ချစ်သော ဟွာလင်း ဘေးကင်းပါစေ။ ကျွန်တော်တို့သမိုင်း တစ်စိတ်တစ်ပိုင်းထဲက ထိုင်ဝမ်

 2934

Htay Oung (NP News) - ဧပြီ ၄

ယမန်နေ့ (ဧပြီလ ၃ ရက်) ဒေသစံတော်ချိန် ၇း၅၈ နာရီ ထိုင်ဝမ်နိုင်ငံအရှေ့ဖက်ကမ်းခြေမှာ အင်အား ၇.၄ မဂ္ဂနီကျူ့ရှိ အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။

ငလျင်ဟာ ဟွာလင်း Hualin မြို့တောင်ဖက် ၁၁-မိုင်ခန့်အကွာ မြေအောက် ၂၁.၆ မိုင်ကို ဗဟိုပြီး လှုပ်ခတ်ခြင်း ဖြစ်လို့ မြေပြိုကျခြင်း၊ ဟိုတယ်နဲ့နေအိမ် အဆောက်အအုံ ၁၀၀ ကျော်ပျက်စီးပါတယ်။ လူ ၉-ဦး ထက်မနည်း သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရရှိကြောင်း၊ အပျက်အစီးပုံကြီးအောက် ပိတ်မိနေသူ ၇၀-ခန့် ရှိပြီး ဟိုတယ်ဝန်ထမ်းအများဆုံးအပါအဝင် လူအတော်များများ ပျောက်ဆုံးနေတယ်လို့ ယနေ့ (ဧပြီလ ၄ ရက်)မှာ CNN နဲ့ ရိုက်တာ သတင်းအရ သိရှိရပါတယ်။

ထိုင်ဝမ်အတွက် ၂၅-နှစ်အတွင်း အဆိုးရွားဆုံး ဖြစ်လာတဲ့ ငလျင်ကြီးဟာ နောက်ဆက်တွဲ အကြိမ် ၁-ဒါဇင် ကျော် ပြတ်တောင်း ပြတ်တောင်း လှုပ်ခတ်နေခဲ့ပါတယ်။ ငလျင်အရှိန်အဟုန်ကို တိုင်ပေမြို့တော်အပါအဝင် ကျွန်းတစ်ခုလုံး ခံစားရပြီး ယခုရက်ပိုင်းအတွင်း ၇-မဂ္ဂနီကျု့အထိ ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်လာ မှာကို စိုးရိမ်နေကြပါတယ်။ ဒေသတွင်း ဆူနာမီ ငလျင်ဒီရေ သတိပေးချက်များလည်း ထုတ်ပြန်ထားပါတယ်။

ထိုင်ဝမ်ဟာ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း အဓိကအားဖြင့် ဖော်မိုဆာလို့ ခေါ်တဲ့ ကျွန်းမကြီးအပါအဝင် ကျွန်းငယ်လေးပေါင်း ၁၆၈-ကျွန်းနဲ့ ဖွဲ့စည်းထားပါတယ်။ ၁၇-ရာစု ဒတ်ချ်ကိုလိုနီလက်အောက်မှာ ပြည်မကြီးမှ ဟန်တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပေမယ့် အဲ့ဒီကျွန်းပေါ်မှာ မူလကတည်းက ဌာနေတိုင်းရင်းသားများ ရှိနေပါတယ်။

သူတို့ဟာ ကျွန်တော်တို့ဆီက ချင်းလူမျိုးများနဲ့ ရုပ်ရည်ရော ဝတ်စားပုံပါ အလွန်တူညီပြီး စောင်လိုလို သင်တိုင်းရှည်ကြီးများကို ဝတ်ဆင်ကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သောင်းချီကာလ အရှေ့တောင်အာရှမှ ရေကြည်ရာ မျက်နုရာ ထွက်ခွာသွားသူများဖြစ်နိုင်ပါတယ်။

၁၆၈၃-ခုနှစ်မှာ တရုတ်ဧကရာဇ် ချင်မင်းဆက်က သိမ်းယူခဲ့ပြီး ၁၈၉၅-ခုနှစ်မှာ ဖော်မိုဆာဟာ ဂျပန်လက်အောက်ကျ ရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် မြန်မာနိုင်ငံကို ရောက်ရှိမလာမီ ရဲဘော်သုံးကျိပ်အစပိုင်း တရုတ်ကွန်မြူနစ်များနဲ့ ဆက်သွယ်ဖို့ သွားရောက်ရာမှ သခင်အောင်ဆန်းနဲ့ သခင်လှမြိုင် ( ဗိုလ်ရန်အောင်) တို့ သောင်တင်နေခဲ့တယ်ဆိုတဲ့ “အမွိုင်မြို့” ဆိုတာ ထိုင်ဝမ်ရေလက်ကြားတစ်ဖက်ကမ်း ယခု ပြည်မကြီး ဖူးကျန့်ပြည်နယ် “ရှားမင်းမြို့"ဖြစ်ပါတယ်။

မြန်မာပြည်မှ အသုတ် ၄-ခုခွဲပြီး ထွက်ခွာလာတဲ့ ရဲဘော်သုံးကျိပ်တို့ရဲ့ စောစောပိုင်း စစ်ပညာသင်ယူရာ ဖော်မိုဆာကျွန်းဆိုတာ ယခု ထိုင်ဝမ်နိုင်ငံဖြစ်ပါတယ်။ ၁၉၄၅-ခုနှစ် တရုတ်ပြည်တွင်းစစ်မှာ မော်စီတုံး ကွန်မြူနစ်တို့ကို အရေးနိမ့်တဲ့ “ ချန်ကေရှိတ် ကူမင်တန်' တို့က ဖော်မိုဆာကျွန်းကို ဆုတ်ခွာလာကြခဲ့ပါတယ် ဂျပန်တို့လက်နက်ချပြီးနောက် “ တရုတ်သမ္မတနိုင်ငံ“ ကို တည်ထောင်ပြီး ဒီမိုကရေစီစနစ်နဲ့ ကိုယ့်ဖာသာ အုပ်ချုပ်ခဲ့ကြပါတယ်။

ယခု ငလျင်ဒဏ်ခံလိုက်ရတဲ့ ဟွာလင်းမြို့မှာ တစ်နှစ်လောက် ကျွန်တော် ဝင်ထွက် နေဖူးတယ်။ ဂျပန်ဘာသာ “ကာရင်ကို“ ကို တရုတ် ခန်းဂျိအက္ခရာ စာလုံးပေါင်းအတိုင်း အင်္ဂလိပ်လို ရေးုပြီး လက်တင်ဘာသာစနစ်အတိုင်းအသံ ထွက်လိုက်တဲ့အခါ ဟွာလင်း ဖြစ်သွားတယ်လို့ ပြောကြပါတယ်။

ဦးနေဝင်းလက်ထက် ပြည်နှင်ဒဏ်ပေးခံရတဲ့ တရုတ်မျိုးဆက် မိတ်ဆွေတွေ ရှိပါတယ် သူတို့ကတော့ သူတို့ ကိုယ်သူတို့ တစ်ပြားမှ မလျော့တဲ့ မြန်တင်း မြန်မာ တဲ့၊ မြန်မာလူမျိုးမှန်း သိရင် ထိုင်ဝမ်မှာရော ပြည်မကြီး ကုန်း တွင်းပိုင်းမှာပါ ခင်မင် မိတ်ဆွေဖြစ်လိုသူ အလွန်များပါတယ်။

ထိုင်ဝမ်နိုင်ငံ “ကော့ရွှန်းမြို့“ နေ တရုတ်လူမျိုး မိတ်ဆွေတစ်ဦးရဲ့ မျိုးရိုးအမည်ဟာ “ မော် “ Mao တဲ့ တရုတ် ကွန်မြူနစ်ပါတီဥက္ကဌကြီးရဲ့ မျိုးရိုးမှ ဖြစ်ပါတယ်။ လူဦးရေ ၂၄-သန်းခန့်ရှိတဲ့ ထိုင်ဝမ်မှာ ဟွာလင်းဧရိယာအတွင်း လူ ၃-သိန်းခန့် နေထိုင်ပြီး သုံးပုံတစ်ပုံဟာ ငလျင်ဘေး ဒုက္ခသည်ဘဝကို သက်ဆင်းသွားကြောင်း သိရှိရပါတယ်။ ဟွာလင်းဟာ ကျွန်းနိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ သယ်ယူပို့ဆောင်ရေး ဗဟိုချက်ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး စကျင်ကျောက် ချောက်ကမ်းပါး “တိုရိုကို_ဂျော့ချ် အမျိုးသားဥယျာဉ် “ ကြောင့် နာမည်ကျော်ကြားပါတယ်။ ဟွာလင်းခရိုင်ဟာ ၂.၃% သာ ကျန်ရှိတော့တဲ့ ဌာနေတိုင်း ရင်းသား အများဆုံးနေထိုင်ရာ နယ်မြေဖြစ်ပါတယ်။

ဟွာလင်း ခရိုင်အတွင်း ရွှေနဲ့ တိုက်တာ အဆောက်အအုံဆောက်လုပ်ရာမှာ အသုံးပြုတဲ့ ကျောက်မိုင်းများလည်း တည်ရှိနေပြီး ဝေလံခေါင်သီတဲ့ ကမ်းရိုးတန်း သို့မဟုတ် တောင်ကုန်းတောင်တန်းများတလျောက် သွားရောက်ရန် ခက်ခဲတဲ့အတွက် ပျက်စီးသေဆုံးမှု အတိအကျကို သိရှိရဖို့ ရက်အနည်းငယ် ကြာမြင့်နိုင်ပါတယ်။

ယခု ငလျင်ဒဏ်ခံလိုက်ရတဲ့ ဟွာလင်း ဧရိယာအတွင်းမှာ ထိုင်ဝမ်လေတပ်အခြေစိုက်စခန်းလည်း တည်ရှိနေပြီး ငလျင်ဒဏ်ကြောင့် F-16V အမျိုးအစာဒ ဂျက်တိုက်လေယာဉ် ၈-စင်းလည်း ပျံသန်းဖို့ မဖြစ်နိုင်တဲ့အထိ ပျက်စီးသွားကြောင်း ရုရှား စပွတ်နစ်သတင်းအရ သိရှိရပါတယ်။

တကယ်တော့ ထိုင်ဝမ်ဟာ အမေရိကန် အများဆုံးနဲ့ အနောက်နိုင်ငံများရဲ့ ခေတ်မီစစ်လက်နက်ယန္တရားများ စုပုံနေရာ တိုင်းပြည်ဖြစ်ပါတယ်။ ပြင်သစ်လုပ် “မီရာ့ချဂျက်တိုက်လေယာဉ်” မျိုးဆိုရင် သာမန်အရပ်ဖက် ကွန်တိန်နာသင်္ဘောအတွင်း အပိုင်းလိုက် သယ်ဆောင်လာခြင်းဖြစ်ပါတယ်။ ဟွာလင်းဆိပ်ကမ်းရောက်ပြီး ပြန်လည်ဆက်စပ်တည်ဆောက်မှသာလျှင် နာမည်ကျော် ပြင်သစ်တိုက်လေယာဉ်တွေမှန်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရဖူးပါတယ်။

လှပပြီး ချစ်စရာကောင်းတဲ့ ဟွာလင်း မြို့လေးအတွက် အလွန်စိတ်မကောင်းဖြစ်မိတယ်။ အပြန်အလှန် ခင်မင် လေးစားခဲ့ရတဲ့ ထိုင်ဝမ်မိတ်ဆွေများနဲ့ ၁၅-နှစ်မက မိမိနေရပ်ပမာ သွားလာဝင်ထွက် နေခဲ့ဖူူးတဲ့ ကျွန်းနိုင်ငံနေသူများအားလုံး ဘေးရန်ကင်းရှင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

zawgyi version
ခ်စ္ေသာ ဟြာလင္း ေဘးကင္းပါေစ။ ကြၽန္ေတာ္တို႔သမိုင္း တစ္စိတ္တစ္ပိုင္းထဲက ထိုင္ဝမ္
Htay Oung (NP News) - ဧၿပီ ၄

ယမန္ေန႔ (ဧၿပီလ ၃ ရက္) ေဒသစံေတာ္ခ်ိန္ ရး၅၈ နာရီ ထိုင္ဝမ္ႏိုင္ငံအေရွ႕ဖက္ကမ္းေျခမွာ အင္အား ၇.၄ မဂၢနီက်ဴ႕ရွိ အင္အားျပင္း ငလ်င္ႀကီး လႈပ္ခတ္ခဲ့ပါတယ္။

ငလ်င္ဟာ ဟြာလင္း Hualin ၿမိဳ႕ေတာင္ဖက္ ၁၁-မိုင္ခန႔္အကြာ ေျမေအာက္ ၂၁.၆ မိုင္ကို ဗဟိုၿပီး လႈပ္ခတ္ျခင္း ျဖစ္လို႔ ေျမၿပိဳက်ျခင္း၊ ဟိုတယ္နဲ႔ေနအိမ္ အေဆာက္အအုံ ၁၀၀ ေက်ာ္ပ်က္စီးပါတယ္။ လူ ၉-ဦး ထက္မနည္း ေသဆုံးၿပီး ၁၀၀၀ ေက်ာ္ ဒဏ္ရာရရွိေၾကာင္း၊ အပ်က္အစီးပုံႀကီးေအာက္ ပိတ္မိေနသူ ၇၀-ခန႔္ ရွိၿပီး ဟိုတယ္ဝန္ထမ္းအမ်ားဆုံးအပါအဝင္ လူအေတာ္မ်ားမ်ား ေပ်ာက္ဆုံးေနတယ္လို႔ ယေန႔ (ဧၿပီလ ၄ ရက္)မွာ CNN နဲ႔ ႐ိုက္တာ သတင္းအရ သိရွိရပါတယ္။

ထိုင္ဝမ္အတြက္ ၂၅-ႏွစ္အတြင္း အဆိုး႐ြားဆုံး ျဖစ္လာတဲ့ ငလ်င္ႀကီးဟာ ေနာက္ဆက္တြဲ အႀကိမ္ ၁-ဒါဇင္ ေက်ာ္ ျပတ္ေတာင္း ျပတ္ေတာင္း လႈပ္ခတ္ေနခဲ့ပါတယ္။ ငလ်င္အရွိန္အဟုန္ကို တိုင္ေပၿမိဳ႕ေတာ္အပါအဝင္ ကြၽန္းတစ္ခုလုံး ခံစားရၿပီး ယခုရက္ပိုင္းအတြင္း ၇-မဂၢနီက်ဳ႕အထိ ျပင္းထန္တဲ့ ငလ်င္ႀကီး လႈပ္လာ မွာကို စိုးရိမ္ေနၾကပါတယ္။ ေဒသတြင္း ဆူနာမီ ငလ်င္ဒီေရ သတိေပးခ်က္မ်ားလည္း ထုတ္ျပန္ထားပါတယ္။

ထိုင္ဝမ္ဟာ ပစိဖိတ္သမုဒၵရာအေနာက္ပိုင္း အဓိကအားျဖင့္ ေဖာ္မိုဆာလို႔ ေခၚတဲ့ ကြၽန္းမႀကီးအပါအဝင္ ကြၽန္းငယ္ေလးေပါင္း ၁၆၈-ကြၽန္းနဲ႔ ဖြဲ႕စည္းထားပါတယ္။ ၁၇-ရာစု ဒတ္ခ်္ကိုလိုနီလက္ေအာက္မွာ ျပည္မႀကီးမွ ဟန္တ႐ုတ္လူမ်ိဳးမ်ား ဝင္ေရာက္လာခဲ့ေပမယ့္ အဲ့ဒီကြၽန္းေပၚမွာ မူလကတည္းက ဌာေနတိုင္းရင္းသားမ်ား ရွိေနပါတယ္။

သူတို႔ဟာ ကြၽန္ေတာ္တို႔ဆီက ခ်င္းလူမ်ိဳးမ်ားနဲ႔ ႐ုပ္ရည္ေရာ ဝတ္စားပုံပါ အလြန္တူညီၿပီး ေစာင္လိုလို သင္တိုင္းရွည္ႀကီးမ်ားကို ဝတ္ဆင္ၾကပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ေသာင္းခ်ီကာလ အေရွ႕ေတာင္အာရွမွ ေရၾကည္ရာ မ်က္ႏုရာ ထြက္ခြာသြားသူမ်ားျဖစ္ႏိုင္ပါတယ္။

၁၆၈၃-ခုႏွစ္မွာ တ႐ုတ္ဧကရာဇ္ ခ်င္မင္းဆက္က သိမ္းယူခဲ့ၿပီး ၁၈၉၅-ခုႏွစ္မွာ ေဖာ္မိုဆာဟာ ဂ်ပန္လက္ေအာက္က် ေရာက္ခဲ့ပါတယ္။ ဒုတိယကမာၻစစ္ ျမန္မာႏိုင္ငံကို ေရာက္ရွိမလာမီ ရဲေဘာ္သုံးက်ိပ္အစပိုင္း တ႐ုတ္ကြန္ျမဴနစ္မ်ားနဲ႔ ဆက္သြယ္ဖို႔ သြားေရာက္ရာမွ သခင္ေအာင္ဆန္းနဲ႔ သခင္လွၿမိဳင္ ( ဗိုလ္ရန္ေအာင္) တို႔ ေသာင္တင္ေနခဲ့တယ္ဆိုတဲ့ “အမြိဳင္ၿမိဳ႕” ဆိုတာ ထိုင္ဝမ္ေရလက္ၾကားတစ္ဖက္ကမ္း ယခု ျပည္မႀကီး ဖူးက်န႔္ျပည္နယ္ “ရွားမင္းၿမိဳ႕"ျဖစ္ပါတယ္။

ျမန္မာျပည္မွ အသုတ္ ၄-ခုခြဲၿပီး ထြက္ခြာလာတဲ့ ရဲေဘာ္သုံးက်ိပ္တို႔ရဲ႕ ေစာေစာပိုင္း စစ္ပညာသင္ယူရာ ေဖာ္မိုဆာကြၽန္းဆိုတာ ယခု ထိုင္ဝမ္ႏိုင္ငံျဖစ္ပါတယ္။ ၁၉၄၅-ခုႏွစ္ တ႐ုတ္ျပည္တြင္းစစ္မွာ ေမာ္စီတုံး ကြန္ျမဴနစ္တို႔ကို အေရးနိမ့္တဲ့ “ ခ်န္ေကရွိတ္ ကူမင္တန္' တို႔က ေဖာ္မိုဆာကြၽန္းကို ဆုတ္ခြာလာၾကခဲ့ပါတယ္ ဂ်ပန္တို႔လက္နက္ခ်ၿပီးေနာက္ “ တ႐ုတ္သမၼတႏိုင္ငံ“ ကို တည္ေထာင္ၿပီး ဒီမိုကေရစီစနစ္နဲ႔ ကိုယ့္ဖာသာ အုပ္ခ်ဳပ္ခဲ့ၾကပါတယ္။

ယခု ငလ်င္ဒဏ္ခံလိုက္ရတဲ့ ဟြာလင္းၿမိဳ႕မွာ တစ္ႏွစ္ေလာက္ ကြၽန္ေတာ္ ဝင္ထြက္ ေနဖူးတယ္။ ဂ်ပန္ဘာသာ “ကာရင္ကို“ ကို တ႐ုတ္ ခန္းဂ်ိအကၡရာ စာလုံးေပါင္းအတိုင္း အဂၤလိပ္လို ေရးုၿပီး လက္တင္ဘာသာစနစ္အတိုင္းအသံ ထြက္လိုက္တဲ့အခါ ဟြာလင္း ျဖစ္သြားတယ္လို႔ ေျပာၾကပါတယ္။

ဦးေနဝင္းလက္ထက္ ျပည္ႏွင္ဒဏ္ေပးခံရတဲ့ တ႐ုတ္မ်ိဳးဆက္ မိတ္ေဆြေတြ ရွိပါတယ္ သူတို႔ကေတာ့ သူတို႔ ကိုယ္သူတို႔ တစ္ျပားမွ မေလ်ာ့တဲ့ ျမန္တင္း ျမန္မာ တဲ့၊ ျမန္မာလူမ်ိဳးမွန္း သိရင္ ထိုင္ဝမ္မွာေရာ ျပည္မႀကီး ကုန္း တြင္းပိုင္းမွာပါ ခင္မင္ မိတ္ေဆြျဖစ္လိုသူ အလြန္မ်ားပါတယ္။

ထိုင္ဝမ္ႏိုင္ငံ “ေကာ့႐ႊန္းၿမိဳ႕“ ေန တ႐ုတ္လူမ်ိဳး မိတ္ေဆြတစ္ဦးရဲ႕ မ်ိဳး႐ိုးအမည္ဟာ “ ေမာ္ “ Mao တဲ့ တ႐ုတ္ ကြန္ျမဴနစ္ပါတီဥကၠဌႀကီးရဲ႕ မ်ိဳး႐ိုးမွ ျဖစ္ပါတယ္။ လူဦးေရ ၂၄-သန္းခန႔္ရွိတဲ့ ထိုင္ဝမ္မွာ ဟြာလင္းဧရိယာအတြင္း လူ ၃-သိန္းခန႔္ ေနထိုင္ၿပီး သုံးပုံတစ္ပုံဟာ ငလ်င္ေဘး ဒုကၡသည္ဘဝကို သက္ဆင္းသြားေၾကာင္း သိရွိရပါတယ္။ ဟြာလင္းဟာ ကြၽန္းႏိုင္ငံအတြင္း ႏိုင္ငံေရး၊ စီးပြားေရး၊ သယ္ယူပို႔ေဆာင္ေရး ဗဟိုခ်က္ျဖစ္ၿပီး ကမာၻ႔အႀကီးဆုံး စက်င္ေက်ာက္ ေခ်ာက္ကမ္းပါး “တို႐ိုကို_ေဂ်ာ့ခ်္ အမ်ိဳးသားဥယ်ာဥ္ “ ေၾကာင့္ နာမည္ေက်ာ္ၾကားပါတယ္။ ဟြာလင္းခ႐ိုင္ဟာ ၂.၃% သာ က်န္ရွိေတာ့တဲ့ ဌာေနတိုင္း ရင္းသား အမ်ားဆုံးေနထိုင္ရာ နယ္ေျမျဖစ္ပါတယ္။

ဟြာလင္း ခ႐ိုင္အတြင္း ေ႐ႊနဲ႔ တိုက္တာ အေဆာက္အအုံေဆာက္လုပ္ရာမွာ အသုံးျပဳတဲ့ ေက်ာက္မိုင္းမ်ားလည္း တည္ရွိေနၿပီး ေဝလံေခါင္သီတဲ့ ကမ္း႐ိုးတန္း သို႔မဟုတ္ ေတာင္ကုန္းေတာင္တန္းမ်ားတေလ်ာက္ သြားေရာက္ရန္ ခက္ခဲတဲ့အတြက္ ပ်က္စီးေသဆုံးမႈ အတိအက်ကို သိရွိရဖို႔ ရက္အနည္းငယ္ ၾကာျမင့္ႏိုင္ပါတယ္။

ယခု ငလ်င္ဒဏ္ခံလိုက္ရတဲ့ ဟြာလင္း ဧရိယာအတြင္းမွာ ထိုင္ဝမ္ေလတပ္အေျခစိုက္စခန္းလည္း တည္ရွိေနၿပီး ငလ်င္ဒဏ္ေၾကာင့္ F-16V အမ်ိဳးအစာဒ ဂ်က္တိုက္ေလယာဥ္ ၈-စင္းလည္း ပ်ံသန္းဖို႔ မျဖစ္ႏိုင္တဲ့အထိ ပ်က္စီးသြားေၾကာင္း ႐ုရွား စပြတ္နစ္သတင္းအရ သိရွိရပါတယ္။

တကယ္ေတာ့ ထိုင္ဝမ္ဟာ အေမရိကန္ အမ်ားဆုံးနဲ႔ အေနာက္ႏိုင္ငံမ်ားရဲ႕ ေခတ္မီစစ္လက္နက္ယႏၲရားမ်ား စုပုံေနရာ တိုင္းျပည္ျဖစ္ပါတယ္။ ျပင္သစ္လုပ္ “မီရာ့ခ်ဂ်က္တိုက္ေလယာဥ္” မ်ိဳးဆိုရင္ သာမန္အရပ္ဖက္ ကြန္တိန္နာသေဘၤာအတြင္း အပိုင္းလိုက္ သယ္ေဆာင္လာျခင္းျဖစ္ပါတယ္။ ဟြာလင္းဆိပ္ကမ္းေရာက္ၿပီး ျပန္လည္ဆက္စပ္တည္ေဆာက္မွသာလွ်င္ နာမည္ေက်ာ္ ျပင္သစ္တိုက္ေလယာဥ္ေတြမွန္း မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရဖူးပါတယ္။

လွပၿပီး ခ်စ္စရာေကာင္းတဲ့ ဟြာလင္း ၿမိဳ႕ေလးအတြက္ အလြန္စိတ္မေကာင္းျဖစ္မိတယ္။ အျပန္အလွန္ ခင္မင္ ေလးစားခဲ့ရတဲ့ ထိုင္ဝမ္မိတ္ေဆြမ်ားနဲ႔ ၁၅-ႏွစ္မက မိမိေနရပ္ပမာ သြားလာဝင္ထြက္ ေနခဲ့ဖူူးတဲ့ ကြၽန္းႏိုင္ငံေနသူမ်ားအားလုံး ေဘးရန္ကင္းရွင္းၾကပါေစလို႔ ဆုမြန္ေကာင္း ေတာင္းလိုက္ရပါတယ္။

Related news

© 2021. All rights reserved.