အသေးစားသမ္မတများ (သို့မဟုတ်) အုပ်ချုပ်ရေးမှူးများကို စွမ်းရည်မြှင့်ဖို့လိုပြီ (ဆောင်းပါး)

 776

ဖြိုးဝေလင်း (ပုသိမ်) (NP News) - ဧပြီ ၁၈

သစ်ပင်တစ်ပင်၏အမြစ်သည် သစ်ပင်တစ်ပင်လုံး၏ မှီခိုအားထားရာဖြစ်သည်။ ခိုင်မြဲစွာ ကုပ်ထားသောအမြစ်များသည် သစ်ပင်ကိုယိုင်လဲခြင်းမရှိဘဲ မတ်မတ်မားမား ရပ်တည်နိုင်အောင် ထောက်ပံ့ထားသကဲ့သို့ သစ်ပင်ရှင်သန်ကြီးထွားရေးအတွက် လိုအပ်သောအာဟာရများကိုစုပ်ယူ၍ တစ် ပင်လုံးသို့ဖြန့်ဖြူးပေးရာ အချက်အချာဌာနလည်းဖြစ်သည်။

နိုင်ငံတစ်ခု၏ အုပ်ချုပ်ရေးစနစ်တွင်လည်း အမြစ်ကဲ့သို့သော အောက်ခြေအုပ်ချုပ်ရေး၏ အခန်း ကဏ္ဍမှာ လွန်စွာအရေးပါလှသည်။ အောက်ခြေအုပ် ချုပ်ရေးကို ဒေသန္တရအုပ်ချုပ်ရေး (local governa­nce) သို့တည်းမဟုတ် တတိယအလွှာအစိုးရ (Third tier) ဟုလည်း ခေါ်ဆိုကြသည်။ ဒေသန္တရ အုပ်ချုပ်ရေးသည် ပြည်သူနှင့်အနီးစပ်ဆုံးဖြစ်ပြီး နိုင်ငံသားများက ၄င်းတို့၏ ချက်ချင်းလက်ငင်း ပြဿနာရပ်များကိုဖြေ ရှင်းပေးရေးအတွက် ပထမဆုံး ဦးတည်အားကိုး တတ်ကြသော ပြည်သူ့အစိုးရ အဆင့် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဒေသန္တရအုပ်ချုပ်ရေးစနစ် ဖြစ်သော ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်။ကျေးရွာအုပ်စု အုပ်ချုပ်ရေးတို့သည် နိုင်ငံ့အုပ်ချုပ်ရေးစနစ်တစ်ခုလုံး၏ အမြစ်ပင်ဖြစ်သည်။ ၄င်းတို့ထဲတွင်မှ ရပ်ကွက် နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးစနစ်များသည် ဒေသန္တရအုပ်ချုပ်ရေးစနစ်၏ အခြေခံအကျဆုံးဖြစ်သည်။

သမိုင်းကြောင်း
မြန်မာနိုင်ငံသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ဝဝ ကျော် ဘုရင့်အချုပ်အခြာအာဏာပိုင် နိုင်ငံအဖြစ် တည်ရှိခဲ့စဉ်ကတည်းက နိုင်ငံတော်၏ အုပ်ချုပ်ရေးယန္တရားကို မှူးကြီးမတ်ရာသေနာပတိ၊ မြို့စား၊ နယ်စား၊ ရွာစား စသည်တို့ကိုမဏ္ဍိုင်ပြု၍ အုပ်ချုပ်ခဲ့ကြသည်။ မြန်မာဘုရင်ခေတ်တွင် ဒေသန္တရအစိုး ရများ၏ အခြေခံယူနစ်မှာမြို့ဖြစ်ပြီး မြို့ဝန်များသည် ဘုရင်၏အာဏာကုန်လွှဲအပ်ခံထားရသူများ ဖြစ်သကဲ့သို့ သက်ဆိုင်ရာမြို့နယ်များ လုံခြုံရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံခြင်း၊ ရဲမက်စု ဆောင်းခြင်းတို့ကို ဆောင်ရွက်ရသည်။
မြို့ဝန်အောက်တွင် စစ်ရေယာဉ်နှင့် အခြားရေယာဉ်များဆိုင်ရာကိစ္စရပ်များကိုကြီးကြပ်ရသော “ရေဝန်”၊ မြေခွန်နှင့်ပတ်သက်၍ အခွန်ဝန်၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာနှင့်ပတ်သက်၍ “အကောက် ဝန်”၊ ရရှိလာသောအခွန်များကိုထိန်းသိမ်းရန်အတွက် “ကသောင်းမြှောင်”ခေါ် ဘဏ္ဍာစိုး၊ ရဲတပ်ဖွဲ့ကို ကွပ်ကဲရသော ‘စစ်ကဲ’၊ အစိုးရဝန်ထမ်းများ အကျင့်ပျက်မှု ရှိ၊ မရှိ စုံစမ်း၍ ဘုရင်ထံ ပြန်လည် တင်ပြရ သော”နတ် နန်း”ဟူ၍ ရှိသည်။
မြို့ဝန်နှင့်အတူ မြို့ပြအုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ကူညီရန်အတွက် ရှေးဘုရင်များ လက်ထက်ကတည်းက သို့မဟုတ် အခြေအနေတစ်ခုခုကြောင့် မြှောက်စားထားခြင်းခံရသည့် ဆွေစဉ် မျိုးဆက်ခန့်အပ်ထားသော မြို့သူကြီးရှိသည်။ အုပ်ချုပ်ရေးမှူးများအနက် ရာထူးအငယ်ဆုံးမှာ ရွာသူကြီး ဖြစ်သည်။ ၄င်းသည် မြို့သူကြီးကဲ့သို့ပင် ဘုရင်ကခန့်အပ်ခြင်းမဟုတ်ဘဲ မျိုးရိုးစဉ်ဆက် အကြီးအကဲ အဖြစ် ဆောင်ရွက်နေသူဖြစ်သည်။
ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံကို တိုင်း၊ ခရိုင်၊ ခရိုင်ခွဲ၊ မြို့နယ်များအဖြစ် ခွဲခြားအုပ်ချုပ်ပါ သည်။ ထိုအချိန်က ဒေသန္တရအစိုးရများ၏ အခြေခံယူနစ်မှာ ခရိုင်ဖြစ်ပြီး ခရိုင်ကို ဒုတိယဝန်ရှင်တော် မင်းကြီး၊ ခရိုင်ဝန်နှင့်ဝန်ထောက်များကအုပ်ချုပ်သည်။ မဟာဝန်ရှင်တော် မင်းကြီးက တစ်နိုင်ငံလုံးကို အုပ်ချုပ်ခြင်းဖြစ်သည်။ အုပ်ချုပ်ရေးမှူးများအနက် ရာထူးအငယ်ဆုံးမှာ သူကြီးဖြစ်သည်။ နယ်ချဲ့ဗြိတိသျှတို့သည် ၁၈၈၆ ခုနှစ် ကျေးလက်ဥပဒေ၊ ၁၉၀၇ ခုနှစ် ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ မြို့များအုပ်ချုပ်ရေးဥပဒေ၊ ၁၉၁၇ ခုနှစ် Head­man village manual ၁၉၂၁ ခုနှစ် ကျေးလက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေးအက်ဥပဒေ၊ ၁၉၃၅ ခုနှစ် The Government of Burma act မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုဥပဒေတို့ပြဋ္ဌာန်းကာ ဒေသန္တရ အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် ခဲ့ကြသည်။ ကိုလိုနီခေတ် ဒေသန္တရအုပ်ချုပ်ရေးစနစ်သည် အခွန်ကောက်ခံရရှိရေးနှင့် လုံခြုံရေးကိုသာ ဦးတည်ခဲ့သဖြင့် အုပ်ချုပ်ခံလူတန်းစားတို့၏ပြဿနာများကို ကျေလည်အောင်ဖြေရှင်းပေးနိုင်မှုနည်း ပါးခဲ့သည်။
လွတ်လပ်ရေးရပြီးနောက် ပါလီမန်ခေတ် မြန်မာနိုင်ငံတော်အစိုးရမှ ၁၉၅၃ ခုနှစ် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးအက်ဥပဒေ၊ ၁၉၅၃ ခုနှစ် ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးနည်းဥပဒေတို့ကို ပြဋ္ဌာန်းပြီး ပြည်သူများပါဝင်သော ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးကို အကောင်အထည်ဖော်ခဲ့သည်။ ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးစနစ်သည် မူအားဖြင့် ကောင်းသော်လည်း မြန်မာနိုင်ငံ၏ ထိုစဉ် ပကတိ အနေအထားအရ စည်းကမ်းကျနစွာ အကောင်အထည်ဖော်ရန် အချိန်စောလွန်းသေးသဖြင့် မအောင် မြင်ခဲ့ဟုဆိုရပါလိမ့်မည်။ ကိုယ့်ရပ်၊ ကိုယ့်ရွာ၊ ကိုယ့်ဒေသအလိုက် ကောင်စီအသီးသီးဖွဲ့ပြီး ရပ်ကျိုး၊ ရွာ ကျိုး၊ ဒေသအကျိုးဆောင်ရွက်ရန်ဖြစ်သော်လည်း နိုင်ငံရေးပါတီများ၏ လှုပ်ရှာစည်းရုံးမှုများကြား၊ ခြေထိုး မှုများကြားတွင်၊ ဂိုဏ်းဂဏကွဲခြင်း၊ အုပ်စုကွဲခြင်းတို့ ဖြင့်သာ အဖတ်တင်ခဲ့ရသည်။
ထို့ကြောင့် (၂၈-၉-၁၉၆၁) တွင် ၁၉၆၁ ခုနှစ် ဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေး (ရပ်ဆိုင်းခြင်း) အက်ဥပဒေဖြင့် ရပ်ဆိုင်းခံလိုက်ရပြီး (၃၀-၉-၁၉၆၆)တွင် အပြီးတိုင် ရုပ်သိမ်းလိုက်ရသည်။
သမ္မတဦးသိန်းစိန်လက်ထက်တွင် ဒီမိုကရေစီနည်းလမ်းတကျ ပြည်သူများပါဝင်နိုင်သော ဒေသန္တရအုပ်ချုပ်ရေးကို ပြန်လည် အကောင်အ ထည်ဖော်သည့်အနေဖြင့် (၂၄-၂-၂၀၁၂) တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ နှင့် (၆-၇-၂၀၁၂)တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။ ယခုဆိုလျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ၄ ကြိမ်တိုင်တိုင် ပြန် လည်ပြင်ဆင်ပြီးဖြစ်ပြီး ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေများကို နှစ်ကြိမ်ပြင်ဆင်ပြီးဖြစ်ပါသည်။

အရေးပါမှု
ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးစနစ်များကို အကောင်အထည်ဖော်ရသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး (Village tract administrator or ward administrator) တို့၏ စွမ်းဆောင်ရည်နှင့်အခန်းကဏ္ဍမှာ ထိုဒေသတွင်နေထိုင်ကြသူများ၏ လူမှုစီးပွားဘဝအပေါ် များစွာအကျိုးသက်ရောက်မှုရှိသည်။ အုပ်ချုပ်ရေး မှူးတို့သည် ဒေသနေထိုင်သူများနှင့် အစိုးရကြား ချိတ်ဆက်မှု ကြားခံကိရိယာအဖြစ်လည်းကောင်း၊ မိမိနယ်မြေအသိုင်းအဝိုင်းအတွင်း အငြင်းပွားမှုများ နှင့် ပဋိပက္ခများကို ပြေလည်အောင် ညှိနှိုင်းပေးရသော တရားသူကြီးငယ်အဖြစ်လည်းကောင်း၊ စည်းကမ်းထိန်းသိမ်းရေးအရာရှိငယ်များအဖြစ်လည်းကောင်း၊ မြေခွန်နှင့် အစိုးရချေးငွေများ ကောက်ခံ ပေးသော အခွန်ကောက်ခံရေးအရာရှိငယ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ရသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ မြန်မာနိုင်ငံတွင် ခရိုင်ပေါင်း ၁၂၇ ခု၊ မြို့ နယ်ပေါင်း ၃၃၀၊ မြို့ပေါင်း ၁၇၃ မြို့၊ ရပ်ကွက်ပေါင်း ၃၄၇၀၊ ကျေးရွာအုပ်စုပေါင်း ၁၆၆၉၆ ခုနှင့် ကျေး ရွာပေါင်း ၆၄၉၃၈ ရွာရှိသည်ဟုသိရသည်။
ထိုထဲတွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးရုံးများ ၁၇၀၆၉ ရုံးဖွင့်လှစ်ထားသည်ဟု ဖော်ပြထားသည်။ ၁၇၀၆၉ ဦး ရှိသော ရပ်။ကျေး အုပ်ချုပ်ရေးမှူးတို့ စွမ်းရည်မြင့်မားမှသာလျှင် ပြည် သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ အဆင်ပြေချောမွေ့ စေပြီး တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ်ကို တိုးတက် ကောင်းမွန်စေမည်ဖြစ်သည်။

မြန်မာနိုင်ငံဒေသန္တရအုပ်ချုပ်ရေး၏ အခြေ
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ကဏ္ဍတွင် အုပ်ချုပ်ရေးမှူးတစ်ဦး၊ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနမှခန့်အပ်ထားသော စာရေးတစ်ဦး၊ ရပ်မိ ရပ်ဖ ၅ ဦးတို့ကဆောင်ရွက်ရသည်။ စာရေးတစ်ဦးမှလွဲ၍ ကျန်သူ ၆ ဦးမှာ ပြည်သူမှရွေးချယ်ခန့်အပ်ထား သောဝန်ထမ်းများဖြစ်သည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးအဆင့်တွင် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီ နှင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီဟူ၍ ကော်မတီနှစ်ရပ်ရှိသည်။ ရပ်။ကျေးအုပ်ချုပ်ရေးမှူးသည် ကျေးရွာ အုပ်စုလယ်ယာမြေစီမံခန့်ခွဲရေးကော်မတီ၏ ဥက္ကဋ္ဌ ဖြစ်ပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ပြုကော်မတီဥက္ကဋ္ဌမှာ ပြည်သူကရွေးချယ်တင်မြှောက် ကြသည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ် ချုပ်ရေးမှူးရုံးများအတွက် ရုံးအသုံးစရိတ်ကို မြို့နယ် အလိုက် သင့်လျော်သည့်ရန်ပုံငွေပမာဏကို ခွဲဝေ သတ်မှတ်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏အောက်ခြေအုပ်ချုပ်ရေးစ နစ်တွင် ပြည်သူ့ရေးရာဝန်ဆောင်မှုများကို မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့က တာဝန်ယူ ဆောင်ရွက်သည်။ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ကို တိုင်း။ပြည်နယ်အသီးသီးရှိ စည်ပင်သာယာရေး ဝန်ကြီးများ၏ လက်အောက်ရှိ ညွှန်ကြားရေးမှူးများက ကြီးကြပ်ကွပ်ကဲကြသည်။
ဒေသန္တရအဆင့်ဖြစ်သော မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံးများတွင် အဖွဲ့နှစ်ဖွဲ့ဖြင့် ပေါင်းစပ် ထားသည်။ ဗဟိုမှခန့်အပ်ထားသောဝန်ထမ်းများ အဖွဲ့ နှင့်ရွေးကောက်ခံအချို့ပါဝင်သော စည်ပင်သာယာ ရေးအထောက်အကူပြုအဖွဲ့ဖြစ်သည်။ အထောက် အကူပြုအဖွဲ့သည် ဝန်ထမ်းများအဖွဲ့၏ နေ့စဉ်ဝန် ဆောင်မှုများကို ကြီးကြပ်ခြင်း၊ ဒေသခံပြည်သူများနှင့် ညှိနှိုင်းပေးခြင်းတို့ကိုဆောင်ရွက်သည်။
အထောက်အကူပြုအဖွဲ့တွင် ပြည်သူမှ ရွေးကောက်ထားသော ဥက္ကဋ္ဌ၊ ခန့်အပ်ခံအတွင်းရေး မှူး၊ ရွေးကောက်ခံအဖွဲ့ဝင်သုံးဦးနှင့် ခန့်အပ်ခံ အဖွဲ့ဝင်နှစ်ဦးတို့ပါဝင်သည်။ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးများသည် အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများကို လိုင်စင်ချပေးခြင်း၊ ပန်းခြံ၊ ဥယျာဉ်များကိုစီမံခန့်ခွဲရခြင်းနှင့် အခြားသောလုပ် ပိုင်ခွင့်များကြောင့် ငွေကြေးအင်အား တောင့်တင်း သည့်အဖွဲ့ဖြစ်သည်။ ရရှိလာသောငွေကြေးများဖြင့် မြို့နယ်အတွင်း စည်ပင်သာယာရေး လုပ်ငန်းများတွင် ပြန်လည်အသုံးချရသည်။ ထိုကဲ့သို့ လွတ်လပ်စွာငွေ ကြေးစီမံနိုင်ခြင်းကြောင့် အခြားဒေသန္တရအုပ်ချုပ်ရေး အဖွဲ့များထက်သာ၍ အားကောင်းသော အဖွဲ့အစည်း ဖြစ်သည်။
ဒေသန္တရအုပ်ချုပ်ရေး၏ ဝိသေသ (၃ )ခု ၊ ဒေသန္တရအုပ်ချုပ်ရေးတွင် အခြေခံဝိသေ သ(၃)ခုရှိသည်။ ရွေးကောက်တင်မြှောက်ခြင်း၊ တာဝန်ယူ၊ တာဝန်ခံမှုအတွက်အခွင့်အာဏာရှိခြင်း နှင့် ဝန်ဆောင်ခြင်းဖြစ်သည်။
ဒေသန္တရအုပ်ချုပ်ရေးသည် ပြည်သူနှင့် အနီးစပ်ဆုံးဖြစ်ရာ ပြည်သူမှ ရွေးကောက် တင်မြှောက် သောကိုယ်စားလှယ်များ ပါဝင်ရန်လိုပါသည်။ ထို့ပြင် တာဝန်ယူ၊ တာဝန်ခံမှုများ ဆောင်ရွက်နိုင်ရန်နှင့် အုပ်ချုပ်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန်အတွက် ဒေသန္တရအဆင့် နှင့်လျော်ညီသော အခွင့်အာဏာရှိရမည်။
ရွေးကောက်တင်မြှောက်ထားသောအဖွဲ့သည် ပြည်သူကို ဝန်ဆောင်မှုပေးရန်အတွက် လုပ်ပိုင်ခွင့်များကိုခွဲဝေရယူခြင်း၊ ဗဟိုမှထောက်ပံ့ခြင်းနှင့် အခြားသောဝင်ငွေရ လမ်းကြောင်းများစွာလို အပ်သည်။

စွမ်းရည်မြင့် ဒေသန္တရအုပ်ချုပ်ရေးသို့ ချဉ်းကပ်ခြင်း
ဤဝိသေသ(၃)ခုကို ရရှိရန်အတွက် အောက်ပါတို့ကို ဆောင်ရွက်သင့်သည်။
နည်းပညာအသုံးပြုခြင်း။ ခေတ်မီနည်းပညာများမ ဟုတ်သည့်တိုင် အကျွမ်းတဝင်ဖြစ်နေသောနည်း ပညာများကိုအသုံးပြုခြင်းသည် ဒေသန္တရအုပ်ချုပ်ရေး ၏စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်သည်။ ဥပမာအားဖြင့် လူမှုကွန်ရက်များကိုအသုံးချ၍ အွန်လိုင်းအစည်း အဝေးများပြုလုပ်ခြင်း၊ ညွှန်ကြား ချက်များဖော်ပြခြင်း၊ အဆုံးအဖြတ်များအတွက် အွန်လိုင်းမဲပေးစနစ်ကျင့် သုံးခြင်း၊ စာရင်းအင်း၊ အချက်အလက်များကို electronic စနစ်ဖြင့် မှတ်တမ်းတင်ခြင်း၊ သဘာဝဘေးနှင့် အရေးပေါ်အခြေအနေ အတွက်စီမံခန့်ခွဲခြင်းများ စသည်တို့ဖြင့် E-government စနစ်သို့ တဖြည်း ဖြည်းပြောင်းလဲနိုင်သည်။
ထို့ပြင် အခွန်ပေးဆောင်ခြင်း၊ ထောက်ခံ စာကြေးပေးသွင်းခြင်း စသကဲ့သို့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များတို့တွင် လည်းအသုံးပြုရမည်။ Smart village, Smart ward အထိ မျှော်မှန်းထားသင့်သည်။

စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့်လေ့ကျင့်ရေး။
ဒေသန္တရအုပ်ချုပ်သူများနှင့် အထောက် အကူပြုအဖွဲ့များကို အမျိုးသားရေးတာဝန်သင်တန်း၊ ခေါင်းဆောင်မှုနှင့် အုပ်ချုပ်မှု၊ ငွေကြေးစီမံခန့်ခွဲမှု၊ ညှိနှိုင်းရေး၊ ဥပဒေသင်တန်းနှင့် သက်ဆိုင်ရာနယ်ပယ် အလိုက်သင်တန်းများ အခါအားလျော်စွာသင်ကြားပေးရမည်။ ယခုအခါ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ကို စွမ်းဆောင်ရည်မြှင့်သင်တန်းများ ပို့ချပေးနေသော်လည်း ထိုထက် ပိုမိုမြင့်မားသောသင်တန်းများ လိုအပ်သည်။
ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့် အခွင့်အာဏာပေးခြင်း။
ဒေသန္တရအုပ်ချုပ်ရေးမှူးများသည် အချို့ကိစ္စများတွင် အထက်အာဏာပိုင်သို့ သတင်းအချက် အလက်ကိုသာပေးနိုင်ပြီး အရေးယူခွင့်မရှိသည် ကိုတွေ့ရသည်။ ဥပမာအားဖြင့် စည်းကမ်းနှင့်မညီဘဲ ဖြစ်စေ ကျွဲနွားသတ်ဖြတ်ခြင်းကို တားမြစ်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ ကျေးရွာပိုင်မြေကျူးကျော်ခြင်း၊ နေအိမ်ဆောက်လုပ်ခြင်းတို့တွင် အရေးယူခွင့်ရှိရန်လိုအပ်သည်။ အခွန်အတုတ်များကောက်ခံရာတွင် ငွေကြေးဖြင့်ကောက်ခံပိုင်ခွင့်၊ လုပ်အားဖြင့်ကျေးရွာအကျိုးပြု လုပ်ငန်းများလုပ်ဆောင်ပိုင်ခွင့်၊ အမှုအခင်းငယ်များကိုစီရင်ပိုင်ခွင့်အာဏာနှင့် ကျေအေးပြီးပြတ်ခွင့်အာဏာများကိုလည်း ပေးအပ်ထား သင့်ပါသည်။ တာဝန်များ၊ လုပ်ပိုင်ခွင့်များ၊ အရင်းအမြစ်များနှင့် ဆုံးဖြတ် ချက်ချနိုင်သောအာဏာများကို ဒေသန္တရအုပ်ချုပ် ရေးအဖွဲ့ထံ တိကျရှင်းလင်းသော ဥပဒေစည်းမျဉ်းများဖြင့် ခွဲဝေပေးသင့်သည်။ မည်သည့်အာဏာများ ကိုခွဲဝေပေးရမည်ဆိုသည့် အချက်အလက်များအတွက် လေ့လာစုံစမ်းရေး အဖွဲ့များဖြင့် ကွင်းဆင်းဆောင်ရွက်ရမည်။

ဥပဒေပိုင်းဆိုင်ရာပြင်ဆင်ခြင်း
ဒေသန္တရအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲတွင် အငြင်းပွားမှုဖြစ်ပေါ်ပါက ဖြေရှင်းရမည့် ဥပဒေလမ်း ကြောင်း ဖော်ပြထားသည် ကိုမတွေ့ရပေ။ အုပ်ချုပ်ရေးမှူးများကို ပြန်လည်ဖြုတ်ချခွင့် (Right to recall)ကို ပြည်သူသို့ပေးအပ်ထားသင့်သည်။ ထို့ပြင် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးဥပဒေ၊ အခန်း(၈) နုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်းနှင့် အစားထိုးခန့်အပ်ခြင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးထံသို့ရပ်။ကျေးကော်မတီအဖွဲ့ဝင်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တစ်ဦးဦးနှင့် ပတ်သက်၍ တိုင်ကြားခြင်းနှင့်ပတ်သက်ကာ လျင်မြန်စွာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အတွက် အချိန် ကာလတစ်ခု သတ်မှတ်သင့်သည်။
ဥပမာ တိုင်ကြားစာရပြီး တစ်ပတ်အတွင်း။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး တွင် သင့်တော်သော ပညာအရည်အချင်းရှိသူဖြစ်ခြင်း အပိုဒ်ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်တွင် ပယ် ဖျက်ပြီးဖြစ်သောကြောင့် ပညာအရည်အချင်းသတ် မှတ်ချက်ကို ပြန်လည်သတ်မှတ်သင့်သည်။
သို့သော် အချို့သောတိုင်းရင်းသားဒေသများတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးအရည်အချင်းနှင့် မကိုက်ညီသော အစဉ်အလာအရခေါင်းဆောင်များ ရှိသည်။ ၄င်းတို့အတွက် သက်တမ်းတစ်ခု သတ် မှတ်ကာ တာဝန်ထမ်းဆောင်စေခြင်းနှင့် ၄င်း၏အစဉ် အဆက်များကို ပညာရည်မြှင့်တင်ခြင်း၊ စွမ်းဆောင် ရည်သင်တန်းများတွင် ထူးချွန်အောင်ဆောင်ရွက်ပေးခြင်းတို့ ဆောင်ရွက်သင့်သည်။
ထို့ပြင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ် ခြင်းတွင် အိမ်ထောင်စုမှ ကိုယ်စားလှယ်သည် ကြီး ကြပ်ရေးမှူး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကျေးအုပ် ချုပ်ရေးမှူး ရွေးချယ်ခြင်းတို့အတွက် ဆန္ဒမဲ(၄)ကြိမ်ပေးရသဖြင့် အချိန်များစွာပေးရသောကြောင့်ရွေး ကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှု လျော့ကျနိုင်သည်။
ထို့ကြောင့် ၁၈ နှစ်ပြည့်သူတိုင်း မဲပေးပြီး အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကိုကျင်းပ၍ အနိုင်ရအုပ် ချုပ်ရေးမှူးက မိမိစိတ်ကြိုက် ရာအိမ်မှူး၊ ဆယ်အိမ် မှူးကို ရွေးကောက်တင်မြှောက်သည့်စနစ်ကိုလည်း အချို့နယ်များစဉ်းစားသင့်သည်။ ဆယ်အိမ်မှူး၊ ရာအိမ်မှူးအဆင့်တွင် ကိုယ်စားလှယ်လောင်းများ၏ အသက် ၂၅ နှစ်ဆိုသဖြင့် လူငယ်ပါဝင်မှု ကန့်သတ်ခံထားရသည်။ ထိုနေရာများကိုတော့ အသက် ကန့်သတ် ချက်ဖြေလျှော့ကာ လူငယ်များကို နေရာပေးသင့်သည်။
ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့သည် ဖက်ဒ ရယ်အသွင်ဆောင်သောအဖွဲ့ဖြစ်သဖြင့် ဒေသအ လိုက် လိုအပ်သလို နည်းဥပဒေပြဋ္ဌာန်းဆောင်ရွက်သင့်သည်။ ထို့ပြင် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ ရွေး ကောက်ပွဲများသည် ပြည်သူကိုတိုက်ရိုက်ကိုယ်စား ပြုခြင်းကြောင့် အနာဂတ်မြန်မာနိုင်ငံတွင် သမ္မတ ရွေး ကောက်ပွဲပေါ်ပေါက်လာပါက Electoral college အဖြစ် လွယ်ကူစွာပြောင်းလဲနိုင်သဖြင့် အနာဂတ် အတွက် မျှော်မှန်းဆောင်ရွက်သင့်သည်။

ပုဂ္ဂလိကနှင့်လက်တွဲလုပ်ကိုင်ခြင်း။
ရေ၊ မီး၊ မိလ္လာ စနစ်များ၊ ဒေသတွင်း ပန်းခြံ၊ ကစားကွင်း၊ အထင်ကရ နေရာများတွင် ဝန်ဆောင်မှုများနှင့် အခြား ကျယ်ပြန့်သောဝန်ဆောင် မှုများအတွက် ပုဂ္ဂလိကနှင့် လက်တွဲလုပ်ဆောင်ခြင်း ကြောင့် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များအပေါ် ဝန်ထုပ်ဝန်ပိုးလျော့ကျကာ အခြားသော ဝန်ဆောင်မှု များတွင် ပြည်သူလူထုအား အပြည့်အဝ ပေးစွမ်းနိုင် မည်ဖြစ်သည်။
ပြည်သူလူထုပါဝင်မှုမြှင်တင်ပေးခြင်း။
ဒေသန္တရအုပ်ချုပ်ရေးတွင် ပြည်သူများ ပါဝင်လာမှုနှင့် စိတ်ဝင်စားမှုမြင့်တက်လာစေရေးအ တွက် ပြည်သူပါဝင်သော ဘတ်ဂျက်ရေးဆွဲခြင်း၊ ဒေသခံများပါဝင်သောအထောက်အကူပြု အကြံပေး ကော် မတီများဖွဲ့စည်းခြင်း၊ ဒေသတွင်း အားကစား၊ ပညာ၊ ကျန်းမာရေးစောင့် ရှောက်မှုကော်မတီများ ဖွဲ့စည်းခြင်း၊ ဒေသတွင်းလုပ်ငန်းများကို ဒေသတွင်းလုပ်ငန်းရှင်များထံ ပေးအပ်ခြင်း၊ လူထုဆွေးနွေး ပွဲများ၊ ပြည်သူ့အကဲဖြတ် မှတ်တမ်းထားရှိခြင်းနှင့် ရပ်ရွာအခြေပြု ဆုံးဖြတ်ချက် ချမှတ်ခြင်းတို့ကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ရမည်။
ကြီးကြပ်ရေးကော်မတီ သို့မဟုတ် ရပ်မိ ရပ်ဖကော်မတီများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး ကိုယ် စားလှယ်များတွင် အမျိုးသမီးကိုယ်စားလှယ်ပါဝင်မှုကို ရာခိုင်နှုန်းတစ်ခုအနေဖြင့် သတ်မှတ်ထားရမည်။
အမျိုးသမီးကိုယ်စားလှယ်များပါဝင်မှသာ အမျိုးသမီးငယ်များ ဖွင့်ပြောရန်ရှက်ကြောက်သော ကိစ္စရပ်များအတွက် တိုင်ပင်ဆွေးနွေး၊ တိုင်ကြား နိုင်မည်။ ဒေသအတွင်း တိုင်းရင်းသားများပါဝင်မှုသည် လူဦးရေ၏ ၃၀ ရာခိုင်နှုန်းကျော်ပါက ရပ်မိရပ်ဖကော်မတီတွင် တစ်ဦးနေရာပေးခြင်းမျိုး လုပ်ဆောင် သင့်သည်။ အချို့ဒေသများတွင် အလွတ်သဘော ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ (သို့) ဒေသန္တရအုပ်ချုပ်ရေးအထောက်အကူပြုအဖွဲ့အစည်းများ Informal Local Governance Institutions ရှိကြရာ ၄င်းတို့အားအသိအမှတ်ပြု၍ ပူးပေါင်းဆောင်ရွက်သင့်သည်။
စောင့်ကြည့်ခြင်းနှင့်ထိန်းကျောင်းခြင်း။
စာရင်းဇယားများဖြင့်ထိန်းကျောင်းခြင်း၊ စာရင်းစစ်ကော်မတီဖြင့်စစ်ဆေးခြင်း၊ မီဒီယာများဖြင့် ထိန်းကျောင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခုကြား ကွန်ရက်စနစ်ဖြင့် ချိတ်ဆက်ထားခြင်းတို့ဖြင့် ဒေသန္တရအုပ်ချုပ်ရေးစ နစ်ကို စောင့်ကြည့်ထိန်းကျောင်းရမည်။ အချို့သော ကိစ္စရပ်များကို ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့၏ ဆုံးဖြတ် ချက်အတိုင်းမဟုတ်ဘဲ ကြီးကြပ်ရေးကော်မတီ (နိူနမ္လျ ခသာငအအနန) နှင့် ဆွေးနွေးတိုင်ပင်၍ ဆုံး ဖြတ်ချက်ချရမည်။ ဥပမာ-စစ်မှုထမ်းဆောင်ရန် ရွေးချယ်ခြင်း။
ဘဏ္ဍာရေးကို စနစ်တကျစီမံခန့်ခွဲခြင်း။
ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ဗဟိုအစိုးရအပေါ် ဘဏ္ဍာရေးအရ မှီခိုမှုနည်းပါးစေ ရန် ဆောင်ရွက်သင့်သည်။ မြစိမ်းရောင်ကဲ့သို့ ချေးငွေ များမှ အတိုးရာခိုင်နှုန်းတစ်ခုခုကို ဒေသန္တရအုပ်ချုပ် ရေးအဖွဲ့သို့ပေးအပ်ခြင်း သို့မဟုတ် စည်ပင်သာယာ ဆိုင်ရာနှင့် အခြားအခွန်တစ်ခုခုမှ ရာခိုင်နှုန်းတစ်ခုကို ခွဲဝေပေးခြင်းတို့ဆောင်ရွက်သင့်သည်။ အရောင်း။ အဝယ်စာချုပ်များတွင် အသိသက်သေအဖြစ် လက် မှတ်ရေးထိုးခြင်း၊ ထောက်ခံစာများအတွက် ငွေကြေး ကောက်ခံခြင်းများရှိပါက ရရှိခဲ့သည့်ငွေကြေးကို ဘဏ္ဍာစာရင်းသို့ ထည့်သွင်းရန်လိုအပ်သည်။
နိဂုံး
ဒေသန္တရအုပ်ချုပ်ရေးစနစ်သည် တိုင်းပြည်၏ အောက်ခြေအကျဆုံးနှင့် အရေးပါဆုံးစနစ် ဖြစ်ပြီး ဤစနစ်ကို အကောင်အထည်ဖော်နေရသူ များ၏ စွမ်းဆောင်ရည်နှင့် ကိုယ်ကျင့်တရား မြင့်မား နေမှသာလျှင် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ တည်ငြိမ်စွာဖြင့် တိုးတက်နေပေလိမ့်မည်။ သို့တည်းမဟုတ်ပါက အာဏာကိုအလွဲသုံး စားပြုလုပ်ကာ ပြည်သူတို့ကို စိုးရိမ်ပူပန်စေ ၍ အစိုး ရနှင့်နိုင်ငံအပေါ် ယုံကြည်မှုဆုံးရှုံးစေနိုင်သည်။ ဥပမာအားဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ ပြည်သူများစိုးရိမ်မှုမြင့်တက်ရခြင်းအကြောင်းများထဲတွင် ဒေသန္တရအောက်ခြေ အုပ်ချုပ်ရေး အဖွဲ့ များ၏ စွမ်းဆောင်ရည်နိမ့်ကျမှုသည်လည်း တစ်ခုအ ပါအဝင်ဖြစ်သည်။
အချုပ်အားဖြင့် မည်မျှကောင်းမွန်သော အစိုးရများဦးဆောင်စေကာမူ စွမ်းရည်နိမ့်သော ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များဖြင့်လည်ပတ်နေသော နိုင်ငံတော်သည် အမြစ်ပုပ်သောသစ်ပင်ကဲ့သို့ ဗုန်း ဗုန်းလဲကျနိုင်မည်ဖြစ်ကြောင်း သတိပြုဖော်ပြရေးသား လိုက်ရပေသည်။

zawgyi version
အေသးစားသမၼတမ်ား (သို႔မဟုတ္) အုပ္ခ်ဳပ္ေရးမႉးမ်ားကို စြမ္းရည္ျမႇင့္ဖို႔လိုၿပီ (ေဆာင္းပါး)
ၿဖိဳးေဝလင္း (ပုသိမ္) (NP News) - ဧၿပီ ၁၈

သစ္ပင္တစ္ပင္၏အျမစ္သည္ သစ္ပင္တစ္ပင္လုံး၏ မွီခိုအားထားရာျဖစ္သည္။ ခိုင္ၿမဲစြာ ကုပ္ထားေသာအျမစ္မ်ားသည္ သစ္ပင္ကိုယိုင္လဲျခင္းမရွိဘဲ မတ္မတ္မားမား ရပ္တည္ႏိုင္ေအာင္ ေထာက္ပံ့ထားသကဲ့သို႔ သစ္ပင္ရွင္သန္ႀကီးထြားေရးအတြက္ လိုအပ္ေသာအာဟာရမ်ားကိုစုပ္ယူ၍ တစ္ ပင္လုံးသို႔ျဖန႔္ျဖဴးေပးရာ အခ်က္အခ်ာဌာနလည္းျဖစ္သည္။

ႏိုင္ငံတစ္ခု၏ အုပ္ခ်ဳပ္ေရးစနစ္တြင္လည္း အျမစ္ကဲ့သို႔ေသာ ေအာက္ေျခအုပ္ခ်ဳပ္ေရး၏ အခန္း က႑မွာ လြန္စြာအေရးပါလွသည္။ ေအာက္ေျခအုပ္ ခ်ဳပ္ေရးကို ေဒသႏၲရအုပ္ခ်ဳပ္ေရး (local governa­nce) သို႔တည္းမဟုတ္ တတိယအလႊာအစိုးရ (Third tier) ဟုလည္း ေခၚဆိုၾကသည္။ ေဒသႏၲရ အုပ္ခ်ဳပ္ေရးသည္ ျပည္သူႏွင့္အနီးစပ္ဆုံးျဖစ္ၿပီး ႏိုင္ငံသားမ်ားက ၄င္းတို႔၏ ခ်က္ခ်င္းလက္ငင္း ျပႆနာရပ္မ်ားကိုေျဖ ရွင္းေပးေရးအတြက္ ပထမဆုံး ဦးတည္အားကိုး တတ္ၾကေသာ ျပည္သူ႔အစိုးရ အဆင့္ ျဖစ္သည္။

ျမန္မာႏိုင္ငံ၏ ေဒသႏၲရအုပ္ခ်ဳပ္ေရးစနစ္ ျဖစ္ေသာ ခ႐ိုင္၊ ၿမိဳ႕နယ္ႏွင့္ ရပ္ကြက္။ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးတို႔သည္ ႏိုင္ငံ့အုပ္ခ်ဳပ္ေရးစနစ္တစ္ခုလုံး၏ အျမစ္ပင္ျဖစ္သည္။ ၄င္းတို႔ထဲတြင္မွ ရပ္ကြက္ ႏွင့္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးစနစ္မ်ားသည္ ေဒသႏၲရအုပ္ခ်ဳပ္ေရးစနစ္၏ အေျခခံအက်ဆုံးျဖစ္သည္။

သမိုင္းေၾကာင္း
ျမန္မာႏိုင္ငံသည္ လြန္ခဲ့သည့္ႏွစ္ေပါင္း ၂၀ဝဝ ေက်ာ္ ဘုရင့္အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံအျဖစ္ တည္ရွိခဲ့စဥ္ကတည္းက ႏိုင္ငံေတာ္၏ အုပ္ခ်ဳပ္ေရးယႏၲရားကို မႉးႀကီးမတ္ရာေသနာပတိ၊ ၿမိဳ႕စား၊ နယ္စား၊ ႐ြာစား စသည္တို႔ကိုမ႑ိဳင္ျပဳ၍ အုပ္ခ်ဳပ္ခဲ့ၾကသည္။ ျမန္မာဘုရင္ေခတ္တြင္ ေဒသႏၲရအစိုး ရမ်ား၏ အေျခခံယူနစ္မွာၿမိဳ႕ျဖစ္ၿပီး ၿမိဳ႕ဝန္မ်ားသည္ ဘုရင္၏အာဏာကုန္လႊဲအပ္ခံထားရသူမ်ား ျဖစ္သကဲ့သို႔ သက္ဆိုင္ရာၿမိဳ႕နယ္မ်ား လုံၿခဳံေရး၊ တရားစီရင္ေရး၊ အခြန္ေကာက္ခံျခင္း၊ ရဲမက္စု ေဆာင္းျခင္းတို႔ကို ေဆာင္႐ြက္ရသည္။
ၿမိဳ႕ဝန္ေအာက္တြင္ စစ္ေရယာဥ္ႏွင့္ အျခားေရယာဥ္မ်ားဆိုင္ရာကိစၥရပ္မ်ားကိုႀကီးၾကပ္ရေသာ “ေရဝန္”၊ ေျမခြန္ႏွင့္ပတ္သက္၍ အခြန္ဝန္၊ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာႏွင့္ပတ္သက္၍ “အေကာက္ ဝန္”၊ ရရွိလာေသာအခြန္မ်ားကိုထိန္းသိမ္းရန္အတြက္ “ကေသာင္းေျမႇာင္”ေခၚ ဘ႑ာစိုး၊ ရဲတပ္ဖြဲ႕ကို ကြပ္ကဲရေသာ ‘စစ္ကဲ’၊ အစိုးရဝန္ထမ္းမ်ား အက်င့္ပ်က္မႈ ရွိ၊ မရွိ စုံစမ္း၍ ဘုရင္ထံ ျပန္လည္ တင္ျပရ ေသာ”နတ္ နန္း”ဟူ၍ ရွိသည္။
ၿမိဳ႕ဝန္ႏွင့္အတူ ၿမိဳ႕ျပအုပ္ခ်ဳပ္ေရးဆိုင္ရာ ကိစၥရပ္မ်ားတြင္ ကူညီရန္အတြက္ ေရွးဘုရင္မ်ား လက္ထက္ကတည္းက သို႔မဟုတ္ အေျခအေနတစ္ခုခုေၾကာင့္ ေျမႇာက္စားထားျခင္းခံရသည့္ ေဆြစဥ္ မ်ိဳးဆက္ခန႔္အပ္ထားေသာ ၿမိဳ႕သူႀကီးရွိသည္။ အုပ္ခ်ဳပ္ေရးမႉးမ်ားအနက္ ရာထူးအငယ္ဆုံးမွာ ႐ြာသူႀကီး ျဖစ္သည္။ ၄င္းသည္ ၿမိဳ႕သူႀကီးကဲ့သို႔ပင္ ဘုရင္ကခန႔္အပ္ျခင္းမဟုတ္ဘဲ မ်ိဳး႐ိုးစဥ္ဆက္ အႀကီးအကဲ အျဖစ္ ေဆာင္႐ြက္ေနသူျဖစ္သည္။
ကိုလိုနီေခတ္တြင္ ျမန္မာႏိုင္ငံကို တိုင္း၊ ခ႐ိုင္၊ ခ႐ိုင္ခြဲ၊ ၿမိဳ႕နယ္မ်ားအျဖစ္ ခြဲျခားအုပ္ခ်ဳပ္ပါ သည္။ ထိုအခ်ိန္က ေဒသႏၲရအစိုးရမ်ား၏ အေျခခံယူနစ္မွာ ခ႐ိုင္ျဖစ္ၿပီး ခ႐ိုင္ကို ဒုတိယဝန္ရွင္ေတာ္ မင္းႀကီး၊ ခ႐ိုင္ဝန္ႏွင့္ဝန္ေထာက္မ်ားကအုပ္ခ်ဳပ္သည္။ မဟာဝန္ရွင္ေတာ္ မင္းႀကီးက တစ္ႏိုင္ငံလုံးကို အုပ္ခ်ဳပ္ျခင္းျဖစ္သည္။ အုပ္ခ်ဳပ္ေရးမႉးမ်ားအနက္ ရာထူးအငယ္ဆုံးမွာ သူႀကီးျဖစ္သည္။ နယ္ခ်ဲ႕ၿဗိတိသွ်တို႔သည္ ၁၈၈၆ ခုႏွစ္ ေက်းလက္ဥပေဒ၊ ၁၉၀၇ ခုႏွစ္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးဥပေဒ၊ ၿမိဳ႕မ်ားအုပ္ခ်ဳပ္ေရးဥပေဒ၊ ၁၉၁၇ ခုႏွစ္ Head­man village manual ၁၉၂၁ ခုႏွစ္ ေက်းလက္ေဒသ ကိုယ္ပိုင္အုပ္ခ်ဳပ္ေရးအက္ဥပေဒ၊ ၁၉၃၅ ခုႏွစ္ The Government of Burma act ျမန္မာႏိုင္ငံ စီရင္အုပ္ခ်ဳပ္မႈဥပေဒတို႔ျပ႒ာန္းကာ ေဒသႏၲရ အုပ္ခ်ဳပ္ေရးစနစ္ကို အေကာင္အထည္ေဖာ္ ခဲ့ၾကသည္။ ကိုလိုနီေခတ္ ေဒသႏၲရအုပ္ခ်ဳပ္ေရးစနစ္သည္ အခြန္ေကာက္ခံရရွိေရးႏွင့္ လုံၿခဳံေရးကိုသာ ဦးတည္ခဲ့သျဖင့္ အုပ္ခ်ဳပ္ခံလူတန္းစားတို႔၏ျပႆနာမ်ားကို ေက်လည္ေအာင္ေျဖရွင္းေပးႏိုင္မႈနည္း ပါးခဲ့သည္။
လြတ္လပ္ေရးရၿပီးေနာက္ ပါလီမန္ေခတ္ ျမန္မာႏိုင္ငံေတာ္အစိုးရမွ ၁၉၅၃ ခုႏွစ္ ဒီမိုကေရစီ ေဒသႏၲရအုပ္ခ်ဳပ္ေရးအက္ဥပေဒ၊ ၁၉၅၃ ခုႏွစ္ ဒီမိုကေရစီ ေဒသႏၲရအုပ္ခ်ဳပ္ေရးနည္းဥပေဒတို႔ကို ျပ႒ာန္းၿပီး ျပည္သူမ်ားပါဝင္ေသာ ဒီမိုကေရစီေဒသႏၲရအုပ္ခ်ဳပ္ေရးကို အေကာင္အထည္ေဖာ္ခဲ့သည္။ ဒီမိုကေရစီေဒသႏၲရအုပ္ခ်ဳပ္ေရးစနစ္သည္ မူအားျဖင့္ ေကာင္းေသာ္လည္း ျမန္မာႏိုင္ငံ၏ ထိုစဥ္ ပကတိ အေနအထားအရ စည္းကမ္းက်နစြာ အေကာင္အထည္ေဖာ္ရန္ အခ်ိန္ေစာလြန္းေသးသျဖင့္ မေအာင္ ျမင္ခဲ့ဟုဆိုရပါလိမ့္မည္။ ကိုယ့္ရပ္၊ ကိုယ့္႐ြာ၊ ကိုယ့္ေဒသအလိုက္ ေကာင္စီအသီးသီးဖြဲ႕ၿပီး ရပ္က်ိဳး၊ ႐ြာ က်ိဳး၊ ေဒသအက်ိဳးေဆာင္႐ြက္ရန္ျဖစ္ေသာ္လည္း ႏိုင္ငံေရးပါတီမ်ား၏ လႈပ္ရွာစည္း႐ုံးမႈမ်ားၾကား၊ ေျခထိုး မႈမ်ားၾကားတြင္၊ ဂိုဏ္းဂဏကြဲျခင္း၊ အုပ္စုကြဲျခင္းတို႔ ျဖင့္သာ အဖတ္တင္ခဲ့ရသည္။
ထို႔ေၾကာင့္ (၂၈-၉-၁၉၆၁) တြင္ ၁၉၆၁ ခုႏွစ္ ဒီမိုကေရစီေဒသႏၲရအုပ္ခ်ဳပ္ေရး (ရပ္ဆိုင္းျခင္း) အက္ဥပေဒျဖင့္ ရပ္ဆိုင္းခံလိုက္ရၿပီး (၃၀-၉-၁၉၆၆)တြင္ အၿပီးတိုင္ ႐ုပ္သိမ္းလိုက္ရသည္။
သမၼတဦးသိန္းစိန္လက္ထက္တြင္ ဒီမိုကေရစီနည္းလမ္းတက် ျပည္သူမ်ားပါဝင္ႏိုင္ေသာ ေဒသႏၲရအုပ္ခ်ဳပ္ေရးကို ျပန္လည္ အေကာင္အ ထည္ေဖာ္သည့္အေနျဖင့္ (၂၄-၂-၂၀၁၂) တြင္ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးဥပေဒ ႏွင့္ (၆-၇-၂၀၁၂)တြင္ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးဆိုင္ရာနည္းဥပေဒမ်ားကို ျပ႒ာန္းခဲ့သည္။ ယခုဆိုလွ်င္ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒကို ၄ ႀကိမ္တိုင္တိုင္ ျပန္ လည္ျပင္ဆင္ၿပီးျဖစ္ၿပီး ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာ အုပ္စု အုပ္ခ်ဳပ္ေရးဆိုင္ရာနည္းဥပေဒမ်ားကို ႏွစ္ႀကိမ္ျပင္ဆင္ၿပီးျဖစ္ပါသည္။
အေရးပါမႈ
ရပ္ကြက္ႏွင့္ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးစနစ္မ်ားကို အေကာင္အထည္ေဖာ္ရေသာ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး (Village tract administrator or ward administrator) တို႔၏ စြမ္းေဆာင္ရည္ႏွင့္အခန္းက႑မွာ ထိုေဒသတြင္ေနထိုင္ၾကသူမ်ား၏ လူမႈစီးပြားဘဝအေပၚ မ်ားစြာအက်ိဳးသက္ေရာက္မႈရွိသည္။ အုပ္ခ်ဳပ္ေရး မႉးတို႔သည္ ေဒသေနထိုင္သူမ်ားႏွင့္ အစိုးရၾကား ခ်ိတ္ဆက္မႈ ၾကားခံကိရိယာအျဖစ္လည္းေကာင္း၊ မိမိနယ္ေျမအသိုင္းအဝိုင္းအတြင္း အျငင္းပြားမႈမ်ား ႏွင့္ ပဋိပကၡမ်ားကို ေျပလည္ေအာင္ ညႇိႏႈိင္းေပးရေသာ တရားသူႀကီးငယ္အျဖစ္လည္းေကာင္း၊ စည္းကမ္းထိန္းသိမ္းေရးအရာရွိငယ္မ်ားအျဖစ္လည္းေကာင္း၊ ေျမခြန္ႏွင့္ အစိုးရေခ်းေငြမ်ား ေကာက္ခံ ေပးေသာ အခြန္ေကာက္ခံေရးအရာရွိငယ္အျဖစ္လည္းေကာင္း တာဝန္ထမ္းေဆာင္ရသည္။
အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန စာရင္းမ်ားအရ ျမန္မာႏိုင္ငံတြင္ ခ႐ိုင္ေပါင္း ၁၂၇ ခု၊ ၿမိဳ႕ နယ္ေပါင္း ၃၃၀၊ ၿမိဳ႕ေပါင္း ၁၇၃ ၿမိဳ႕၊ ရပ္ကြက္ေပါင္း ၃၄၇၀၊ ေက်း႐ြာအုပ္စုေပါင္း ၁၆၆၉၆ ခုႏွင့္ ေက်း ႐ြာေပါင္း ၆၄၉၃၈ ႐ြာရွိသည္ဟုသိရသည္။
ထိုထဲတြင္ ရပ္ကြက္ႏွင့္ေက်း႐ြာအုပ္စုအုပ္ ခ်ဳပ္ေရးမႉး႐ုံးမ်ား ၁၇၀၆၉ ႐ုံးဖြင့္လွစ္ထားသည္ဟု ေဖာ္ျပထားသည္။ ၁၇၀၆၉ ဦး ရွိေသာ ရပ္။ေက်း အုပ္ခ်ဳပ္ေရးမႉးတို႔ စြမ္းရည္ျမင့္မားမွသာလွ်င္ ျပည္ သူတစ္ရပ္လုံး၏ လူမႈစီးပြားဘဝ အဆင္ေျပေခ်ာေမြ႕ ေစၿပီး တိုင္းျပည္၏ အုပ္ခ်ဳပ္ေရးစနစ္ကို တိုးတက္ ေကာင္းမြန္ေစမည္ျဖစ္သည္။

ျမန္မာႏိုင္ငံေဒသႏၲရအုပ္ခ်ဳပ္ေရး၏ အေျခ
ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္ခ်ဳပ္ေရး က႑တြင္ အုပ္ခ်ဳပ္ေရးမႉးတစ္ဦး၊ အေထြေထြ အုပ္ခ်ဳပ္ ေရးဦးစီးဌာနမွခန႔္အပ္ထားေသာ စာေရးတစ္ဦး၊ ရပ္မိ ရပ္ဖ ၅ ဦးတို႔ကေဆာင္႐ြက္ရသည္။ စာေရးတစ္ဦးမွလြဲ၍ က်န္သူ ၆ ဦးမွာ ျပည္သူမွေ႐ြးခ်ယ္ခန႔္အပ္ထား ေသာဝန္ထမ္းမ်ားျဖစ္သည္။ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္ခ်ဳပ္ေရးအဆင့္တြင္ ေက်း႐ြာအုပ္စု လယ္ယာေျမစီမံခန႔္ခြဲေရး ေကာ္မတီ ႏွင့္ ေက်း႐ြာဖြံ႕ၿဖိဳး တိုးတက္ေရး အေထာက္အကူျပဳေကာ္မတီဟူ၍ ေကာ္မတီႏွစ္ရပ္ရွိသည္။ ရပ္။ေက်းအုပ္ခ်ဳပ္ေရးမႉးသည္ ေက်း႐ြာ အုပ္စုလယ္ယာေျမစီမံခန႔္ခြဲေရးေကာ္မတီ၏ ဥကၠ႒ ျဖစ္ၿပီး ေက်း႐ြာဖြံ႕ၿဖိဳးတိုးတက္ေရးအေထာက္အကူ ျပဳေကာ္မတီဥကၠ႒မွာ ျပည္သူကေ႐ြးခ်ယ္တင္ေျမႇာက္ ၾကသည္။ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စု အုပ္ ခ်ဳပ္ေရးမႉး႐ုံးမ်ားအတြက္ ႐ုံးအသုံးစရိတ္ကို ၿမိဳ႕နယ္ အလိုက္ သင့္ေလ်ာ္သည့္ရန္ပုံေငြပမာဏကို ခြဲေဝ သတ္မွတ္ျခင္းျဖစ္သည္။
ျမန္မာႏိုင္ငံ၏ေအာက္ေျခအုပ္ခ်ဳပ္ေရးစ နစ္တြင္ ျပည္သူ႔ေရးရာဝန္ေဆာင္မႈမ်ားကို ၿမိဳ႕နယ္ စည္ပင္သာယာအုပ္ခ်ဳပ္ေရးအဖြဲ႕က တာဝန္ယူ ေဆာင္႐ြက္သည္။ ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕ ကို တိုင္း။ျပည္နယ္အသီးသီးရွိ စည္ပင္သာယာေရး ဝန္ႀကီးမ်ား၏ လက္ေအာက္ရွိ ၫႊန္ၾကားေရးမႉးမ်ားက ႀကီးၾကပ္ကြပ္ကဲၾကသည္။
ေဒသႏၲရအဆင့္ျဖစ္ေသာ ၿမိဳ႕နယ္စည္ပင္ သာယာေရးအဖြဲ႕႐ုံးမ်ားတြင္ အဖြဲ႕ႏွစ္ဖြဲ႕ျဖင့္ ေပါင္းစပ္ ထားသည္။ ဗဟိုမွခန႔္အပ္ထားေသာဝန္ထမ္းမ်ား အဖြဲ႕ ႏွင့္ေ႐ြးေကာက္ခံအခ်ိဳ႕ပါဝင္ေသာ စည္ပင္သာယာ ေရးအေထာက္အကူျပဳအဖြဲ႕ျဖစ္သည္။ အေထာက္ အကူျပဳအဖြဲ႕သည္ ဝန္ထမ္းမ်ားအဖြဲ႕၏ ေန႔စဥ္ဝန္ ေဆာင္မႈမ်ားကို ႀကီးၾကပ္ျခင္း၊ ေဒသခံျပည္သူမ်ားႏွင့္ ညႇိႏႈိင္းေပးျခင္းတို႔ကိုေဆာင္႐ြက္သည္။
အေထာက္အကူျပဳအဖြဲ႕တြင္ ျပည္သူမွ ေ႐ြးေကာက္ထားေသာ ဥကၠ႒၊ ခန႔္အပ္ခံအတြင္းေရး မႉး၊ ေ႐ြးေကာက္ခံအဖြဲ႕ဝင္သုံးဦးႏွင့္ ခန႔္အပ္ခံ အဖြဲ႕ဝင္ႏွစ္ဦးတို႔ပါဝင္သည္။ ၿမိဳ႕နယ္စည္ပင္သာယာေရး အဖြဲ႕႐ုံးမ်ားသည္ အေသးစား၊ အငယ္စားႏွင့္ အလတ္ စားစီးပြားေရးလုပ္ငန္းမ်ားကို လိုင္စင္ခ်ေပးျခင္း၊ ပန္းၿခံ၊ ဥယ်ာဥ္မ်ားကိုစီမံခန႔္ခြဲရျခင္းႏွင့္ အျခားေသာလုပ္ ပိုင္ခြင့္မ်ားေၾကာင့္ ေငြေၾကးအင္အား ေတာင့္တင္း သည့္အဖြဲ႕ျဖစ္သည္။ ရရွိလာေသာေငြေၾကးမ်ားျဖင့္ ၿမိဳ႕နယ္အတြင္း စည္ပင္သာယာေရး လုပ္ငန္းမ်ားတြင္ ျပန္လည္အသုံးခ်ရသည္။ ထိုကဲ့သို႔ လြတ္လပ္စြာေငြ ေၾကးစီမံႏိုင္ျခင္းေၾကာင့္ အျခားေဒသႏၲရအုပ္ခ်ဳပ္ေရး အဖြဲ႕မ်ားထက္သာ၍ အားေကာင္းေသာ အဖြဲ႕အစည္း ျဖစ္သည္။
ေဒသႏၲရအုပ္ခ်ဳပ္ေရး၏ ဝိေသသ (၃ )ခု ၊ ေဒသႏၲရအုပ္ခ်ဳပ္ေရးတြင္ အေျခခံဝိေသ သ(၃)ခုရွိသည္။ ေ႐ြးေကာက္တင္ေျမႇာက္ျခင္း၊ တာဝန္ယူ၊ တာဝန္ခံမႈအတြက္အခြင့္အာဏာရွိျခင္း ႏွင့္ ဝန္ေဆာင္ျခင္းျဖစ္သည္။
ေဒသႏၲရအုပ္ခ်ဳပ္ေရးသည္ ျပည္သူႏွင့္ အနီးစပ္ဆုံးျဖစ္ရာ ျပည္သူမွ ေ႐ြးေကာက္ တင္ေျမႇာက္ ေသာကိုယ္စားလွယ္မ်ား ပါဝင္ရန္လိုပါသည္။ ထို႔ျပင္ တာဝန္ယူ၊ တာဝန္ခံမႈမ်ား ေဆာင္႐ြက္ႏိုင္ရန္ႏွင့္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ား လ်င္ျမန္စြာေဆာင္႐ြက္ႏိုင္ရန္အတြက္ ေဒသႏၲရအဆင့္ ႏွင့္ေလ်ာ္ညီေသာ အခြင့္အာဏာရွိရမည္။
ေ႐ြးေကာက္တင္ေျမႇာက္ထားေသာအဖြဲ႕သည္ ျပည္သူကို ဝန္ေဆာင္မႈေပးရန္အတြက္ လုပ္ပိုင္ခြင့္မ်ားကိုခြဲေဝရယူျခင္း၊ ဗဟိုမွေထာက္ပံ့ျခင္းႏွင့္ အျခားေသာဝင္ေငြရ လမ္းေၾကာင္းမ်ားစြာလို အပ္သည္။

စြမ္းရည္ျမင့္ ေဒသႏၲရအုပ္ခ်ဳပ္ေရးသို႔ ခ်ဥ္းကပ္ျခင္း
ဤဝိေသသ(၃)ခုကို ရရွိရန္အတြက္ ေအာက္ပါတို႔ကို ေဆာင္႐ြက္သင့္သည္။
နည္းပညာအသုံးျပဳျခင္း။ ေခတ္မီနည္းပညာမ်ားမ ဟုတ္သည့္တိုင္ အကြၽမ္းတဝင္ျဖစ္ေနေသာနည္း ပညာမ်ားကိုအသုံးျပဳျခင္းသည္ ေဒသႏၲရအုပ္ခ်ဳပ္ေရး ၏စြမ္းေဆာင္ရည္ကို ျမႇင့္တင္ႏိုင္သည္။ ဥပမာအားျဖင့္ လူမႈကြန္ရက္မ်ားကိုအသုံးခ်၍ အြန္လိုင္းအစည္း အေဝးမ်ားျပဳလုပ္ျခင္း၊ ၫႊန္ၾကား ခ်က္မ်ားေဖာ္ျပျခင္း၊ အဆုံးအျဖတ္မ်ားအတြက္ အြန္လိုင္းမဲေပးစနစ္က်င့္ သုံးျခင္း၊ စာရင္းအင္း၊ အခ်က္အလက္မ်ားကို electronic စနစ္ျဖင့္ မွတ္တမ္းတင္ျခင္း၊ သဘာဝေဘးႏွင့္ အေရးေပၚအေျခအေန အတြက္စီမံခန႔္ခြဲျခင္းမ်ား စသည္တို႔ျဖင့္ E-government စနစ္သို႔ တျဖည္း ျဖည္းေျပာင္းလဲႏိုင္သည္။
ထို႔ျပင္ အခြန္ေပးေဆာင္ျခင္း၊ ေထာက္ခံ စာေၾကးေပးသြင္းျခင္း စသကဲ့သို႔ ဘ႑ာေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္ လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားတို႔တြင္ လည္းအသုံးျပဳရမည္။ Smart village, Smart ward အထိ ေမွ်ာ္မွန္းထားသင့္သည္။

စြမ္းေဆာင္ရည္ျမႇင့္တင္ေရးႏွင့္ေလ့က်င့္ေရး။
ေဒသႏၲရအုပ္ခ်ဳပ္သူမ်ားႏွင့္ အေထာက္ အကူျပဳအဖြဲ႕မ်ားကို အမ်ိဳးသားေရးတာဝန္သင္တန္း၊ ေခါင္းေဆာင္မႈႏွင့္ အုပ္ခ်ဳပ္မႈ၊ ေငြေၾကးစီမံခန႔္ခြဲမႈ၊ ညႇိႏႈိင္းေရး၊ ဥပေဒသင္တန္းႏွင့္ သက္ဆိုင္ရာနယ္ပယ္ အလိုက္သင္တန္းမ်ား အခါအားေလ်ာ္စြာသင္ၾကားေပးရမည္။ ယခုအခါ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ား ကို စြမ္းေဆာင္ရည္ျမႇင့္သင္တန္းမ်ား ပို႔ခ်ေပးေနေသာ္လည္း ထိုထက္ ပိုမိုျမင့္မားေသာသင္တန္းမ်ား လိုအပ္သည္။
ဗဟိုခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ျခင္းႏွင့္ အခြင့္အာဏာေပးျခင္း။
ေဒသႏၲရအုပ္ခ်ဳပ္ေရးမႉးမ်ားသည္ အခ်ိဳ႕ကိစၥမ်ားတြင္ အထက္အာဏာပိုင္သို႔ သတင္းအခ်က္ အလက္ကိုသာေပးႏိုင္ၿပီး အေရးယူခြင့္မရွိသည္ ကိုေတြ႕ရသည္။ ဥပမာအားျဖင့္ စည္းကမ္းႏွင့္မညီဘဲ ျဖစ္ေစ ကြၽဲႏြားသတ္ျဖတ္ျခင္းကို တားျမစ္ျခင္း၊ ခြင့္ျပဳခ်က္မရွိဘဲ ေက်း႐ြာပိုင္ေျမက်ဴးေက်ာ္ျခင္း၊ ေနအိမ္ေဆာက္လုပ္ျခင္းတို႔တြင္ အေရးယူခြင့္ရွိရန္လိုအပ္သည္။ အခြန္အတုတ္မ်ားေကာက္ခံရာတြင္ ေငြေၾကးျဖင့္ေကာက္ခံပိုင္ခြင့္၊ လုပ္အားျဖင့္ေက်း႐ြာအက်ိဳးျပဳ လုပ္ငန္းမ်ားလုပ္ေဆာင္ပိုင္ခြင့္၊ အမႈအခင္းငယ္မ်ားကိုစီရင္ပိုင္ခြင့္အာဏာႏွင့္ ေက်ေအးၿပီးျပတ္ခြင့္အာဏာမ်ားကိုလည္း ေပးအပ္ထား သင့္ပါသည္။ တာဝန္မ်ား၊ လုပ္ပိုင္ခြင့္မ်ား၊ အရင္းအျမစ္မ်ားႏွင့္ ဆုံးျဖတ္ ခ်က္ခ်ႏိုင္ေသာအာဏာမ်ားကို ေဒသႏၲရအုပ္ခ်ဳပ္ ေရးအဖြဲ႕ထံ တိက်ရွင္းလင္းေသာ ဥပေဒစည္းမ်ဥ္းမ်ားျဖင့္ ခြဲေဝေပးသင့္သည္။ မည္သည့္အာဏာမ်ား ကိုခြဲေဝေပးရမည္ဆိုသည့္ အခ်က္အလက္မ်ားအတြက္ ေလ့လာစုံစမ္းေရး အဖြဲ႕မ်ားျဖင့္ ကြင္းဆင္းေဆာင္႐ြက္ရမည္။

ဥပေဒပိုင္းဆိုင္ရာျပင္ဆင္ျခင္း
ေဒသႏၲရအုပ္ခ်ဳပ္ေရးမႉးေ႐ြးေကာက္ပြဲတြင္ အျငင္းပြားမႈျဖစ္ေပၚပါက ေျဖရွင္းရမည့္ ဥပေဒလမ္း ေၾကာင္း ေဖာ္ျပထားသည္ ကိုမေတြ႕ရေပ။ အုပ္ခ်ဳပ္ေရးမႉးမ်ားကို ျပန္လည္ျဖဳတ္ခ်ခြင့္ (Right to recall)ကို ျပည္သူသို႔ေပးအပ္ထားသင့္သည္။ ထို႔ျပင္ ရပ္ကြက္သို႔မဟုတ္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ ေရးဥပေဒ၊ အခန္း(၈) ႏုတ္ထြက္ခြင့္ျပဳျခင္း၊ တာဝန္မွ ယာယီရပ္ဆိုင္းျခင္း သို႔မဟုတ္ ရပ္စဲျခင္းႏွင့္ အစားထိုးခန႔္အပ္ျခင္းတြင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးျဖစ္ေသာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အုပ္ခ်ဳပ္ေရးမႉးထံသို႔ရပ္။ေက်းေကာ္မတီအဖြဲ႕ဝင္က ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး တစ္ဦးဦးႏွင့္ ပတ္သက္၍ တိုင္ၾကားျခင္းႏွင့္ပတ္သက္ကာ လ်င္ျမန္စြာ စုံစမ္းစစ္ေဆးမႈျပဳလုပ္ရန္အတြက္ အခ်ိန္ ကာလတစ္ခု သတ္မွတ္သင့္သည္။
ဥပမာ တိုင္ၾကားစာရၿပီး တစ္ပတ္အတြင္း။ ရပ္ကြက္ သို႔မဟုတ္ ေက်း႐ြာအုပ္စုအုပ္ခ်ဳပ္ေရးမႉး တြင္ သင့္ေတာ္ေသာ ပညာအရည္အခ်င္းရွိသူျဖစ္ျခင္း အပိုဒ္ကို ၂၀၁၆ ခုႏွစ္ ဒီဇင္ဘာလ ၂ ရက္တြင္ ပယ္ ဖ်က္ၿပီးျဖစ္ေသာေၾကာင့္ ပညာအရည္အခ်င္းသတ္ မွတ္ခ်က္ကို ျပန္လည္သတ္မွတ္သင့္သည္။
သို႔ေသာ္ အခ်ိဳ႕ေသာတိုင္းရင္းသားေဒသမ်ားတြင္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမႉးအရည္အခ်င္းႏွင့္ မကိုက္ညီေသာ အစဥ္အလာအရေခါင္းေဆာင္မ်ား ရွိသည္။ ၄င္းတို႔အတြက္ သက္တမ္းတစ္ခု သတ္ မွတ္ကာ တာဝန္ထမ္းေဆာင္ေစျခင္းႏွင့္ ၄င္း၏အစဥ္ အဆက္မ်ားကို ပညာရည္ျမႇင့္တင္ျခင္း၊ စြမ္းေဆာင္ ရည္သင္တန္းမ်ားတြင္ ထူးခြၽန္ေအာင္ေဆာင္႐ြက္ေပးျခင္းတို႔ ေဆာင္႐ြက္သင့္သည္။
ထို႔ျပင္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမႉးေ႐ြးခ်ယ္ ျခင္းတြင္ အိမ္ေထာင္စုမွ ကိုယ္စားလွယ္သည္ ႀကီး ၾကပ္ေရးမႉး၊ ဆယ္အိမ္မႉး၊ ရာအိမ္မႉး၊ ရပ္ေက်းအုပ္ ခ်ဳပ္ေရးမႉး ေ႐ြးခ်ယ္ျခင္းတို႔အတြက္ ဆႏၵမဲ(၄)ႀကိမ္ေပးရသျဖင့္ အခ်ိန္မ်ားစြာေပးရေသာေၾကာင့္ေ႐ြး ေကာက္ပြဲအေပၚ လူထုစိတ္ဝင္စားမႈ ေလ်ာ့က်ႏိုင္သည္။
ထို႔ေၾကာင့္ ၁၈ ႏွစ္ျပည့္သူတိုင္း မဲေပးၿပီး အုပ္ခ်ဳပ္ေရးမႉးေ႐ြးခ်ယ္ပြဲကိုက်င္းပ၍ အႏိုင္ရအုပ္ ခ်ဳပ္ေရးမႉးက မိမိစိတ္ႀကိဳက္ ရာအိမ္မႉး၊ ဆယ္အိမ္ မႉးကို ေ႐ြးေကာက္တင္ေျမႇာက္သည့္စနစ္ကိုလည္း အခ်ိဳ႕နယ္မ်ားစဥ္းစားသင့္သည္။ ဆယ္အိမ္မႉး၊ ရာအိမ္မႉးအဆင့္တြင္ ကိုယ္စားလွယ္ေလာင္းမ်ား၏ အသက္ ၂၅ ႏွစ္ဆိုသျဖင့္ လူငယ္ပါဝင္မႈ ကန႔္သတ္ခံထားရသည္။ ထိုေနရာမ်ားကိုေတာ့ အသက္ ကန႔္သတ္ ခ်က္ေျဖေလွ်ာ့ကာ လူငယ္မ်ားကို ေနရာေပးသင့္သည္။
ေဒသႏၲရအုပ္ခ်ဳပ္ေရးအဖြဲ႕သည္ ဖက္ဒ ရယ္အသြင္ေဆာင္ေသာအဖြဲ႕ျဖစ္သျဖင့္ ေဒသအ လိုက္ လိုအပ္သလို နည္းဥပေဒျပ႒ာန္းေဆာင္႐ြက္သင့္သည္။ ထို႔ျပင္ ေဒသႏၲရအုပ္ခ်ဳပ္ေရးအဖြဲ႕ ေ႐ြး ေကာက္ပြဲမ်ားသည္ ျပည္သူကိုတိုက္႐ိုက္ကိုယ္စား ျပဳျခင္းေၾကာင့္ အနာဂတ္ျမန္မာႏိုင္ငံတြင္ သမၼတ ေ႐ြး ေကာက္ပြဲေပၚေပါက္လာပါက Electoral college အျဖစ္ လြယ္ကူစြာေျပာင္းလဲႏိုင္သျဖင့္ အနာဂတ္ အတြက္ ေမွ်ာ္မွန္းေဆာင္႐ြက္သင့္သည္။

ပုဂၢလိကႏွင့္လက္တြဲလုပ္ကိုင္ျခင္း။
ေရ၊ မီး၊ မိလႅာ စနစ္မ်ား၊ ေဒသတြင္း ပန္းၿခံ၊ ကစားကြင္း၊ အထင္ကရ ေနရာမ်ားတြင္ ဝန္ေဆာင္မႈမ်ားႏွင့္ အျခား က်ယ္ျပန႔္ေသာဝန္ေဆာင္ မႈမ်ားအတြက္ ပုဂၢလိကႏွင့္ လက္တြဲလုပ္ေဆာင္ျခင္း ေၾကာင့္ ေဒသႏၲရအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားအေပၚ ဝန္ထုပ္ဝန္ပိုးေလ်ာ့က်ကာ အျခားေသာ ဝန္ေဆာင္မႈ မ်ားတြင္ ျပည္သူလူထုအား အျပည့္အဝ ေပးစြမ္းႏိုင္ မည္ျဖစ္သည္။
ျပည္သူလူထုပါဝင္မႈျမႇင္တင္ေပးျခင္း။
ေဒသႏၲရအုပ္ခ်ဳပ္ေရးတြင္ ျပည္သူမ်ား ပါဝင္လာမႈႏွင့္ စိတ္ဝင္စားမႈျမင့္တက္လာေစေရးအ တြက္ ျပည္သူပါဝင္ေသာ ဘတ္ဂ်က္ေရးဆြဲျခင္း၊ ေဒသခံမ်ားပါဝင္ေသာအေထာက္အကူျပဳ အႀကံေပး ေကာ္ မတီမ်ားဖြဲ႕စည္းျခင္း၊ ေဒသတြင္း အားကစား၊ ပညာ၊ က်န္းမာေရးေစာင့္ ေရွာက္မႈေကာ္မတီမ်ား ဖြဲ႕စည္းျခင္း၊ ေဒသတြင္းလုပ္ငန္းမ်ားကို ေဒသတြင္းလုပ္ငန္းရွင္မ်ားထံ ေပးအပ္ျခင္း၊ လူထုေဆြးေႏြး ပြဲမ်ား၊ ျပည္သူ႔အကဲျဖတ္ မွတ္တမ္းထားရွိျခင္းႏွင့္ ရပ္႐ြာအေျချပဳ ဆုံးျဖတ္ခ်က္ ခ်မွတ္ျခင္းတို႔ကို ပြင့္လင္းျမင္သာစြာေဆာင္႐ြက္ရမည္။
ႀကီးၾကပ္ေရးေကာ္မတီ သို႔မဟုတ္ ရပ္မိ ရပ္ဖေကာ္မတီမ်ား၊ ဆယ္အိမ္မႉး၊ ရာအိမ္မႉး ကိုယ္ စားလွယ္မ်ားတြင္ အမ်ိဳးသမီးကိုယ္စားလွယ္ပါဝင္မႈကို ရာခိုင္ႏႈန္းတစ္ခုအေနျဖင့္ သတ္မွတ္ထားရမည္။
အမ်ိဳးသမီးကိုယ္စားလွယ္မ်ားပါဝင္မွသာ အမ်ိဳးသမီးငယ္မ်ား ဖြင့္ေျပာရန္ရွက္ေၾကာက္ေသာ ကိစၥရပ္မ်ားအတြက္ တိုင္ပင္ေဆြးေႏြး၊ တိုင္ၾကား ႏိုင္မည္။ ေဒသအတြင္း တိုင္းရင္းသားမ်ားပါဝင္မႈသည္ လူဦးေရ၏ ၃၀ ရာခိုင္ႏႈန္းေက်ာ္ပါက ရပ္မိရပ္ဖေကာ္မတီတြင္ တစ္ဦးေနရာေပးျခင္းမ်ိဳး လုပ္ေဆာင္ သင့္သည္။ အခ်ိဳ႕ေဒသမ်ားတြင္ အလြတ္သေဘာ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား (သို႔) ေဒသႏၲရအုပ္ခ်ဳပ္ေရးအေထာက္အကူျပဳအဖြဲ႕အစည္းမ်ား Informal Local Governance Institutions ရွိၾကရာ ၄င္းတို႔အားအသိအမွတ္ျပဳ၍ ပူးေပါင္းေဆာင္႐ြက္သင့္သည္။
ေစာင့္ၾကည့္ျခင္းႏွင့္ထိန္းေက်ာင္းျခင္း။
စာရင္းဇယားမ်ားျဖင့္ထိန္းေက်ာင္းျခင္း၊ စာရင္းစစ္ေကာ္မတီျဖင့္စစ္ေဆးျခင္း၊ မီဒီယာမ်ားျဖင့္ ထိန္းေက်ာင္းျခင္း၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အဖြဲ႕အစည္းတစ္ခုႏွင့္တစ္ခုၾကား ကြန္ရက္စနစ္ျဖင့္ ခ်ိတ္ဆက္ထားျခင္းတို႔ျဖင့္ ေဒသႏၲရအုပ္ခ်ဳပ္ေရးစ နစ္ကို ေစာင့္ၾကည့္ထိန္းေက်ာင္းရမည္။ အခ်ိဳ႕ေသာ ကိစၥရပ္မ်ားကို ေဒသႏၲရအုပ္ခ်ဳပ္ေရးအဖြဲ႕၏ ဆုံးျဖတ္ ခ်က္အတိုင္းမဟုတ္ဘဲ ႀကီးၾကပ္ေရးေကာ္မတီ (ႏိူနမႅ် ခသာငအအနန) ႏွင့္ ေဆြးေႏြးတိုင္ပင္၍ ဆုံး ျဖတ္ခ်က္ခ်ရမည္။ ဥပမာ-စစ္မႈထမ္းေဆာင္ရန္ ေ႐ြးခ်ယ္ျခင္း။
ဘ႑ာေရးကို စနစ္တက်စီမံခန႔္ခြဲျခင္း။
ေဒသႏၲရအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားအေနျဖင့္ ဗဟိုအစိုးရအေပၚ ဘ႑ာေရးအရ မွီခိုမႈနည္းပါးေစ ရန္ ေဆာင္႐ြက္သင့္သည္။ ျမစိမ္းေရာင္ကဲ့သို႔ ေခ်းေငြ မ်ားမွ အတိုးရာခိုင္ႏႈန္းတစ္ခုခုကို ေဒသႏၲရအုပ္ခ်ဳပ္ ေရးအဖြဲ႕သို႔ေပးအပ္ျခင္း သို႔မဟုတ္ စည္ပင္သာယာ ဆိုင္ရာႏွင့္ အျခားအခြန္တစ္ခုခုမွ ရာခိုင္ႏႈန္းတစ္ခုကို ခြဲေဝေပးျခင္းတို႔ေဆာင္႐ြက္သင့္သည္။ အေရာင္း။ အဝယ္စာခ်ဳပ္မ်ားတြင္ အသိသက္ေသအျဖစ္ လက္ မွတ္ေရးထိုးျခင္း၊ ေထာက္ခံစာမ်ားအတြက္ ေငြေၾကး ေကာက္ခံျခင္းမ်ားရွိပါက ရရွိခဲ့သည့္ေငြေၾကးကို ဘ႑ာစာရင္းသို႔ ထည့္သြင္းရန္လိုအပ္သည္။
နိဂုံး
ေဒသႏၲရအုပ္ခ်ဳပ္ေရးစနစ္သည္ တိုင္းျပည္၏ ေအာက္ေျခအက်ဆုံးႏွင့္ အေရးပါဆုံးစနစ္ ျဖစ္ၿပီး ဤစနစ္ကို အေကာင္အထည္ေဖာ္ေနရသူ မ်ား၏ စြမ္းေဆာင္ရည္ႏွင့္ ကိုယ္က်င့္တရား ျမင့္မား ေနမွသာလွ်င္ ျပည္သူတစ္ရပ္လုံး၏ လူမႈစီးပြားဘဝ တည္ၿငိမ္စြာျဖင့္ တိုးတက္ေနေပလိမ့္မည္။ သို႔တည္းမဟုတ္ပါက အာဏာကိုအလြဲသုံး စားျပဳလုပ္ကာ ျပည္သူတို႔ကို စိုးရိမ္ပူပန္ေစ ၍ အစိုး ရႏွင့္ႏိုင္ငံအေပၚ ယုံၾကည္မႈဆုံးရႈံးေစႏိုင္သည္။ ဥပမာအားျဖင့္ ျပည္သူ႔စစ္မႈထမ္းဥပေဒကို အေၾကာင္းျပဳ၍ ျပည္သူမ်ားစိုးရိမ္မႈျမင့္တက္ရျခင္းအေၾကာင္းမ်ားထဲတြင္ ေဒသႏၲရေအာက္ေျခ အုပ္ခ်ဳပ္ေရး အဖြဲ႕ မ်ား၏ စြမ္းေဆာင္ရည္နိမ့္က်မႈသည္လည္း တစ္ခုအ ပါအဝင္ျဖစ္သည္။
အခ်ဳပ္အားျဖင့္ မည္မွ်ေကာင္းမြန္ေသာ အစိုးရမ်ားဦးေဆာင္ေစကာမူ စြမ္းရည္နိမ့္ေသာ ေဒသႏၲရအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားျဖင့္လည္ပတ္ေနေသာ ႏိုင္ငံေတာ္သည္ အျမစ္ပုပ္ေသာသစ္ပင္ကဲ့သို႔ ဗုန္း ဗုန္းလဲက်ႏိုင္မည္ျဖစ္ေၾကာင္း သတိျပဳေဖာ္ျပေရးသား လိုက္ရေပသည္။

Related news

© 2021. All rights reserved.