ညွှန်ကြားချက်များကို မလိုက်နာသည့် Money Changer License ရ ကုမ္ပဏီ(၆)ခုကို လိုင်စင်ရုတ်သိမ်းကြောင်း ဗဟိုဘဏ်ထုတ်ပြန်

 3334

ယွန်း (NP News) - ဧပြီ ၇

ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ(၆)ခု ကို လိုင်စင်ရုတ်သိမ်းကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် ဧပြီလ(၅)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်ရလိုင်စင်ရ ကုမ္ပဏီ(၆)ခု သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဥ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာ မှုမရှိကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

ထို့ကြောင့် အဆိုပါကုမ္ပဏီ(၆)ခုကို နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား ဧပြီ(၅)ရက်မှစ၍ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီ(၆)ခုတွင် New World Financial Group of Co., Ltd၊ G.S.T Travels & Tours Co., Ltd၊ Prima Win Co., Ltd၊ Great Jewel Star Co., Ltd၊ Shwe D P Co., Ltd နှင့် JMJ International Co., Ltd တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version;
ၫႊန္ၾကားခ်က္မ်ားကို မလိုက္နာသည့္ Money Changer License ရ ကုမၸဏီ(၆)ခုကို လိုင္စင္႐ုတ္သိမ္းေၾကာင္း ဗဟိုဘဏ္ထုတ္ျပန္
ယြန္း (NP News) - ဧၿပီ ၇

ၫႊန္ၾကားခ်က္မ်ားကို လိုက္နာမႈမရွိသည့္ ႏိုင္ငံျခားေငြမ်ား ဝယ္ယူေရာင္းခ်လဲလွယ္ေပးခြင့္လိုင္စင္ရ ကုမၸဏီ(၆)ခု ကို လိုင္စင္႐ုတ္သိမ္းေၾကာင္း ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ၿပီးခဲ့သည့္ ဧၿပီလ(၅)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္း ျဖစ္သည္။

ဗဟိုဘဏ္က ခြင့္ျပဳထုတ္ေပးထားသည့္ ႏိုင္ငံျခားေငြမ်ား ဝယ္ယူေရာင္းခ်လဲလွယ္ေပးခြင့္ရလိုင္စင္ရ ကုမၸဏီ(၆)ခု သည္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ထုတ္ျပန္ထားေသာ စည္းမ်ဥ္း၊ စည္းကမ္းႏွင့္ ၫႊန္ၾကားခ်က္မ်ားကို လိုက္နာ မႈမရွိေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။

ထို႔ေၾကာင့္ အဆိုပါကုမၸဏီ(၆)ခုကို ႏိုင္ငံျခားေငြမ်ား ဝယ္ယူေရာင္းခ်လဲလွယ္ေပးခြင့္လိုင္စင္ (Money Changer License) အား ဧၿပီ(၅)ရက္မွစ၍ ႐ုပ္သိမ္းလိုက္ေၾကာင္း သိရသည္။

အဆိုပါ ကုမၸဏီ(၆)ခုတြင္ New World Financial Group of Co., Ltd၊ G.S.T Travels & Tours Co., Ltd၊ Prima Win Co., Ltd၊ Great Jewel Star Co., Ltd၊ Shwe D P Co., Ltd ႏွင့္ JMJ International Co., Ltd တို႔ပါဝင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.