ပြည်ကြီးတံခွန်မြို့နယ်တွင် ကတ်ထူစက္ကူဂိုထောင်တစ်ခု မီးလောင်မှုဖြစ်ပွား

 434

သန့်ဇင် (NP News) - ဧပြီ ၇

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကတ်ထူစက္ကူဂိုထောင်တ စ်ခုမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မဏီစလ လူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့ (ဧပြီလ ၇ ရက်)၊ နံနက် ၁ နာရီဝန်းကျင်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၈ လမ်း ၁၂၅ × ၁၂၆လမ်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဘယ်လိုကနေ စလောင်လည်းဆိုတာ တိတိကျကျတော့ မသိရသေးဘူး။ ကတ်ထူစက္ကူတွေထားတဲ့ ဂိုထောင်ကြီးတစ်ခုလုံးလောင်တာ။ အဲဒီဂိုထောင်ကြီးကလည်း (၂)ခြမ်းခွဲထားတဲ့ ဂိုထောင်ပါ။ မီးကတော့ Level 1 ဆိုတော့ တော်တော်ကြာကြာ မီးငြှိမ်းလိုက်ရတယ်” ဟု မဏီစလလူမှုကူညီရေးအသင်းထံမှ သိရသည်။


အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကတ်ထူစက္ကူဂိုထောင်တစ်ခုလုံး မီးလောင်ပျက်စီး သွားခဲ့ကြောင်း သိရသည်။

“မန္တလေးမှာက မီးက ခဏခဏလောင်တယ်။ ဝါယာရှော့ကြောင့်လောင်တာများတယ်။ အဓိကကတော့ မီးလာ လိုက်ပြတ်လိုက်ဖြစ်ပြီး မီးအားတွေ တက်တိုက်ကျလိုက်ဖြစ်ပြီးလောင်တာတွေများတယ်” ဟု ၎င်းက ဆက်ပြောသည်။

၎င်းမီးလောင်မှုဖြစ်စဉ်ကို နယ်မြေခံမီးသတ်တပ်ဖွဲ့များ နှင့် ပရဟိတအသင်းများပူးပေါင်းကာ (၃)နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုဖြစ်စဉ် နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ကတ္ထူစကၠဴဂိုေထာင္တစ္ခု မီးေလာင္မႈျဖစ္ပြား
သန႔္ဇင္ (NP News) - ဧၿပီ ၇

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ကတ္ထူစကၠဴဂိုေထာင္တ စ္ခုမီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း မဏီစလ လူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔ (ဧၿပီလ ၇ ရက္)၊ နံနက္ ၁ နာရီဝန္းက်င္အခ်ိန္ခန႔္က ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ ၆၈ လမ္း ၁၂၅ × ၁၂၆လမ္း၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဘယ္လိုကေန စေလာင္လည္းဆိုတာ တိတိက်က်ေတာ့ မသိရေသးဘူး။ ကတ္ထူစကၠဴေတြထားတဲ့ ဂိုေထာင္ႀကီးတစ္ခုလုံးေလာင္တာ။ အဲဒီဂိုေထာင္ႀကီးကလည္း (၂)ျခမ္းခြဲထားတဲ့ ဂိုေထာင္ပါ။ မီးကေတာ့ Level 1 ဆိုေတာ့ ေတာ္ေတာ္ၾကာၾကာ မီးျငႇိမ္းလိုက္ရတယ္” ဟု မဏီစလလူမႈကူညီေရးအသင္းထံမွ သိရသည္။


အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ကတ္ထူစကၠဴဂိုေထာင္တစ္ခုလုံး မီးေလာင္ပ်က္စီး သြားခဲ့ေၾကာင္း သိရသည္။

“မႏၲေလးမွာက မီးက ခဏခဏေလာင္တယ္။ ဝါယာေရွာ့ေၾကာင့္ေလာင္တာမ်ားတယ္။ အဓိကကေတာ့ မီးလာ လိုက္ျပတ္လိုက္ျဖစ္ၿပီး မီးအားေတြ တက္တိုက္က်လိုက္ျဖစ္ၿပီးေလာင္တာေတြမ်ားတယ္” ဟု ၎က ဆက္ေျပာသည္။

၎မီးေလာင္မႈျဖစ္စဥ္ကို နယ္ေျမခံမီးသတ္တပ္ဖြဲ႕မ်ား ႏွင့္ ပရဟိတအသင္းမ်ားပူးေပါင္းကာ (၃)နာရီခန႔္အၾကာ မီးျငႇိမ္းသတ္ခဲ့ရၿပီး မီးေလာင္မႈျဖစ္စဥ္ ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကို မီးသတ္တပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.