ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၁၀)ရာခိုင်နှုန်းကျော် ဈေးထပ်တက်နေပြီး ပစ္စည်းပြတ်လပ်မှုကြောင့် လုပ်ငန်းအချို့ ရပ်ဆိုင်းနေ

 747

ယွန်း (NP News) - ဧပြီ ၈

တစ်လနီးပါးအတွင်း ဆောက်လုပ်ရေးသုံး ပစ္စည်းများ ဈေးထပ်မံမြင့်တက်နေပြီး ပစ္စည်းပြတ်လပ်သည့်အတွက် လုပ်ငန်းအချို့ရပ်ဆိုင်းနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းထံ စုံစမ်း မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း သံတစ်တန်လျှင် ငွေကျပ်သိန်း(၃၀)ရှိခဲ့ရာမှ ယခုမတ်လ၌ တစ်တန်လျှင်ငွေကျပ် (၃၃)သိန်းအထိ ဈေးနှုန်းမြင့် တက်ခဲ့သည့်အပြင် လက်ရှိတွင် ပစ္စည်းပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။ ထိုသို့ ဈေးနှုန်း ကြီးမြင့်မှုများနှင့် ပစ္စည်းပြတ်လပ်မှုများကြောင့် လုပ်ငန်းရပ်နားလိုက်ရသည့် ဆောက်လုပ်ရေးလုပ် ငန်းရှင်များလည်းရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို ပြောသည်။

'ဆောက်လုပ်ရေးပစ္စည်းတွေက ဈေးတွေလည်း တက်တယ်။ ဝယ်လို့လည်းမရတော့ဘူး။ ထိန်းပြီး ရောင်းနေကြတယ်။ အခုဆိုရင် သံတစ်တန်ကို သိန်း (၃၀)ကျော်သွားပြီ။ ပြဿနာက ဘာဖြစ်နေတာလဲ ဆိုတော့ မရောင်းဘဲနဲ့ကိုင်ထားကြတယ်။ တချို့ ဆောက်လုပ်ရေးလုပ်ငန်းအသေးလေးတွေ ရပ်ကုန်ကြပြီ။ တင်ဒါသမားတွေလည်းအဆင်မပြေ တော့ဘူး။ ရောင်းတော့ရောင်းပေး တယ်။ ထိန်းပြီးရောင်းပေးနေတာပေါ့။ လိုသလောက်မရဘူး။ ဥပမာ- တန်(၁၀ဝ)သုံးရမယ့် ပရောဂျက်ကို (၁၀)တန်လောက်ပဲရောင်း ပေးတာမျိုးပေါ့။ ပါမစ်ကလည်း ဦးစားပေးထဲမှာလည်းမပါဘူးလေ'ဟု အထက်ပါ ဆောက်လုပ်ရေးလုပ်ငန်းရှင်က ပြောသည်။

ထို့ပြင် အိမ်သုတ်ဆေးထုတ်လုပ်နေသည့် ပြည်တွင်းရှိ လုပ်ငန်းအချို့မှာလည်း ကုန်ကြမ်းမရသည့်အတွက် လုပ်ငန်းရပ်ဆိုင်း နေရမှုများနှင့် ကြုံတွေ့ နေရကြောင်း ၄င်းက ဆက်လက်ပြောသည်။

ထိုသို့ ဆောက်လုပ်ရေးသုံးပစ္စည်းများ ပစ္စည်းပြတ်လပ်မှုကြောင့် လုပ်ငန်းအချို့ရပ်နားခြင်းသည် ဆောက်လုပ်ရေးလုပ် ငန်းရှင်များအတွက်သာမက ပြည်တွင်းရှိ အလုပ်သမားများ၏ အလုပ်အကိုင်အခွင့် အလမ်းမျာကို ပါထိခိုက်စေကြောင်း သိရသည်။သို့ သော် တစ်ဖက်တွင်လည်း အိမ်၊ ခြံ၊ မြေဈေးကွက်၌ အရောင်းအဝယ်ကောင်းမွန်နေခြင်းကြောင့် လုပ်ငန်း များကို ဆက်လက်လုပ်ကိုင် နေသည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များလည်းရှိနေကြောင်း သိရသည်။

zawgyi version
ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ား (၁၀)ရာခိုင္ႏႈန္းေက်ာ္ ေဈးထပ္တက္ေနၿပီး ပစၥည္းျပတ္လပ္မႈေၾကာင့္ လုပ္ငန္းအခ်ိဳ႕ ရပ္ဆိုင္းေန
ယြန္း (NP News) - ဧၿပီ ၈

တစ္လနီးပါးအတြင္း ေဆာက္လုပ္ေရးသုံး ပစၥည္းမ်ား ေဈးထပ္မံျမင့္တက္ေနၿပီး ပစၥည္းျပတ္လပ္သည့္အတြက္ လုပ္ငန္းအခ်ိဳ႕ရပ္ဆိုင္းေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းအသိုင္းအဝိုင္းထံ စုံစမ္း ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလအတြင္း သံတစ္တန္လွ်င္ ေငြက်ပ္သိန္း(၃၀)ရွိခဲ့ရာမွ ယခုမတ္လ၌ တစ္တန္လွ်င္ေငြက်ပ္ (၃၃)သိန္းအထိ ေဈးႏႈန္းျမင့္ တက္ခဲ့သည့္အျပင္ လက္ရွိတြင္ ပစၥည္းျပတ္လပ္မႈမ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္းသိရသည္။ ထိုသို႔ ေဈးႏႈန္း ႀကီးျမင့္မႈမ်ားႏွင့္ ပစၥည္းျပတ္လပ္မႈမ်ားေၾကာင့္ လုပ္ငန္းရပ္နားလိုက္ရသည့္ ေဆာက္လုပ္ေရးလုပ္ ငန္းရွင္မ်ားလည္းရွိေနေၾကာင္း ေဆာက္လုပ္ေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို ေျပာသည္။

'ေဆာက္လုပ္ေရးပစၥည္းေတြက ေဈးေတြလည္း တက္တယ္။ ဝယ္လို႔လည္းမရေတာ့ဘူး။ ထိန္းၿပီး ေရာင္းေနၾကတယ္။ အခုဆိုရင္ သံတစ္တန္ကို သိန္း (၃၀)ေက်ာ္သြားၿပီ။ ျပႆနာက ဘာျဖစ္ေနတာလဲ ဆိုေတာ့ မေရာင္းဘဲနဲ႔ကိုင္ထားၾကတယ္။ တခ်ိဳ႕ ေဆာက္လုပ္ေရးလုပ္ငန္းအေသးေလးေတြ ရပ္ကုန္ၾကၿပီ။ တင္ဒါသမားေတြလည္းအဆင္မေျပ ေတာ့ဘူး။ ေရာင္းေတာ့ေရာင္းေပး တယ္။ ထိန္းၿပီးေရာင္းေပးေနတာေပါ့။ လိုသေလာက္မရဘူး။ ဥပမာ- တန္(၁၀ဝ)သုံးရမယ့္ ပေရာဂ်က္ကို (၁၀)တန္ေလာက္ပဲေရာင္း ေပးတာမ်ိဳးေပါ့။ ပါမစ္ကလည္း ဦးစားေပးထဲမွာလည္းမပါဘူးေလ'ဟု အထက္ပါ ေဆာက္လုပ္ေရးလုပ္ငန္းရွင္က ေျပာသည္။

ထို႔ျပင္ အိမ္သုတ္ေဆးထုတ္လုပ္ေနသည့္ ျပည္တြင္းရွိ လုပ္ငန္းအခ်ိဳ႕မွာလည္း ကုန္ၾကမ္းမရသည့္အတြက္ လုပ္ငန္းရပ္ဆိုင္း ေနရမႈမ်ားႏွင့္ ႀကဳံေတြ႕ ေနရေၾကာင္း ၄င္းက ဆက္လက္ေျပာသည္။

ထိုသို႔ ေဆာက္လုပ္ေရးသုံးပစၥည္းမ်ား ပစၥည္းျပတ္လပ္မႈေၾကာင့္ လုပ္ငန္းအခ်ိဳ႕ရပ္နားျခင္းသည္ ေဆာက္လုပ္ေရးလုပ္ ငန္းရွင္မ်ားအတြက္သာမက ျပည္တြင္းရွိ အလုပ္သမားမ်ား၏ အလုပ္အကိုင္အခြင့္ အလမ္းမ်ာကို ပါထိခိုက္ေစေၾကာင္း သိရသည္။သို႔ ေသာ္ တစ္ဖက္တြင္လည္း အိမ္၊ ၿခံ၊ ေျမေဈးကြက္၌ အေရာင္းအဝယ္ေကာင္းမြန္ေနျခင္းေၾကာင့္ လုပ္ငန္း မ်ားကို ဆက္လက္လုပ္ကိုင္ ေနသည့္ ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ားလည္းရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.