အမေရိကန်၏ အကူအညီများ မရရှိဘူးဆိုပါက စစ်ပွဲအတွက် ပလန်ဘီရှိတော့မည်မဟုတ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပြော

 2096

Pika (NP News) - ဧပြီ ၁၉

ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီတွေကို အတည်ပြုပေးဖို့ အမေရိကန်လွှတ်တော်က ငြင်းဆိုလိုက်မယ်ဆိုရင် ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအတွက် ယူကရိန်းမှာ ပလန်ဘီရှိတော့မှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရီကူလီဘာက ပြောကြားခဲ့ပါတယ်။

အီတလီနိုင်ငံ ကာပရီကျွန်းမှာ ကျင်းပခဲ့တဲ့ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီးမှာ ဒီမစ်ထရီကူလီဘာက ယခုလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ ယူကရိန်းအတွက် အမေရိကန်ဒေါ်လာ(၆၀)ဘီလျံ စစ်ရေးအကူအညီကို ပြီးခဲ့တဲ့ဆောင်းရာသီကတည်းက အဆိုပြုတင်သွင်းခဲ့ပေမယ့်လည်း လက်ရှိအချိန်အထိ ပေးပို့နိုင်ခြင်းမျိုးတော့ မရှိသေးပါဘူး။ အမေရိကန်အထက်လွှတ်တော်ဟာ ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလလယ်မှာ အတည်ပြုပေးခဲ့ပေမယ့်လည်း ရီပတ်ဘလစ်ကန်တွေကြီးစိုးထားတဲ့ အောက်လွှတ်တော်ဟာ အဲဒီဥပဒေမူကြမ်းကို လက်ရှိအချိန်အထိ အတည်ပြုပေးခြင်းမျိုးတော့ မရှိသေးဘူးလို့ သိရပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌမိုက်ခ်ဂျွန်ဆင်ဟာ ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ်ကို ဧပြီလ(၂၀)ရက်နေ့မှာ မဲခွဲဆုံးဖြတ်မယ်လို့ ယခုသီတင်းပတ်အစောပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယူကရိန်းအတွက် အကူအညီပေးရေးအစီအစဉ်အသစ်ကို အတည်ပြုလိုက်ပြီဆိုပါက အဲဒီဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးမယ်လို့လည်း သမ္မတဂျိုးဘိုင်ဒန်က ကတိပြုထားပါတယ်။ အဲဒီမဲခွဲဆုံးဖြတ်မှုနဲ့ပတ်သက်ပြီး ထွက်ပေါ်လာမယ့် ရလဒ်ကို ခန့်မှန်းပြောဆိုဖို့ ဒီမစ်ထရီကူလီဘာက ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်းက 'ဒီဥပဒေမူကြမ်းအတွက် တိုက်ပွဲအများအပြားဖြစ်ပွားနေပါတယ်။ပြီးတော့ ဒီဥပဒေမူကြမ်းအတွက် ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားရဦးမှာပါ။ အဓိကကတော့ ထွက်လာမယ့် ရလဒ်ကိုပဲ စောင့်ရမှာပါ။”လို့ပြောဆိုခဲ့ပါတယ်။

zawgyi version
အေမရိကန္၏ အကူအညီမ်ား မရရွိဘူးဆိုပါက စစ္ပြဲအတြက္ ပလန္ဘီရွိေတာ့မည္မဟုတ္ေၾကာင္း ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ဧၿပီ ၁၉

ယူကရိန္းအတြက္ ေနာက္ထပ္စစ္ေရးအကူအညီေတြကို အတည္ျပဳေပးဖို႔ အေမရိကန္လႊတ္ေတာ္က ျငင္းဆိုလိုက္မယ္ဆိုရင္ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲအတြက္ ယူကရိန္းမွာ ပလန္ဘီရွိေတာ့မွာမဟုတ္ဘူးလို႔ ႏိုင္ငံျခားေရးဝန္ႀကီး ဒီမစ္ထရီကူလီဘာက ေျပာၾကားခဲ့ပါတယ္။

အီတလီႏိုင္ငံ ကာပရီကြၽန္းမွာ က်င္းပခဲ့တဲ့ G7 ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ အစည္းအေဝးအၿပီးမွာ ဒီမစ္ထရီကူလီဘာက ယခုလို ထုတ္ေဖာ္ေျပာဆိုလိုက္တာျဖစ္ပါတယ္။ အေမရိကန္အစိုးရဟာ ယူကရိန္းအတြက္ အေမရိကန္ေဒၚလာ(၆၀)ဘီလ်ံ စစ္ေရးအကူအညီကို ၿပီးခဲ့တဲ့ေဆာင္းရာသီကတည္းက အဆိုျပဳတင္သြင္းခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ေပးပို႔ႏိုင္ျခင္းမ်ိဳးေတာ့ မရွိေသးပါဘူး။ အေမရိကန္အထက္လႊတ္ေတာ္ဟာ ယူကရိန္းအတြက္ အကူအညီေပးေရးအစီအစဥ္အသစ္ကို ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလလယ္မွာ အတည္ျပဳေပးခဲ့ေပမယ့္လည္း ရီပတ္ဘလစ္ကန္ေတြႀကီးစိုးထားတဲ့ ေအာက္လႊတ္ေတာ္ဟာ အဲဒီဥပေဒမူၾကမ္းကို လက္ရွိအခ်ိန္အထိ အတည္ျပဳေပးျခင္းမ်ိဳးေတာ့ မရွိေသးဘူးလို႔ သိရပါတယ္။

အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒မိုက္ခ္ဂြၽန္ဆင္ဟာ ယူကရိန္းအတြက္ အကူအညီေပးေရးအစီအစဥ္အသစ္ကို ဧၿပီလ(၂၀)ရက္ေန႔မွာ မဲခြဲဆုံးျဖတ္မယ္လို႔ ယခုသီတင္းပတ္အေစာပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ယူကရိန္းအတြက္ အကူအညီေပးေရးအစီအစဥ္အသစ္ကို အတည္ျပဳလိုက္ၿပီဆိုပါက အဲဒီဥပေဒမူၾကမ္းကို လက္မွတ္ေရးထိုးမယ္လို႔လည္း သမၼတဂ်ိဳးဘိုင္ဒန္က ကတိျပဳထားပါတယ္။ အဲဒီမဲခြဲဆုံးျဖတ္မႈနဲ႔ပတ္သက္ၿပီး ထြက္ေပၚလာမယ့္ ရလဒ္ကို ခန႔္မွန္းေျပာဆိုဖို႔ ဒီမစ္ထရီကူလီဘာက ျငင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ၎က 'ဒီဥပေဒမူၾကမ္းအတြက္ တိုက္ပြဲအမ်ားအျပားျဖစ္ပြားေနပါတယ္။ၿပီးေတာ့ ဒီဥပေဒမူၾကမ္းအတြက္ ကြၽန္ေတာ္တို႔ ဆက္လက္တိုက္ပြဲဝင္သြားရဦးမွာပါ။ အဓိကကေတာ့ ထြက္လာမယ့္ ရလဒ္ကိုပဲ ေစာင့္ရမွာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.