက္အခမ္းအနားျဖင့္ သမၼတႀကီးတစ္ဦး ျဖစ္လာခဲ့ၿပီး အဲဒီအခ်ိန္က သမၼတပူတင္ရဲ႕အသက္ ဟာ ၄၈ ႏွစ္အ႐ြယ္ သာရွိေနေသးပါတယ္။ သက္ၾကား အိုေတြကို ႏိုင္ငံအနာဂတ္ လက္ဆင့္မကမ္းဘဲ ငယ္႐ြယ္တတ္ႂကြၿပီး လုပ္ႏိုင္ကိုင္ႏိုင္တဲ့ အရည္အခ်င္းျပည့္ဝသူထံ ႐ုရွားႏိုင္ငံႀကီးကို ပုံအပ္ခဲ့တာမ်ိဳးလည္း ျဖစ္ပါတယ္။ ပူတင္ဟာ ႐ုရွားသမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္းမွာ စိန္ေခၚမႈအမ်ိဳးမ်ိဳးရင္ဆိုင္ခဲ့ရေပမယ့္ ႀကံ့ႀကံ့ခံၿပီး ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေအာင္၊ ေခတ္မီလက္နက္ေတြ ပိုမိုပိုင္ဆိုင္ ေအာင္၊ ကမာၻ႔စူပါ ပါဝါႏိုင္ငံျဖစ္ေအာင္ ႀကိဳးပမ္း႐ုန္းကန္ခဲ့ပါတယ္။ ပူတင္ဟာ ႐ုရွားသမၼတ၊ ဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူတဲ့ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္းမွာ ႐ုရွားကို ကမာၻ႔ စူပါပါဝါႏိုင္ငံအျဖစ္ ပုံရိပ္တည္ေဆာက္ႏိုင္ခဲ့သလို ဩဇာလႊမ္းမိုးမႈရွိတဲ့ ႏိုင္ငံျဖစ္လာေစဖို႔ ႀကိဳးပမ္းေပးႏိုင္ခဲ့ပါတယ္။ ပူတင္ဟာ ႐ုရွားႏိုင္ငံကို ဒီမိုကရက္ တစ္ ႏိုင္ငံအျဖစ္ကေန အာဏာရွင္ႏိုင္ငံျဖစ္ေအာင္ဖန္တီးခဲ့တယ္လို႔ ေဝဖန္ျပစ္တင္မႈေတြရွိခဲ့ေပမယ့္ ပူတင္ဟာ ႏိုင္ငံကို စုစည္းညီၫြတ္မႈျဖစ္ေအာင္၊ အခ်ဳပ္အျခာအာဏာတည္တံ့ခိုင္ၿမဲေအာင္ ႀကိဳးပမ္း လ်က္ရွိေနပါတယ္။ ပူတင္ဟာ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးပိုမိုခိုင္မာအားေကာင္းေစဖို႔အျပင္ အေရွ႕အလယ္ပိုင္းေဒသေတြမွာ ဩဇာလႊမ္းမိုးမႈ ပိုမိုတိုးခ်ဲ႕ႏိုင္ေအာင္ ႀကိဳးပမ္းေပးႏိုင္ခဲ့ပါတယ္။

ပူတင္ဟာ ၎ရဲ႕ရည္မွန္းခ်က္ေတြကို ရယူႏိုင္ဖို႔ အင္အားသုံးေျဖရွင္းတတ္တဲ့ လူမ်ိဳးဆိုတာ ခ႐ိုင္းမီးယား ကြၽန္းဆြယ္ျပႆနာနဲ႔ ယူကရိန္း စစ္ပြဲေတြက သက္ေသျပေနတယ္လို႔ ထင္ေၾကးေပး သုံးသပ္မႈေတြလည္း ရွိေနပါတယ္။ ပူတင္ဟာ မ်ိဳးခ်စ္ စိတ္ျပင္းထန္သူတစ္ဦးျဖစ္ၿပီး သူရဲ႕ ႏိုင္ငံသားေတြ၊ လူမ်ိဳးေတြ စုစည္းညီၫြတ္မႈ ျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ အေကာင္းဘက္က ရႈျမင္သုံးသပ္တာေတြလည္းရွိေနပါတယ္။ ပူတင္ဟာ သမၼတအျဖစ္ တာဝန္ယူခ်ိန္ကာလေတြအတြင္းမွာ အနည္းဆုံး (၇) ႀကိမ္လုပ္ႀကံသတ္ျဖတ္ခံရေပ့မယ့္ အသက္ရွင္ လြတ္ေျမာက္ခဲ့သလို သူ႔အေပၚ ေဝဖန္ျပစ္တင္ သူေတြကိုလည္း ခပ္ျပတ္ျပတ္တုံ႔ျပန္တတ္သူတစ္ဦးျဖစ္တယ္လို႔ ႏိုင္ငံတကာမီဒီယာေတြက ေဖာ္ျပခဲ့ဖူးပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုမီဒီယာေတြဟာ ႐ုရွားသမၼတပူတင္နဲ႔ပတ္သက္ၿပီး ေဝဖန္ျပစ္တင္မႈမ်ိဳးစုံျပဳလုပ္ေနေပမယ့္ ႐ုရွားႏိုင္ငံသားေတြကေတာ့ သမၼတ ပူတင္ကို ပိုမိုယုံၾကည္ေထာက္ခံေနဆဲျဖစ္တယ္လို႔ ႐ုရွားျပည္သူ႔သေဘာထားဆိုင္ရာသုေသတနအဖြဲ႕ VCIOM အဖြဲ႕က ေျပာပါတယ္။

VCIOM အဖြဲ႕ေကာက္ယူခဲ့တဲ့စစ္တမ္းထဲမွာ ႐ုရွားႏိုင္ငံသား (၇၈)ရာခိုင္ႏႈန္းက သမၼတပူတင္ရဲ႕ေဆာင္႐ြက္ခ်က္ ေတြကို ယုံၾကည္ေထာက္ခံေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။ သမၼတပူတင္ဟာ မတ္လအတြင္းက်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာလည္း သမၼတအျဖစ္ ဆက္လက္ယွဥ္ၿပိဳင္မွာျဖစ္ရာ အဲဒီေ႐ြးေကာက္ပြဲမွာ ဆက္လက္အႏိုင္ရမယ္ ဆိုရင္ ႐ုရွားႏိုင္ငံရဲ႕သမၼတအျဖစ္ ငါးႀကိမ္ဆက္တိုက္ တာဝန္ယူခြင့္ရမွာျဖစ္ၿပီး ၂၀၃၀ ျပည့္ႏွစ္အထိ သမၼတအျဖစ္ ဆက္လက္တာဝန္ယူသြားမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.