မလေးရှားလေဆိပ်အခကြေးငွေများမြင့်မားလာကြောင်း ခရီးသွားများက စောဒကတက်

 192

ALynn (NP News) - မတ် ၂၇

စွန့်ဦးတီထွင်သူ Jehan Abu Bakar က သူမသည် မလေးရှားနိုင်ငံမှ အရှေ့တောင်အာရှရှိ အခြားနိုင်ငံများသို့ သွားသည့်အခါတိုင်း လေဆိပ်ဝင်ကြေးများ ပိုမိုပေးဆောင်နေရကြောင်း စောဒကတက်သည်။

အော်ဂဲနစ်ဆပ်ပြာကုမ္ပဏီ LeStarry Natural ၏တည်ထောင်သူ Abu Bakar က ပေးဆောင်ရသည့် အခကြေးငွေနှင့် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် (KLIA) ၏ ဝန်ဆောင်မှုများက ကိုက်ညီမှုရှိသင့်သော်လည်း WiFi မှအစ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်း စဉ်များအထိ ချို့ယွင်းချက်များရှိနေသည်ဟု ဆိုသည်။ အိတ်ရှင်းလင်းရေးသည် အမြဲတမ်းနှောင့် နှေးသည့်ပြဿနာတစ်ခုဖြစ်ပြီး လေဆိပ်အနေဖြင့် နောက်ထပ်ကောင်တာများ ထပ်ဖွင့်သင့် ကြောင်း သူမက ဆိုသည်။

“KLIA 1 သည် လွန်ခဲ့သောဆယ်စုနှစ်များအတွင်းက အကောင်းဆုံးလေဆိပ်များတွင် အဆင့် သတ်မှတ်နိုင်သော်လည်း ယခုအခါ ပျက်စီးယိုယွင်းနေသည့် လက္ခဏာများ ရှိနေသည်” ဟု ရှေ့နေ Lim က ဆိုသည်။ ထို့ပြင် ၎င်းက “ကိစ္စတိုင်းအတွက် စင်္ကာပူနဲ့ နှိုင်းယှဉ်ရတာကို မကြိုက်ပေမယ့် မလေးရှားနိုင်ငံသားတစ်ယောက်အနေနဲ့ စင်ကာပူရဲ့ Changi လေဆိပ်ကို မြင်တွေ့ရတဲ့အခါ KLIA 1 ထက် အများကြီးပိုကောင်းနေတာကို ခံစားမိပါတယ်” ဟု Lim က ဆိုသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁ ရက်မှစတင်၍ KLIA 1 မှ အာဆီယံနိုင်ငံများသို့ ထွက်ခွာမည့် ခရီးသည်များသည် ယခင် ၃၅ ရင်းဂစ် (၇ ဒသမ ၄၁ ဒေါ်လာ) ပေးခဲ့ရာမှ ယခုအခါ ရင်းဂစ် ၇၃ (ဒေါ်လာ ၁၅ ဒသမ ၅) အထိပေးဆောင်နေရပြီဖြစ်သည်။ အာဆီယံပြင်ပ ခရီးသွားလာမှုမှာမူ လက်ရှိနှုန်းထား ရင်းဂစ် ၇၃ (၁၅ ဒသမ ၅ ဒေါ်လာ) တွင် ရှိနေမည်ဖြစ်သည်။

မလေးရှားလေကြောင်းကော်မရှင်က "Covid-19 ကပ်ရောဂါအလွန် ကာလတွင် လေကြောင်း ကဏ္ဍပြန်လည်နာလန်ထူရေးအတွက် အခကြေးငွေတိုးမြှင့်ရန်လိုအပ်သည်”ဟုပြောကြားခဲ့သည်။ မလေးရှားနိုင်ငံတွင် လေဆိပ်အခနှုန်းထားများ ရုတ်တရက်မြင့်တက်လာသည်ဟု မြင်နေကြ သော်လည်း ၎င်း၏နှုန်းထားမှာ ထိုင်းအပါအဝင် ဒေသတွင်းအခြားနိုင်ငံအချို့ထက် နည်းပါးနေသေးကြောင်း တွေ့ရှိရသည်။

zawgyi version
မေလးရွားေလဆိပ္အခေၾကးေငြမ်ားျမင့္မားလာေၾကာင္း ခရီးသြားမ်ားက ေစာဒကတက္
ALynn (NP News) - မတ္ ၂၇

စြန႔္ဦးတီထြင္သူ Jehan Abu Bakar က သူမသည္ မေလးရွားႏိုင္ငံမွ အေရွ႕ေတာင္အာရွရွိ အျခားႏိုင္ငံမ်ားသို႔ သြားသည့္အခါတိုင္း ေလဆိပ္ဝင္ေၾကးမ်ား ပိုမိုေပးေဆာင္ေနရေၾကာင္း ေစာဒကတက္သည္။

ေအာ္ဂဲနစ္ဆပ္ျပာကုမၸဏီ LeStarry Natural ၏တည္ေထာင္သူ Abu Bakar က ေပးေဆာင္ရသည့္ အခေၾကးေငြႏွင့္ ကြာလာလမ္ပူအျပည္ျပည္ဆိုင္ရာေလဆိပ္ (KLIA) ၏ ဝန္ေဆာင္မႈမ်ားက ကိုက္ညီမႈရွိသင့္ေသာ္လည္း WiFi မွအစ လူဝင္မႈႀကီးၾကပ္ေရးဆိုင္ရာ လုပ္ငန္း စဥ္မ်ားအထိ ခ်ိဳ႕ယြင္းခ်က္မ်ားရွိေနသည္ဟု ဆိုသည္။ အိတ္ရွင္းလင္းေရးသည္ အၿမဲတမ္းေႏွာင့္ ေႏွးသည့္ျပႆနာတစ္ခုျဖစ္ၿပီး ေလဆိပ္အေနျဖင့္ ေနာက္ထပ္ေကာင္တာမ်ား ထပ္ဖြင့္သင့္ ေၾကာင္း သူမက ဆိုသည္။

“KLIA 1 သည္ လြန္ခဲ့ေသာဆယ္စုႏွစ္မ်ားအတြင္းက အေကာင္းဆုံးေလဆိပ္မ်ားတြင္ အဆင့္ သတ္မွတ္ႏိုင္ေသာ္လည္း ယခုအခါ ပ်က္စီးယိုယြင္းေနသည့္ လကၡဏာမ်ား ရွိေနသည္” ဟု ေရွ႕ေန Lim က ဆိုသည္။ ထို႔ျပင္ ၎က “ကိစၥတိုင္းအတြက္ စကၤာပူနဲ႔ ႏႈိင္းယွဥ္ရတာကို မႀကိဳက္ေပမယ့္ မေလးရွားႏိုင္ငံသားတစ္ေယာက္အေနနဲ႔ စင္ကာပူရဲ႕ Changi ေလဆိပ္ကို ျမင္ေတြ႕ရတဲ့အခါ KLIA 1 ထက္ အမ်ားႀကီးပိုေကာင္းေနတာကို ခံစားမိပါတယ္” ဟု Lim က ဆိုသည္။

၂၀၂၃ ခုႏွစ္၊ ဇြန္လ ၁ ရက္မွစတင္၍ KLIA 1 မွ အာဆီယံႏိုင္ငံမ်ားသို႔ ထြက္ခြာမည့္ ခရီးသည္မ်ားသည္ ယခင္ ၃၅ ရင္းဂစ္ (၇ ဒသမ ၄၁ ေဒၚလာ) ေပးခဲ့ရာမွ ယခုအခါ ရင္းဂစ္ ၇၃ (ေဒၚလာ ၁၅ ဒသမ ၅) အထိေပးေဆာင္ေနရၿပီျဖစ္သည္။ အာဆီယံျပင္ပ ခရီးသြားလာမႈမွာမူ လက္ရွိႏႈန္းထား ရင္းဂစ္ ၇၃ (၁၅ ဒသမ ၅ ေဒၚလာ) တြင္ ရွိေနမည္ျဖစ္သည္။

မေလးရွားေလေၾကာင္းေကာ္မရွင္က "Covid-19 ကပ္ေရာဂါအလြန္ ကာလတြင္ ေလေၾကာင္း က႑ျပန္လည္နာလန္ထူေရးအတြက္ အခေၾကးေငြတိုးျမႇင့္ရန္လိုအပ္သည္”ဟုေျပာၾကားခဲ့သည္။ မေလးရွားႏိုင္ငံတြင္ ေလဆိပ္အခႏႈန္းထားမ်ား ႐ုတ္တရက္ျမင့္တက္လာသည္ဟု ျမင္ေနၾက ေသာ္လည္း ၎၏ႏႈန္းထားမွာ ထိုင္းအပါအဝင္ ေဒသတြင္းအျခားႏိုင္ငံအခ်ိဳ႕ထက္ နည္းပါးေနေသးေၾကာင္း ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.