အမေရိကန်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း အဆိုးရွားဆုံးအန္တရာယ်များကို ရင်ဆိုင်နေရကြောင်း JPMorgan အကြီးအကဲပြော

 791

Pika (NP News) - ဧပြီ ၉

ကမ္ဘာလုံးဆိုင်ရာ ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်း နှင့် ပြည်တွင်း၌ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများကြောင့် အမေရိကန်နိုင်ငံသည် အဆိုးရွားဆုံးအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း JPMorgan Chase ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဂျေမီဒီမွန်က သတိပေးပြောဆိုခဲ့သည်။

ဂျေမီဒီမွန်က 'အမေရိကန်ရဲ့ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှု အခန်းကဏ္ဍကို အခြားနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ မဲဆန္ဒရှင်တွေက စိန်ခေါ်မှုတွေ လုပ်ဆောင်နေပါပြီ။ မတူညီကွဲပြားမှုတွေကို ဘေးဖယ်ထားဖို့ နည်းလမ်းတွေကို ရှာဖွေပြီး ဒီမိုကရေစီနည်းလမ်းနဲ့ အခြား အနောက်အုပ်စုနိုင်ငံတွေနဲ့ ပူးပေါင်းမှုတွေ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒီလို အကျပ် အတည်းကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ မရှိမဖြစ်လိုအပ်တဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ဖို့အတွက် စည်းလုံးနေဖို့ကအရေးကြီးပါတယ်'ဟု ပြောဆိုခဲ့သည်။

ထို့ပြင် ပိုမိုကောင်းမွန်သော စီးပွားရေးသို့ ချဲ့ထွင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များပြန်လည်ဖွဲ့စည်းခြင်း၊ စစ်အသုံးစရိတ်မြှင့်တင်ခြင်းနှင့်ကျန်းမာရေးစောင့် ရှောက်မှု ကုန်ကျစရိတ်များမြင့်တက်လာခြင်းတို့ကြောင့် အမေရိကန်အစိုးရအနေဖြင့် အသုံးစရိတ်များကို မြှင့်တင်ရန်လိုအပ်ကြောင်း အသက်(၆၈)နှစ်အရွယ် ဂျေမီဒီမွန်ကပြောကြားခဲ့သည်။ အနောက်အုပ်စုနိုင်ငံများက ငြိမ်သက်နေသည့်အချိန်တွင် တရုတ်နိုင်ငံသည် ၎င်း၏စီးပွားရေးလုံခြုံရေးကို ပိုမိုအာရုံစိုက်နေကြောင်း ဂျေမီဒီမွန်က ထပ်မံပြောကြားခဲ့သည်။ဂျေမီဒီမွန်က 'ပြီးခဲ့တဲ့နှစ်(၂၀)အတွင်းမှာ တရုတ်နိုင်ငံဟာ ကျွန်တော်တို့ထက် ပိုမိုပြီးပြည့်စုံတဲ့ စီးပွားရေးဗျူဟာကို အကောင်အထည်ဖော်နေပါတယ်'ဟု ပြောဆိုခဲ့သည်။

zawgyi version
အေမရိကန္က ဒုတိယကမာၻစစ္ေနာက္ပိုင္း အဆိုး႐ြားဆုံးအႏၲရာယ္မ်ားကို ရင္ဆိုင္ေနရေၾကာင္း JPMorgan အႀကီးအကဲေျပာ
Pika (NP News) - ဧၿပီ ၉

ကမာၻလုံးဆိုင္ရာ ပထဝီဝင္ႏိုင္ငံေရး တင္းမာမႈမ်ား ျမင့္တက္လာျခင္း ႏွင့္ ျပည္တြင္း၌ ႏိုင္ငံေရးအရ သေဘာထားကြဲလြဲမႈမ်ားေၾကာင့္ အေမရိကန္ႏိုင္ငံသည္ အဆိုး႐ြားဆုံးအႏၲရာယ္မ်ားႏွင့္ ရင္ဆိုင္ေနရေၾကာင္း JPMorgan Chase ကုမၸဏီ အမႈေဆာင္အရာရွိခ်ဳပ္ ေဂ်မီဒီမြန္က သတိေပးေျပာဆိုခဲ့သည္။

ေဂ်မီဒီမြန္က 'အေမရိကန္ရဲ႕ ကမာၻလုံးဆိုင္ရာေခါင္းေဆာင္မႈ အခန္းက႑ကို အျခားႏိုင္ငံေတြနဲ႔ အေမရိကန္ႏိုင္ငံတြင္းမွာရွိတဲ့ မဲဆႏၵရွင္ေတြက စိန္ေခၚမႈေတြ လုပ္ေဆာင္ေနပါၿပီ။ မတူညီကြဲျပားမႈေတြကို ေဘးဖယ္ထားဖို႔ နည္းလမ္းေတြကို ရွာေဖြၿပီး ဒီမိုကေရစီနည္းလမ္းနဲ႔ အျခား အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ပူးေပါင္းမႈေတြ လုပ္ေဆာင္ဖို႔လိုအပ္ပါတယ္။ ဒီလို အက်ပ္ အတည္းကာလအတြင္းမွာ ကြၽန္ေတာ္တို႔ရဲ႕ မရွိမျဖစ္လိုအပ္တဲ့ လြတ္လပ္ခြင့္ကို ကာကြယ္ဖို႔အတြက္ စည္းလုံးေနဖို႔ကအေရးႀကီးပါတယ္'ဟု ေျပာဆိုခဲ့သည္။

ထို႔ျပင္ ပိုမိုေကာင္းမြန္ေသာ စီးပြားေရးသို႔ ခ်ဲ႕ထြင္ျခင္း၊ ကမာၻလုံးဆိုင္ရာေထာက္ပံ့ေရးကြင္းဆက္မ်ားျပန္လည္ဖြဲ႕စည္းျခင္း၊ စစ္အသုံးစရိတ္ျမႇင့္တင္ျခင္းႏွင့္က်န္းမာေရးေစာင့္ ေရွာက္မႈ ကုန္က်စရိတ္မ်ားျမင့္တက္လာျခင္းတို႔ေၾကာင့္ အေမရိကန္အစိုးရအေနျဖင့္ အသုံးစရိတ္မ်ားကို ျမႇင့္တင္ရန္လိုအပ္ေၾကာင္း အသက္(၆၈)ႏွစ္အ႐ြယ္ ေဂ်မီဒီမြန္ကေျပာၾကားခဲ့သည္။ အေနာက္အုပ္စုႏိုင္ငံမ်ားက ၿငိမ္သက္ေနသည့္အခ်ိန္တြင္ တ႐ုတ္ႏိုင္ငံသည္ ၎၏စီးပြားေရးလုံၿခဳံေရးကို ပိုမိုအာ႐ုံစိုက္ေနေၾကာင္း ေဂ်မီဒီမြန္က ထပ္မံေျပာၾကားခဲ့သည္။ေဂ်မီဒီမြန္က 'ၿပီးခဲ့တဲ့ႏွစ္(၂၀)အတြင္းမွာ တ႐ုတ္ႏိုင္ငံဟာ ကြၽန္ေတာ္တို႔ထက္ ပိုမိုၿပီးျပည့္စုံတဲ့ စီးပြားေရးဗ်ဴဟာကို အေကာင္အထည္ေဖာ္ေနပါတယ္'ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.