တရုတ်နိုင်ငံရဲ့ရထားဘူတာရုံသစ် ဒီဇိုင်းက အမျိုးသမီး လစဉ်သုံးနဲ့ ဆင်တူတယ်လို့ ဝေဖန်ခံနေရ

 351

ရောင်နီ (NP News) - ဧပြီ ၁၉

တရုတ်နိုင်ငံရှိ ရထားဘူတာရုံသစ်တစ်ခုရဲ့အဆိုပြုထားတဲ့ဒီဇိုင်းဟာ အမျိုးသမီး လစဉ်သုံးနဲ့ ဆင်တူနေတယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။

အဆိုပါ ဘူတာရုံဟာ တရုတ်နိုင်ငံ မြောက်ပိုင်း နန်ကျင်းဘူတာရုံအဖြစ် ဆောက်လုပ်နေဆဲဖြစ်ပါတယ်။ ဘူတာရုံကို ထူးခြားလှပအောင် ဖန်တီးဆောက်လုပ်ထားတာဖြစ်ပေမယ့် တရုတ်ဆိုရှယ်မီဒီယာ Weibo အသုံးပြုသူတွေ ကတော့ ဒါဟာ အမျိုးသမီး လစဉ်သုံး pad နဲ့တူတယ်လို့ ဆိုကြပါတယ်။

"အမျိုးသမီး လစဉ်သုံးပုံစံ ရည်ရွယ်ချက်ရှိရှ် ဒီဇိုင်းထွင်ထားတာလား၊ တကယ်လို့ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတာ မဟုတ်ရင် ဒီဇိုင်းဆွဲတဲ့သူဟာ ကျွမ်းကျင်ပိုင်နိုင်မှု အားနည်းသေးတယ်" လို့ Weibo အသုံးပြုသူတစ်ဦးက ပြောပါတယ်။

ဘူတာရုံဟာ "အမျိုးသမီး လစဉ်သုံး Pad ဘူတာရုံ" ဆိုပြီး နာမည်ကျော်ခဲ့သလို "North Nanjing Station” ခေါင်းစဉ်နဲ့ Weibo မှာ ကြည့်ရှုမှု သုံးသန်းကျော်ထိ ရရှိခဲ့ပါတယ်။ The Paper သတင်းဌာနရဲ့အဆိုအရ အဆိုပါဒီဇိုင်း ကို ကျန်ဆုပြည်နယ်အစိုးရနဲ့ China Railway Group မှ အတည်ပြုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဘူတာရုံဟာ ယွမ် ၂၀ ဘီလျံ (စင်ကာပူဒေါ်လာ ၃.၈ ဘီလျံ) ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ တရုတ်နိုင်ငံရဲ့ဗိသုကာလက်ရာတွေဟာ ယခင်ကလည်း လူအများရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါ တယ်။ ၂ဝ၁၂ ခုနှစ်ကလည်း ပေကျင်းရှိ အစိုးရရုပ်သံဌာန CCTV ဌာနချုပ်ဟာ "လက်ဝှေ့သမား ဘောင်းဘီတို” အဆောက်အအုံကြီးအဖြစ် နာမည်ကျော်ခဲ့ပါတယ်။ အဆိုပါအဆောက်အအုံဟာ နောက်တစ်နှစ်မှာ အထပ်မြင့် အဆောက်အအုံများနဲ့ မြို့ပြနေထိုင်ရာကောင်စီမှ ကမ္ဘာ့အကောင်းဆုံး အထပ်မြင့်အဆောက်အအုံဆုကို ရရှိခဲ့ပါ တယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံရဲ႕ရထားဘူတာ႐ုံသစ္ ဒီဇိုင္းက အမ်ိဳးသမီး လစဥ္သုံးနဲ႔ ဆင္တူတယ္လို႔ ေဝဖန္ခံေနရ
ေရာင္နီ (NP News) - ဧၿပီ ၁၉

တ႐ုတ္ႏိုင္ငံရွိ ရထားဘူတာ႐ုံသစ္တစ္ခုရဲ႕အဆိုျပဳထားတဲ့ဒီဇိုင္းဟာ အမ်ိဳးသမီး လစဥ္သုံးနဲ႔ ဆင္တူေနတယ္ဆိုၿပီး ေဝဖန္ခံေနရပါတယ္။

အဆိုပါ ဘူတာ႐ုံဟာ တ႐ုတ္ႏိုင္ငံ ေျမာက္ပိုင္း နန္က်င္းဘူတာ႐ုံအျဖစ္ ေဆာက္လုပ္ေနဆဲျဖစ္ပါတယ္။ ဘူတာ႐ုံကို ထူးျခားလွပေအာင္ ဖန္တီးေဆာက္လုပ္ထားတာျဖစ္ေပမယ့္ တ႐ုတ္ဆိုရွယ္မီဒီယာ Weibo အသုံးျပဳသူေတြ ကေတာ့ ဒါဟာ အမ်ိဳးသမီး လစဥ္သုံး pad နဲ႔တူတယ္လို႔ ဆိုၾကပါတယ္။

"အမ်ိဳးသမီး လစဥ္သုံးပုံစံ ရည္႐ြယ္ခ်က္ရွိရွ္ ဒီဇိုင္းထြင္ထားတာလား၊ တကယ္လို႔ ရည္႐ြယ္ခ်က္ရွိရွိ ဖန္တီးထားတာ မဟုတ္ရင္ ဒီဇိုင္းဆြဲတဲ့သူဟာ ကြၽမ္းက်င္ပိုင္ႏိုင္မႈ အားနည္းေသးတယ္" လို႔ Weibo အသုံးျပဳသူတစ္ဦးက ေျပာပါတယ္။

ဘူတာ႐ုံဟာ "အမ်ိဳးသမီး လစဥ္သုံး Pad ဘူတာ႐ုံ" ဆိုၿပီး နာမည္ေက်ာ္ခဲ့သလို "North Nanjing Station” ေခါင္းစဥ္နဲ႔ Weibo မွာ ၾကည့္ရႈမႈ သုံးသန္းေက်ာ္ထိ ရရွိခဲ့ပါတယ္။ The Paper သတင္းဌာနရဲ႕အဆိုအရ အဆိုပါဒီဇိုင္း ကို က်န္ဆုျပည္နယ္အစိုးရနဲ႔ China Railway Group မွ အတည္ျပဳခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဘူတာ႐ုံဟာ ယြမ္ ၂၀ ဘီလ်ံ (စင္ကာပူေဒၚလာ ၃.၈ ဘီလ်ံ) ကုန္က်မယ္လို႔ ခန႔္မွန္းထားၿပီး ၂၀၂၇ ခုႏွစ္မွာ ဖြင့္လွစ္ဖို႔ စီစဥ္ထားပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ဗိသုကာလက္ရာေတြဟာ ယခင္ကလည္း လူအမ်ားရဲ႕အာ႐ုံကို ဖမ္းစားႏိုင္ခဲ့ပါ တယ္။ ၂ဝ၁၂ ခုႏွစ္ကလည္း ေပက်င္းရွိ အစိုးရ႐ုပ္သံဌာန CCTV ဌာနခ်ဳပ္ဟာ "လက္ေဝွ႔သမား ေဘာင္းဘီတို” အေဆာက္အအုံႀကီးအျဖစ္ နာမည္ေက်ာ္ခဲ့ပါတယ္။ အဆိုပါအေဆာက္အအုံဟာ ေနာက္တစ္ႏွစ္မွာ အထပ္ျမင့္ အေဆာက္အအုံမ်ားနဲ႔ ၿမိဳ႕ျပေနထိုင္ရာေကာင္စီမွ ကမာၻ႔အေကာင္းဆုံး အထပ္ျမင့္အေဆာက္အအုံဆုကို ရရွိခဲ့ပါ တယ္။

Related news

© 2021. All rights reserved.