မတ္တရာမြို့နယ်တွင် Light Truck ကားတစ်စီး တိမ်းမှောက်ခဲ့ရာ (၁၅)ဦး ထိခိုက်ဒဏ်ရာရ

 633

သန့်ဇင် (NP News) - ဧပြီ ၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် Light Truck ကားတစ်စီး တိမ်းမှောက်ခဲ့ရာ (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မတ္တရာမြို့နယ်ထံမှ သိရသည်။

ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(ဧပြီလ ၆ ရက်)၊ ညနေ ၄ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် မန္တလေး မတ္တရာလမ်း ဆင်ရွာကြီးလမ်ခွဲထိပ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားကမောင်းနေရင်းကနေ ကားအောက်ပိုင်း တစ်ခုခုချို့ယွင်းပြီး ဘယ်ဘက်လမ်းဘေးကို ဆွဲချပြီး မှောက်သွားတာပါ။ အဲဒီမှာ ကားပေါ်မှာပါလာတဲ့ ပန်းရံအလုပ်သမား(၁၅)ယောက်လုံး ဒဏ်ရာရတာပါ။ စိုးရိမ်ရတဲ့အခြေအနေမရှိပေမယ့် (၂)ယောက်ကတော့ ခေါင်းကွဲသွားတယ်။ ကျန်တဲ့လူတွေကတော့ ပွန်းပဲ့လောက်ပါပဲ။ ကားကတော့ ပျက်စီးသွားပါတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ မတ္တရာမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် Light Truck ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား (၈)ဦး နှင့် အမျိုးသမီး(၇)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသခံလူမှုကူညီရေးအသင်းများ ပူးပေါင်းကာ နီးစပ်ရာတိုက်နယ်ဆေးရုံ ဆေးခန်းများသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

မတၱရာၿမိဳ႕နယ္တြင္ Light Truck ကားတစ္စီး တိမ္းေမွာက္ခဲ့ရာ (၁၅)ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ဧၿပီ ၇

မႏၲေလးတိုင္း၊ မတၱရာၿမိဳ႕နယ္တြင္ Light Truck ကားတစ္စီး တိမ္းေမွာက္ခဲ့ရာ (၁၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ မတၱရာၿမိဳ႕နယ္ထံမွ သိရသည္။

ယာဥ္တိမ္းေမွာက္မႈသည္ ယမန္ေန႔(ဧၿပီလ ၆ ရက္)၊ ညေန ၄ နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ မႏၲေလး မတၱရာလမ္း ဆင္႐ြာႀကီးလမ္ခြဲထိပ္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကားကေမာင္းေနရင္းကေန ကားေအာက္ပိုင္း တစ္ခုခုခ်ိဳ႕ယြင္းၿပီး ဘယ္ဘက္လမ္းေဘးကို ဆြဲခ်ၿပီး ေမွာက္သြားတာပါ။ အဲဒီမွာ ကားေပၚမွာပါလာတဲ့ ပန္းရံအလုပ္သမား(၁၅)ေယာက္လုံး ဒဏ္ရာရတာပါ။ စိုးရိမ္ရတဲ့အေျခအေနမရွိေပမယ့္ (၂)ေယာက္ကေတာ့ ေခါင္းကြဲသြားတယ္။ က်န္တဲ့လူေတြကေတာ့ ပြန္းပဲ့ေလာက္ပါပဲ။ ကားကေတာ့ ပ်က္စီးသြားပါတယ္” ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရး အဖြဲ႕ မတၱရာၿမိဳ႕နယ္မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ေၾကာင့္ Light Truck ကားေပၚတြင္ လိုက္ပါလာသည့္ အမ်ိဳးသား (၈)ဦး ႏွင့္ အမ်ိဳးသမီး(၇)ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ေဒသခံလူမႈကူညီေရးအသင္းမ်ား ပူးေပါင္းကာ နီးစပ္ရာတိုက္နယ္ေဆး႐ုံ ေဆးခန္းမ်ားသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.