ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများ စွန့်ပစ်မှုနှင့်ပတ်သက်ပြီး တရုတ်နှင့်ဂျပန်တို့ဆွေးနွေး

 346

Pika (NP News) - ဧပြီ ၁

ဂျပန်နှင့်တရုတ်နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များသည် ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများ စွန့်ပစ်မှုနှင့်ပတ်သက်သည့် ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ(၃၀)ရက်နေ့ နှောင်းပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသည် ဂျပန်နိုင်ငံက ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံမှ ရေဒီယို သတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့ စွန့်ပစ်မှုကို ပြီးခဲ့သည့်နှစ်တွင် စတင်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်လုပ်ဆောင်သည့် ဆွေးနွေးပွဲတစ်ခုဖြစ်ကြောင်းသိရသည်။ ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံမှ ရေဒီယိုသတ္တိကြွရေဆိုးများစွန့်ပစ်မှုနှင့်ပတ်သက်ပြီး ဂျပန်နှင့်တရုတ်နိုင်ငံကြား တင်းမာမှုများရှိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါရေဒီယိုသတ္တိကြွရေဆိုးများ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းမှာ ဘေးကင်းကြောင်း ဂျပန်နိုင်ငံက အခိုင်အမာပြောဆိုထားသော်လည်း တရုတ်ဘက်က အဆိုပါစွန့်ပစ်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြောင်းသိရသည်။

ထို့ပြင် တရုတ်အစိုးရသည် ဂျပန်နိုင်ငံ၏ ပင်လယ်စာတင်သွင်းမှုကို တားမြစ်ပိတ်ပင်ခဲ့ကြောင်းလည်း သိရသည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက 'ဂျပန်နဲ့တရုတ်တို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေဟာာ ပင်လယ်ထဲကို ရေဒီယိုသတ္တိကြွရေဆိုးတွေစွန့်ပစ်တာနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို Dalian မြို့မှာ ကျင်းပခဲ့ပါတယ်'ဟု ပြောဆိုခဲ့သည်။ ဂျပန်နိုင်ငံသည် ရေဒီယိုသတ္တိကြွရေဆိုး စွန့်ပစ်မှုကို ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် စတင်လုပ်ဆောင်ခဲ့ပြီး တရုတ်၊ရုရှားတို့နှင့် သံတမန်ရေးတင်းမာမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။ အဆိုပါစွန့်ပစ်မှုများနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအပြင် ရုရှားနိုင်ငံကလည်း ဂျပန်၏ပင်လယ်စာတင်သွင်းမှုကို တားမြစ်ပိတ်ပင်ခဲ့ကြောင်းသိရသည်။

zawgyi version
Pika (NP News) - ဧပြီ ၁




Related news

© 2021. All rights reserved.