မြိတ်-မောတောင်-ဆင်ခွန် ကုန်သွယ်ရေးစခန်းကို ပတ်ကားဂိတ်ဖြစ်အောင်လုပ်နိုင်ရင် နစကရဲ့ စီးပွားရေး GDP တက်မယ်

 3219

ကျော်နု (NP News) - ဧပြီ ၁၉

မြန်မာနိုင်ငံ၏ GDP ကို နှစ်အနည်းငယ်အတွင်း ဆွဲတင်ပေးနိုင်မည့် ကုန်သွယ်ရေးလမ်းပိုင်းတစ်ခု ရှိသည်။ မြိတ်-မောတောင်-ဆင်ခွန် အမည်ရှိ ကုန်သွယ်ရေးစခန်းဖြစ်ပြီး လက်ရှိအချိန်အထိ ပတ်ကားဂိတ်ဖြစ်လာရန် စောင့်ဆိုင်းနေရဆဲဖြစ်သည်။ အဆိုပါ ကုန်သွယ်ရေးစခန်းပတ်ကားဂိတ်ဖြစ်ရေးအတွက် အားကြိုးမာန်တက်ကြိုးစားနေသော မြိတ်ဒေသလုပ် ငန်းရှင်များ၏ ကုန်သည်အသင်း အတွင်းရေးမှူး ဦးထွန်းထွန်းအား ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြပေးလိုက်ပါသည်။

မေး - မြိတ် - မောတောင်လမ်းဖွင့်ပေးဖို့ ပုံမှန်တရားဝင် လမ်းကြောင်းဖြစ်ဖို့ကို အဆက်ဆက်ကြိုးစားလာ တယ်လို့ ကြားတယ်။ အဲဒီတော့ ကြိုးစားခဲ့ရတဲ့ အစလေးနဲ့ လက်ရှိအခြေအနေပေါ့။အစိုးရဘယ် နှစ်ဆက်လောက် ကြိုးစားလဲ အကြမ်းဖျင်းလေး သိချင်ပါတယ်။
ဖြေ - ဒီ မောတောင်စဖွင့်တာလေးကို နည်းနည်းပေါ့နော်။ ဘာကြောင့်ဖွင့်ရလဲဆိုတာ၊ ဘယ်လိုစဖြစ်လဲဆိုတာ အဲဒီတော့ ၂၀၁၁ ခုနှစ်မှာ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးက မြိတ်ကို ရောက်လာတယ်။ မြိတ်ကိုရောက်လာပြီးတော့ အဲဒီတုန်းက အစ်ကိုတို့ ကုန်သည်အသင်းက မဖွဲ့ရသေးဘူး။ မြိတ်ခရိုင်ကုန်သည်စက်မှုအသင်းက ဖွဲ့စည်းမှုမရှိသေးဘူး။ သို့သော်လည်း စုစည်းမှုတော့ရှိနေတယ်။ အသင်းသာ မဖွဲ့တာ။ အဲဒီအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အဓိကတော့ ဦးလှသန်းပေါ့။ ဦးလှသန်းကို ဥက္ကဋ္ဌထားပြီးတော့ ကိုယ်ကအတွင်းရေးမှူးနေရာကနေ ပြီးတော့မှ ကုန်သည်အသင်းအဖွဲ့ ဖြစ်လာမယ့် အဖွဲ့ဝင်တွေနဲ့ ဟိုတယ်မှာ meeting လုပ်ကြတာပေါ့။ meeting လုပ်တဲ့အခါမှာ ထိုင်းသံအမတ်ကြီးက ဘာပြောလဲဆိုတော့ သူအဓိကလာတဲ့အကြောင်းက မြိတ်ဒေသက မြေခံရေခံကောင်းတယ်၊ စီးပွားရေး အကွက်အကွင်း တွေ တအားကောင်းတယ်။ ထိုင်းနိုင်ငံ၊ ပရာကျွတ်ခရိုင်နဲ့ဆိုရင် ကပ်နေတယ်။ အဲဒီတော့ ပရာကျွတ်နဲ့ မြိတ်နဲ့ ဆက်သွယ် နိုင်ဖို့အတွက် အဲဒီမှာနယ်စပ်ရှိနေတယ်။ အဲဒီနယ်စပ်ကလည်း လမ်းက ပေါက်နေပြီးသား။ အဲဒီမှာ သူတို့ဘက်ကဆို ဆင်ခွန်းနယ်စပ်ဂိတ်ပေါ့နော်။ ကိုယ်တို့ဘက်က တော့မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် မောတောင် နယ်စပ်ဂိတ်ပေါ့နော်။ ဆိုတော့ မောတောင်နယ်စပ်ဂိတ်မှာ မြိတ်ကနေတင်ပြပြီးတော့မှ နယ်စပ်ဂိတ် ဖွင့်နိုင်တယ်ဆိုရင် သူတို့ဘက်ကလည်း ဆင်ခွန်း နယ်စပ်ဂိတ်ကမှ ကုန်သွယ်မှုတွေ ဆောင်ရွက်ကြမယ်။ ဒါဆိုရင် နှစ်ဦး နှစ်ဖက်အကျိုးရှိမယ် ဒါကိုလုပ်ဖို့ လာပြောသွားတယ်။ ပြောတော့ကိုယ်တို့လည်း အစကတည်းက ဦးလှသန်းက ဒါတွေမြင်ထားပြီးသားလေ။ အဲဒီလို နယ်စပ်ဖွင့်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတတ်လာမယ့်ကိစ္စတွေ မြင်ထားပြီးသားဆိုတော့ အဲဒီမှာပဲ အစည်းအဝေးကျင်းပပြီးတော့ ကုန်သည်များ အသင်းဖွဲ့တာပေါ့။ မြိတ်မြို့ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်းကို ၂၀၁၂ ၊ မတ်လ ၁၅ ရက်နေ့ မှာ တနင်္သာရီဝန်ကြီးချုပ်ရဲ့ အတည်ပြုချက်နဲ့ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့အတည်ပြုချက်နဲ့ UMFCCI ရဲ့ ညီနောင်အသင်းအနေနဲ့ ဖွဲ့စည်းခဲ့တာပေါ့နော်။ ဒီအဖွဲ့စည်းနဲ့ကိုယ်တို့ က ထိုင်းနိုင်ငံဘက်ကို သွားရောက်ညှိနှိုင်း တယ်ပေါ့နော်။ သွားတဲ့အခါကျတော့ သူတို့ဘက်ကလည်း ဖွင့်ဖို့လုပ်ထားတယ်ဆိုတာ သိရတဲ့အခါကျတော့ ကိုယ်တို့က ပြန်လာပြီးတော့ ကုန်သည်များအသင်းကနေပြီးတော့ နယ်စပ်ဂိတ်ဖြစ်စေရေးအတွက် ဆောင်ရွက်ခဲ့တာပေါ့။ ဆောင်ရွက်တဲ့အခါမှာ ကိုယ်တို့ဆီကို တင်ပြလာတာကတော့ မောတောင် နယ်စပ်ဂိတ် ဘာကြောင့်ဖြစ်ချင်တာလဲ ဆိုတော့ကိုယ်တို့က အချက်တော်တော် များများတော့ရှိတယ်။ အဲဒီမှာ အဓိကျတဲ့ အချက်လေးပြောပြမယ်။ တနင်္သာရီတိုင်းက ရေထွက်လုပ်ငန်း အဓိကထားတဲ့တိုင်း တစ်တိုင်းဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ မြိတ်က ရေထွက်ကုန်တွေကို ရနောင်းကတစ်ဆင့် ထိုင်းနိုင်ငံကို တင်ပို့နေတယ်။ တင်ပို့တဲ့အခါမှာ ရနောင်းကနေဘယ်ကိုသွားလဲ ဆိုတော့ အဲဒီငါးတွေက မဟာချိုင်ကိုပြန်သွားတယ်။ ရနောင်းကိုဘယ်လိုသွားလဲဆိုတော့လှေနဲ့ သွားတယ် carrier boat
လို့ခေါ်တဲ့ငါးသယ်ရေယာဉ် အဲဒါကနိုင်ငံတော်က တရားဝင်ခွင့်ပြုချက်ပေးထားတဲ့ လိုင်စင်ရ ငါးသယ်ယာဉ်တွေနဲ့ ဖမ်းဆီးရမိတဲ့ ငါးတွေကို Check point မှာ FOB စနစ်နဲ့ စစ်ဆေးခံယူပြီးတော့မှ တရားဝင် ထိုင်းကိုသွားတဲ့အခါမှာ ၂၄ နာရီလောက်ကြာတယ်။ ပြီးရင် အဲဒီမှာ မဟာချိုင်ကို ပို့မယ်ဆိုရင် အအေးခန်းကားတွေ နဲ့ ၁၀ နာရီလောက် မောင်းရ တယ် ခန့်မှန်း။ ဆိုတော့ အားလုံးပေါင်းတွက်ကြည့်လိုက်ရင် ၂၄ နာရီ၊ ၁၀ နာရီ၊ ၃၄ နာရီ- နာရီ ၄၀ လောက် ကြာမယ်။ ကိုယ်တို့ဆီက လတ်လတ်ဆတ်ဆတ်ဖြစ်တဲ့ငါးက ရေခဲရိုက်ပြီးပို့လိုက်တဲ့ ငါးက နာရီ (၄၀)လောက်ကြာပြီးမှ End User လို့ ခေါ်တဲ့ မဟာချိုင်ကိုရောက်မယ်။ မဟာချိုင်မှာ Value Added လုပ်ပြီး တော့ ဥရောပတို့ ဘာတို့ကိုပို့တာကို။ ပို့တဲ့ အခါကျတော့ အဲဒါဆိုရင် မောတောင်က ဖြတ်လမ်းကြီးဖြစ်သွားတယ်။ ဒီကနေ မောတောင် ကိုဆို မိုင် (၁၂၀) ရှိတယ်။ အဲဒီ မိုင်(၁၂၀)က လမ်းသာကောင်းပြီဆိုရင် ဖောက်ထားတဲ့ လမ်းအတိုင်းဆိုရင် (၄)နာရီပဲကြာမယ်။ (၄)နာရီနဲ့ နယ်စပ်ရောက်သွားမယ် နယ်စပ်မှာ စစ်ဆေးခံပြီးရင် ပရာချွတ်ခီရိကန်မြို့ထဲ ရောက်သွားမယ်။ အဲဒီကနေပြီးတော့မှ မဟာချိုင်ကို (၃)နာရီ နဲ့ (၄)နာရီပဲ ကြာမယ်။ အဲဒီတော့ စစ်ဆေးချိန်တွေပါ အပါအဝင်ဆိုရင် အများဆုံး (၉) နာရီ လောက်နဲ့ ကိုယ်တို့ဆီကငါးတွေက မဟာချိုင်ကို ရောက်သွားမယ်လေ။ အဲဒီတော့ အောက်ဘက်ကနေ ပတ်တာ နာရီ ၄၀ ဒီကနေပတ်ရင် အများဆုံး ၁၀ နာရီပဲ ထားပါတော့။ လေးဆတစ်ဆ အချိန်က ကွာနေတယ်လေ။ အချိန်ကွာတာနဲ့အမျှ လတ်ဆတ်မှု အရည်အသွေး ကွာသွားမယ်။ အရည်အသွေးကောင်းတော့ ဈေးပိုရတယ်ဆိုတော့ ဒီဟာတွေ အားသာချက် တွေက အများကြီး ဖြစ်သွားတယ်လေ။ နောက်တစ်ခုက ဒီကနေဖြတ်သွားတဲ့ ခရီးက တိုသွားတဲ့အတွက် ကုန်ကျစရိတ် ပိုသက်သာသွားမယ်။ အခုလို ရနောင်း အထိသွားရမယ်။ နာရီ(၂၄)နာရီလောက် မောင်းရမယ်ပြီးတော့မှ အဲဒီကနေ (၁၀) နာရီလောက် ပြန်တက်လာရမယ်ဆိုတော့ ခရီးအကွာအဝေးမှာ ကုန်ကျစရိတ်တွေ ထိုင်းဘက်ကလည်း သက်သာ သွားသလို ကိုယ်တို့ဘက်ကလည်း သက်သာသွားတယ်။ အဓိကတော့ ကိုယ်တို့က ဖြတ်လမ်းကနေသွားတဲ့ သဘော ဖြစ်သွားတယ်။ အဲဒါက အဓိကအကြောင်း တစ်ခုဖြစ်တယ်။ ဒုတိယအကြောင်းတစ်ချက်က ဘာလဲဆိုတော့။ ငါးလတ်ဆတ်မှု အရည်အသွေးတွေ ကုန်ကျစရိတ်တွေသက်သာသွားပြီဆိုရင် ငါးနဲ့ပတ်သက်တဲ့ အကြောင်းတစ်ချက် အောင်မြင်သွားပြီပေါ့။ မြိတ်-မောတောင်က တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် အရှေ့ပင်လယ်နဲ့ အနောက် ပင်လယ်ကို ဆက်ထားတာဗျ။ ဘာလို့လဲဆိုတော့ ပရာချွတ်ခရိုင်က တောင်တရုတ်ပင်လယ်မှာ ရှိတယ်။ သူကနေပြီးတော့ တောင်တရုတ်ပင်လယ်က နေထွက်လာတာကို ကြည့်ပြီးတော့ ကိုယ်တို့ဆီကို ၃နာရီ၊ ၄နာရီလောက် မောင်းလာပြီးတော့ ညနေဆိုလို့ ရှိရင် အက်ဒမန်ပင်လယ်ကနေ နေဝင်တာကိုလာ ကြည့်လို့ရတာလေ။ ကုန်သွယ်မှုလမ်းကြောင်းမှာ နောက်ဆို အရေးပါလာမယ့်လမ်းကြောင်း တစ်ခုလည်းဖြစ်တယ်။ အရင်တုန်းကတည်းက မောရစ်ကောလစ် တို့ရေးထားတဲ့ စာမှာပါပါတယ်။ ထိုင်းနိုင်ငံက ကုန်သွယ်မှုလုပ်တဲ့အခါမှာ မြိတ်ကို အနောက်နိုင်ငံ ကနေတော့မှ ကုန်တင်သင်္ဘောတွေ မြိတ်ကိုလာတယ်။ အဲဒီမှာ နေရာတစ်ခုကနေ ထိုင်းနိုင်ငံ (အယုဒ္ဓယ) ကို ဆင်တွေနဲ့ သယ်တယ်။ အခုလည်း ဒီမှာလည်း ဒီလမ်းကြောင်းပဲ။ အခုလောလောဆယ်မှာ ဘာဖြစ်လဲဆိုတော့ ကိုယ်တို့အတွက် အဓိကကငါး၊ ဒုတိယက ခရီးသွားလုပ်ငန်း၊ ခရီးသွားလုပ်ငန်းက ကိုယ်တို့ဆီမှာ ကျွန်းပေါင်း (၈၀ဝ)ကျော်နဲ့ ဖွဲ့စည်းထားတယ်။ အထူးသဖြင့်တော့ ကော့သောင်းဘက်က ကျွန်းတွေကတော့ ညီလေးတွေ့တဲ့အတိုင်းပဲ ၁၁၅ကျွန်းတို့၊ ဦးတေဇကျွန်းတို့ ဘာတို့ညာတို့က နောက် ၄၊ ၅၊ ၆ ကျွန်းကတော့ Value Added တွေ တော်တော်ကြီးကြီးကျယ်ကျယ် ခမ်းခမ်း နားနား တော့ ဖြစ်လာပြီပေါ့နော်။ ကိုယ်တို့ မြိတ်မှာလည်း အဲဒီလိုလုပ်ဖို့လိုနေတဲ့ ကျွန်းတွေရှိနေတယ်။ မလုပ်ရသေးဘူး။ ထိုင်းမှာတောင် အဲဒီလောက် ကျွန်းတွေမရှိဘဲ ခရီးသွားလုပ်ငန်းတွေဖြစ်နေတာ ဖူးခက်တို့ဆိုရင်တောင် ကျွန်းလေး ၄၊ ၅၊ ၆ ကျွန်းနဲ့ ခရီးသွားလုပ်ငန်းဖြစ်နေတာလေ။ ဆိုတော့ ခရီးသွားလုပ်ငန်းကို ပြန်စဉ်းစားလိုက်တဲ့အခါကျတော့ ဘာမြင်သွားလဲဆိုတော့ ထိုင်းကို သွားလိုက်တဲ့အချိန်မှာ ဟွာဟင်း ဆိုတာသူတို့ရဲ့ ခရီးသွားမြို့ဖြစ်တယ်။ နိုင်ငံခြားသား တွေမှန်သမျှကလည်း ထိုင်းဘုရင် နန်းစိုက်တဲ့မြို့တွေကို တအားလည်ပတ်တယ်။ ပရာချွတ် ခရိုင်ကနေအပေါ်ကို ကားနဲ့တစ်နာရီ ကျော်လောက်တက်လိုက်ရင် ရောက်သွားပြီ။ အဲဒီတော့ ဟွာဟင်းက သူတို့ရဲ့ပြောကြားချက်အရ တစ်နှစ်ကိုခရီးသည် ၃ ဒသမ ၇ သန်း၊ လေးသန်းဝန်းကျင်လောက်လာတယ်။ အစည်းဝေးတွေလုပ်တဲ့အခါမှာ တရားဝင်ပြောတာ။ အဲဒီထဲမှာနှိုင်းယှဉ်လိုက်ရင်တော့ မြန်မာနိုင်ငံမှာဆိုရင် တစ်နှစ်ကိုလာတာ ၃ ဒသမ ၇ နဲ့ ၄သန်းဝန်းကျင်ကြားပဲ ရှိခဲ့တယ်။ ကိုဗစ်ဖြစ်ပြီးတော့ တအားကျသွားတာပေါ့။ အဲဒီတော့ သဘောကတော့ မြန်မာတစ်နိုင်ငံလုံးကို လာတဲ့ခရီးသည်အရေအတွက်က ဟွာဟင်း တစ်ခုတည်းကိုလာတဲ့ခရီးသည်အရေအတွက်နဲ့ သွားညီတာပေါ့။ ထိုင်းနိုင်ငံတစ်ခုလုံးနဲ့ယှဉ်ရင်တော့ ဆယ်ဆပေါ့။ ဆိုတော့ မီးခိုးမထွက်တဲ့စက်ရုံလို့ တင်စားရတဲ့ ခရီးသွားလုပ်ငန်းက အဲဒီတော့ဟွာဟင်းမှာ ခရီးသွားလုပ်ငန်းတွေရှိတယ် ကိုယ်တို့နဲ့တွေ့တုန်းကတော့ ၁၅ ခု လောက်ရှိတယ်။ ကိုယ့်တို့ဘက်မှာလည်း ခရီးသွားကုမ္ပဏီကစခါစပဲ ရှိသေးတယ်။ ကိုယ်တို့က အစည်းအဝေး သွားလုပ်ရင်းနဲ့ ခရီးသွားလုပ်ငန်းတွေ ကျွန်တော်တို့ဘက်ကို မောတောင်နယ်စပ်ဂိတ်ဖွင့်ပြီးလို့ရှိရင် ဆင်ခွန်းနယ်စပ်ဂိတ် လည်း ဖွင့်မယ်။ ပတ်ကားစခန်းတွေ ဖွင့်ပြီးလို့ရှိရင် ခင်ဗျားတို့ဆီက ခရီးသွားတွေကို Package Tour နဲ့ ပို့ပေးလို့မရဘူး လားဆိုပြီး ချိတ်လိုက်တဲ့အခါကျတော့ရတယ်။ နှစ်နိုင်ငံဆက်သွယ်မှုအရ ကိုယ်တို့ ပရာချွတ်နဲ့ မြိတ် မြို့တော်က ညီမမြို့တော်အဖြစ် သတ်မှတ်ထားတာလေ။ ဆိုတော့ ကုန်သည်များအချင်းချင်းလည်း MOU တွေထိုးထားကြတယ်။ ဆိုတော့ ဟွာဟင်းက ခရီးသွားလုပ်ငန်းတွေနဲ့ မြိတ်က ခရီးသွားလုပ်ငန်းရှင်များ အသင်းကနေပြီးတော့မှ MOU တွေ ထိုးထားတဲ့ အဆင့်တွေ ရောက်ထားတယ်။ ဒါလွန်ခဲ့တဲ့(၈)နှစ် လောက်ကတည်းက။ ဖွင့်ပြီးတော့မှ ပေါ့နော်။ ဒါလေးတွေ ကြိုမြင်ပြီးတော့မှ ခရီးစဉ်အခြေအနေကို ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမယ် ဆိုပြီးတော့ နိုင်ငံတော်အတွက်လည်း ဂျီဒီပီတွေ တတ်လာမယ်။ ဒေသအတွက်လည်း ကောင်းမယ်။ ခရီးသည် (၃)သိန်းခွဲနဲ့ (၄)သိန်းကြားကို ရောက်အောင် ပို့ပေးမယ်ဆိုတဲ့ ဟာကိုလည်း သူတို့ကတိခံ ထားတာရှိတယ်။ ခရိုင်ဝန်ကိုယ်တိုင် ဦးဆောင် ပြီးတော့ ပို့မယ်ဆိုတဲ့ ဟာလည်း ပါတယ်။ အဲဒီတုန်းက သူတို့ ဖြစ်စတုန်းကဆိုရင် ကိုယ်တို့ဆီက စက်ဘီးစီးအဖွဲ့ စက်ဘီးသွားစီးသလို ထိုင်းဘက်က မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ Tour တွေ မော်တော်ယာဉ်တွေနဲ့ မောင်းပြီးတော့ ဒီကိုဝင်လာတာ ရှိတယ်။ အဲဒီလိုမျိုးတွေဖြစ်ခဲ့တယ်။ မောတောင် လမ်းကနေ ဝင်လာတာ။ အဲဒါမျိုးတွေ ဖြစ်လာနိုင်ဖို့အတွက် ကိုယ်တို့က ကြိုတင် ပြီးတော့ ‌တွက်ဆထားတဲ့အတွက်ကြောင့် အဲဒီအစည်းအဝေးမှာလည်း မော တောင်လမ်းဖွင့်လှစ်နိုင်ဖို့အတွက် ၂၀၁၁ နှစ်ဦးပိုင်းမှာ မြိတ်ကိုလာတဲ့ အဲဒီတုန်းက ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးရဲ့ခရီးစဉ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ကိုယ်တို့မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလှသန်း ကနေပြီးတော့မှ မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်းဖွင့်လှစ်နိုင်ရေးအတွက် တင်ပြခဲ့ပါတယ်။ စီးပွားကူးသန်း ဝန်ကြီးဌာနကလည်း နိုင်ငံတော်သမ္မတရုံးကို ကိုယ်တို့ဆီကတင်ပြခဲ့တဲ့ မောတောင်နယ်စပ် ကုန်သွယ်ရေး စခန်း ဖွင့်လှစ်နိုင်ရေးတင်ပြခဲ့တဲ့ စာတမ်းကို ထပ်ဆင့်တင်ပြခဲ့တယ်လို့ သိရှိရပါတယ်။ ၂၀၁၂ ခုနှစ် ဧပြီလမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနဲ့ နယ်စပ်ကုန်သွယ်ရေးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် မြိတ်ခရိုင်ကုန်သည်များနှင့်စက် မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလှသန်းနဲ့ အတွင်းရေးမှူးအပါအဝင် EC အဖွဲ့ဝင် တွေအားလုံးကိုခေါ်ယူ ပြီးတော့ သမ္မတရုံးက မောတောင်နယ်စပ် ကုန်သွယ်ရေးစခန်းဖွင့်လှစ်ရန် ခွင့်ပြုချက်ရရှိထားပြီးဖြစ်၍ ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်ပါရန် ညွှန်ကြားခဲ့ပါတယ်။ ဒါနဲ့အစည်းအဝေးတွေ ဆက်တိုက်ဆက်တိုက်လုပ်ပြီးတော့ နယ်စပ်ကုန်သွယ်ရေးစခန်းတည်ဆောက်ဖို့အတွက် မြေနေရာရွေးခြင်း၊ အဆောက်အအုံများနှင့် အစည်းအဝေးခန်းမ အပါအဝင် လိုအပ်ချက်အားလုံးကို အစ်ကိုတို့ ကုန်သည်များအသင်းက အစအဆုံးတာဝန်ယူပြီးတော့ ဆောင်ရွက် ခဲ့ပါတယ်။ ဒါတွေအားလုံးကို တစ်နှစ်အတွင်း ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် မေလ ၈ ရက်နေ့ မှာ မြန်မာထိုင်း နှစ်နိုင်ငံကုန်သွယ်မှုအခမ်းအနား စတင်ခြင်းဆိုပြီးတော့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုတို့က အခမ်း အနားတက်ပြီးတော့ဖွင့်လှစ်စတင်ခဲ့တာပေါ့။ မောတောင်နယ်စပ် ဂိတ်ဖွင့်လှစ် တဲ့ရက်က၂၀၁၃ မေလ ၈ ရက်ဆိုတော့ တစ်နှစ်ပေါ့။ ကြိုးစားချက်ကတစ်နှစ်အတွင်းအဖြေပေါ်တာပေါ့။ ဒီလိုဖြစ်စေဖို့ အတွက် အဓိက ကူညီပေးတဲ့အဖွဲ့အစည်းကတော့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းမြင့်နဲ့ ဝန်ကြီးဌာနပေါ့ ပြီးရင် အဲဒီတုန်းကတနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနဲ့တိုင်းအစိုးရအဖွဲ့ဝင်များပေါ့နော်။ ဖွင့်လှစ်ပြီးတဲ့အခါကျတော့ ဘာဖြစ်ပြန်လဲဆိုတော့ လမ်းဖြစ်ပြန်ရော။ အဲဒီတော့ ထိုင်းက ဘာပြောလဲဆိုတော့ နယ်စပ် ဂိတ် ဖွင့်ပြီးတော့ လမ်းမကောင်းရင် မရဘူးဆိုတော့။ အဲဒီတုန်းကလည်း လမ်းက ကောင်းကောင်းမွန်မွန်မရှိခဲ့ဘူး။ မြေလမ်းတွေပဲ ရှိခဲ့တယ်။ နောက်မောတောင် တောင်ပေါ်တက်တဲ့ လမ်းဆိုရင်ကားတစ်စီးသွားရုံပဲရှိတယ်။ ကားနှစ်စီး တွေ့ရင် တစ်စီးကနောက်ပြန်ဆုတ် တောင်စောင်းမှာ အန္တရာယ်တွေပဲ။ ဒီဟာတွေဖြစ်နေတယ်။ အဲဒါကို ကုန်သည်များ အသင်းကပဲ တာဝန်ယူပြီးတော့ ဦးလှသန်းဦးဆောင်ပြီးတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ BOT ရရှိရေးအတွက် ဆောင်ရွက်ခဲ့တယ်။ ဒါလည်းတော်တော်လေး ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့ရတယ်။ ဆောင်ရွက်တဲ့အခါမှာ BOT ကရတော့ အသင်းအနေနဲ့ ယူလို့မရဘူး။ ကုမ္ပဏီအနေနဲ့ပဲ BOT ကယူရမယ်။ မြိတ်ကုန်သည်များ အသင်းအောက်မှာ အများပိုင်အဖွဲ့ ဖွဲ့စည်းပေးပါလို့ ညွှန်ကြားတဲ့အတွက်ကြောင့် အဲဒီတော့ကုန်သည် အသင်းက EC အားလုံးကနေပြီးတော့ မှ မြိတ်အများပိုင်ကော်ပိုရေးရှင်းလိမိတက် အဖွဲ့ဆိုပြီးတော့ ဖွဲ့စည်းတယ်။ အဲဒီအဖွဲ့ကနေပြီးတော့မှ BOT ကို ကုမ္ပဏီအနေနဲ့ရယူပြီးတော့မှ အဲဒါကိုမြေသားလမ်း ကနေပြီးတော့ အခုကတ္တရာလမ်းကို အဆင့်မြင့် ကတ္တရာလမ်း ဖြစ်တဲ့အထိ တည်ဆောက်ခဲ့ရတာပေါ့နော်။ ၂၀၁၂/ ၁၃ ကစပြီးတော့ ၂၀၁၂/၂၀၁၃/ ၂၀၁၄ ပေါ့။ တည်ဆောက်ခဲ့တဲ့ အတွက်ကြောင့် အခုဆိုရင် ကိုယ်တို့မြိတ်ကနေပြီးတော့ မောတောင်နယ်စပ်ဂိတ်အထိကို ကားငယ်နဲ့ဆိုရင် ၃နာရီ နဲ့ ၃နာရီခွဲအတွင်း ကားအကြီးဆိုရင် ၄ နာရီနဲ့ရောက်နေပြီ။ အခုဆယ့်နှစ်ဘီးကားတွေနဲ့လဲ ကုန်တွေပို့နေကြပြီ။ အခုဆိုရင် မြဝတီနယ်စပ်ဂိတ်က ပိတ်ထားတဲ့ အနေအထားရှိလို့ အဲဒီကနေဖြတ်ပို့နေတဲ့ ကြက်သွန်နီကအစ မောတောင်နယ်စပ် ဂိတ်ကနေ ထွက်နေကြတယ်။ နိုင်ငံခြားပို့ကုန်အနေနဲ့ မြိတ်ကလည်း ငါးသားလွှာတို့ ၊ ငါးမုန့်တို့ ဒီကနေ ၁၂ ဘီးကား တွေနဲ့ အအေးခန်းကားတွေနဲ့တောင်မှ ပို့နေကြတယ်။ အဲဒီလိုတော့သွားနေပြီ။ ဒါပေမဲ့ တစ်ခုဖြစ်တာက ကိုယ်တို့ဆီက ၂၀၁၃ ခုနှစ်မှာ ဖွင့်လိုက်ပေမယ့် သူတို့ကမြေမတိုင်းရသေးဘူးဆိုတော့ အဲဒီမတိုင်းခင် မဖွင့်ခင်ကို မြေတိုင်းရသေးတယ်။ ထိုင်းဘက်က ဘာပြောလဲဆိုတော့ မြေတိုင်းပြီးတော့မှ နယ်နမိတ် သတ်မှတ်ပြီးတော့မှ ဖွင့်ရတယ်။ မြေတိုင်းဖို့ တောင်းဆိုတဲ့အတွက်ကြောင့် ကိုယ်တို့ ကုန်သည်များအသင်းက ဦးဆောင်ပြီးတော့မှ မြေတိုင်းဖို့ ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးဆောင်တဲ့ အယောက် ၃၀ နဲ့ သုံးလတိတိမြေတိုင်းရတယ်။ ၂၀၁၂- ၂၀၁၃ ကြားကာလမှာ မြေတိုင်းပြီးတော့မှ ယာယီနယ်နိမိတ် သတ်မှတ်တာ။ ယာယီနယ်နိမတ် သတ်မှတ်ပြီးတော့မှ ကိုယ်တို့ဘက်ကဖွင့်လိုက်တာ။ သူတို့ကလည်း ယာယီနယ်နိမိတ် သတ်မှတ်ပြီးတဲ့ အခါကျတော့ ကိုယ်တို့ဖွင့်ပြီးတဲ့အချိန်မှာ သူတို့ကနောက်တစ်နှစ်လောက် ကြာတဲ့ အခါမှာ သူတို့က ဘာဖွင့်လိုက်လဲဆိုတော့ ဆင်ခွန်းနယ်စပ်ဂိတ်ဆိုပြီးတော့ ဖွင့်လိုက်တယ်။ ဒါပေမဲ့ ကိုယ်တို့ဘက်ကသာ ပတ်စ်ပို့ ထုလို့ရတယ်။ ပက်ကားနယ်စပ်ဂိတ်ဖွင့်လိုက်တာ။ သူတို့ဘက်က ယာယီနယ်စပ်ဂိတ်ပဲဖြစ်တဲ့အတွက်ကြောင့်မို့ တတိယနိုင်ငံသွားလို့မရဘူး။ ခရီးသွားလုပ်ငန်းမရဘူး။ ကုန်သွယ်မှုလုပ်ငန်းပဲ ရတယ်။ အဲဒီတော့ ခရီးသွားလုပ်ငန်းရဖို့ အတွက် ကိုယ်တို့က ထိုင်းကို သွားပြီးတဲ့အခါ အကြိမ်ကြိမ် တင်ပြတဲ့အခါကျတော့ ထိုင်းကကိုယ်တို့တင်ပြတဲ့ ခရိုင်ဝန်တို့ ၊ ထိုင်း မြန်မာချစ်ကြည်ရေးအသင်းကနေမှ သူတို့သက်ဆိုင်ရာ ဝန်ကြီးချုပ်တို့ ဝန်ကြီးဌာနတို့ကို တင်ပြတဲ့အခါမှာ GMC မှာ နယ်နိမိတ်လက်မှတ်ရေးထိုးမှု မရှိသေးတဲ့အတွက်ကြောင့် သူတို့ဘက်ကတော့ ပက်ကားမဖွင့်နိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်တော့ရတာပေါ့ဗျာ။ ဒါကတော့ ထိုင်းဘက်က ပြောတာပါ။ ထိုင်း က သံအမတ်ပြောတဲ့အတိုင်း ကျွန်တော်တို့ဘက် ကတော့ ပက်ကားနယ်စပ်ဂိတ် ဖွင့်ပြီးပြီ။ ပတ်ကား နယ်စပ်ဂိတ်ဖြစ်တော့ သူတို့ဘက်က ကိုယ်တို့ဆီ လာတဲ့အခါ ၁၄ ည အိပ်ပေးလို့ရတယ် ကိုယ်တို့က။ ဒါပေမဲ့ သူတို့ဘက် သွားရင် ၂ ညအိပ် ၃ ရက်ပဲရတယ်။ ယာယီ နယ်စပ်ဂိတ်ဖြစ်လို့လေ။ နောက်သူတို့ ဘက်သွားရင် ပက်စ်ပို့ထုလို့မရဘူး။ Border Pass နဲ့ပဲရတယ်။ ကုန်သွယ်မှုက အစကနည်းနည်း အခက် အခဲရှိတာပေါ့နော်။ ခရီးသွားလုပ်ငန်းဆိုလည်း တတိယနိုင်ငံသားတွေ တအားလာချင်တယ် ဒီဘက် ကို။ ဟွာဟင်း ရောက်ပြီဆိုရင် မြိတ်ကိုလာလို့ရမလား ဆိုတာတွေ မေးတာတွေရှိလာတယ်‌လို့ ပြောတာတွေ သိရတယ်။ ဒါပေမဲ့ သူတို့ဘက်က ဆင်ခွန်းနယ်စပ် ဂိတ်က ပက်ကားမဖွင့်တော့ ကိုယ်တို့ထပ်ပြောတော့ ပရာကျွတ်ခရိုင်၊ ခရိုင်ဝန်က ထပ်ပြီးတော့ အကြိမ် ကြိမ်တင်ပြတဲ့အခါ နောက်ဆုံးတော့ အထူးနယ်စပ် ဂိတ်ဆိုပြီးတော့ အခွင့်အရေး တစ်ခုတော့ ပေးလိုက်တယ်။ အထူးနယ်စပ်ဂိတ်ဆိုတော့ ကုန်သွယ်မှု ကောင်းကောင်းလုပ်လို့ရသွားပြီ။ ကုန်သွယ်မှုကတော့ ပုံမှန်လုပ်လို့ရသွားတယ်။ သို့သော်လည်း ခရီးသွား လုပ်ငန်းက မရဘူးပေါ့နော်။ ကိုယ်တို့လိုချင်တာက ပက်ကားနယ်စပ်ဂိတ်။ ကိုယ်တို့ဘက်က ပက်ကား နယ်စပ်ဂိတ် အမြဲတမ်းနယ်စပ်ဂိတ် ဖွင့်ထားသလို သူတို့ဘက်က အမြဲတမ်းနယ်စပ်ဂိတ်ဖွင့်တာ လိုချင် တယ်။ အဲဒီအတွက်လည်း အကြိမ်ကြိမ်ပြောတာ ပေါ့နော်။ သို့သော်လည်း သူတို့ရဲ့ မူဝါဒအရ နယ်နိမိတ် သတ်မှတ်ချက်ကို အတည်မပြုသေးပါဘူး ဆိုတာမျိုးနဲ့ ပြောတဲ့အတွက်ကြောင့်မို့ အဲဒီလိုပဲ နေရတာပေါ့လေ။ ကိုယ်တို့ကလည်းတင်ပြတယ်။ သူတို့ဘက်က လည်းတင်ပြပေးတယ်။ သို့သော်လည်း လိုလားတာကလည်း နှစ်ဖက်လုံးက ပြင်းပြင်းထန်ထန် လိုလားတယ်။ ဒါပေမဲ့ ကန့်သတ်ချက်ကြောင့် သူတို့ဆီက အခုထိ မဖွင့်သေးဘူး။ ဒါပေမဲ့ ဒီနေ့ဒီအချိန်မှာ သူတို့သည် ပက်ကားနယ်စပ် ဂိတ်စခန်းမှာ ရှိရမယ့် ကုန်စစ်စင်တို့ ကုန်ချစင်တို့ စုပေါင်းစခန်းရုံးတို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေပေါ့ ဥပမာ နယ်စပ် ကုန်သွယ်ရေးစခန်းဆိုရင် ကုန်သွယ်ရေးပါရမယ်။ Custom ပါရမယ်။ ရဲပါရမယ်။ ဘဏ်ပါရမယ်။ စသည်ဖြင့်ပေါ့။ လဝက ပါရမယ်။အဖွဲ့ (၆)ဖွဲ့ရှိတယ်။ one stop service မှာ။ အဲဒါအပြင် ခုနငါးတွေနဲ့ ပတ်သက်ရင် ငါးလုပ်ငန်း ဦးစီးဌာနပါရမယ်။ FDA တွေပါရမယ်။ ဒါတွေကနယ်စပ်ကုန်သွယ်ရေးစခန်းမှာရှိရမယ့်ဟာတွေ။ အဲဒီအတွက် သူတို့မှာဝန်ထမ်း အိမ်ရာတွေ အဆောက်အအုံတွေ ဆောက်ထားတယ်လို့ သိရတဲ့အပြင် ခုနပြောတဲ့ စုပေါင်းရုံးကြီးတွေလည်း ဆောက်ထားပြီးပြီ။ ကွန်ကရစ်တွေအပြည့်ခင်းထားတဲ့ ကုန်ချကွင်းတွေလည်း လုပ်ထားပြီးပြီ။ ကိုဗစ်မဖြစ်ခင် ဆယ်စုနှစ် ၂၀၁၆၊ ၂၀၁၇ လောက် ထဲက သူတို့လုပ်ထားပြီးဖြစ်တယ်။ သူတို့ပြင်ထားပြီးသား။ ဒါပေမဲ့ အထက်မိန့်မရတော့ မဖွင့်ဘူးပေါ့လေ။ အဲဒီလိုဖြစ်တော့ ဘာဖြစ်လဲ၊ ဘာနစ်နာလဲဆိုတော့ ဥပမာဆိုပါစို့ ကိုယ်တို့ဆီက ငါးပို့ပြီဆိုပါဆို့ ပို့တော့ ကိုယ်တို့ဘက်က ချိပ်ပိတ်ပေးလိုက်တယ်။ ရေခဲရိုက် ပို့လိုက်တယ်။ တစ်ချို့ကွန်တိန်နာ ကားတွေနဲ့ အ‌အေးခန်းကားတွေနဲ့ပို့တယ်။ အအေးခန်းကားနဲ့ပို့တာမထောင်းသာဘူး။ ကိုယ်တို့ဘက်က ချိတ်ပိတ် ပေးလိုက်တဲ့အခါမှာ ကျွန်တော်တို့ဘက်ကမြန်တယ်။ သူတို့ဘက်ရောက်တဲ့အခါကျတော့ သူတို့မှာ ပက်ကားနယ်စပ် စခန်းမဟုတ်တဲ့ အခါကျတော့ လဝကရယ်၊ Custom ရယ်၊ နယ်စပ်ကုန်သွယ်ရေး ရယ်ပဲရှိတယ်။ FDA တို့၊ ငါးလုပ်ငန်းတို့ မရှိဘူး။ မရှိတော့ သူတို့အဲဒီဟာတွေ အားလုံးကိုခေါ်ရတယ်။ ခေါ်တဲ့အခါကျတော့ FDA ကဘယ်ကခေါ်ရလဲဆိုတော့ ရနောင်းကခေါ်ရတယ်လို့ ပြောတယ်။ ရနောင်း ကနေ (၈)နာရီလောက် ကားမောင်းပြီး တက်လာရတာလေ အဲဒီလို လာစစ်ဆေးရတာရှိတယ်။ One Stop Service ဆိုတာ ချက်ချင်းရှင်းပေးရမှာလေ။ အဲဒီလိုမရှင်းနိုင်ဘူးပေါ့။ ဟိုစောင့်ဒီစောင့်နဲ့အချိန်တွေ ကြန့်ကြာတာပေါ့နော်။ အဲဒီလိုမျိုးတော့ ဖြစ်တာပေါ့။ ပက်ကားနယ်စပ်စခန်း မဟုတ်တဲ့အတွက်ကြောင့် သူတို့ဆီမှာလည်း အဖွဲ့စုံမရှိဘူး။ အဖွဲ့စုံမရှိတော့ သူတို့လုပ်ပေးနိုင်တဲ့ အနေအထား မရှိဘူးပေါ့။ စောင့်ပြီးလုပ်ရတာပေါ့။ ဒါလေးတော့ကွာတာပေါ့နော်။ နောက်ပြီးတော့ ကုန်သွယ်မှုမှာလည်း တစ်ချို့ ကန့်သတ်ချက်တွေက ရှိသေးတယ်။ ပက်ကားနယ်စပ် မဟုတ်ဘူးဆိုရင်။ ကျွန်တော်တို့ကတော့ ကုန်သွယ်မှု တော့လုပ်နေတယ်။ သို့သော် အပြည့်အဝမလာသေးဘူး။ နောက်တစ်ချက်က ခရီးသွားလုပ်ငန်းနဲ့ပတ်သက်လို့ ဇီးရိုးပဲ တစ်ယောက်မှမရသေးဘူး။ ထိုင်းနိုင်ငံသား တွေလာလည်လို့ပဲရတယ်လေ။ တတိယနိုင်ငံသားတွေ ပတ်စ်ပို့နဲ့ လာလို့မရသေးဘူး။ ကျွန်တော်တို့ အဓိက လိုချင်တာက ဆင်ခွန်းနယ်စပ်ဂိတ်သည် ပတ်ကား နယ်စပ် အမြဲတမ်း နယ်စပ်ဂိတ်ဖြစ်ရေး အတွက် ထိုင်း ဘက်ကိုအစည်းအဝေးသွားတိုင်းလည်း တင်ပြခဲ့တယ်။ ထိုင်းဘက်ကနေ ဒီမှာအစည်းအဝေး လာလုပ်တိုင်းလည်း ကျွန်တော်တို့တင်ပြတယ်။ တိုင်းဒေသကြီးဝန်ကြီးချုပ်ကနေတစ်ဆင့် နိုင်ငံတော် အကြီးအကဲတွေသိအောင်လည်း အကြိမ်ကြိမ်တင်ပြထားတာ တွေရှိတယ်။ ဒီနေ့အထိတော့မဖွင့်သေးဘူး။ အဲဒီလိုမဖွင့်တဲ့အခါကျတော့ ဘာတွေနစ်နာလဲဆိုတော့ ခုနပြောတဲ့ ခရီးသွားလုပ်ငန်းက ရမယ့်ငွေတွေ မရတော့ဘူး။ ခရီးသွားလုပ်ငန်းတစ်ခုဝင်လာပြီ သူတို့ပြောတဲ့အတိုင်း လူဦးရေ(၃)သိန်းလောက်သာ ဝင်လာမယ်ဆိုရင် ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ ဂျီဒီပီကလည်း အများကြီးတက်သွားမှာ။ ပြီးရင် ဒေသလည်းဖွံ့ဖြိုးတိုးတက်သွားမှာ။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း တအားရသွားမှာ။ Souvenir Shop တို့၊ ကယ်ရီတို့၊ စက်ဘီးငှားတာတို့၊ ဆိုင်ကယ်စီးတာတို့၊ နောက်တစ်ခါ ကျွန်းတွေမှာ resort တို့ ဒီဟာတွေအားလုံးအတွက်ကို ကျွန်တော်တို့က နိုင်ငံတော်အတွက်လည်း ဖွံ့ဖြိုးတိုးတက်အောင် ဂျီဒီပီတွေတက်အောင် လုပ်နိုင်တဲ့ တိုင်းတစ်တိုင်း ဖြစ်ပြီးတော့ အနေအထားလည်းရှိနေလျက်နဲ့ အဲဒီနယ်စပ်ဂိတ်ဟိုဘက်ကမဖွင့်လိုက်တာနဲ့ အဲဒီအခွင့်အရေးတွေဆုံးရှုံးနေတယ်။

မေး - သူတို့ကြန့်ကြာနေရခြင်း အကြောင်းပြချက်က နယ်နိမိတ်တိုင်းတာမပြီးတာရယ်၊ အစိုးရ အတည်မပြုတာရယ် ဒါပဲလား။
ဖြေ - နယ်နိမိတ်တိုင်းတာက ယာယီပြီးသွားပြီ။

မေး - တခြားမြုပ်နေတဲ့ဇာတ်လမ်းရှိနိုင်လား။ ဆိုလိုတာက အဲဒီလမ်းကြောင်းပေါ်ထွက်သွားရင် ရနောင်းတို့ဘာတို့က မြန်မာပြည်ရဲ့ကုန်စည်တွေက ပိတ်သွားမယ်။ အဲဒီတို့ သူတို့စီးပွားရေးလုပ်ငန်းရှင်တွေ ထိခိုက်နိုင်လို့လား။
ဖြေ - အဲဒါလည်းဖြစ်နိုင်တယ်။ ကျွန်တော်တို့လည်း တွက်တယ် အဲဒါကြောင့်များဖြစ်နေလားပေါ့။ နယ်နိမိတ်အကြောင်းပြပြီးတော့ နယ်နိမိတ်က လက်မှတ်ထိုးပြီးလို့ရှိရင် သူတို့ပြောတဲ့ပုံစံကတော့ သူတို့ဘက်က လက်မှတ်ထိုးဖို့အသင့်ပဲ မြန်မာဘက်က အသင့်မရှိဘူးဆိုတဲ့ပုံစံမျိုးပဲ ဖြစ်တာပေါ့။ ပရာကျွတ်ခရိုင်ဝန်နဲ့ ကိုဗစ်ကာလမဖြစ်ခင်အထိ ၁၈၊ ၁၉ အထိ တွေ့နေတယ်။ ကိုယ်တို့က အစည်းအဝေး သွားပြီဆိုရင် ဒါပဲတင်ပြတာပဲ။ သူတို့ဘက်ကလည်း သူတို့တင်ပြတာကို ထုတ်ပြတယ်။ သူတို့ ပြည်ထဲရေး ဝန်ကြီးတွေ၊ ကုန်သွယ်ရေးဝန်ကြီးချုပ်ဆီ တင်ပြထားတယ်။ သူတို့ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားတာကတော့ နယ်နိမိတ်အတည်ဖြစ်သွားလို့ရှိရင်တော့ ဖွင့် ပေးမယ်။ နှစ်ဖက်လက်မှတ်မထိုးသေးတဲ့အတွက်ကြောင့် အဲဒီလိုပဲဖြစ်နေတယ်ဆိုပြီးတော့ သူတို့ကတော့ပြောတာပဲ။

မေး - နစကအစိုးရလက်ထက်မှာကော မြိတ်- မော တောင်လမ်းကို ပက်ကားကုန်သွယ်ရေးနယ်စပ်ဂိတ်ကြီးဖြစ်ဖို့ ဆွေးနွေးတာတွေရှိလား။
ဖြေ - မရှိသေးဘူး။ မရှိသေးဘူးဆိုတာက ကိုဗစ်ကြောင့် သူတို့နယ်စပ်ပိတ်ထားလိုက်ရတယ်လေ။ ကိုဗစ်ပိတ်ပြီးတဲ့အချိန်မှာ သူတို့ဆီမှာ ကိုဗစ်က တွေ့သလိုဖြစ်လိုက် မတွေ့သလိုဖြစ်လိုက် နဲ့ဖြစ်ပြီးတော့ နယ်စပ်ကပိတ်ထားရာကနေပြီးတော့ နစကအစိုးရတက်လာတဲ့အချိန်မှာ ဒီတိုင်းပဲ ထားလိုက်တယ်ပေါ့။ ဗိုလ်နေမြဲ ကျားနေမြဲပဲထား လိုက်တယ်။ လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ ကုန်သွယ်မှုကတော့ လုပ်လို့ရတယ်လေ။ သူတို့ဆီက ကုန်ပစ္စည်း တွေ ကျွန်တော်တို့ဘက်ကို သယ်လို့ရတယ်။ ဥပမာဆိုပါစို့ ရနောင်းဘက်ကနေလှည့်သယ်တဲ့ စားသောက်ကုန်တို့၊ ကုန်မာပစ္စည်းတွေ၊ လူသုံးကုန် ပစ္စည်းတွေ မောတောင်လမ်းက သယ်နေတယ်လေ။ ပြီးရင် ကျွန်တော်တို့ဆီက ငါးတွေကလည်း ရနောင်း ကိုသွားတဲ့ဟာလည်းသွားတာပေါ့။ ဒီကဖြတ်ပြီးပို့တဲ့ ဟာလည်း ပို့နေတာပေါ့။ အဲဒီလို တော့ရှိတာပေါ့။

မေး - နောက်တစ်ခုသိချင်တာက အဲဒီမြိတ်- မော တောင်လမ်းကို ပတ်ကားကုန်သွယ်ရေးစခန်း အပြန်အလှန်ဖြစ်ခဲ့ရင် မြိတ်က ဘယ်လောက်အထိ ဂျီဒီပီတက်သွားမလဲ။
ဖြေ - အဲဒါကတော့ စီးပွားရေးပညာရှင်တွေ တွက်မှရမှာ။ လောလောဆယ်အနေအထားကတော့ ဇီးရိုးပြနေရာကနေပြီးတော့ အနည်းဆုံးခရီးသွယ် နှစ်သောင်း၊ သုံးသောင်းပဲဝင်လာဦး တတိယနိုင်ငံသား။ အဲဒီဝင်လာတဲ့ နှုန်းထားတွေရှိမယ်။ သွားရမယ့်ဟာတွေ၊ စားမယ့်သောက်မယ်ဟာတွေ ဥပမာ- စားသောက်ဆိုင်ပဲဆိုပါစို့ စားသောက်ဆိုင်တစ်ဆိုင်က တစ်နှစ်ကိုအခွန်သိန်း(၃၀)ပဲသွင်းတယ်ဆို သိန်း(၅၀)တွေ၊ သိန်း(၆၀)တွေ သွင်းရတော့မယ်လေ။ ပြီးရင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရမ်းအကျိုးရှိသွားမယ်။ ဟိုတယ်တွေဖွင့်လာမယ်။ ဟိုတယ်တွေမှာ လူတွေမရှိဘူး လူတွေပြည့်လာမယ်။ ဟိုတယ် လူပြည့်လာရင် ဟိုတယ်တွေပေးရတဲ့အခွန် ပိုတက်လာမယ် မဟုတ်ဘူးလား။ ဂိတ်တွေလည်း လုပ်ထားတယ်။ ရှိတယ်။ တစ်နေ့တစ်နေ့ကို ကုန်ကား မနည်းဘူးသွားနေတယ်။ ကျွန်တော်တို့သိထားတာက ဒီက ငါးတွေ ပုစွန်တွေကို ပို့တယ်။ ပို့ပြီး ပြန်လာလို့ ရှိရင် ဒီမှာငါးသေတ္တာစက်ရုံ ရှိတယ်လေ။ ငါးသေတ္တာ စက်ရုံထဲကို စည်သွပ်ဘူးအခွံတွေ စက်ရုံအတွက် ကုန်ကြမ်းပစ္စည်းတွေကို အကုန်လုံးသယ်လာတယ်။ အသွားအပြန်ပေါ့။ ဒေသအတွက်လိုအပ်တဲ့ စားသုံး ကုန်လူသုံးကုန်တွေပေါ့။ သဘောကတော့ ဒီလမ်းကြီးက ဒီလမ်းအတိုင်း ထားပြီး တစ်နေ့မှ ကုန်ကား(၃)(၄)စီးပဲ ပျင်းလောက်အောင် ဖြတ်သွားနေတာလားဆိုမဟုတ်ပါဘူး။ အများကြီးပဲသွားနေတယ်။

မေး - မြန်မာဘက်က အစိုးရကိုတွန်းအားပေးပြီးတော့ လုပ်မယ်ဆိုရင်ကော။
ဖြေ - ဖြစ်နိုင်တာပေါ့။ အဓိကက နှစ်နိုင်ငံအကြီး အကဲတွေပဲလေ။ နှစ်နိုင်ငံအကြီးအကဲတွေက ဒီနယ်စပ်ဂိတ်လေးဖွင့်တာ မူဝါဒအရတော့မှန်ပါတယ်။ ကောင်းပြီ ဒါဆိုရင်ယာယီနယ်နိမိတ်သတ်မှတ်ထားတာကို အတည်ပြုတာမပြုတာ ခဏထားဦး ယာယီ နယ်နိမိတ် အတိုင်းပဲထားလိုက်ဦး။ ကုန်သွယ်မှုအတွက် ပဲဖွင့်ပေးမယ်ဆိုရင်လည်း ရနေတာပဲလေ။ အခုလည်းကုန်သွယ်မှုတော့ ရနေတာပဲလေ။ အဓိကက တတိယနိုင်ငံသားနဲ့ ခရီးသွားလုပ်ငန်း အကုန်လုံးလိုချင်တာပေါ့။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

zawgyi version
ၿမိတ္-ေမာေတာင္-ဆင္ခြန္ ကုန္သြယ္ေရးစခန္းကို ပတ္ကားဂိတ္ျဖစ္ေအာင္လုပ္ႏိုင္ရင္
နစကရဲ႕ စီးပြားေရး GDP တက္မယ္
ေက်ာ္ႏု (NP News) - ဧၿပီ ၁၉

ျမန္မာႏိုင္ငံ၏ GDP ကို ႏွစ္အနည္းငယ္အတြင္း ဆြဲတင္ေပးႏိုင္မည့္ ကုန္သြယ္ေရးလမ္းပိုင္းတစ္ခု ရွိသည္။ ၿမိတ္-ေမာေတာင္-ဆင္ခြန္ အမည္ရွိ ကုန္သြယ္ေရးစခန္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ပတ္ကားဂိတ္ျဖစ္လာရန္ ေစာင့္ဆိုင္းေနရဆဲျဖစ္သည္။ အဆိုပါ ကုန္သြယ္ေရးစခန္းပတ္ကားဂိတ္ျဖစ္ေရးအတြက္ အားႀကိဳးမာန္တက္ႀကိဳးစားေနေသာ ၿမိတ္ေဒသလုပ္ ငန္းရွင္မ်ား၏ ကုန္သည္အသင္း အတြင္းေရးမႉး ဦးထြန္းထြန္းအား ဆက္သြယ္ေမးျမန္းထားသည္ကို ေဖာ္ျပေပးလိုက္ပါသည္။

ေမး - ၿမိတ္ - ေမာေတာင္လမ္းဖြင့္ေပးဖို႔ ပုံမွန္တရားဝင္ လမ္းေၾကာင္းျဖစ္ဖို႔ကို အဆက္ဆက္ႀကိဳးစားလာ တယ္လို႔ ၾကားတယ္။ အဲဒီေတာ့ ႀကိဳးစားခဲ့ရတဲ့ အစေလးနဲ႔ လက္ရွိအေျခအေနေပါ့။အစိုးရဘယ္ ႏွစ္ဆက္ေလာက္ ႀကိဳးစားလဲ အၾကမ္းဖ်င္းေလး သိခ်င္ပါတယ္။
ေျဖ - ဒီ ေမာေတာင္စဖြင့္တာေလးကို နည္းနည္းေပါ့ေနာ္။ ဘာေၾကာင့္ဖြင့္ရလဲဆိုတာ၊ ဘယ္လိုစျဖစ္လဲဆိုတာ အဲဒီေတာ့ ၂၀၁၁ ခုႏွစ္မွာ ျမန္မာႏိုင္ငံဆိုင္ရာ ထိုင္းႏိုင္ငံသံအမတ္ႀကီးက ၿမိတ္ကို ေရာက္လာတယ္။ ၿမိတ္ကိုေရာက္လာၿပီးေတာ့ အဲဒီတုန္းက အစ္ကိုတို႔ ကုန္သည္အသင္းက မဖြဲ႕ရေသးဘူး။ ၿမိတ္ခ႐ိုင္ကုန္သည္စက္မႈအသင္းက ဖြဲ႕စည္းမႈမရွိေသးဘူး။ သို႔ေသာ္လည္း စုစည္းမႈေတာ့ရွိေနတယ္။ အသင္းသာ မဖြဲ႕တာ။ အဲဒီအဖြဲ႕နဲ႔ ေတြ႕ဆုံေဆြးေႏြးတဲ့အခါမွာ အဓိကေတာ့ ဦးလွသန္းေပါ့။ ဦးလွသန္းကို ဥကၠ႒ထားၿပီးေတာ့ ကိုယ္ကအတြင္းေရးမႉးေနရာကေန ၿပီးေတာ့မွ ကုန္သည္အသင္းအဖြဲ႕ ျဖစ္လာမယ့္ အဖြဲ႕ဝင္ေတြနဲ႔ ဟိုတယ္မွာ meeting လုပ္ၾကတာေပါ့။ meeting လုပ္တဲ့အခါမွာ ထိုင္းသံအမတ္ႀကီးက ဘာေျပာလဲဆိုေတာ့ သူအဓိကလာတဲ့အေၾကာင္းက ၿမိတ္ေဒသက ေျမခံေရခံေကာင္းတယ္၊ စီးပြားေရး အကြက္အကြင္း ေတြ တအားေကာင္းတယ္။ ထိုင္းႏိုင္ငံ၊ ပရာကြၽတ္ခ႐ိုင္နဲ႔ဆိုရင္ ကပ္ေနတယ္။ အဲဒီေတာ့ ပရာကြၽတ္နဲ႔ ၿမိတ္နဲ႔ ဆက္သြယ္ ႏိုင္ဖို႔အတြက္ အဲဒီမွာနယ္စပ္ရွိေနတယ္။ အဲဒီနယ္စပ္ကလည္း လမ္းက ေပါက္ေနၿပီးသား။ အဲဒီမွာ သူတို႔ဘက္ကဆို ဆင္ခြန္းနယ္စပ္ဂိတ္ေပါ့ေနာ္။ ကိုယ္တို႔ဘက္က ေတာ့ၿမိတ္ခ႐ိုင္၊ တနသၤာရီၿမိဳ႕နယ္ ေမာေတာင္ နယ္စပ္ဂိတ္ေပါ့ေနာ္။ ဆိုေတာ့ ေမာေတာင္နယ္စပ္ဂိတ္မွာ ၿမိတ္ကေနတင္ျပၿပီးေတာ့မွ နယ္စပ္ဂိတ္ ဖြင့္ႏိုင္တယ္ဆိုရင္ သူတို႔ဘက္ကလည္း ဆင္ခြန္း နယ္စပ္ဂိတ္ကမွ ကုန္သြယ္မႈေတြ ေဆာင္႐ြက္ၾကမယ္။ ဒါဆိုရင္ ႏွစ္ဦး ႏွစ္ဖက္အက်ိဳးရွိမယ္ ဒါကိုလုပ္ဖို႔ လာေျပာသြားတယ္။ ေျပာေတာ့ကိုယ္တို႔လည္း အစကတည္းက ဦးလွသန္းက ဒါေတြျမင္ထားၿပီးသားေလ။ အဲဒီလို နယ္စပ္ဖြင့္မယ္ဆိုရင္ ဖြံ႕ၿဖိဳးတိုးတတ္လာမယ့္ကိစၥေတြ ျမင္ထားၿပီးသားဆိုေတာ့ အဲဒီမွာပဲ အစည္းအေဝးက်င္းပၿပီးေတာ့ ကုန္သည္မ်ား အသင္းဖြဲ႕တာေပါ့။ ၿမိတ္ၿမိဳ႕ကုန္သည္မ်ားႏွင့္စက္မႈလုပ္ငန္းရွင္မ်ားအသင္းကို ၂၀၁၂ ၊ မတ္လ ၁၅ ရက္ေန႔ မွာ တနသၤာရီဝန္ႀကီးခ်ဳပ္ရဲ႕ အတည္ျပဳခ်က္နဲ႔ စီးပြားကူးသန္းဝန္ႀကီးဌာနရဲ႕အတည္ျပဳခ်က္နဲ႔ UMFCCI ရဲ႕ ညီေနာင္အသင္းအေနနဲ႔ ဖြဲ႕စည္းခဲ့တာေပါ့ေနာ္။ ဒီအဖြဲ႕စည္းနဲ႔ကိုယ္တို႔ က ထိုင္းႏိုင္ငံဘက္ကို သြားေရာက္ညႇိႏႈိင္း တယ္ေပါ့ေနာ္။ သြားတဲ့အခါက်ေတာ့ သူတို႔ဘက္ကလည္း ဖြင့္ဖို႔လုပ္ထားတယ္ဆိုတာ သိရတဲ့အခါက်ေတာ့ ကိုယ္တို႔က ျပန္လာၿပီးေတာ့ ကုန္သည္မ်ားအသင္းကေနၿပီးေတာ့ နယ္စပ္ဂိတ္ျဖစ္ေစေရးအတြက္ ေဆာင္႐ြက္ခဲ့တာေပါ့။ ေဆာင္႐ြက္တဲ့အခါမွာ ကိုယ္တို႔ဆီကို တင္ျပလာတာကေတာ့ ေမာေတာင္ နယ္စပ္ဂိတ္ ဘာေၾကာင့္ျဖစ္ခ်င္တာလဲ ဆိုေတာ့ကိုယ္တို႔က အခ်က္ေတာ္ေတာ္ မ်ားမ်ားေတာ့ရွိတယ္။ အဲဒီမွာ အဓိက်တဲ့ အခ်က္ေလးေျပာျပမယ္။ တနသၤာရီတိုင္းက ေရထြက္လုပ္ငန္း အဓိကထားတဲ့တိုင္း တစ္တိုင္းျဖစ္တယ္။ ျဖစ္တဲ့အခါက်ေတာ့ ၿမိတ္က ေရထြက္ကုန္ေတြကို ရေနာင္းကတစ္ဆင့္ ထိုင္းႏိုင္ငံကို တင္ပို႔ေနတယ္။ တင္ပို႔တဲ့အခါမွာ ရေနာင္းကေနဘယ္ကိုသြားလဲ ဆိုေတာ့ အဲဒီငါးေတြက မဟာခ်ိဳင္ကိုျပန္သြားတယ္။ ရေနာင္းကိုဘယ္လိုသြားလဲဆိုေတာ့ေလွနဲ႔ သြားတယ္ carrier boat
လို႔ေခၚတဲ့ငါးသယ္ေရယာဥ္ အဲဒါကႏိုင္ငံေတာ္က တရားဝင္ခြင့္ျပဳခ်က္ေပးထားတဲ့ လိုင္စင္ရ ငါးသယ္ယာဥ္ေတြနဲ႔ ဖမ္းဆီးရမိတဲ့ ငါးေတြကို Check point မွာ FOB စနစ္နဲ႔ စစ္ေဆးခံယူၿပီးေတာ့မွ တရားဝင္ ထိုင္းကိုသြားတဲ့အခါမွာ ၂၄ နာရီေလာက္ၾကာတယ္။ ၿပီးရင္ အဲဒီမွာ မဟာခ်ိဳင္ကို ပို႔မယ္ဆိုရင္ အေအးခန္းကားေတြ နဲ႔ ၁၀ နာရီေလာက္ ေမာင္းရ တယ္ ခန႔္မွန္း။ ဆိုေတာ့ အားလုံးေပါင္းတြက္ၾကည့္လိုက္ရင္ ၂၄ နာရီ၊ ၁၀ နာရီ၊ ၃၄ နာရီ- နာရီ ၄၀ ေလာက္ ၾကာမယ္။ ကိုယ္တို႔ဆီက လတ္လတ္ဆတ္ဆတ္ျဖစ္တဲ့ငါးက ေရခဲ႐ိုက္ၿပီးပို႔လိုက္တဲ့ ငါးက နာရီ (၄၀)ေလာက္ၾကာၿပီးမွ End User လို႔ ေခၚတဲ့ မဟာခ်ိဳင္ကိုေရာက္မယ္။ မဟာခ်ိဳင္မွာ Value Added လုပ္ၿပီး ေတာ့ ဥေရာပတို႔ ဘာတို႔ကိုပို႔တာကို။ ပို႔တဲ့ အခါက်ေတာ့ အဲဒါဆိုရင္ ေမာေတာင္က ျဖတ္လမ္းႀကီးျဖစ္သြားတယ္။ ဒီကေန ေမာေတာင္ ကိုဆို မိုင္ (၁၂၀) ရွိတယ္။ အဲဒီ မိုင္(၁၂၀)က လမ္းသာေကာင္းၿပီဆိုရင္ ေဖာက္ထားတဲ့ လမ္းအတိုင္းဆိုရင္ (၄)နာရီပဲၾကာမယ္။ (၄)နာရီနဲ႔ နယ္စပ္ေရာက္သြားမယ္ နယ္စပ္မွာ စစ္ေဆးခံၿပီးရင္ ပရာခြၽတ္ခီရိကန္ၿမိဳ႕ထဲ ေရာက္သြားမယ္။ အဲဒီကေနၿပီးေတာ့မွ မဟာခ်ိဳင္ကို (၃)နာရီ နဲ႔ (၄)နာရီပဲ ၾကာမယ္။ အဲဒီေတာ့ စစ္ေဆးခ်ိန္ေတြပါ အပါအဝင္ဆိုရင္ အမ်ားဆုံး (၉) နာရီ ေလာက္နဲ႔ ကိုယ္တို႔ဆီကငါးေတြက မဟာခ်ိဳင္ကို ေရာက္သြားမယ္ေလ။ အဲဒီေတာ့ ေအာက္ဘက္ကေန ပတ္တာ နာရီ ၄၀ ဒီကေနပတ္ရင္ အမ်ားဆုံး ၁၀ နာရီပဲ ထားပါေတာ့။ ေလးဆတစ္ဆ အခ်ိန္က ကြာေနတယ္ေလ။ အခ်ိန္ကြာတာနဲ႔အမွ် လတ္ဆတ္မႈ အရည္အေသြး ကြာသြားမယ္။ အရည္အေသြးေကာင္းေတာ့ ေဈးပိုရတယ္ဆိုေတာ့ ဒီဟာေတြ အားသာခ်က္ ေတြက အမ်ားႀကီး ျဖစ္သြားတယ္ေလ။ ေနာက္တစ္ခုက ဒီကေနျဖတ္သြားတဲ့ ခရီးက တိုသြားတဲ့အတြက္ ကုန္က်စရိတ္ ပိုသက္သာသြားမယ္။ အခုလို ရေနာင္း အထိသြားရမယ္။ နာရီ(၂၄)နာရီေလာက္ ေမာင္းရမယ္ၿပီးေတာ့မွ အဲဒီကေန (၁၀) နာရီေလာက္ ျပန္တက္လာရမယ္ဆိုေတာ့ ခရီးအကြာအေဝးမွာ ကုန္က်စရိတ္ေတြ ထိုင္းဘက္ကလည္း သက္သာ သြားသလို ကိုယ္တို႔ဘက္ကလည္း သက္သာသြားတယ္။ အဓိကေတာ့ ကိုယ္တို႔က ျဖတ္လမ္းကေနသြားတဲ့ သေဘာ ျဖစ္သြားတယ္။ အဲဒါက အဓိကအေၾကာင္း တစ္ခုျဖစ္တယ္။ ဒုတိယအေၾကာင္းတစ္ခ်က္က ဘာလဲဆိုေတာ့။ ငါးလတ္ဆတ္မႈ အရည္အေသြးေတြ ကုန္က်စရိတ္ေတြသက္သာသြားၿပီဆိုရင္ ငါးနဲ႔ပတ္သက္တဲ့ အေၾကာင္းတစ္ခ်က္ ေအာင္ျမင္သြားၿပီေပါ့။ ၿမိတ္-ေမာေတာင္က တကယ္တမ္း ျပန္စဥ္းစားၾကည့္ရင္ အေရွ႕ပင္လယ္နဲ႔ အေနာက္ ပင္လယ္ကို ဆက္ထားတာဗ်။ ဘာလို႔လဲဆိုေတာ့ ပရာခြၽတ္ခ႐ိုင္က ေတာင္တ႐ုတ္ပင္လယ္မွာ ရွိတယ္။ သူကေနၿပီးေတာ့ ေတာင္တ႐ုတ္ပင္လယ္က ေနထြက္လာတာကို ၾကည့္ၿပီးေတာ့ ကိုယ္တို႔ဆီကို ၃နာရီ၊ ၄နာရီေလာက္ ေမာင္းလာၿပီးေတာ့ ညေနဆိုလို႔ ရွိရင္ အက္ဒမန္ပင္လယ္ကေန ေနဝင္တာကိုလာ ၾကည့္လို႔ရတာေလ။ ကုန္သြယ္မႈလမ္းေၾကာင္းမွာ ေနာက္ဆို အေရးပါလာမယ့္လမ္းေၾကာင္း တစ္ခုလည္းျဖစ္တယ္။ အရင္တုန္းကတည္းက ေမာရစ္ေကာလစ္ တို႔ေရးထားတဲ့ စာမွာပါပါတယ္။ ထိုင္းႏိုင္ငံက ကုန္သြယ္မႈလုပ္တဲ့အခါမွာ ၿမိတ္ကို အေနာက္ႏိုင္ငံ ကေနေတာ့မွ ကုန္တင္သေဘၤာေတြ ၿမိတ္ကိုလာတယ္။ အဲဒီမွာ ေနရာတစ္ခုကေန ထိုင္းႏိုင္ငံ (အယုဒၶယ) ကို ဆင္ေတြနဲ႔ သယ္တယ္။ အခုလည္း ဒီမွာလည္း ဒီလမ္းေၾကာင္းပဲ။ အခုေလာေလာဆယ္မွာ ဘာျဖစ္လဲဆိုေတာ့ ကိုယ္တို႔အတြက္ အဓိကကငါး၊ ဒုတိယက ခရီးသြားလုပ္ငန္း၊ ခရီးသြားလုပ္ငန္းက ကိုယ္တို႔ဆီမွာ ကြၽန္းေပါင္း (၈၀ဝ)ေက်ာ္နဲ႔ ဖြဲ႕စည္းထားတယ္။ အထူးသျဖင့္ေတာ့ ေကာ့ေသာင္းဘက္က ကြၽန္းေတြကေတာ့ ညီေလးေတြ႕တဲ့အတိုင္းပဲ ၁၁၅ကြၽန္းတို႔၊ ဦးေတဇကြၽန္းတို႔ ဘာတို႔ညာတို႔က ေနာက္ ၄၊ ၅၊ ၆ ကြၽန္းကေတာ့ Value Added ေတြ ေတာ္ေတာ္ႀကီးႀကီးက်ယ္က်ယ္ ခမ္းခမ္း နားနား ေတာ့ ျဖစ္လာၿပီေပါ့ေနာ္။ ကိုယ္တို႔ ၿမိတ္မွာလည္း အဲဒီလိုလုပ္ဖို႔လိုေနတဲ့ ကြၽန္းေတြရွိေနတယ္။ မလုပ္ရေသးဘူး။ ထိုင္းမွာေတာင္ အဲဒီေလာက္ ကြၽန္းေတြမရွိဘဲ ခရီးသြားလုပ္ငန္းေတြျဖစ္ေနတာ ဖူးခက္တို႔ဆိုရင္ေတာင္ ကြၽန္းေလး ၄၊ ၅၊ ၆ ကြၽန္းနဲ႔ ခရီးသြားလုပ္ငန္းျဖစ္ေနတာေလ။ ဆိုေတာ့ ခရီးသြားလုပ္ငန္းကို ျပန္စဥ္းစားလိုက္တဲ့အခါက်ေတာ့ ဘာျမင္သြားလဲဆိုေတာ့ ထိုင္းကို သြားလိုက္တဲ့အခ်ိန္မွာ ဟြာဟင္း ဆိုတာသူတို႔ရဲ႕ ခရီးသြားၿမိဳ႕ျဖစ္တယ္။ ႏိုင္ငံျခားသား ေတြမွန္သမွ်ကလည္း ထိုင္းဘုရင္ နန္းစိုက္တဲ့ၿမိဳ႕ေတြကို တအားလည္ပတ္တယ္။ ပရာခြၽတ္ ခ႐ိုင္ကေနအေပၚကို ကားနဲ႔တစ္နာရီ ေက်ာ္ေလာက္တက္လိုက္ရင္ ေရာက္သြားၿပီ။ အဲဒီေတာ့ ဟြာဟင္းက သူတို႔ရဲ႕ေျပာၾကားခ်က္အရ တစ္ႏွစ္ကိုခရီးသည္ ၃ ဒသမ ၇ သန္း၊ ေလးသန္းဝန္းက်င္ေလာက္လာတယ္။ အစည္းေဝးေတြလုပ္တဲ့အခါမွာ တရားဝင္ေျပာတာ။ အဲဒီထဲမွာႏႈိင္းယွဥ္လိုက္ရင္ေတာ့ ျမန္မာႏိုင္ငံမွာဆိုရင္ တစ္ႏွစ္ကိုလာတာ ၃ ဒသမ ၇ နဲ႔ ၄သန္းဝန္းက်င္ၾကားပဲ ရွိခဲ့တယ္။ ကိုဗစ္ျဖစ္ၿပီးေတာ့ တအားက်သြားတာေပါ့။ အဲဒီေတာ့ သေဘာကေတာ့ ျမန္မာတစ္ႏိုင္ငံလုံးကို လာတဲ့ခရီးသည္အေရအတြက္က ဟြာဟင္း တစ္ခုတည္းကိုလာတဲ့ခရီးသည္အေရအတြက္နဲ႔ သြားညီတာေပါ့။ ထိုင္းႏိုင္ငံတစ္ခုလုံးနဲ႔ယွဥ္ရင္ေတာ့ ဆယ္ဆေပါ့။ ဆိုေတာ့ မီးခိုးမထြက္တဲ့စက္႐ုံလို႔ တင္စားရတဲ့ ခရီးသြားလုပ္ငန္းက အဲဒီေတာ့ဟြာဟင္းမွာ ခရီးသြားလုပ္ငန္းေတြရွိတယ္ ကိုယ္တို႔နဲ႔ေတြ႕တုန္းကေတာ့ ၁၅ ခု ေလာက္ရွိတယ္။ ကိုယ့္တို႔ဘက္မွာလည္း ခရီးသြားကုမၸဏီကစခါစပဲ ရွိေသးတယ္။ ကိုယ္တို႔က အစည္းအေဝး သြားလုပ္ရင္းနဲ႔ ခရီးသြားလုပ္ငန္းေတြ ကြၽန္ေတာ္တို႔ဘက္ကို ေမာေတာင္နယ္စပ္ဂိတ္ဖြင့္ၿပီးလို႔ရွိရင္ ဆင္ခြန္းနယ္စပ္ဂိတ္ လည္း ဖြင့္မယ္။ ပတ္ကားစခန္းေတြ ဖြင့္ၿပီးလို႔ရွိရင္ ခင္ဗ်ားတို႔ဆီက ခရီးသြားေတြကို Package Tour နဲ႔ ပို႔ေပးလို႔မရဘူး လားဆိုၿပီး ခ်ိတ္လိုက္တဲ့အခါက်ေတာ့ရတယ္။ ႏွစ္ႏိုင္ငံဆက္သြယ္မႈအရ ကိုယ္တို႔ ပရာခြၽတ္နဲ႔ ၿမိတ္ ၿမိဳ႕ေတာ္က ညီမၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ထားတာေလ။ ဆိုေတာ့ ကုန္သည္မ်ားအခ်င္းခ်င္းလည္း MOU ေတြထိုးထားၾကတယ္။ ဆိုေတာ့ ဟြာဟင္းက ခရီးသြားလုပ္ငန္းေတြနဲ႔ ၿမိတ္က ခရီးသြားလုပ္ငန္းရွင္မ်ား အသင္းကေနၿပီးေတာ့မွ MOU ေတြ ထိုးထားတဲ့ အဆင့္ေတြ ေရာက္ထားတယ္။ ဒါလြန္ခဲ့တဲ့(၈)ႏွစ္ ေလာက္ကတည္းက။ ဖြင့္ၿပီးေတာ့မွ ေပါ့ေနာ္။ ဒါေလးေတြ ႀကိဳျမင္ၿပီးေတာ့မွ ခရီးစဥ္အေျခအေနကို ခရီးသြားလုပ္ငန္းဖြံ႕ၿဖိဳးတိုးတက္လာမယ္ ဆိုၿပီးေတာ့ ႏိုင္ငံေတာ္အတြက္လည္း ဂ်ီဒီပီေတြ တတ္လာမယ္။ ေဒသအတြက္လည္း ေကာင္းမယ္။ ခရီးသည္ (၃)သိန္းခြဲနဲ႔ (၄)သိန္းၾကားကို ေရာက္ေအာင္ ပို႔ေပးမယ္ဆိုတဲ့ ဟာကိုလည္း သူတို႔ကတိခံ ထားတာရွိတယ္။ ခ႐ိုင္ဝန္ကိုယ္တိုင္ ဦးေဆာင္ ၿပီးေတာ့ ပို႔မယ္ဆိုတဲ့ ဟာလည္း ပါတယ္။ အဲဒီတုန္းက သူတို႔ ျဖစ္စတုန္းကဆိုရင္ ကိုယ္တို႔ဆီက စက္ဘီးစီးအဖြဲ႕ စက္ဘီးသြားစီးသလို ထိုင္းဘက္က ေမာ္ေတာ္ယာဥ္နဲ႔ပတ္သက္တဲ့ Tour ေတြ ေမာ္ေတာ္ယာဥ္ေတြနဲ႔ ေမာင္းၿပီးေတာ့ ဒီကိုဝင္လာတာ ရွိတယ္။ အဲဒီလိုမ်ိဳးေတြျဖစ္ခဲ့တယ္။ ေမာေတာင္ လမ္းကေန ဝင္လာတာ။ အဲဒါမ်ိဳးေတြ ျဖစ္လာႏိုင္ဖို႔အတြက္ ကိုယ္တို႔က ႀကိဳတင္ ၿပီးေတာ့ ‌တြက္ဆထားတဲ့အတြက္ေၾကာင့္ အဲဒီအစည္းအေဝးမွာလည္း ေမာ ေတာင္လမ္းဖြင့္လွစ္ႏိုင္ဖို႔အတြက္ ၂၀၁၁ ႏွစ္ဦးပိုင္းမွာ ၿမိတ္ကိုလာတဲ့ အဲဒီတုန္းက ဒုတိယသမၼတ သီဟသူရဦးတင္ေအာင္ျမင့္ဦးရဲ႕ခရီးစဥ္မွာ ျပဳလုပ္ခဲ့တဲ့ ေတြ႕ဆုံေဆြးေႏြးပြဲမွာ ကိုယ္တို႔ၿမိတ္ခ႐ိုင္ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးလွသန္း ကေနၿပီးေတာ့မွ ေမာေတာင္နယ္စပ္ ကုန္သြယ္ေရး စခန္းဖြင့္လွစ္ႏိုင္ေရးအတြက္ တင္ျပခဲ့ပါတယ္။ စီးပြားကူးသန္း ဝန္ႀကီးဌာနကလည္း ႏိုင္ငံေတာ္သမၼတ႐ုံးကို ကိုယ္တို႔ဆီကတင္ျပခဲ့တဲ့ ေမာေတာင္နယ္စပ္ ကုန္သြယ္ေရး စခန္း ဖြင့္လွစ္ႏိုင္ေရးတင္ျပခဲ့တဲ့ စာတမ္းကို ထပ္ဆင့္တင္ျပခဲ့တယ္လို႔ သိရွိရပါတယ္။ ၂၀၁၂ ခုႏွစ္ ဧၿပီလမွာ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးနဲ႔ နယ္စပ္ကုန္သြယ္ေရးဌာနရဲ႕ ၫြန္ၾကားေရးမႉးခ်ဳပ္ ၿမိတ္ခ႐ိုင္ကုန္သည္မ်ားႏွင့္စက္ မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးလွသန္းနဲ႔ အတြင္းေရးမႉးအပါအဝင္ EC အဖြဲ႕ဝင္ ေတြအားလုံးကိုေခၚယူ ၿပီးေတာ့ သမၼတ႐ုံးက ေမာေတာင္နယ္စပ္ ကုန္သြယ္ေရးစခန္းဖြင့္လွစ္ရန္ ခြင့္ျပဳခ်က္ရရွိထားၿပီးျဖစ္၍ ဖြင့္လွစ္ႏိုင္ေရး စီစဥ္ ေဆာင္႐ြက္မႈမ်ား ျပဳလုပ္ပါရန္ ၫႊန္ၾကားခဲ့ပါတယ္။ ဒါနဲ႔အစည္းအေဝးေတြ ဆက္တိုက္ဆက္တိုက္လုပ္ၿပီးေတာ့ နယ္စပ္ကုန္သြယ္ေရးစခန္းတည္ေဆာက္ဖို႔အတြက္ ေျမေနရာေ႐ြးျခင္း၊ အေဆာက္အအုံမ်ားႏွင့္ အစည္းအေဝးခန္းမ အပါအဝင္ လိုအပ္ခ်က္အားလုံးကို အစ္ကိုတို႔ ကုန္သည္မ်ားအသင္းက အစအဆုံးတာဝန္ယူၿပီးေတာ့ ေဆာင္႐ြက္ ခဲ့ပါတယ္။ ဒါေတြအားလုံးကို တစ္ႏွစ္အတြင္း ေဆာင္႐ြက္ခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္ ေမလ ၈ ရက္ေန႔ မွာ ျမန္မာထိုင္း ႏွစ္ႏိုင္ငံကုန္သြယ္မႈအခမ္းအနား စတင္ျခင္းဆိုၿပီးေတာ့ စီးပြားေရး ႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနနဲ႔ တိုင္းေဒသ ႀကီး ဝန္ႀကီးခ်ဳပ္ ဦးျမတ္ကိုတို႔က အခမ္း အနားတက္ၿပီးေတာ့ဖြင့္လွစ္စတင္ခဲ့တာေပါ့။ ေမာေတာင္နယ္စပ္ ဂိတ္ဖြင့္လွစ္ တဲ့ရက္က၂၀၁၃ ေမလ ၈ ရက္ဆိုေတာ့ တစ္ႏွစ္ေပါ့။ ႀကိဳးစားခ်က္ကတစ္ႏွစ္အတြင္းအေျဖေပၚတာေပါ့။ ဒီလိုျဖစ္ေစဖို႔ အတြက္ အဓိက ကူညီေပးတဲ့အဖြဲ႕အစည္းကေတာ့ စီးပြားေရး ႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးဝင္းျမင့္နဲ႔ ဝန္ႀကီးဌာနေပါ့ ၿပီးရင္ အဲဒီတုန္းကတနသၤာရီတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးျမတ္ကိုနဲ႔တိုင္းအစိုးရအဖြဲ႕ဝင္မ်ားေပါ့ေနာ္။ ဖြင့္လွစ္ၿပီးတဲ့အခါက်ေတာ့ ဘာျဖစ္ျပန္လဲဆိုေတာ့ လမ္းျဖစ္ျပန္ေရာ။ အဲဒီေတာ့ ထိုင္းက ဘာေျပာလဲဆိုေတာ့ နယ္စပ္ ဂိတ္ ဖြင့္ၿပီးေတာ့ လမ္းမေကာင္းရင္ မရဘူးဆိုေတာ့။ အဲဒီတုန္းကလည္း လမ္းက ေကာင္းေကာင္းမြန္မြန္မရွိခဲ့ဘူး။ ေျမလမ္းေတြပဲ ရွိခဲ့တယ္။ ေနာက္ေမာေတာင္ ေတာင္ေပၚတက္တဲ့ လမ္းဆိုရင္ကားတစ္စီးသြား႐ုံပဲရွိတယ္။ ကားႏွစ္စီး ေတြ႕ရင္ တစ္စီးကေနာက္ျပန္ဆုတ္ ေတာင္ေစာင္းမွာ အႏၲရာယ္ေတြပဲ။ ဒီဟာေတြျဖစ္ေနတယ္။ အဲဒါကို ကုန္သည္မ်ား အသင္းကပဲ တာဝန္ယူၿပီးေတာ့ ဦးလွသန္းဦးေဆာင္ၿပီးေတာ့ ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွာ BOT ရရွိေရးအတြက္ ေဆာင္႐ြက္ခဲ့တယ္။ ဒါလည္းေတာ္ေတာ္ေလး ႀကိဳးစားပမ္းစား ေဆာင္႐ြက္ခဲ့ရတယ္။ ေဆာင္႐ြက္တဲ့အခါမွာ BOT ကရေတာ့ အသင္းအေနနဲ႔ ယူလို႔မရဘူး။ ကုမၸဏီအေနနဲ႔ပဲ BOT ကယူရမယ္။ ၿမိတ္ကုန္သည္မ်ား အသင္းေအာက္မွာ အမ်ားပိုင္အဖြဲ႕ ဖြဲ႕စည္းေပးပါလို႔ ၫႊန္ၾကားတဲ့အတြက္ေၾကာင့္ အဲဒီေတာ့ကုန္သည္ အသင္းက EC အားလုံးကေနၿပီးေတာ့ မွ ၿမိတ္အမ်ားပိုင္ေကာ္ပိုေရးရွင္းလိမိတက္ အဖြဲ႕ဆိုၿပီးေတာ့ ဖြဲ႕စည္းတယ္။ အဲဒီအဖြဲ႕ကေနၿပီးေတာ့မွ BOT ကို ကုမၸဏီအေနနဲ႔ရယူၿပီးေတာ့မွ အဲဒါကိုေျမသားလမ္း ကေနၿပီးေတာ့ အခုကတၱရာလမ္းကို အဆင့္ျမင့္ ကတၱရာလမ္း ျဖစ္တဲ့အထိ တည္ေဆာက္ခဲ့ရတာေပါ့ေနာ္။ ၂၀၁၂/ ၁၃ ကစၿပီးေတာ့ ၂၀၁၂/၂၀၁၃/ ၂၀၁၄ ေပါ့။ တည္ေဆာက္ခဲ့တဲ့ အတြက္ေၾကာင့္ အခုဆိုရင္ ကိုယ္တို႔ၿမိတ္ကေနၿပီးေတာ့ ေမာေတာင္နယ္စပ္ဂိတ္အထိကို ကားငယ္နဲ႔ဆိုရင္ ၃နာရီ နဲ႔ ၃နာရီခြဲအတြင္း ကားအႀကီးဆိုရင္ ၄ နာရီနဲ႔ေရာက္ေနၿပီ။ အခုဆယ့္ႏွစ္ဘီးကားေတြနဲ႔လဲ ကုန္ေတြပို႔ေနၾကၿပီ။ အခုဆိုရင္ ျမဝတီနယ္စပ္ဂိတ္က ပိတ္ထားတဲ့ အေနအထားရွိလို႔ အဲဒီကေနျဖတ္ပို႔ေနတဲ့ ၾကက္သြန္နီကအစ ေမာေတာင္နယ္စပ္ ဂိတ္ကေန ထြက္ေနၾကတယ္။ ႏိုင္ငံျခားပို႔ကုန္အေနနဲ႔ ၿမိတ္ကလည္း ငါးသားလႊာတို႔ ၊ ငါးမုန႔္တို႔ ဒီကေန ၁၂ ဘီးကား ေတြနဲ႔ အေအးခန္းကားေတြနဲ႔ေတာင္မွ ပို႔ေနၾကတယ္။ အဲဒီလိုေတာ့သြားေနၿပီ။ ဒါေပမဲ့ တစ္ခုျဖစ္တာက ကိုယ္တို႔ဆီက ၂၀၁၃ ခုႏွစ္မွာ ဖြင့္လိုက္ေပမယ့္ သူတို႔ကေျမမတိုင္းရေသးဘူးဆိုေတာ့ အဲဒီမတိုင္းခင္ မဖြင့္ခင္ကို ေျမတိုင္းရေသးတယ္။ ထိုင္းဘက္က ဘာေျပာလဲဆိုေတာ့ ေျမတိုင္းၿပီးေတာ့မွ နယ္နမိတ္ သတ္မွတ္ၿပီးေတာ့မွ ဖြင့္ရတယ္။ ေျမတိုင္းဖို႔ ေတာင္းဆိုတဲ့အတြက္ေၾကာင့္ ကိုယ္တို႔ ကုန္သည္မ်ားအသင္းက ဦးေဆာင္ၿပီးေတာ့မွ ေျမတိုင္းဖို႔ ဒုတိယၫႊန္ၾကားေရးမႉး ခ်ဳပ္ဦးေဆာင္တဲ့ အေယာက္ ၃၀ နဲ႔ သုံးလတိတိေျမတိုင္းရတယ္။ ၂၀၁၂- ၂၀၁၃ ၾကားကာလမွာ ေျမတိုင္းၿပီးေတာ့မွ ယာယီနယ္နိမိတ္ သတ္မွတ္တာ။ ယာယီနယ္နိမတ္ သတ္မွတ္ၿပီးေတာ့မွ ကိုယ္တို႔ဘက္ကဖြင့္လိုက္တာ။ သူတို႔ကလည္း ယာယီနယ္နိမိတ္ သတ္မွတ္ၿပီးတဲ့ အခါက်ေတာ့ ကိုယ္တို႔ဖြင့္ၿပီးတဲ့အခ်ိန္မွာ သူတို႔ကေနာက္တစ္ႏွစ္ေလာက္ ၾကာတဲ့ အခါမွာ သူတို႔က ဘာဖြင့္လိုက္လဲဆိုေတာ့ ဆင္ခြန္းနယ္စပ္ဂိတ္ဆိုၿပီးေတာ့ ဖြင့္လိုက္တယ္။ ဒါေပမဲ့ ကိုယ္တို႔ဘက္ကသာ ပတ္စ္ပို႔ ထုလို႔ရတယ္။ ပက္ကားနယ္စပ္ဂိတ္ဖြင့္လိုက္တာ။ သူတို႔ဘက္က ယာယီနယ္စပ္ဂိတ္ပဲျဖစ္တဲ့အတြက္ေၾကာင့္မို႔ တတိယႏိုင္ငံသြားလို႔မရဘူး။ ခရီးသြားလုပ္ငန္းမရဘူး။ ကုန္သြယ္မႈလုပ္ငန္းပဲ ရတယ္။ အဲဒီေတာ့ ခရီးသြားလုပ္ငန္းရဖို႔ အတြက္ ကိုယ္တို႔က ထိုင္းကို သြားၿပီးတဲ့အခါ အႀကိမ္ႀကိမ္ တင္ျပတဲ့အခါက်ေတာ့ ထိုင္းကကိုယ္တို႔တင္ျပတဲ့ ခ႐ိုင္ဝန္တို႔ ၊ ထိုင္း ျမန္မာခ်စ္ၾကည္ေရးအသင္းကေနမွ သူတို႔သက္ဆိုင္ရာ ဝန္ႀကီးခ်ဳပ္တို႔ ဝန္ႀကီးဌာနတို႔ကို တင္ျပတဲ့အခါမွာ GMC မွာ နယ္နိမိတ္လက္မွတ္ေရးထိုးမႈ မရွိေသးတဲ့အတြက္ေၾကာင့္ သူတို႔ဘက္ကေတာ့ ပက္ကားမဖြင့္ႏိုင္ေသးဘူးဆိုတဲ့ အေၾကာင္းျပခ်က္ေတာ့ရတာေပါ့ဗ်ာ။ ဒါကေတာ့ ထိုင္းဘက္က ေျပာတာပါ။ ထိုင္း က သံအမတ္ေျပာတဲ့အတိုင္း ကြၽန္ေတာ္တို႔ဘက္ ကေတာ့ ပက္ကားနယ္စပ္ဂိတ္ ဖြင့္ၿပီးၿပီ။ ပတ္ကား နယ္စပ္ဂိတ္ျဖစ္ေတာ့ သူတို႔ဘက္က ကိုယ္တို႔ဆီ လာတဲ့အခါ ၁၄ ည အိပ္ေပးလို႔ရတယ္ ကိုယ္တို႔က။ ဒါေပမဲ့ သူတို႔ဘက္ သြားရင္ ၂ ညအိပ္ ၃ ရက္ပဲရတယ္။ ယာယီ နယ္စပ္ဂိတ္ျဖစ္လို႔ေလ။ ေနာက္သူတို႔ ဘက္သြားရင္ ပက္စ္ပို႔ထုလို႔မရဘူး။ Border Pass နဲ႔ပဲရတယ္။ ကုန္သြယ္မႈက အစကနည္းနည္း အခက္ အခဲရွိတာေပါ့ေနာ္။ ခရီးသြားလုပ္ငန္းဆိုလည္း တတိယႏိုင္ငံသားေတြ တအားလာခ်င္တယ္ ဒီဘက္ ကို။ ဟြာဟင္း ေရာက္ၿပီဆိုရင္ ၿမိတ္ကိုလာလို႔ရမလား ဆိုတာေတြ ေမးတာေတြရွိလာတယ္‌လို႔ ေျပာတာေတြ သိရတယ္။ ဒါေပမဲ့ သူတို႔ဘက္က ဆင္ခြန္းနယ္စပ္ ဂိတ္က ပက္ကားမဖြင့္ေတာ့ ကိုယ္တို႔ထပ္ေျပာေတာ့ ပရာကြၽတ္ခ႐ိုင္၊ ခ႐ိုင္ဝန္က ထပ္ၿပီးေတာ့ အႀကိမ္ ႀကိမ္တင္ျပတဲ့အခါ ေနာက္ဆုံးေတာ့ အထူးနယ္စပ္ ဂိတ္ဆိုၿပီးေတာ့ အခြင့္အေရး တစ္ခုေတာ့ ေပးလိုက္တယ္။ အထူးနယ္စပ္ဂိတ္ဆိုေတာ့ ကုန္သြယ္မႈ ေကာင္းေကာင္းလုပ္လို႔ရသြားၿပီ။ ကုန္သြယ္မႈကေတာ့ ပုံမွန္လုပ္လို႔ရသြားတယ္။ သို႔ေသာ္လည္း ခရီးသြား လုပ္ငန္းက မရဘူးေပါ့ေနာ္။ ကိုယ္တို႔လိုခ်င္တာက ပက္ကားနယ္စပ္ဂိတ္။ ကိုယ္တို႔ဘက္က ပက္ကား နယ္စပ္ဂိတ္ အၿမဲတမ္းနယ္စပ္ဂိတ္ ဖြင့္ထားသလို သူတို႔ဘက္က အၿမဲတမ္းနယ္စပ္ဂိတ္ဖြင့္တာ လိုခ်င္ တယ္။ အဲဒီအတြက္လည္း အႀကိမ္ႀကိမ္ေျပာတာ ေပါ့ေနာ္။ သို႔ေသာ္လည္း သူတို႔ရဲ႕ မူဝါဒအရ နယ္နိမိတ္ သတ္မွတ္ခ်က္ကို အတည္မျပဳေသးပါဘူး ဆိုတာမ်ိဳးနဲ႔ ေျပာတဲ့အတြက္ေၾကာင့္မို႔ အဲဒီလိုပဲ ေနရတာေပါ့ေလ။ ကိုယ္တို႔ကလည္းတင္ျပတယ္။ သူတို႔ဘက္က လည္းတင္ျပေပးတယ္။ သို႔ေသာ္လည္း လိုလားတာကလည္း ႏွစ္ဖက္လုံးက ျပင္းျပင္းထန္ထန္ လိုလားတယ္။ ဒါေပမဲ့ ကန႔္သတ္ခ်က္ေၾကာင့္ သူတို႔ဆီက အခုထိ မဖြင့္ေသးဘူး။ ဒါေပမဲ့ ဒီေန႔ဒီအခ်ိန္မွာ သူတို႔သည္ ပက္ကားနယ္စပ္ ဂိတ္စခန္းမွာ ရွိရမယ့္ ကုန္စစ္စင္တို႔ ကုန္ခ်စင္တို႔ စုေပါင္းစခန္း႐ုံးတို႔ သက္ဆိုင္ရာအဖြဲ႕အစည္းေတြေပါ့ ဥပမာ နယ္စပ္ ကုန္သြယ္ေရးစခန္းဆိုရင္ ကုန္သြယ္ေရးပါရမယ္။ Custom ပါရမယ္။ ရဲပါရမယ္။ ဘဏ္ပါရမယ္။ စသည္ျဖင့္ေပါ့။ လဝက ပါရမယ္။အဖြဲ႕ (၆)ဖြဲ႕ရွိတယ္။ one stop service မွာ။ အဲဒါအျပင္ ခုနငါးေတြနဲ႔ ပတ္သက္ရင္ ငါးလုပ္ငန္း ဦးစီးဌာနပါရမယ္။ FDA ေတြပါရမယ္။ ဒါေတြကနယ္စပ္ကုန္သြယ္ေရးစခန္းမွာရွိရမယ့္ဟာေတြ။ အဲဒီအတြက္ သူတို႔မွာဝန္ထမ္း အိမ္ရာေတြ အေဆာက္အအုံေတြ ေဆာက္ထားတယ္လို႔ သိရတဲ့အျပင္ ခုနေျပာတဲ့ စုေပါင္း႐ုံးႀကီးေတြလည္း ေဆာက္ထားၿပီးၿပီ။ ကြန္ကရစ္ေတြအျပည့္ခင္းထားတဲ့ ကုန္ခ်ကြင္းေတြလည္း လုပ္ထားၿပီးၿပီ။ ကိုဗစ္မျဖစ္ခင္ ဆယ္စုႏွစ္ ၂၀၁၆၊ ၂၀၁၇ ေလာက္ ထဲက သူတို႔လုပ္ထားၿပီးျဖစ္တယ္။ သူတို႔ျပင္ထားၿပီးသား။ ဒါေပမဲ့ အထက္မိန႔္မရေတာ့ မဖြင့္ဘူးေပါ့ေလ။ အဲဒီလိုျဖစ္ေတာ့ ဘာျဖစ္လဲ၊ ဘာနစ္နာလဲဆိုေတာ့ ဥပမာဆိုပါစို႔ ကိုယ္တို႔ဆီက ငါးပို႔ၿပီဆိုပါဆို႔ ပို႔ေတာ့ ကိုယ္တို႔ဘက္က ခ်ိပ္ပိတ္ေပးလိုက္တယ္။ ေရခဲ႐ိုက္ ပို႔လိုက္တယ္။ တစ္ခ်ိဳ႕ကြန္တိန္နာ ကားေတြနဲ႔ အ‌ေအးခန္းကားေတြနဲ႔ပို႔တယ္။ အေအးခန္းကားနဲ႔ပို႔တာမေထာင္းသာဘူး။ ကိုယ္တို႔ဘက္က ခ်ိတ္ပိတ္ ေပးလိုက္တဲ့အခါမွာ ကြၽန္ေတာ္တို႔ဘက္ကျမန္တယ္။ သူတို႔ဘက္ေရာက္တဲ့အခါက်ေတာ့ သူတို႔မွာ ပက္ကားနယ္စပ္ စခန္းမဟုတ္တဲ့ အခါက်ေတာ့ လဝကရယ္၊ Custom ရယ္၊ နယ္စပ္ကုန္သြယ္ေရး ရယ္ပဲရွိတယ္။ FDA တို႔၊ ငါးလုပ္ငန္းတို႔ မရွိဘူး။ မရွိေတာ့ သူတို႔အဲဒီဟာေတြ အားလုံးကိုေခၚရတယ္။ ေခၚတဲ့အခါက်ေတာ့ FDA ကဘယ္ကေခၚရလဲဆိုေတာ့ ရေနာင္းကေခၚရတယ္လို႔ ေျပာတယ္။ ရေနာင္း ကေန (၈)နာရီေလာက္ ကားေမာင္းၿပီး တက္လာရတာေလ အဲဒီလို လာစစ္ေဆးရတာရွိတယ္။ One Stop Service ဆိုတာ ခ်က္ခ်င္းရွင္းေပးရမွာေလ။ အဲဒီလိုမရွင္းႏိုင္ဘူးေပါ့။ ဟိုေစာင့္ဒီေစာင့္နဲ႔အခ်ိန္ေတြ ၾကန႔္ၾကာတာေပါ့ေနာ္။ အဲဒီလိုမ်ိဳးေတာ့ ျဖစ္တာေပါ့။ ပက္ကားနယ္စပ္စခန္း မဟုတ္တဲ့အတြက္ေၾကာင့္ သူတို႔ဆီမွာလည္း အဖြဲ႕စုံမရွိဘူး။ အဖြဲ႕စုံမရွိေတာ့ သူတို႔လုပ္ေပးႏိုင္တဲ့ အေနအထား မရွိဘူးေပါ့။ ေစာင့္ၿပီးလုပ္ရတာေပါ့။ ဒါေလးေတာ့ကြာတာေပါ့ေနာ္။ ေနာက္ၿပီးေတာ့ ကုန္သြယ္မႈမွာလည္း တစ္ခ်ိဳ႕ ကန႔္သတ္ခ်က္ေတြက ရွိေသးတယ္။ ပက္ကားနယ္စပ္ မဟုတ္ဘူးဆိုရင္။ ကြၽန္ေတာ္တို႔ကေတာ့ ကုန္သြယ္မႈ ေတာ့လုပ္ေနတယ္။ သို႔ေသာ္ အျပည့္အဝမလာေသးဘူး။ ေနာက္တစ္ခ်က္က ခရီးသြားလုပ္ငန္းနဲ႔ပတ္သက္လို႔ ဇီး႐ိုးပဲ တစ္ေယာက္မွမရေသးဘူး။ ထိုင္းႏိုင္ငံသား ေတြလာလည္လို႔ပဲရတယ္ေလ။ တတိယႏိုင္ငံသားေတြ ပတ္စ္ပို႔နဲ႔ လာလို႔မရေသးဘူး။ ကြၽန္ေတာ္တို႔ အဓိက လိုခ်င္တာက ဆင္ခြန္းနယ္စပ္ဂိတ္သည္ ပတ္ကား နယ္စပ္ အၿမဲတမ္း နယ္စပ္ဂိတ္ျဖစ္ေရး အတြက္ ထိုင္း ဘက္ကိုအစည္းအေဝးသြားတိုင္းလည္း တင္ျပခဲ့တယ္။ ထိုင္းဘက္ကေန ဒီမွာအစည္းအေဝး လာလုပ္တိုင္းလည္း ကြၽန္ေတာ္တို႔တင္ျပတယ္။ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ကေနတစ္ဆင့္ ႏိုင္ငံေတာ္ အႀကီးအကဲေတြသိေအာင္လည္း အႀကိမ္ႀကိမ္တင္ျပထားတာ ေတြရွိတယ္။ ဒီေန႔အထိေတာ့မဖြင့္ေသးဘူး။ အဲဒီလိုမဖြင့္တဲ့အခါက်ေတာ့ ဘာေတြနစ္နာလဲဆိုေတာ့ ခုနေျပာတဲ့ ခရီးသြားလုပ္ငန္းက ရမယ့္ေငြေတြ မရေတာ့ဘူး။ ခရီးသြားလုပ္ငန္းတစ္ခုဝင္လာၿပီ သူတို႔ေျပာတဲ့အတိုင္း လူဦးေရ(၃)သိန္းေလာက္သာ ဝင္လာမယ္ဆိုရင္ ခရီးသြားလုပ္ငန္းနဲ႔ပတ္သက္တဲ့ ဂ်ီဒီပီကလည္း အမ်ားႀကီးတက္သြားမွာ။ ၿပီးရင္ ေဒသလည္းဖြံ႕ၿဖိဳးတိုးတက္သြားမွာ။ အလုပ္အကိုင္ အခြင့္အလမ္းေတြလည္း တအားရသြားမွာ။ Souvenir Shop တို႔၊ ကယ္ရီတို႔၊ စက္ဘီးငွားတာတို႔၊ ဆိုင္ကယ္စီးတာတို႔၊ ေနာက္တစ္ခါ ကြၽန္းေတြမွာ resort တို႔ ဒီဟာေတြအားလုံးအတြက္ကို ကြၽန္ေတာ္တို႔က ႏိုင္ငံေတာ္အတြက္လည္း ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ဂ်ီဒီပီေတြတက္ေအာင္ လုပ္ႏိုင္တဲ့ တိုင္းတစ္တိုင္း ျဖစ္ၿပီးေတာ့ အေနအထားလည္းရွိေနလ်က္နဲ႔ အဲဒီနယ္စပ္ဂိတ္ဟိုဘက္ကမဖြင့္လိုက္တာနဲ႔ အဲဒီအခြင့္အေရးေတြဆုံးရႈံးေနတယ္။

ေမး - သူတို႔ၾကန႔္ၾကာေနရျခင္း အေၾကာင္းျပခ်က္က နယ္နိမိတ္တိုင္းတာမၿပီးတာရယ္၊ အစိုးရ အတည္မျပဳတာရယ္ ဒါပဲလား။
ေျဖ - နယ္နိမိတ္တိုင္းတာက ယာယီၿပီးသြားၿပီ။

ေမး - တျခားျမဳပ္ေနတဲ့ဇာတ္လမ္းရွိႏိုင္လား။ ဆိုလိုတာက အဲဒီလမ္းေၾကာင္းေပၚထြက္သြားရင္ ရေနာင္းတို႔ဘာတို႔က ျမန္မာျပည္ရဲ႕ကုန္စည္ေတြက ပိတ္သြားမယ္။ အဲဒီတို႔ သူတို႔စီးပြားေရးလုပ္ငန္းရွင္ေတြ ထိခိုက္ႏိုင္လို႔လား။
ေျဖ - အဲဒါလည္းျဖစ္ႏိုင္တယ္။ ကြၽန္ေတာ္တို႔လည္း တြက္တယ္ အဲဒါေၾကာင့္မ်ားျဖစ္ေနလားေပါ့။ နယ္နိမိတ္အေၾကာင္းျပၿပီးေတာ့ နယ္နိမိတ္က လက္မွတ္ထိုးၿပီးလို႔ရွိရင္ သူတို႔ေျပာတဲ့ပုံစံကေတာ့ သူတို႔ဘက္က လက္မွတ္ထိုးဖို႔အသင့္ပဲ ျမန္မာဘက္က အသင့္မရွိဘူးဆိုတဲ့ပုံစံမ်ိဳးပဲ ျဖစ္တာေပါ့။ ပရာကြၽတ္ခ႐ိုင္ဝန္နဲ႔ ကိုဗစ္ကာလမျဖစ္ခင္အထိ ၁၈၊ ၁၉ အထိ ေတြ႕ေနတယ္။ ကိုယ္တို႔က အစည္းအေဝး သြားၿပီဆိုရင္ ဒါပဲတင္ျပတာပဲ။ သူတို႔ဘက္ကလည္း သူတို႔တင္ျပတာကို ထုတ္ျပတယ္။ သူတို႔ ျပည္ထဲေရး ဝန္ႀကီးေတြ၊ ကုန္သြယ္ေရးဝန္ႀကီးခ်ဳပ္ဆီ တင္ျပထားတယ္။ သူတို႔ဝန္ႀကီးခ်ဳပ္က လမ္းၫႊန္မွာၾကားတာကေတာ့ နယ္နိမိတ္အတည္ျဖစ္သြားလို႔ရွိရင္ေတာ့ ဖြင့္ ေပးမယ္။ ႏွစ္ဖက္လက္မွတ္မထိုးေသးတဲ့အတြက္ေၾကာင့္ အဲဒီလိုပဲျဖစ္ေနတယ္ဆိုၿပီးေတာ့ သူတို႔ကေတာ့ေျပာတာပဲ။

ေမး - နစကအစိုးရလက္ထက္မွာေကာ ၿမိတ္- ေမာ ေတာင္လမ္းကို ပက္ကားကုန္သြယ္ေရးနယ္စပ္ဂိတ္ႀကီးျဖစ္ဖို႔ ေဆြးေႏြးတာေတြရွိလား။
ေျဖ - မရွိေသးဘူး။ မရွိေသးဘူးဆိုတာက ကိုဗစ္ေၾကာင့္ သူတို႔နယ္စပ္ပိတ္ထားလိုက္ရတယ္ေလ။ ကိုဗစ္ပိတ္ၿပီးတဲ့အခ်ိန္မွာ သူတို႔ဆီမွာ ကိုဗစ္က ေတြ႕သလိုျဖစ္လိုက္ မေတြ႕သလိုျဖစ္လိုက္ နဲ႔ျဖစ္ၿပီးေတာ့ နယ္စပ္ကပိတ္ထားရာကေနၿပီးေတာ့ နစကအစိုးရတက္လာတဲ့အခ်ိန္မွာ ဒီတိုင္းပဲ ထားလိုက္တယ္ေပါ့။ ဗိုလ္ေနၿမဲ က်ားေနၿမဲပဲထား လိုက္တယ္။ လုပ္႐ိုးလုပ္စဥ္ျဖစ္တဲ့ ကုန္သြယ္မႈကေတာ့ လုပ္လို႔ရတယ္ေလ။ သူတို႔ဆီက ကုန္ပစၥည္း ေတြ ကြၽန္ေတာ္တို႔ဘက္ကို သယ္လို႔ရတယ္။ ဥပမာဆိုပါစို႔ ရေနာင္းဘက္ကေနလွည့္သယ္တဲ့ စားေသာက္ကုန္တို႔၊ ကုန္မာပစၥည္းေတြ၊ လူသုံးကုန္ ပစၥည္းေတြ ေမာေတာင္လမ္းက သယ္ေနတယ္ေလ။ ၿပီးရင္ ကြၽန္ေတာ္တို႔ဆီက ငါးေတြကလည္း ရေနာင္း ကိုသြားတဲ့ဟာလည္းသြားတာေပါ့။ ဒီကျဖတ္ၿပီးပို႔တဲ့ ဟာလည္း ပို႔ေနတာေပါ့။ အဲဒီလို ေတာ့ရွိတာေပါ့။

ေမး - ေနာက္တစ္ခုသိခ်င္တာက အဲဒီၿမိတ္- ေမာ ေတာင္လမ္းကို ပတ္ကားကုန္သြယ္ေရးစခန္း အျပန္အလွန္ျဖစ္ခဲ့ရင္ ၿမိတ္က ဘယ္ေလာက္အထိ ဂ်ီဒီပီတက္သြားမလဲ။
ေျဖ - အဲဒါကေတာ့ စီးပြားေရးပညာရွင္ေတြ တြက္မွရမွာ။ ေလာေလာဆယ္အေနအထားကေတာ့ ဇီး႐ိုးျပေနရာကေနၿပီးေတာ့ အနည္းဆုံးခရီးသြယ္ ႏွစ္ေသာင္း၊ သုံးေသာင္းပဲဝင္လာဦး တတိယႏိုင္ငံသား။ အဲဒီဝင္လာတဲ့ ႏႈန္းထားေတြရွိမယ္။ သြားရမယ့္ဟာေတြ၊ စားမယ့္ေသာက္မယ္ဟာေတြ ဥပမာ- စားေသာက္ဆိုင္ပဲဆိုပါစို႔ စားေသာက္ဆိုင္တစ္ဆိုင္က တစ္ႏွစ္ကိုအခြန္သိန္း(၃၀)ပဲသြင္းတယ္ဆို သိန္း(၅၀)ေတြ၊ သိန္း(၆၀)ေတြ သြင္းရေတာ့မယ္ေလ။ ၿပီးရင္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္လည္း အရမ္းအက်ိဳးရွိသြားမယ္။ ဟိုတယ္ေတြဖြင့္လာမယ္။ ဟိုတယ္ေတြမွာ လူေတြမရွိဘူး လူေတြျပည့္လာမယ္။ ဟိုတယ္ လူျပည့္လာရင္ ဟိုတယ္ေတြေပးရတဲ့အခြန္ ပိုတက္လာမယ္ မဟုတ္ဘူးလား။ ဂိတ္ေတြလည္း လုပ္ထားတယ္။ ရွိတယ္။ တစ္ေန႔တစ္ေန႔ကို ကုန္ကား မနည္းဘူးသြားေနတယ္။ ကြၽန္ေတာ္တို႔သိထားတာက ဒီက ငါးေတြ ပုစြန္ေတြကို ပို႔တယ္။ ပို႔ၿပီး ျပန္လာလို႔ ရွိရင္ ဒီမွာငါးေသတၱာစက္႐ုံ ရွိတယ္ေလ။ ငါးေသတၱာ စက္႐ုံထဲကို စည္သြပ္ဘူးအခြံေတြ စက္႐ုံအတြက္ ကုန္ၾကမ္းပစၥည္းေတြကို အကုန္လုံးသယ္လာတယ္။ အသြားအျပန္ေပါ့။ ေဒသအတြက္လိုအပ္တဲ့ စားသုံး ကုန္လူသုံးကုန္ေတြေပါ့။ သေဘာကေတာ့ ဒီလမ္းႀကီးက ဒီလမ္းအတိုင္း ထားၿပီး တစ္ေန႔မွ ကုန္ကား(၃)(၄)စီးပဲ ပ်င္းေလာက္ေအာင္ ျဖတ္သြားေနတာလားဆိုမဟုတ္ပါဘူး။ အမ်ားႀကီးပဲသြားေနတယ္။

ေမး - ျမန္မာဘက္က အစိုးရကိုတြန္းအားေပးၿပီးေတာ့ လုပ္မယ္ဆိုရင္ေကာ။
ေျဖ - ျဖစ္ႏိုင္တာေပါ့။ အဓိကက ႏွစ္ႏိုင္ငံအႀကီး အကဲေတြပဲေလ။ ႏွစ္ႏိုင္ငံအႀကီးအကဲေတြက ဒီနယ္စပ္ဂိတ္ေလးဖြင့္တာ မူဝါဒအရေတာ့မွန္ပါတယ္။ ေကာင္းၿပီ ဒါဆိုရင္ယာယီနယ္နိမိတ္သတ္မွတ္ထားတာကို အတည္ျပဳတာမျပဳတာ ခဏထားဦး ယာယီ နယ္နိမိတ္ အတိုင္းပဲထားလိုက္ဦး။ ကုန္သြယ္မႈအတြက္ ပဲဖြင့္ေပးမယ္ဆိုရင္လည္း ရေနတာပဲေလ။ အခုလည္းကုန္သြယ္မႈေတာ့ ရေနတာပဲေလ။ အဓိကက တတိယႏိုင္ငံသားနဲ႔ ခရီးသြားလုပ္ငန္း အကုန္လုံးလိုခ်င္တာေပါ့။

အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.