ကျိူးကျခဲ့တဲ့တံတားကြီး ပြန်လည်တည်ဆောက်နိုင်ရေး ရန်ပုံငွေအမြန်ဆုံးခွင့်ပြုပေးဖို့ မေရီလန်းပြည်နယ် အုပ်ချုပ်ရေးမှူး တောင်းဆို

 2245

ဂျန်ဇက် (NP News) - ဧပြီ ၁

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူးဟာ ကုန်စည်သင်္ဘောဝင်တိုက်မှုကြောင့် ကျိုးကျခဲ့တဲ့ လေးလမ်းသွား တံတားတစ်စင်းကို အမြန်ဆုံးပြန်လည်တည်ဆောက်နိုင်အောင် ကူညီထောက်ပံ့ပေးမယ့် ရန်ပုံငွေ ကြေးများ အမြန်ဆုံးခွင့်ပြုပေးဖို့ တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

တံတားပြန်လည်တည်ဆောက်ရေးအတွက်လိုအပ်တဲ့ ပြည်ထောင်စုရန်ပုံငွေ ရရှိအောင်ခွင့်ပြုချက်ပေးဖို့ ဒီမိုကရက် တစ်ပါတီလွှတ်တော်အမတ်တွေ နဲ့ ရီပတ်ဘလီကန်ပါတီ လွှတ်တော်အမတ်တွေကြား ပူးပေါင်းဆောင်ရွက်စေလို ကြောင်း မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Patapsco မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတဲ့ Francis Scott Key အမည်ရှိ မြစ်ကူးတံတားကြီးဟာ မတ်လ ၂၆ ရက်က စင်ကာပူမှာ မှတ်ပုံတင်ထားတဲ့ကုန်စည်သင်္ဘောတစ်စင်းရဲ့ဝင်တိုက်မိရာကနေ ကျိုးကျပျက်စီးသွားခဲ့ ကြောင်း သိရပါတယ်။ အမေရိကန်အစိုးရဟာ လက်ရှိအချိန်မှာ အဲဒီတံတား ကျိုးကျပျက်စီးမှုတွေကို ဖယ်ရှား ရှင်းလင်းနိုင်ဖို့ နဲ့ တံတားအနီးရှိ ဆိပ်ကမ်းအမြန်ဆုံးပြန်ဖွင့်လှစ်နိုင်အောင် အမေရိကန်ဒေါ်လာသန်း ၆ဝဝ ကျော်ကို ကနဦး ခွင့်ပြုပေးထားပါတယ်။

ဒါပေမယ့် အဲဒီတံတားကို အလုံးစုံ ပြန်လည်ပြုပြင်တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ ၂ ဘီလျံခန့် အနည်းဆုံး ကုန်ကျဖွယ်ရှိနေကြောင်း သိရပါတယ်။ မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူးဟာ ဒီမိုကရက်တစ်ပါတီ ဝင်တစ်ဦး ဖြစ်တဲ့အတွက် တံတားပြန်လည်တည်ဆောက်ရေးရန်ပုံငွေအတွက် ခွင့်မပြုပေးမှာကို စိုးရိမ်နေကြောင်း သိရပါတယ်။

မေရီလန်းပြည်နယ်အုပ်ချုပ်ရေးမှူး ရီပတ်ဘလီကန်ပါတီရဲ့လွှတ်တော်အမတ်တွေဟာ တံတားတည်ဆောက်ရေး ရန်ပုံငွေကို အမြန်ဆုံးခွင့်ပြုပေးစေလိုကြောင်း၊ ဒီတံတားနဲ့ ဆိပ်ကမ်းက နိုင်ငံစီးပွားရေးအတွက် အဓိကအရေးကြီး ကြောင်း ပြောပါတယ်။ တံတားကျိုးကျမှုကြောင့် တံတားအပေါ်မှာ အလုပ်လုပ်နေတဲ့အလုပ်သမား ၆ ဦး ရေထဲကျ ကာ သေဆုံးသွားခဲ့ပြီး ရုပ်အလောင်းတွေကို ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြ ထားပါတယ်။

Zawgyi Version;
က်ိဴးက်ခဲ့တဲ့တံတားႀကီး ျပန္လည္တည္ေဆာက္ႏိုင္ေရး ရန္ပုံေငြအျမန္ဆုံးခြင့္ျပဳေပးဖို႔ ေမရီလန္းျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ေတာင္းဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၁

အေမရိကန္ႏိုင္ငံ ေမရီလန္းျပည္နယ္အုပ္ခ်ဳပ္ေရးမႉးဟာ ကုန္စည္သေဘၤာဝင္တိုက္မႈေၾကာင့္ က်ိဳးက်ခဲ့တဲ့ ေလးလမ္းသြား တံတားတစ္စင္းကို အျမန္ဆုံးျပန္လည္တည္ေဆာက္ႏိုင္ေအာင္ ကူညီေထာက္ပံ့ေပးမယ့္ ရန္ပုံေငြ ေၾကးမ်ား အျမန္ဆုံးခြင့္ျပဳေပးဖို႔ ေတာင္းဆိုလိုက္ေၾကာင္း သိရပါတယ္။

တံတားျပန္လည္တည္ေဆာက္ေရးအတြက္လိုအပ္တဲ့ ျပည္ေထာင္စုရန္ပုံေငြ ရရွိေအာင္ခြင့္ျပဳခ်က္ေပးဖို႔ ဒီမိုကရက္ တစ္ပါတီလႊတ္ေတာ္အမတ္ေတြ နဲ႔ ရီပတ္ဘလီကန္ပါတီ လႊတ္ေတာ္အမတ္ေတြၾကား ပူးေပါင္းေဆာင္႐ြက္ေစလို ေၾကာင္း ေမရီလန္းျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက ေျပာပါတယ္။

Patapsco ျမစ္ကို ျဖတ္သန္းတည္ေဆာက္ထားတဲ့ Francis Scott Key အမည္ရွိ ျမစ္ကူးတံတားႀကီးဟာ မတ္လ ၂၆ ရက္က စင္ကာပူမွာ မွတ္ပုံတင္ထားတဲ့ကုန္စည္သေဘၤာတစ္စင္းရဲ႕ဝင္တိုက္မိရာကေန က်ိဳးက်ပ်က္စီးသြားခဲ့ ေၾကာင္း သိရပါတယ္။ အေမရိကန္အစိုးရဟာ လက္ရွိအခ်ိန္မွာ အဲဒီတံတား က်ိဳးက်ပ်က္စီးမႈေတြကို ဖယ္ရွား ရွင္းလင္းႏိုင္ဖို႔ နဲ႔ တံတားအနီးရွိ ဆိပ္ကမ္းအျမန္ဆုံးျပန္ဖြင့္လွစ္ႏိုင္ေအာင္ အေမရိကန္ေဒၚလာသန္း ၆ဝဝ ေက်ာ္ကို ကနဦး ခြင့္ျပဳေပးထားပါတယ္။

ဒါေပမယ့္ အဲဒီတံတားကို အလုံးစုံ ျပန္လည္ျပဳျပင္တည္ေဆာက္ဖို႔ အေမရိကန္ေဒၚလာ ၂ ဘီလ်ံခန႔္ အနည္းဆုံး ကုန္က်ဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ေမရီလန္းျပည္နယ္အုပ္ခ်ဳပ္ေရးမႉးဟာ ဒီမိုကရက္တစ္ပါတီ ဝင္တစ္ဦး ျဖစ္တဲ့အတြက္ တံတားျပန္လည္တည္ေဆာက္ေရးရန္ပုံေငြအတြက္ ခြင့္မျပဳေပးမွာကို စိုးရိမ္ေနေၾကာင္း သိရပါတယ္။

ေမရီလန္းျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ရီပတ္ဘလီကန္ပါတီရဲ႕လႊတ္ေတာ္အမတ္ေတြဟာ တံတားတည္ေဆာက္ေရး ရန္ပုံေငြကို အျမန္ဆုံးခြင့္ျပဳေပးေစလိုေၾကာင္း၊ ဒီတံတားနဲ႔ ဆိပ္ကမ္းက ႏိုင္ငံစီးပြားေရးအတြက္ အဓိကအေရးႀကီး ေၾကာင္း ေျပာပါတယ္။ တံတားက်ိဳးက်မႈေၾကာင့္ တံတားအေပၚမွာ အလုပ္လုပ္ေနတဲ့အလုပ္သမား ၆ ဦး ေရထဲက် ကာ ေသဆုံးသြားခဲ့ၿပီး ႐ုပ္အေလာင္းေတြကို ျပန္လည္ဆယ္ယူႏိုင္ခဲ့ေၾကာင္း အေမရိကန္မီဒီယာေတြက ေဖာ္ျပ ထားပါတယ္။

Related news

© 2021. All rights reserved.