မုန့်ဟင်းခါးကောင်းတစ်ပွဲ (သို့မဟုတ်)ဒီမိုကရေစီ

 435

လင်းမြတ် (NP News) - မတ် ၃ဝ

မုန့်ဟင်းခါးလို့ဆိုလိုက်တာနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်းရဲ့ရင်ထဲမှာ မသိမရှိ၊ မစားဖူးသူ မရှိ မွေးဖွားချိန်ကနေ အခုအထိ ရင်းနှီးပြီးသား ရိုးရာအစားအစာတစ်ခုဖြစ်သလို တိုင်းတစ်ပါးသားတွေ တောင် မြန်မာ့အစားအစာလို့ဆိုလိုက်ရင် မုန့်ဟင်းခါးလို့ ပြောလေ့ရှိသူများကြပါတယ်။ မြန်မာပြည်ကြီး ရဲ့ဒေသအလိုက် မုန့်ဟင်းရည်စပ်ပုံနဲ့ ချက်နည်းကွဲ ပြားခြားနားသော်လည်း မုန့်ဖတ်နဲ့အရည်တွဲဖက်သုံး ဆောင်ရတာကို ကလေးကအစ လူကြီးအထိ သိကြပြီး အသက်အရွယ်ကြီးရင့်လာလို့ မြန်မာ့တိုင်းနဲ့ပြည် နယ်ဒေသတွေရဲ့အတွေ့အကြုံစုံလာတာနဲ့အမျှ မြောင်းမြကမုန့်ဟင်းခါးလား၊ အထက်အညာကလား ရန်ကုန်ကလား စသည်ဖြင့် ဒေသအလိုက် မုန့်ဟင်းခါးအရသာကို ခွဲခြားနာမည်တပ်ကြလေ့ ရှိပါတယ်။

လူသားသဘာဝအရ ကြိုက်တတ်သည်ပဲ ထားဦး။ ကြက်သွန်နီချည်းသက်သက် သော်လည်း ကောင်း၊ ကြက်သွန်ဖြူချည်းသက်သက် သော်လည်းကောင်း၊ ချင်းချည်းသက်သက် သော်လည်းကောင်း၊ စပါးလင်၊ ငှက်ပျောအူ၊ ပဲမှုန့်၊ ငါးနှစ်၊ ငံပြာရည် စ သည့်များစွာသောဟင်းခတ်တွေကို တစ်မည်စီ သတ် သတ်စားမယ်ဆိုရင် အတော်ခက်ပြီး လူတိုင်းမစားနိုင်ကြဘူးဆိုတာ ငြင်းနိုင်ဖွယ်မရှိသော်ငြားလည်းပဲ အဲဒီအရာတွေ အမည်စုံလင်စွာ လိုအပ်သလောက် အချိုးကျစွာပေါင်းစပ်ချက်ပြုတ်ပြီးတဲ့ မုန့်ဟင်းရည်ကို အပူချိန်မျှတစွာပြုတ်ထားတဲ့ မုန့်ဖတ်နဲ့ပေါင်းစပ်ရော လို့ အရသာရှိတဲ့မုန့်ဟင်းခါးအလွတ်တစ်ပွဲ ရလာတဲ့ အချိန်မှာတော့ အရသာဖြင့် အမြင်တင့်စေရန် ရှောက် သီး/သံပရာသီး၊ နံနံပင်၊ ပဲသီးစိမ်း၊ ငရုတ်သီးမှုန့်၊ အ ကြော်၊ ငါးဖယ်၊ အိုးဘဲဥတို့ လိုသလို ပေါင်းစပ်လိုက် တဲ့အခါမှာတော့ သိပ်အရသာထူးတဲ့ မြန်မာ တို့ရဲ့မရိုးနိုင်တဲ့ မုန့်ဟင်းခါးကောင်းတစ်ပွဲကို ရမှာဖြစ်ပါတယ်၊ အဲဒီမုန့်ဟင်းခါးကောင်းတစ်ပွဲကို စံနမူနာပြုလို့ မိမိတို့ အိမ်ထောင်၊ လူ့သိုင်းအဝိုင်း၊ အဖွဲ့အစည်းကစလို့ တိုင်းနိုင်ငံနဲ့ကိုချီပြီး နေရာ အသီးသီးမှာလည်း မုန့်ဟင်းခါးထဲက အမည်စုံလှတဲ့ ဟင်းခတ်တစ်ခုစီကဲ့သို့ မွေးရာပါနဲ့ ဆည်းပူး လေ့လာမှုဆိုင်ရာ ထူးချွန်တတ်မြောက်မှု စွမ်းရည်အသီးသီးဟာလည်း သူ့နေရာနဲ့သူ အချိုးကျကျ လိုအပ်ပါတယ်။ ဥပမာ-ကြက်သွန်ဖြူ ကဲ့သို့ အစွမ်းရှိသူဟာ မိမိထက်ပါဝင်နှုန်းများတဲ့ ကြက်သွန်နီ တာဝန်ကို လိုချင်လို့ဖြစ်ဖြစ် အတင်းဖျစ်ညှစ်ဟန်ဆောင် တာဝန်ယူလို့မရသလို ကြက်သွန်နီ အလုံး (၂၀)ပါရလို့ ကြက်သွန်ဖြူကလည်း မျှတအောင် အလုံး (၂၀) ပါချင်လို့မရပါဘူးလို့ ထင်မိပါတယ်။ ငါးအနှစ်တာဝန်ကို ငံပြာရည်ကလည်း ယူလို့မရပြန်ဘူး။ မုန့်ဟင်းခါးဟင်းရည် ပျက်စီးသွားတတ် ပါတယ်။ ဒီလိုပါပဲ မုန့်ဖတ်ကိုလည်း အိုးဘဲဥလို အကြာကြီးပြုတ်ထားလို့ မရပြန်ဘူး။ စာရေးသူရဲ့ စေတ နာအမှန်ဟာ သူတစ်ပါးကို သူကဖြင့် ကြက်သွန်ဖြူလား၊ ကြက်သွန်နီလား၊ ငံပြာရည်လား၊ အိုးဘဲဥလား၊ ငှက်ပျောပင်လား စသည်ဖြင့် လက်ညှိုးထိုး တံဆိပ်ကပ် ဝေဖန်နေခြင်းထက် မိမိကိုယ်မိမိ ငံပြာရည်လား၊ ကြက်သွန်နီလား၊ ငါးအနှစ်လား၊ မုန့်ဖတ်လား၊ အကြော်လား ဧကန်အမှန်သိဖို့နဲ့ မိမိပါဝင်ထိုက် ပါဝင် သင့်တဲ့ပမာဏကိုလက်ခံပြီး ပမာဏကို အတိအကျ ပါဝင်ဖို့နဲ့ မလျော့မလွန်အောင်ထိန်းနိုင်ဖို့ကသာ အရေးကြီးဆုံး သတိထားရမယ့် တာဝန်လို့ယူဆပါတယ်။ လူ့သဘာဝက အမှန်ကိုလက်ခံဖို့ခက်တတ် သလို ဘယ်သူက အဲဒီအမှန်တရားကို မီးမောင်းထိုးပြနိုင်သလဲဆိုတာ မိမိမှာ ဘာအားသာချက်ရှိလို့ မိမိက ဘာကို ထူးချွန်တယ်ဆိုတာကို အရွယ်ရောက်သူတိုင်း မိမိကိုယ်မိမိ အသိဆုံးဖြစ်ပါလိမ့်မယ်။ အခက်အခဲတစ်ခုရဲ့အဖြေဟာ အပြင်မှာထက် ကိုယ့်ကိုယ်ထဲမှာပဲရှိတတ်တာများပါတယ်။ ကိုယ့်ကိုယ်ကို မညာကြဖို့တော့ လိုအပ်တယ်လို့ မြင်မိပါတယ်။

မုန့်ဟင်းခါးက ပတ်ဝန်းကျင် အစုအဖွဲ့ကောင်းတွေဖြစ်ဖို့ အချင်းချင်းအဆင့်အတန်းမခွဲဖို့လည်း သွန်သင်ပေးပြန်တယ်။ ဥပမာ-ကြက်သွန်နီ၊ ငါးအနှစ်တို့ကဲ့သို့ အချိုဓာတ်ပေးတဲ့သူတွေ တိုင်းပြည် အတွက် လိုအပ်သလို ငံပြာရည် ငရုတ်သီးမှုန့်ကဲ့သို့ လူတွေလည်း အချိုးကျ သင့်တင့်စွာပါမှ ရသက စုံ ပြန်ရော။ တစ်ခါ အမြင်တင့်တယ် နှစ်လိုဖွယ် စားချင့်စဖွယ်ဖြစ်ဖို့ အိုးဘဲဥ၊ ပဲကြော်၊ ငါးဖယ်၊ နံနံပင်၊ ပဲသီးစိမ်း တို့ကဲ့သို့ အစွမ်းနဲ့ လူတွေလည်းလိုပြန်ရော။ သက်မဲ့မုန့်ဟင်းခါး ပါဝင်ဟင်းခတ်တွေနဲ့ တင်စားခဲ့ ပေမယ့် စာရေးသူတို့ လူသားဟင်းခတ်တွေကျတော့ ကိုယ်ရဲ့ ပကတိကိုယ်စားပြုမှု စွမ်းဆောင်နိုင်မှုနဲ့ ပါဝင်ရမယ့်ပမာဏကို အမှန်တရားအတိုင်း သိမြင်ကြဖို့ကျတော့ အခြေခံက မေတ္တာနဲ့ ကိုယ်ချင်းစာတရား ပဲဗျ။ ကျွန်တော်တို့ ပြည်ထောင်စုမြန်မာပြည်ကြီးမှာ ဘာသာမဲ့ Free Thinker တွေ မရှိသလောက် ရှားပါး တဲ့အတွက် ဘာသာတရားတိုင်းဟာ မေတ္တာတရားသာ အရေးအကြီးဆုံးလို့ တိုက်တွန်းဆုံးမမှုပြုကြောင်း လေ့လာမှတ်သားဖူးပါတယ်။ အရသာမတူညီတဲ့ ဟင်းခတ်တွေကို အချိုးအစားမတူညီဘဲ မှန်ကန်တဲ့ ပါဝင်မှုတွေနဲ့ ပေါင်းစပ်ချက်ပြုတ်ထားတဲ့ ကျွန်တော်တို့ မြန်မာ့ဂုဏ်ဆောင်မုန်ဟင်းခါးကောင်းတစ်ပွဲဟာ မတူညီတဲ့အမြင်၊ အတွေးအခေါ်၊ အယူအ ဆ၊ ဓလေ့စရိုက်၊ အသားအရောင်၊ ဘာသာစကား၊ ဘာသာ တရားတွေကို စုပေါင်းစည်းလုံးစေတဲ့စနစ် ဒီမိုကရေစီကိုကိုယ်စားပြုနေကြောင်း ဂုဏ်ယူစွာသက်သေတည်ခိုင်းနှိုင်းရဲပါတယ်။

ယနေ့ယခု စာရေးသူတို့ လူမှုအသိုင်းအဝိုင်းနဲ့ ချစ်တဲ့အမိမြေကြီးမှာ မုန့်ဟင်းခါးကောင်းတစ်ပွဲ ကိုသာ သတိမမူ အရသာခံစားလိုက်ကြပေမယ့် နိုင်ငံတကာအလယ်မှာ နာမည်ကြီးခဲ့တဲ့ မိမိတို့နိုင်ငံနဲ့ လူမှုအဖွဲ့အစည်းကြီးရဲ့ ထူးမြတ်လှတဲ့ အရသာဟာ ဆိုးရွားစွာပျက်စီး ခံတွင်းမလိုက်စဖွယ်ဖြစ်နေခြင်း၊ ရလဒ်တွေမကောင်းခြင်းဟာ စာရေးသူတို့အပါအဝင် ဟင်းခတ်တစ်ဦးချင်းစီတိုင်း မိမိကိုယ်မိမိ လိမ်ညာပြီး ပကတိအရှိတရားနဲ့ဝေးကွာစွာ လက်မခံ၊ မလုပ်နိုင်တာကိုလုပ်နိုင်ချင်ဟန်ဆောင်၊ အများ ကိုယ့်အ ပေါ် မြင်စေချင်တဲ့အမြင်ကို ဦးစားပေးနေကြတာ ရှောင်လွှဲမရတဲ့အဖြေပါပဲ။ ဒီလိုသာရှေ့ဆက်မယ်ဆို ရင် ကိုယ့်တစ်ဦးချင်းတန်ဖိုးနဲ့ အချိန်ပါ ပြုန်းတီးပြီး မြန်မာဆိုတဲ့ မုန့်ဟင်းခါးတစ်ပွဲရဲ့အရသာလည်း ဆက်လက်ပျောက်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် မိမိရဲ့မေတ္တာတရားတွေနဲ့ ပကတိအမှန်တရားတွေကိုလက်ခံပြီး ကိုယ့်ထက်များစွာ သော အားနည်းနိမ့်ကျတဲ့ဘဝတွေ အနာဂတ်မျိုးဆက်သစ်တွေရဲ့အချိန်တွေကို စာနာ နားလည်တန်ဖိုး ထားရင်း အချင်ချင်း မေတ္တာတရားရှေ့ထားပြီး မြန်မာဆိုတဲ့ သိပ်ပြီးအရသာအဓိပ္ပာယ်နဲ့ ပြည့်စုံလှတဲ့ မုန်ဟင်းခါးကောင်းတစ်ပွဲအတွက် မိမိတို့အားလုံး အမြန်ဆုံး ကျရာနေရာကနေ ပါဝင်စည်လုံးကြပါစို့လို့ ဆန္ဒပြု တိုက်တွန်းရင်း ------

zawgyi version
မုန႔္ဟင္းခါးေကာင္းတစ္ပြဲ (သို႔မဟုတ္)ဒီမိုကေရစီ
လင္းျမတ္ (NP News) - မတ္ ၃ဝ

မုန႔္ဟင္းခါးလို႔ဆိုလိုက္တာနဲ႔ ျပည္ေထာင္စုျမန္မာႏိုင္ငံသားတိုင္းရဲ႕ရင္ထဲမွာ မသိမရွိ၊ မစားဖူးသူ မရွိ ေမြးဖြားခ်ိန္ကေန အခုအထိ ရင္းႏွီးၿပီးသား ႐ိုးရာအစားအစာတစ္ခုျဖစ္သလို တိုင္းတစ္ပါးသားေတြ ေတာင္ ျမန္မာ့အစားအစာလို႔ဆိုလိုက္ရင္ မုန႔္ဟင္းခါးလို႔ ေျပာေလ့ရွိသူမ်ားၾကပါတယ္။ ျမန္မာျပည္ႀကီး ရဲ႕ေဒသအလိုက္ မုန႔္ဟင္းရည္စပ္ပုံနဲ႔ ခ်က္နည္းကြဲ ျပားျခားနားေသာ္လည္း မုန႔္ဖတ္နဲ႔အရည္တြဲဖက္သုံး ေဆာင္ရတာကို ကေလးကအစ လူႀကီးအထိ သိၾကၿပီး အသက္အ႐ြယ္ႀကီးရင့္လာလို႔ ျမန္မာ့တိုင္းနဲ႔ျပည္ နယ္ေဒသေတြရဲ႕အေတြ႕အႀကဳံစုံလာတာနဲ႔အမွ် ေျမာင္းျမကမုန႔္ဟင္းခါးလား၊ အထက္အညာကလား ရန္ကုန္ကလား စသည္ျဖင့္ ေဒသအလိုက္ မုန႔္ဟင္းခါးအရသာကို ခြဲျခားနာမည္တပ္ၾကေလ့ ရွိပါတယ္။

လူသားသဘာဝအရ ႀကိဳက္တတ္သည္ပဲ ထားဦး။ ၾကက္သြန္နီခ်ည္းသက္သက္ ေသာ္လည္း ေကာင္း၊ ၾကက္သြန္ျဖဴခ်ည္းသက္သက္ ေသာ္လည္းေကာင္း၊ ခ်င္းခ်ည္းသက္သက္ ေသာ္လည္းေကာင္း၊ စပါးလင္၊ ငွက္ေပ်ာအူ၊ ပဲမႈန႔္၊ ငါးႏွစ္၊ ငံျပာရည္ စ သည့္မ်ားစြာေသာဟင္းခတ္ေတြကို တစ္မည္စီ သတ္ သတ္စားမယ္ဆိုရင္ အေတာ္ခက္ၿပီး လူတိုင္းမစားႏိုင္ၾကဘူးဆိုတာ ျငင္းႏိုင္ဖြယ္မရွိေသာ္ျငားလည္းပဲ အဲဒီအရာေတြ အမည္စုံလင္စြာ လိုအပ္သေလာက္ အခ်ိဳးက်စြာေပါင္းစပ္ခ်က္ျပဳတ္ၿပီးတဲ့ မုန႔္ဟင္းရည္ကို အပူခ်ိန္မွ်တစြာျပဳတ္ထားတဲ့ မုန႔္ဖတ္နဲ႔ေပါင္းစပ္ေရာ လို႔ အရသာရွိတဲ့မုန႔္ဟင္းခါးအလြတ္တစ္ပြဲ ရလာတဲ့ အခ်ိန္မွာေတာ့ အရသာျဖင့္ အျမင္တင့္ေစရန္ ေရွာက္ သီး/သံပရာသီး၊ နံနံပင္၊ ပဲသီးစိမ္း၊ င႐ုတ္သီးမႈန႔္၊ အ ေၾကာ္၊ ငါးဖယ္၊ အိုးဘဲဥတို႔ လိုသလို ေပါင္းစပ္လိုက္ တဲ့အခါမွာေတာ့ သိပ္အရသာထူးတဲ့ ျမန္မာ တို႔ရဲ႕မ႐ိုးႏိုင္တဲ့ မုန႔္ဟင္းခါးေကာင္းတစ္ပြဲကို ရမွာျဖစ္ပါတယ္၊ အဲဒီမုန႔္ဟင္းခါးေကာင္းတစ္ပြဲကို စံနမူနာျပဳလို႔ မိမိတို႔ အိမ္ေထာင္၊ လူ႔သိုင္းအဝိုင္း၊ အဖြဲ႕အစည္းကစလို႔ တိုင္းႏိုင္ငံနဲ႔ကိုခ်ီၿပီး ေနရာ အသီးသီးမွာလည္း မုန႔္ဟင္းခါးထဲက အမည္စုံလွတဲ့ ဟင္းခတ္တစ္ခုစီကဲ့သို႔ ေမြးရာပါနဲ႔ ဆည္းပူး ေလ့လာမႈဆိုင္ရာ ထူးခြၽန္တတ္ေျမာက္မႈ စြမ္းရည္အသီးသီးဟာလည္း သူ႔ေနရာနဲ႔သူ အခ်ိဳးက်က် လိုအပ္ပါတယ္။ ဥပမာ-ၾကက္သြန္ျဖဴ ကဲ့သို႔ အစြမ္းရွိသူဟာ မိမိထက္ပါဝင္ႏႈန္းမ်ားတဲ့ ၾကက္သြန္နီ တာဝန္ကို လိုခ်င္လို႔ျဖစ္ျဖစ္ အတင္းဖ်စ္ညႇစ္ဟန္ေဆာင္ တာဝန္ယူလို႔မရသလို ၾကက္သြန္နီ အလုံး (၂၀)ပါရလို႔ ၾကက္သြန္ျဖဴကလည္း မွ်တေအာင္ အလုံး (၂၀) ပါခ်င္လို႔မရပါဘူးလို႔ ထင္မိပါတယ္။ ငါးအႏွစ္တာဝန္ကို ငံျပာရည္ကလည္း ယူလို႔မရျပန္ဘူး။ မုန႔္ဟင္းခါးဟင္းရည္ ပ်က္စီးသြားတတ္ ပါတယ္။ ဒီလိုပါပဲ မုန႔္ဖတ္ကိုလည္း အိုးဘဲဥလို အၾကာႀကီးျပဳတ္ထားလို႔ မရျပန္ဘူး။ စာေရးသူရဲ႕ ေစတ နာအမွန္ဟာ သူတစ္ပါးကို သူကျဖင့္ ၾကက္သြန္ျဖဴလား၊ ၾကက္သြန္နီလား၊ ငံျပာရည္လား၊ အိုးဘဲဥလား၊ ငွက္ေပ်ာပင္လား စသည္ျဖင့္ လက္ညႇိဳးထိုး တံဆိပ္ကပ္ ေဝဖန္ေနျခင္းထက္ မိမိကိုယ္မိမိ ငံျပာရည္လား၊ ၾကက္သြန္နီလား၊ ငါးအႏွစ္လား၊ မုန႔္ဖတ္လား၊ အေၾကာ္လား ဧကန္အမွန္သိဖို႔နဲ႔ မိမိပါဝင္ထိုက္ ပါဝင္ သင့္တဲ့ပမာဏကိုလက္ခံၿပီး ပမာဏကို အတိအက် ပါဝင္ဖို႔နဲ႔ မေလ်ာ့မလြန္ေအာင္ထိန္းႏိုင္ဖို႔ကသာ အေရးႀကီးဆုံး သတိထားရမယ့္ တာဝန္လို႔ယူဆပါတယ္။ လူ႔သဘာဝက အမွန္ကိုလက္ခံဖို႔ခက္တတ္ သလို ဘယ္သူက အဲဒီအမွန္တရားကို မီးေမာင္းထိုးျပႏိုင္သလဲဆိုတာ မိမိမွာ ဘာအားသာခ်က္ရွိလို႔ မိမိက ဘာကို ထူးခြၽန္တယ္ဆိုတာကို အ႐ြယ္ေရာက္သူတိုင္း မိမိကိုယ္မိမိ အသိဆုံးျဖစ္ပါလိမ့္မယ္။ အခက္အခဲတစ္ခုရဲ႕အေျဖဟာ အျပင္မွာထက္ ကိုယ့္ကိုယ္ထဲမွာပဲရွိတတ္တာမ်ားပါတယ္။ ကိုယ့္ကိုယ္ကို မညာၾကဖို႔ေတာ့ လိုအပ္တယ္လို႔ ျမင္မိပါတယ္။

မုန႔္ဟင္းခါးက ပတ္ဝန္းက်င္ အစုအဖြဲ႕ေကာင္းေတြျဖစ္ဖို႔ အခ်င္းခ်င္းအဆင့္အတန္းမခြဲဖို႔လည္း သြန္သင္ေပးျပန္တယ္။ ဥပမာ-ၾကက္သြန္နီ၊ ငါးအႏွစ္တို႔ကဲ့သို႔ အခ်ိဳဓာတ္ေပးတဲ့သူေတြ တိုင္းျပည္ အတြက္ လိုအပ္သလို ငံျပာရည္ င႐ုတ္သီးမႈန႔္ကဲ့သို႔ လူေတြလည္း အခ်ိဳးက် သင့္တင့္စြာပါမွ ရသက စုံ ျပန္ေရာ။ တစ္ခါ အျမင္တင့္တယ္ ႏွစ္လိုဖြယ္ စားခ်င့္စဖြယ္ျဖစ္ဖို႔ အိုးဘဲဥ၊ ပဲေၾကာ္၊ ငါးဖယ္၊ နံနံပင္၊ ပဲသီးစိမ္း တို႔ကဲ့သို႔ အစြမ္းနဲ႔ လူေတြလည္းလိုျပန္ေရာ။ သက္မဲ့မုန႔္ဟင္းခါး ပါဝင္ဟင္းခတ္ေတြနဲ႔ တင္စားခဲ့ ေပမယ့္ စာေရးသူတို႔ လူသားဟင္းခတ္ေတြက်ေတာ့ ကိုယ္ရဲ႕ ပကတိကိုယ္စားျပဳမႈ စြမ္းေဆာင္ႏိုင္မႈနဲ႔ ပါဝင္ရမယ့္ပမာဏကို အမွန္တရားအတိုင္း သိျမင္ၾကဖို႔က်ေတာ့ အေျခခံက ေမတၱာနဲ႔ ကိုယ္ခ်င္းစာတရား ပဲဗ်။ ကြၽန္ေတာ္တို႔ ျပည္ေထာင္စုျမန္မာျပည္ႀကီးမွာ ဘာသာမဲ့ Free Thinker ေတြ မရွိသေလာက္ ရွားပါး တဲ့အတြက္ ဘာသာတရားတိုင္းဟာ ေမတၱာတရားသာ အေရးအႀကီးဆုံးလို႔ တိုက္တြန္းဆုံးမမႈျပဳေၾကာင္း ေလ့လာမွတ္သားဖူးပါတယ္။ အရသာမတူညီတဲ့ ဟင္းခတ္ေတြကို အခ်ိဳးအစားမတူညီဘဲ မွန္ကန္တဲ့ ပါဝင္မႈေတြနဲ႔ ေပါင္းစပ္ခ်က္ျပဳတ္ထားတဲ့ ကြၽန္ေတာ္တို႔ ျမန္မာ့ဂုဏ္ေဆာင္မုန္ဟင္းခါးေကာင္းတစ္ပြဲဟာ မတူညီတဲ့အျမင္၊ အေတြးအေခၚ၊ အယူအ ဆ၊ ဓေလ့စ႐ိုက္၊ အသားအေရာင္၊ ဘာသာစကား၊ ဘာသာ တရားေတြကို စုေပါင္းစည္းလုံးေစတဲ့စနစ္ ဒီမိုကေရစီကိုကိုယ္စားျပဳေနေၾကာင္း ဂုဏ္ယူစြာသက္ေသတည္ခိုင္းႏႈိင္းရဲပါတယ္။

ယေန႔ယခု စာေရးသူတို႔ လူမႈအသိုင္းအဝိုင္းနဲ႔ ခ်စ္တဲ့အမိေျမႀကီးမွာ မုန႔္ဟင္းခါးေကာင္းတစ္ပြဲ ကိုသာ သတိမမူ အရသာခံစားလိုက္ၾကေပမယ့္ ႏိုင္ငံတကာအလယ္မွာ နာမည္ႀကီးခဲ့တဲ့ မိမိတို႔ႏိုင္ငံနဲ႔ လူမႈအဖြဲ႕အစည္းႀကီးရဲ႕ ထူးျမတ္လွတဲ့ အရသာဟာ ဆိုး႐ြားစြာပ်က္စီး ခံတြင္းမလိုက္စဖြယ္ျဖစ္ေနျခင္း၊ ရလဒ္ေတြမေကာင္းျခင္းဟာ စာေရးသူတို႔အပါအဝင္ ဟင္းခတ္တစ္ဦးခ်င္းစီတိုင္း မိမိကိုယ္မိမိ လိမ္ညာၿပီး ပကတိအရွိတရားနဲ႔ေဝးကြာစြာ လက္မခံ၊ မလုပ္ႏိုင္တာကိုလုပ္ႏိုင္ခ်င္ဟန္ေဆာင္၊ အမ်ား ကိုယ့္အ ေပၚ ျမင္ေစခ်င္တဲ့အျမင္ကို ဦးစားေပးေနၾကတာ ေရွာင္လႊဲမရတဲ့အေျဖပါပဲ။ ဒီလိုသာေရွ႕ဆက္မယ္ဆို ရင္ ကိုယ့္တစ္ဦးခ်င္းတန္ဖိုးနဲ႔ အခ်ိန္ပါ ျပဳန္းတီးၿပီး ျမန္မာဆိုတဲ့ မုန႔္ဟင္းခါးတစ္ပြဲရဲ႕အရသာလည္း ဆက္လက္ေပ်ာက္ေနမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ မိမိရဲ႕ေမတၱာတရားေတြနဲ႔ ပကတိအမွန္တရားေတြကိုလက္ခံၿပီး ကိုယ့္ထက္မ်ားစြာ ေသာ အားနည္းနိမ့္က်တဲ့ဘဝေတြ အနာဂတ္မ်ိဳးဆက္သစ္ေတြရဲ႕အခ်ိန္ေတြကို စာနာ နားလည္တန္ဖိုး ထားရင္း အခ်င္ခ်င္း ေမတၱာတရားေရွ႕ထားၿပီး ျမန္မာဆိုတဲ့ သိပ္ၿပီးအရသာအဓိပၸာယ္နဲ႔ ျပည့္စုံလွတဲ့ မုန္ဟင္းခါးေကာင္းတစ္ပြဲအတြက္ မိမိတို႔အားလုံး အျမန္ဆုံး က်ရာေနရာကေန ပါဝင္စည္လုံးၾကပါစို႔လို႔ ဆႏၵျပဳ တိုက္တြန္းရင္း ------

Related news

© 2021. All rights reserved.