မလေးရှား၌နစ်မြုပ်ခဲ့သည့် ကုန်တင်သင်္ဘောမှ ပျောက်ဆုံးနေသည့် မြန်မာသင်္ဘောသားတစ်ဦး၏ ရုပ်အလောင်းကို တစ်နှစ်နီးပါးခန့် ကြာမြင့်ချိန်အထိ ရှာမတွေ့သေး

 641

စော (NP News) - မေ ၂

မလေးရှား၌ နစ်မြုပ်ခဲ့သည့် ကုန်တင်သင်္ဘောမှ ပျောက်ဆုံးနေသည့် မြန်မာသင်္ဘောသား တစ်ဦး၏ ရုပ်အလောင်းကို တစ်နှစ်နီးပါးခန့် ကြာမြင့်ချိန်အထိ ရှာမတွေ့သေးကြောင်း မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများ အဖွဲ့ချုပ်ထံမှ သိရသည်။

မလေးရှားနိုင်ငံ၊ Sebuyau ပင်လယ်ပြင်နားတွင် မြန်မာသင်္ဘောသားများ လိုက်ပါလာသော MV Tung Sung အမည်ရှိ ကုန်တင်သင်္ဘောတစ်စီးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့၌ တိမ်းမှောက်နစ်မြှုပ်သွားခဲ့သည်။ အဆိုပါ ကုန်တင်သင်္ဘောတိမ်းမှောက်သွားခဲ့ရာ သင်္ဘော သား (၈)ဦး ပျောက်ဆုံးသွားခဲ့ပြီး ၎င်း (၈)ဦးတွင် မြန်မာသင်္ဘောသား (၄)ဦးဖြစ်သည့် သက်မင်းဇူလိုင်၊ ရဲလင်းထက်၊ လှဝင်းထွန်းနှင့် ထွန်းလင်းဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာသင်္ဘောသား (၄)ဦး အသက်သေဆုံသွားသည့်အချိန်တွင် ကျန်ရစ်သူမိသားစုများမှ MSF အဖွဲ့ချုပ်သို့ အကူအညီတောင်းခဲ့ရာ ပျောက်ဆုံးနေသည့် ရုပ်အလောင်းများကို ရှာဖွေသည့်ကာလတွင် ရုပ်အလောင်း (၃)ခုကိုသာ ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်ရုပ်အလောင်းတစ်ခုကို ယနေ့အချိန်အထိ ရှာဖွေတွေ့ရှိခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရုပ်အလောင်းရှာတွေ့သည့် မြန်မာသင်္ဘောသား (၃)ဦး၏ သင်္ဘောသားအသက်အာမခံလျော်ကြေးကို ရရှိထားပြီးဖြစ်သော်လည်း ရုပ်အလောင်းမတွေ့သေးသည့် သင်္ဘောသား၏လျော်ကြေးမှာ လက်ရှိအချိန်အထိ တောင်းခံရရှိခြင်းမရှိသေးကြောင်း သိရသည်။

လက်ရှိတွင် သင်္ဘောပိုင်ရှင်ဘက်က ပေးလျော်ရမည့် အသက်အာမခံနှင့်ပတ်သက်၍ မြန်မာ SRPS (Seafarer Recruitment and Placement Services) မှ MSF အဖွဲ့ချုပ်နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လျော်ကြေးရရှိရန်အတွက် ဆက်လက်တောင်းခံရမည့် သဘောရှိကြောင်း သိရသည်။

zawgyi version
မေလးရွား၌နစ္ျမဳပ္ခဲ့သည့္ ကုန္တင္သေဘၤာမွ ေပ်ာက္ဆုံးေနသည့္ ျမန္မာသေဘၤာသားတစ္ဦး၏ ႐ုပ္အေလာင္းကို တစ္ႏွစ္နီးပါးခန႔္ ၾကာျမင့္ခ်ိန္အထိ ရွာမေတြ႕ေသး

ေစာ (NP News) - ေမ ၂

မေလးရွား၌ နစ္ျမဳပ္ခဲ့သည့္ ကုန္တင္သေဘၤာမွ ေပ်ာက္ဆုံးေနသည့္ ျမန္မာသေဘၤာသား တစ္ ဦး၏ ႐ုပ္အေလာင္းကို တစ္ႏွစ္နီးပါးခန႔္ ၾကာျမင့္ခ်ိန္အထိ ရွာမေတြ႕ေသးေၾကာင္း ျမန္မာႏိုင္ငံပင္လယ္ကူး သေဘၤာသားအလုပ္သမားမ်ား အဖြဲ႕ခ်ဳပ္ထံမွ သိရသည္။

မေလးရွားႏိုင္ငံ၊ Sebuyau ပင္လယ္ျပင္နားတြင္ ျမန္မာသေဘၤာသားမ်ား လိုက္ပါလာေသာ MV Tung Sung အမည္ရွိ ကုန္တင္သေဘၤာတစ္စီးသည္ ၂၀၂၃ ခုႏွစ္၊ ဇူလိုင္ ၂၀ ရက္ေန႔၌ တိမ္းေမွာက္နစ္ျမႇဳပ္သြားခဲ့သည္။ အဆိုပါ ကုန္တင္သေဘၤာတိမ္းေမွာက္သြားခဲ့ရာ သေဘၤာ သား (၈)ဦး ေပ်ာက္ဆုံးသြားခဲ့ၿပီး ၎ (၈)ဦးတြင္ ျမန္မာသေဘၤာသား (၄)ဦးျဖစ္သည့္ သက္မင္းဇူလိုင္၊ ရဲလင္းထက္၊ လွဝင္းထြန္းႏွင့္ ထြန္းလင္းဦးတို႔ ပါဝင္ခဲ့ေၾကာင္း သိရသည္။

ျမန္မာသေဘၤာသား (၄)ဦး အသက္ေသဆုံသြားသည့္အခ်ိန္တြင္ က်န္ရစ္သူမိသားစုမ်ားမွ MSF အဖြဲ႕ခ်ဳပ္သို႔ အကူအညီေတာင္းခဲ့ရာ ေပ်ာက္ဆုံးေနသည့္ ႐ုပ္အေလာင္းမ်ားကို ရွာေဖြသည့္ကာလတြင္ ႐ုပ္အေလာင္း (၃)ခုကိုသာ ရွာေဖြေတြ႕ရွိခဲ့ၿပီး က်န္႐ုပ္အေလာင္းတစ္ခုကို ယေန႔အခ်ိန္အထိ ရွာေဖြေတြ႕ရွိျခင္းမရွိေသးေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ႐ုပ္အေလာင္းရွာေတြ႕သည့္ ျမန္မာသေဘၤာသား (၃)ဦး၏ သေဘၤာသားအသက္အာမခံေလ်ာ္ေၾကးကို ရရွိထားၿပီးျဖစ္ေသာ္လည္း ႐ုပ္အေလာင္းမေတြ႕ေသးသည့္ သေဘၤာသား၏ေလ်ာ္ေၾကးမွာ လက္ရွိအခ်ိန္အထိ ေတာင္းခံရရွိျခင္းမရွိေသးေၾကာင္း သိရသည္။

လက္ရွိတြင္ သေဘၤာပိုင္ရွင္ဘက္က ေပးေလ်ာ္ရမည့္ အသက္အာမခံႏွင့္ပတ္သက္၍ ျမန္မာ SRPS (Seafarer Recruitment and Placement Services) မွ MSF အဖြဲ႕ခ်ဳပ္ႏွင့္ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ ေလ်ာ္ေၾကးရရွိရန္အတြက္ ဆက္လက္ေတာင္းခံရမည့္ သေဘာရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.