ကျိုက်ထိုမြို့နယ်တွင် သစ်တင်ကားတစ်စီးဘရိတ်ပေါက်၍ နေအိမ်ခြံဝန်းအတွင်းရှိ သစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

 852

သန့်ဇင် (NP News) - ဧပြီ ၂၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် သစ်တင်ကားတစ်စီးဘရိတ်ပေါက်၍ နေအိမ်ခြံဝန်းအတွင်းရှိသစ်ပင်ကို ဝင်ရောက်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ယာဉ်တိုက်မှုသည် ယနေ့(ဧပြီလ ၂၁ ရက်) မွန်းလွဲ ၂နာရီ ၁၅မိနစ်အချိန်တွင် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၁၀/၁၊ ဖက္ကလိမ်ကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“သစ်တင်တဲ့ကားက ကျိုက်ထိုမြို့ရှောင်လမ်းအတိုင်းမောင်းလာတာမှာ ဘရိတ်ပေါက်ပြီး အနားကအိမ်ခြံဝန်းထဲက သစ်ပင်ကိုဝင်တိုက်မိတာ” ဟု ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် ယာဉ်ပေါ်ပါ အမျိုးသား(၆)ဦးအနက် အသက်(၂၀)ကျော်အမျိုးသားတစ်ဦးမှာအခင်းဖြစ်နေရာ၌ ပွဲချင်းသေဆုံးသွားခဲ့ပြီး ကျန်အမျိုးသား(၅)ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အဲဒီယာဉ်တိုက်မှုမှာက ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးက ဆုံးသွားတာပေါ့။ ကားပေါ်မှာပါတဲ့လူ(၅)ယောက်လောက်ကလည်း ဒဏ်ရာတွေရခဲ့ပါတယ်။ အရင်ကတော့အဲဒီနေရာတွေမှာ အခုလိုဖြစ်တာမကြားမိဘူး။ အခုလိုဖြစ်တော့ ဘယ်လိုပဲဖြစ်ဖြစ် ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးပြီးမှမောင်းစေချင်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

သေဆုံးသူအမျိုးသား နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကျိုက်ထိုမြို့နယ်လူမှုကူညီရေးအသင်းနှင့် ပဒုမ္မာလူမှုကူညီရေးအသင်းတို့ ပူးပေါင်းကာ ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

zawgyi version
က်ိဳက္ထိုၿမိဳ႕နယ္တြင္ သစ္တင္ကားတစ္စီးဘရိတ္ေပါက္၍ ေနအိမ္ၿခံဝန္းအတြင္းရွိ သစ္ပင္ကို ဝင္ေရာက္တိုက္မိခဲ့ရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ဧၿပီ ၂၁

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္တြင္ သစ္တင္ကားတစ္စီးဘရိတ္ေပါက္၍ ေနအိမ္ၿခံဝန္းအတြင္းရွိသစ္ပင္ကို ဝင္ေရာက္တိုက္မိခဲ့ရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း က်ိဳက္ထိုၿမိဳ႕နယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ယာဥ္တိုက္မႈသည္ ယေန႔(ဧၿပီလ ၂၁ ရက္) မြန္းလြဲ ၂နာရီ ၁၅မိနစ္အခ်ိန္တြင္ က်ိဳက္ထိုၿမိဳ႕နယ္၊ ရန္ကုန္-ေမာ္လၿမိဳင္ကားလမ္း၊ မိုင္တိုင္အမွတ္ ၁၁၀/၁၊ ဖကၠလိမ္ေက်း႐ြာ၌ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“သစ္တင္တဲ့ကားက က်ိဳက္ထိုၿမိဳ႕ေရွာင္လမ္းအတိုင္းေမာင္းလာတာမွာ ဘရိတ္ေပါက္ၿပီး အနားကအိမ္ၿခံဝန္းထဲက သစ္ပင္ကိုဝင္တိုက္မိတာ” ဟု က်ိဳက္ထိုၿမိဳ႕နယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္တြင္ ယာဥ္ေပၚပါ အမ်ိဳးသား(၆)ဦးအနက္ အသက္(၂၀)ေက်ာ္အမ်ိဳးသားတစ္ဦးမွာအခင္းျဖစ္ေနရာ၌ ပြဲခ်င္းေသဆုံးသြားခဲ့ၿပီး က်န္အမ်ိဳးသား(၅)ဦးတြင္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

“အဲဒီယာဥ္တိုက္မႈမွာက ယာဥ္ေနာက္လိုက္ အမ်ိဳးသားတစ္ဦးက ဆုံးသြားတာေပါ့။ ကားေပၚမွာပါတဲ့လူ(၅)ေယာက္ေလာက္ကလည္း ဒဏ္ရာေတြရခဲ့ပါတယ္။ အရင္ကေတာ့အဲဒီေနရာေတြမွာ အခုလိုျဖစ္တာမၾကားမိဘူး။ အခုလိုျဖစ္ေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ ယာဥ္ႀကံ့ခိုင္မႈကို စစ္ေဆးၿပီးမွေမာင္းေစခ်င္ပါတယ္”ဟု ၎ကဆက္လက္ေျပာသည္။

ေသဆုံးသူအမ်ိဳးသား ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားကို က်ိဳက္ထိုၿမိဳ႕နယ္လူမႈကူညီေရးအသင္းႏွင့္ ပဒုမၼာလူမႈကူညီေရးအသင္းတို႔ ပူးေပါင္းကာ က်ိဳက္ထိုၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.