ဘဝကို ခက်ခဲစွာရုန်းကန်ခဲ့ရပြီးနောက် ကမ္ဘာ့ဩဇာလွှမ်းမိုးမှုအရှိဆုံးခေါင်းဆောင်ဖြစ်လာသူ(သို့မဟုတ်) တရုတ်သမ္မတ ရှီကျင့်ဖျင်

 368

ဂျန်ဇက် (NP News) - ဧပြီ ၁၈

အသက် ၇၀ အရွယ်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင့် ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ခေါင်းဆောင်တွေထဲမှာ ၂၀၂၄ ခုနှစ်အတွက် ဩဇာလွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ်အဖြစ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ကျော်ဖြတ်ပြီး ထိပ်ဆုံးအဆင့် (၁)နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ရှီကျင့်ဖျင် သမ္မတဖြစ်လာခဲ့ပြီး နောက်ပိုင်း တရုတ်နိုင်ငံရဲ့စီးပွားရေး၊ နိုင်ငံရေးနဲ့ စစ်ရေးတို့ဟာ အလှုပ်အခတ်များစွာဖြစ်လာခဲ့ပြီး ကမ္ဘာ့နိုင်ငံတွေရဲ့အာရုံစိုက်ခြင်းခံခဲ့ရပါတယ်။ ရှီကျင့်ဖျင့် တရုတ်သမ္မတအဖြစ် တာဝန်ယူ နေတဲ့ကာလအတွင်းမှာ တစ်ကမ္ဘာလုံးအပေါ်ရိုက်ခတ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် ပိုးလမ်းမရပ်ဝန်းစီမံကိန်း တွေဟာလည်း ကမ္ဘာ့နိုင်ငံတွေကြား စောင့်ကြည့်စရာအဖြစ် ပါဝင်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လူပေါင်းသန်းချီ သေဆုံးစေခဲ့ပြီး ကမ္ဘာ့စီးပွားရေးကိုထိခိုက်မှုများစွာဖြစ်စေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့ပြီး ဝေဖန်ပြစ်တင်မှုမျိုးစုံနဲ့ အခက်အခဲများစွာရင်ဆိုင်ခဲ့ရပေမယ့် ရှီကျင့်ဖျင်ကတော့ အဲဒီ ပြဿနာတွေကို အကောင်းဆုံးပုံစံမျိုးနဲ့ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ သမ္မတအဖြစ် ဆက်လက်တာဝန်ယူ နိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး အဲဒီလိုများပြားလှတဲ့ လူပေါင်းများစွာကို စီးပွားရေးအဆင်ပြေစေဖို့နဲ့ ထမင်းဝအောင် ကျွေးနိုင်ရေးကို တရုတ်ခေါင်းဆောင်အဆက်ဆက် ကြိုးပမ်းခဲ့ကြပြီး ရှီကျင့်ဖျင်လက်ထက်မှာ နိုင်ငံစီးပွားရေးက အရင်ထက် တိုးတက်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံရဲ့ ခြောက်ဦးမြောက် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အောက်သက်ကြေတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ကာ လိမ္မာပါးနပ်သူတစ်ဦးလို့ ဆိုကြပါတယ်။ ရှီကျင့်ဖျင်ဟာ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ခေါင်းဆောင်တစ်ဦး မဖြစ်ခင် ဘဝမှာ အခက်ခဲများစွာနဲ့ရုန်းကန်ခဲ့ရပြီး စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ ရတယ်လို့ ဆိုပါတယ်။ သူဟာ တရုတ်သမ္မတဖြစ်လာဖို့ ကျေးလက်ကနေ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အစရှိတဲ့ တစ်ဆင့်ပြီးတစ်ဆင့် ဒုသမ္မတ၊ သမ္မတရာထူးအထိ ကြိုးစားတက်လှမ်းလာသူ ဖြစ်ပါတယ်။

ရှီကျင့်ဖျင်ဟာ ငယ်စဉ်ဘဝကတည်းက သူ့ဖခင် ရဲ့ဇာတိ ရှန်းရှီးပြည်နယ် ကျေးလက်ဒေသမှာ သွားရောက်နေထိုင်ရပြီး ကွန်မြူနစ်ပါတီရဲ့ တာဝန်တွေကို လုပ်ကိုင်ခဲ့ရသလို ပြည်သူကို အလုပ်အကျွေးပြုရင်း တစ်ဖက်ကနေ ပညာကိုလည်း ရှာဖွေ ကြိုးပမ်းခဲ့ရသူ ဖြစ်ပါတယ်။

ရှီကျင့်ဖျင်ဟာ ချင်းဟွာတက္ကသိုလ်ကနေ ဥပဒေဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ကိုလည်းရရှိခဲ့ပြီး ဓာတုအင်ဂျင်နီယာ ဘာသာရပ်ကိုလည်း လေ့လာသင်ယူခဲ့ပါတယ်။ သူဟာ ၁၉၅၃ ခုနှစ် ဇွန်လ ၁၅ ရက်က ဘေဂျင်းမြို့မှာမွေးဖွားခဲ့ပြီး ၁၄ နှစ်သားကတည်းက တရုတ်ကွန်မြူနစ်ဝါဒီတစ်ဦးဖြစ်လာခဲ့ကာ ၁၉၇၄ ခုနှစ်မှာ ကွန်မြူနစ်ပါတီဝင်လုံးလုံး ဖြစ်သွားတယ်လို့ သမိုင်းမှတ်တမ်းတွေက ဖော်ပြထားပါတယ်။ ရှီကျင့်ဖျင်ရဲ့ ဖခင်ဖြစ်သူဟာလည်း ကွန်မြူနစ်တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ရှီကျုံးရွှင်နဲ့ မိခင်ချီရှင်းဟာ ဥက္ကဋ္ဌကြီး မော်စီတုန်းရဲ့ သွေးသောက်ရဲဘော်တွေ ဖြစ်ပါတယ်။

ရှီကျင့်ဖျင့်ရဲ့ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ် ရှီကျုံးရွှင်ဟာ ကွန်မြူနစ်ပါတီရဲ့ ဝါဒဖြန့်ချိရေးဝန်ကြီးနဲ့ ဒုသမ္မတ တာဝန်တွေအထိ ထမ်းဆောင်ခဲ့သလို ကူမင်တန်နဲ့ ဖက်ဆစ်ဂျပန်ကို တွန်းလှန်တိုက်ခိုက်ခဲ့သူတစ်ဦး လည်းဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ရှီကျင့်ဖျင် ငယ်စဉ်က ကျောင်းကောင်းတွေကို တက်ရောက် ပညာသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း တရုတ်နိုင်ငံမှာ ယဉ်ကျေးမှုတော်လှန်ရေးဖြစ်ပွား လာချိန်အတွင်း ဖခင်ဖြစ်သူဟာ တော်လှန်ရေးရဲ့ ရန်သူအဖြစ် သတ်မှတ်ခံရပြီး ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။

ဖခင်ဖြစ်သူပြစ်ဒဏ်ပေးခံရပြီးနောက် ရှီကျင့်ဖျင်ရဲ့ဘဝဟာလည်း အိမ်နိမ့်စံဘဝရောက်ခဲ့ရပြီး လောကဓံကို ခါးသီးစွာရင်ဆိုင်ရင်း ဘဝကိုခက်ခက်ခဲခဲဖြတ်ကျော်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရှီကျင့်ဖျင်ဟာ အခက်ခဲတွေကို ရင်ဆိုင်ကျော်ဖြတ် နိုင်စွမ်းရှိတဲ့ သံမဏိ စိတ်ဓာတ်ရှိသူလို့လည်း ဆိုပါတယ်။ ရှီကျင့်ဖျင်ဟာ ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အထိ ဆင်ဟွာတက္ကသိုလ် ဓာတုအင်ဂျင်နီယာ ဌာနမှာ အခြေခံဇီဝဓာတ်ဖွဲ့စည်းမှု ဖြစ်စဉ်ဆိုင်ရာ ဘာသာရပ်ကျောင်းသားအဖြစ် လေ့လာခဲ့ပြီး ၁၉၇၉ ခုနှစ်ကနေ ၁၉၈၂ ခုနှစ်အထိ နိုင်ငံတော်ကောင်စီနဲ့ ဗဟိုစစ်ကော်မရှင်ဌာနချုပ်များတွင် အတွင်းရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ရှီကျင့်ဖျင်ဟာ ၁၉၈၂ ခုနှစ်ကနေ ၁၉၈၅ ခုနှစ်အထိ ကွန်မြူနစ်ပါတီ ဟယ်ပေပြည်နယ် ကျန့်တိန့် မြို့နယ်ရဲ့ ကွန်မြူနစ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနဲ့ အတွင်းရေးမှူးတာဝန်တွေကို ရယူခဲ့သလို ၁၉၈၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဖူကျန့်ပြည်နယ် ရှမန်မြို့ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နဲ့ ဒုတိယမြို့တော်ဝန်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့ပြင် ရှီကျင့်ဖျင်ဟာ ၁၉၈၈ ခုနှစ်ကနေ ၁၉၉၀ ပြည့်နှစ်အထိ ကွန်မြူနစ်ပါတီ ဖူကျန့်ပြည်နယ် နင်းသယ် ခရိုင်ကော်မတီ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ပြီးနောက် ပါတီနဲ့ပတ်သက်တဲ့ အဆင်မြင့်ရာထူးတွေကို တစ်ခုပြီးတစ်ခု ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

ရှီကျင့်ဖျင်ဟာ ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ သမ္မတအဖြစ်ရွေးချယ်ခန့်အပ်ခံရပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲကာ လက်ရှိအချိန်အထိ သမ္မတအဖြစ် တာဝန်ယူနေခဲ့သူဖြစ်ပါတယ်။ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံရဲ့ ခြောက်ဦးမြောက် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း “ပြုပြင်ပြောင်းလဲရေး နဲ့ တိုင်းပြည်တံခါးဖွင့်ခြင်းတို့ကို ဆက်လက် အလေး ထားလုပ်ဆောင်မယ်” လို့ ကြွေးကြော်ခဲ့သလို အကျင့်ပျက်လာဘ်စားမှုတွေကို အဓိကဦးစားပေး တိုက်ဖျက်ခဲ့ပါတယ်။ ရှီကျင့်ဖျင့် သမ္မတအဖြစ်တာဝန် ယူချိန်အတွင်းမှာ စီးပွားရေးတိုးတက်မှုအပြင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးတွေကိုလည်း အလေးထားလုပ်ဆောင်ခဲ့ပြီး အကျင့်ပျက် ခြစားမှု တွေကို သေဒဏ်အထိ အပြစ်ပေးတဲ့အထိ လုပ်ဆောင်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအများစုမှာ ဒီမိုကရေစီစနစ်ကို တောင်းဆိုတာတွေ၊ ကျင့်သုံးတာတွေ လုပ်ဆောင်နေပေမယ့် ရှီကျင့်ဖျင်ကတော့ဒဒ ဆိုရှယ်လစ်စနစ် ဝါဒနဲ့ တရုတ်နိုင်ငံကို အံဝင်ခွင်ကျတိုးတက်စေခဲ့တယ်။ တစ်ပါတီစနစ်ကသာ အလုပ်ဖြစ်တယ်။ အောင်မြင်တယ်။ နိုင်ငံတော်သစ်ကို ထူထောင်နိုင်ခဲ့တယ်လို့ သူပြောခဲ့ဖူးတယ်။ ရှီကျင့်ဖျင်ကိုယ်တိုင် ရေးသားတဲ့စာအုပ်ထဲမှာလည်း “ ကျွန်တော်တို့ လက်ခံကျင့်သုံးရမှာက နှစ်ဖက်မြင် သဘောတရား ဖြစ်တယ်။ ပြဿနာတစ်ခုကို နှစ်ဖက်ခွဲကြည့်တာ၊ ပြည်တွင်းပြည်ပ အခြေအနေတွေထဲက အကျိုးရှိမယ့် မျက်နှာစာကို ကြည့်မြင်သလို အကျိုးမဲ့တဲ့ဘက်ကို လည်း ကြည့်မြင်တတ်ရမယ်။ အဆိုးဆုံးကို စဉ်းစား၊ အကောင်းဆုံးအတွက် အပြည့်အဝပြင်ဆင်ပြီး ပိုကောင်းတဲ့ရလဒ်ကို ကြိုးပမ်းဆွတ်ခူးရမှာ ဖြစ်တယ် ” လို့ ရေးသားဖော်ပြခဲ့ဖူးကြောင်း သိရပါတယ်။ ရှီကျင့်ဖျင်လက်ထက်မှာ နိုင်ငံ့စီးပွားရေး တိုးတက် လာပေမယ့် အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေနဲ့ ဆက်ဆံရေး အဖုအထစ်တွေဖြစ်လာခဲ့ပြီး ရုရှားနိုင်ငံနဲ့ ပိုမိုနီးကပ်ခဲ့ပါတယ်။

ရှီကျင့်ဖျင်လက်ထက်မှာ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခဲ့သလို နှစ်ပေါင်းများစွာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင် နယ်မြေပိုင်ဆိုင်ရေး အငြင်းပွားမှုပြဿနာ၊ ရေပြင်၊ ဝေဟင် အချုပ်အခြာ အာဏာပိုင်ဆိုင်မှုဆိုင်ရာ ပြဿနာတွေကိုလည်း ရင်ဆိုင်ဖြေရှင်းနေရဆဲဖြစ်ပါတယ်။

အထူးသဖြင့် ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းရေးအတွက် တရုတ်နဲ့ ထိုင်ဝမ်ကြား အငြင်းပွားမှုတွေလည်း ပိုဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရှီကျင့်ဖျင်က ထိုင်ဝမ်ဟာ တရုတ်နိုင်ငံပိုင်နက်ဖြစ်ပြီး အနာဂတ်မှာ တရုတ်နိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းမယ်လို့ပြောဆို ထားတာက ရှီကျင့်ဖျင်အနေနဲ့ ထိုင်ဝမ်နဲ့ပြန်လည်ပေါင်းစည်းဖို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေတယ်။ အသက် ၇၀ အရွယ်ရှိနေတဲ့ ရှီကျင့်ဖျင်ဟာ တရုတ်သမ္မတတာဝန်အပြင် လက်ရှိမှာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၊ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် တာဝန်တွေကိုလည်း ထမ်းဆောင်နေပါတယ်။ ရှီကျင့်ဖျင်လက်ထဲမှာ တရုတ်နိုင်ငံဟာ တခြားနိုင်ငံတွေ ဘာဖြစ်ဖြစ် မိမိနိုင်ငံအကျိုးစီးပွားတစ်ခုတည်းကို ဦးစားပေးလွန်းတဲ့အတွက် ဝေဖန်ပြစ်တင်မှုမျိုးစုံရင်ဆိုင်ခဲ့ရပြီး တောင်တရုတ်ပင်လယ် အတွင်းမှာလည်း နိုင်ငံငယ်တွေကို အနိုင်ကျင့်နေတယ်လို့ စွပ်စွဲဝေဖန် သံတွေ ကျယ်လောင်စွာထွက်ပေါ်နေပါတယ်။ ရှီကျင့် ဖျင်ဟာ သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ထိုင်ဝမ် အရေးနဲ့ တောင်တရုတ်ပင်လယ်အရေး ပိုင်နက် နယ်မြေအငြင်းပွားမှုတွေကို ၎င်းတို့ပြောဆိုထားတဲ့ ပုံစံမျိုး အတိုင်းရရှိအောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။

zawgyi version
ဘဝကို ခက္ခဲစြာ႐ုန္းကန္ခဲ့ရၿပီးေနာက္ ကမာၻ႔ဩဇာလႊမ္းမိုးမႈအရွိဆုံးေခါင္းေဆာင္ျဖစ္လာသူ (သို႔မဟုတ္) တ႐ုတ္သမၼတ ရွီက်င့္ဖ်င္
ဂ်န္ဇက္ (NP News) - ဧၿပီ ၁၈

အသက္ ၇၀ အ႐ြယ္ရွိ တ႐ုတ္သမၼတ ရွီက်င့္ဖ်င့္ ဟာ ကမာၻ႔ႏိုင္ငံေတြရဲ႕ေခါင္းေဆာင္ေတြထဲမွာ ၂၀၂၄ ခုႏွစ္အတြက္ ဩဇာလႊမ္းမိုးမႈအရွိဆုံးပုဂၢိဳလ္အျဖစ္ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ကို ေက်ာ္ျဖတ္ၿပီး ထိပ္ဆုံးအဆင့္ (၁)ေနရာမွာ ရပ္တည္ေနခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ရွီက်င့္ဖ်င္ သမၼတျဖစ္လာခဲ့ၿပီး ေနာက္ပိုင္း တ႐ုတ္ႏိုင္ငံရဲ႕စီးပြားေရး၊ ႏိုင္ငံေရးနဲ႔ စစ္ေရးတို႔ဟာ အလႈပ္အခတ္မ်ားစြာျဖစ္လာခဲ့ၿပီး ကမာၻ႔ႏိုင္ငံေတြရဲ႕အာ႐ုံစိုက္ျခင္းခံခဲ့ရပါတယ္။ ရွီက်င့္ဖ်င့္ တ႐ုတ္သမၼတအျဖစ္ တာဝန္ယူ ေနတဲ့ကာလအတြင္းမွာ တစ္ကမာၻလုံးအေပၚ႐ိုက္ခတ္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါအျပင္ ပိုးလမ္းမရပ္ဝန္းစီမံကိန္း ေတြဟာလည္း ကမာၻ႔ႏိုင္ငံေတြၾကား ေစာင့္ၾကည့္စရာအျဖစ္ ပါဝင္ခဲ့ပါတယ္။

ကမာၻတစ္ဝန္းမွာ လူေပါင္းသန္းခ်ီ ေသဆုံးေစခဲ့ၿပီး ကမာၻ႔စီးပြားေရးကိုထိခိုက္မႈမ်ားစြာျဖစ္ေစခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါဟာ တ႐ုတ္ႏိုင္ငံမွာ စတင္ျဖစ္ပြားခဲ့ၿပီး ေဝဖန္ျပစ္တင္မႈမ်ိဳးစုံနဲ႔ အခက္အခဲမ်ားစြာရင္ဆိုင္ခဲ့ရေပမယ့္ ရွီက်င့္ဖ်င္ကေတာ့ အဲဒီ ျပႆနာေတြကို အေကာင္းဆုံးပုံစံမ်ိဳးနဲ႔ကိုင္တြယ္ေျဖရွင္းႏိုင္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ သမၼတအျဖစ္ ဆက္လက္တာဝန္ယူ ႏိုင္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံဟာ ကမာၻ႔လူဦးေရအမ်ားဆုံးႏိုင္ငံျဖစ္ၿပီး အဲဒီလိုမ်ားျပားလွတဲ့ လူေပါင္းမ်ားစြာကို စီးပြားေရးအဆင္ေျပေစဖို႔နဲ႔ ထမင္းဝေအာင္ ေကြၽးႏိုင္ေရးကို တ႐ုတ္ေခါင္းေဆာင္အဆက္ဆက္ ႀကိဳးပမ္းခဲ့ၾကၿပီး ရွီက်င့္ဖ်င္လက္ထက္မွာ ႏိုင္ငံစီးပြားေရးက အရင္ထက္ တိုးတက္လာခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။

ရွီက်င့္ဖ်င္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ေျခာက္ဦးေျမာက္ ေခါင္းေဆာင္တစ္ဦးျဖစ္ၿပီး ေအာက္သက္ေၾကတဲ့ ေခါင္းေဆာင္တစ္ဦးျဖစ္ကာ လိမၼာပါးနပ္သူတစ္ဦးလို႔ ဆိုၾကပါတယ္။ ရွီက်င့္ဖ်င္ဟာ ကမာၻ႔လူဦးေရအမ်ားဆုံး ႏိုင္ငံျဖစ္တဲ့ တ႐ုတ္ႏိုင္ငံရဲ႕ေခါင္းေဆာင္တစ္ဦး မျဖစ္ခင္ ဘဝမွာ အခက္ခဲမ်ားစြာနဲ႔႐ုန္းကန္ခဲ့ရၿပီး စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ ရတယ္လို႔ ဆိုပါတယ္။ သူဟာ တ႐ုတ္သမၼတျဖစ္လာဖို႔ ေက်းလက္ကေန ၿမိဳ႕နယ္၊ ခ႐ိုင္၊ ျပည္နယ္အစရွိတဲ့ တစ္ဆင့္ၿပီးတစ္ဆင့္ ဒုသမၼတ၊ သမၼတရာထူးအထိ ႀကိဳးစားတက္လွမ္းလာသူ ျဖစ္ပါတယ္။

ရွီက်င့္ဖ်င္ဟာ ငယ္စဥ္ဘဝကတည္းက သူ႔ဖခင္ ရဲ႕ဇာတိ ရွန္းရွီးျပည္နယ္ ေက်းလက္ေဒသမွာ သြားေရာက္ေနထိုင္ရၿပီး ကြန္ျမဴနစ္ပါတီရဲ႕ တာဝန္ေတြကို လုပ္ကိုင္ခဲ့ရသလို ျပည္သူကို အလုပ္အေကြၽးျပဳရင္း တစ္ဖက္ကေန ပညာကိုလည္း ရွာေဖြ ႀကိဳးပမ္းခဲ့ရသူ ျဖစ္ပါတယ္။

ရွီက်င့္ဖ်င္ဟာ ခ်င္းဟြာတကၠသိုလ္ကေန ဥပေဒဘာသာရပ္နဲ႔ ေဒါက္တာဘြဲ႕ကိုလည္းရရွိခဲ့ၿပီး ဓာတုအင္ဂ်င္နီယာ ဘာသာရပ္ကိုလည္း ေလ့လာသင္ယူခဲ့ပါတယ္။ သူဟာ ၁၉၅၃ ခုႏွစ္ ဇြန္လ ၁၅ ရက္က ေဘဂ်င္းၿမိဳ႕မွာေမြးဖြားခဲ့ၿပီး ၁၄ ႏွစ္သားကတည္းက တ႐ုတ္ကြန္ျမဴနစ္ဝါဒီတစ္ဦးျဖစ္လာခဲ့ကာ ၁၉၇၄ ခုႏွစ္မွာ ကြန္ျမဴနစ္ပါတီဝင္လုံးလုံး ျဖစ္သြားတယ္လို႔ သမိုင္းမွတ္တမ္းေတြက ေဖာ္ျပထားပါတယ္။ ရွီက်င့္ဖ်င္ရဲ႕ ဖခင္ျဖစ္သူဟာလည္း ကြန္ျမဴနစ္တစ္ဦးျဖစ္ၿပီး ဖခင္ျဖစ္သူ ရွီက်ဳံး႐ႊင္နဲ႔ မိခင္ခ်ီရွင္းဟာ ဥကၠ႒ႀကီး ေမာ္စီတုန္းရဲ႕ ေသြးေသာက္ရဲေဘာ္ေတြ ျဖစ္ပါတယ္။

ရွီက်င့္ဖ်င့္ရဲ႕ဖခင္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ ရွီက်ဳံး႐ႊင္ဟာ ကြန္ျမဴနစ္ပါတီရဲ႕ ဝါဒျဖန႔္ခ်ိေရးဝန္ႀကီးနဲ႔ ဒုသမၼတ တာဝန္ေတြအထိ ထမ္းေဆာင္ခဲ့သလို ကူမင္တန္နဲ႔ ဖက္ဆစ္ဂ်ပန္ကို တြန္းလွန္တိုက္ခိုက္ခဲ့သူတစ္ဦး လည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္လည္း ရွီက်င့္ဖ်င္ ငယ္စဥ္က ေက်ာင္းေကာင္းေတြကို တက္ေရာက္ ပညာသင္ၾကားခြင့္ရခဲ့ပါတယ္။ ဒါေပမဲ့လည္း တ႐ုတ္ႏိုင္ငံမွာ ယဥ္ေက်းမႈေတာ္လွန္ေရးျဖစ္ပြား လာခ်ိန္အတြင္း ဖခင္ျဖစ္သူဟာ ေတာ္လွန္ေရးရဲ႕ ရန္သူအျဖစ္ သတ္မွတ္ခံရၿပီး ျပစ္ဒဏ္ေပးခံခဲ့ရပါတယ္။

ဖခင္ျဖစ္သူျပစ္ဒဏ္ေပးခံရၿပီးေနာက္ ရွီက်င့္ဖ်င္ရဲ႕ဘဝဟာလည္း အိမ္နိမ့္စံဘဝေရာက္ခဲ့ရၿပီး ေလာကဓံကို ခါးသီးစြာရင္ဆိုင္ရင္း ဘဝကိုခက္ခက္ခဲခဲျဖတ္ေက်ာ္ခဲ့ရတယ္လို႔ သိရပါတယ္။ ဒါေပမဲ့ ရွီက်င့္ဖ်င္ဟာ အခက္ခဲေတြကို ရင္ဆိုင္ေက်ာ္ျဖတ္ ႏိုင္စြမ္းရွိတဲ့ သံမဏိ စိတ္ဓာတ္ရွိသူလို႔လည္း ဆိုပါတယ္။ ရွီက်င့္ဖ်င္ဟာ ၁၉၇၅ ခုႏွစ္ကေန ၁၉၇၉ ခုႏွစ္အထိ ဆင္ဟြာတကၠသိုလ္ ဓာတုအင္ဂ်င္နီယာ ဌာနမွာ အေျခခံဇီဝဓာတ္ဖြဲ႕စည္းမႈ ျဖစ္စဥ္ဆိုင္ရာ ဘာသာရပ္ေက်ာင္းသားအျဖစ္ ေလ့လာခဲ့ၿပီး ၁၉၇၉ ခုႏွစ္ကေန ၁၉၈၂ ခုႏွစ္အထိ ႏိုင္ငံေတာ္ေကာင္စီနဲ႔ ဗဟိုစစ္ေကာ္မရွင္ဌာနခ်ဳပ္မ်ားတြင္ အတြင္းေရးမႉး အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ပါတယ္။

ရွီက်င့္ဖ်င္ဟာ ၁၉၈၂ ခုႏွစ္ကေန ၁၉၈၅ ခုႏွစ္အထိ ကြန္ျမဴနစ္ပါတီ ဟယ္ေပျပည္နယ္ က်န႔္တိန႔္ ၿမိဳ႕နယ္ရဲ႕ ကြန္ျမဴနစ္ပါတီေကာ္မတီ ဒုတိယအတြင္းေရးမႉးနဲ႔ အတြင္းေရးမႉးတာဝန္ေတြကို ရယူခဲ့သလို ၁၉၈၅ ခုႏွစ္မွ ၁၉၈၈ ခုႏွစ္အထိ ဖူက်န႔္ျပည္နယ္ ရွမန္ၿမိဳ႕ပါတီေကာ္မတီ အၿမဲတမ္းေကာ္မတီအဖြဲ႕ဝင္နဲ႔ ဒုတိယၿမိဳ႕ေတာ္ဝန္အျဖစ္ ထမ္းေဆာင္ခဲ့ပါတယ္။ ဒါ့ျပင္ ရွီက်င့္ဖ်င္ဟာ ၁၉၈၈ ခုႏွစ္ကေန ၁၉၉၀ ျပည့္ႏွစ္အထိ ကြန္ျမဴနစ္ပါတီ ဖူက်န႔္ျပည္နယ္ နင္းသယ္ ခ႐ိုင္ေကာ္မတီ အတြင္းေရးမႉးအျဖစ္ ထမ္းေဆာင္ခဲ့ၿပီးေနာက္ ပါတီနဲ႔ပတ္သက္တဲ့ အဆင္ျမင့္ရာထူးေတြကို တစ္ခုၿပီးတစ္ခု ရယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

ရွီက်င့္ဖ်င္ဟာ ၂၀၁၃ ခုႏွစ္မွာ တ႐ုတ္ႏိုင္ငံရဲ႕ သမၼတအျဖစ္ေ႐ြးခ်ယ္ခန႔္အပ္ခံရၿပီး ဖြဲ႕စည္းပုံအေျခခံဥပေဒကို ျပင္ဆင္ေျပာင္းလဲကာ လက္ရွိအခ်ိန္အထိ သမၼတအျဖစ္ တာဝန္ယူေနခဲ့သူျဖစ္ပါတယ္။ ရွီက်င့္ဖ်င္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ ေျခာက္ဦးေျမာက္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း “ျပဳျပင္ေျပာင္းလဲေရး နဲ႔ တိုင္းျပည္တံခါးဖြင့္ျခင္းတို႔ကို ဆက္လက္ အေလး ထားလုပ္ေဆာင္မယ္” လို႔ ေႂကြးေၾကာ္ခဲ့သလို အက်င့္ပ်က္လာဘ္စားမႈေတြကို အဓိကဦးစားေပး တိုက္ဖ်က္ခဲ့ပါတယ္။ ရွီက်င့္ဖ်င့္ သမၼတအျဖစ္တာဝန္ ယူခ်ိန္အတြင္းမွာ စီးပြားေရးတိုးတက္မႈအျပင္ အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရးေတြကိုလည္း အေလးထားလုပ္ေဆာင္ခဲ့ၿပီး အက်င့္ပ်က္ ျခစားမႈ ေတြကို ေသဒဏ္အထိ အျပစ္ေပးတဲ့အထိ လုပ္ေဆာင္ခဲ့ပါတယ္။

ကမာၻ႔ႏိုင္ငံအမ်ားစုမွာ ဒီမိုကေရစီစနစ္ကို ေတာင္းဆိုတာေတြ၊ က်င့္သုံးတာေတြ လုပ္ေဆာင္ေနေပမယ့္ ရွီက်င့္ဖ်င္ကေတာ့ဒဒ ဆိုရွယ္လစ္စနစ္ ဝါဒနဲ႔ တ႐ုတ္ႏိုင္ငံကို အံဝင္ခြင္က်တိုးတက္ေစခဲ့တယ္။ တစ္ပါတီစနစ္ကသာ အလုပ္ျဖစ္တယ္။ ေအာင္ျမင္တယ္။ ႏိုင္ငံေတာ္သစ္ကို ထူေထာင္ႏိုင္ခဲ့တယ္လို႔ သူေျပာခဲ့ဖူးတယ္။ ရွီက်င့္ဖ်င္ကိုယ္တိုင္ ေရးသားတဲ့စာအုပ္ထဲမွာလည္း “ ကြၽန္ေတာ္တို႔ လက္ခံက်င့္သုံးရမွာက ႏွစ္ဖက္ျမင္ သေဘာတရား ျဖစ္တယ္။ ျပႆနာတစ္ခုကို ႏွစ္ဖက္ခြဲၾကည့္တာ၊ ျပည္တြင္းျပည္ပ အေျခအေနေတြထဲက အက်ိဳးရွိမယ့္ မ်က္ႏွာစာကို ၾကည့္ျမင္သလို အက်ိဳးမဲ့တဲ့ဘက္ကို လည္း ၾကည့္ျမင္တတ္ရမယ္။ အဆိုးဆုံးကို စဥ္းစား၊ အေကာင္းဆုံးအတြက္ အျပည့္အဝျပင္ဆင္ၿပီး ပိုေကာင္းတဲ့ရလဒ္ကို ႀကိဳးပမ္းဆြတ္ခူးရမွာ ျဖစ္တယ္ ” လို႔ ေရးသားေဖာ္ျပခဲ့ဖူးေၾကာင္း သိရပါတယ္။ ရွီက်င့္ဖ်င္လက္ထက္မွာ ႏိုင္ငံ့စီးပြားေရး တိုးတက္ လာေပမယ့္ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ဆက္ဆံေရး အဖုအထစ္ေတြျဖစ္လာခဲ့ၿပီး ႐ုရွားႏိုင္ငံနဲ႔ ပိုမိုနီးကပ္ခဲ့ပါတယ္။

ရွီက်င့္ဖ်င္လက္ထက္မွာ တ႐ုတ္ႏိုင္ငံဟာ အေမရိကန္ႏိုင္ငံနဲ႔ ကုန္သြယ္ေရးစစ္ပြဲျဖစ္ပြားခဲ့သလို ႏွစ္ေပါင္းမ်ားစြာ အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ျဖစ္ပြားေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ျပင္ နယ္ေျမပိုင္ဆိုင္ေရး အျငင္းပြားမႈျပႆနာ၊ ေရျပင္၊ ေဝဟင္ အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈဆိုင္ရာ ျပႆနာေတြကိုလည္း ရင္ဆိုင္ေျဖရွင္းေနရဆဲျဖစ္ပါတယ္။

အထူးသျဖင့္ ထိုင္ဝမ္နဲ႔ျပန္လည္ေပါင္းစည္းေရးအတြက္ တ႐ုတ္နဲ႔ ထိုင္ဝမ္ၾကား အျငင္းပြားမႈေတြလည္း ပိုျဖစ္လာခဲ့ပါတယ္။ ဒါေပမဲ့ ရွီက်င့္ဖ်င္က ထိုင္ဝမ္ဟာ တ႐ုတ္ႏိုင္ငံပိုင္နက္ျဖစ္ၿပီး အနာဂတ္မွာ တ႐ုတ္ႏိုင္ငံနဲ႔ ျပန္လည္ေပါင္းစည္းမယ္လို႔ေျပာဆို ထားတာက ရွီက်င့္ဖ်င္အေနနဲ႔ ထိုင္ဝမ္နဲ႔ျပန္လည္ေပါင္းစည္းဖို႔ ဘယ္လိုလုပ္ေဆာင္မလဲဆိုတာ စိတ္ဝင္စားစရာေကာင္းေနတယ္။ အသက္ ၇၀ အ႐ြယ္ရွိေနတဲ့ ရွီက်င့္ဖ်င္ဟာ တ႐ုတ္သမၼတတာဝန္အျပင္ လက္ရွိမွာ တ႐ုတ္ ကြန္ျမဴနစ္ပါတီ ဗဟိုေကာ္မတီ အေထြေထြ အတြင္းေရးမႉး၊ ဗဟိုစစ္ေကာ္မရွင္ ဥကၠ႒၊ တ႐ုတ္ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ စစ္ဦးစီးခ်ဳပ္ တာဝန္ေတြကိုလည္း ထမ္းေဆာင္ေနပါတယ္။ ရွီက်င့္ဖ်င္လက္ထဲမွာ တ႐ုတ္ႏိုင္ငံဟာ တျခားႏိုင္ငံေတြ ဘာျဖစ္ျဖစ္ မိမိႏိုင္ငံအက်ိဳးစီးပြားတစ္ခုတည္းကို ဦးစားေပးလြန္းတဲ့အတြက္ ေဝဖန္ျပစ္တင္မႈမ်ိဳးစုံရင္ဆိုင္ခဲ့ရၿပီး ေတာင္တ႐ုတ္ပင္လယ္ အတြင္းမွာလည္း ႏိုင္ငံငယ္ေတြကို အႏိုင္က်င့္ေနတယ္လို႔ စြပ္စြဲေဝဖန္ သံေတြ က်ယ္ေလာင္စြာထြက္ေပၚေနပါတယ္။ ရွီက်င့္ ဖ်င္ဟာ သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း ထိုင္ဝမ္ အေရးနဲ႔ ေတာင္တ႐ုတ္ပင္လယ္အေရး ပိုင္နက္ နယ္ေျမအျငင္းပြားမႈေတြကို ၎တို႔ေျပာဆိုထားတဲ့ ပုံစံမ်ိဳး အတိုင္းရရွိေအာင္ ဘယ္လိုလုပ္ေဆာင္မလဲဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။

Related news

© 2021. All rights reserved.