မူဆယ်မြို့တွင် ဓားပြမှု၊ ပြန်ပေးဆွဲမှုများ များပြားလာသည့်အတွက် ဒေသခံများစိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေ

 2317

NP News - ဧပြီ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့တွင် ဓားပြမှု၊ ပြန်ပေးဆွဲမှုများများပြားလာသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

မူဆယ်မြို့၌ ဓားပြမှုနှင့် ပြန်ပေးဆွဲမှုများကျူးလွန်နေသည့် ဂိုဏ်းအဖွဲ့များမှာ (၅)ဖွဲ့ထက်မနည်းရှိပြီး အဆိုပါဂိုဏ်းအဖွဲ့များ၏ အကြမ်းဖက်လုယက်၊ ပြန်ပေးဆွဲမှုများကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ပူမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

“ဒီမှာကတော့ ဘယ်သူမှလုပ်ငန်းထဲမှာမနေရဲကြတော့ဘူး။ လုပ်ငန်းထဲမှာနေရင် ဘယ်အချိန်ပြန်ပေးဆွဲခံရမလဲ စိုးရိမ်ပူပန်နေကြရတာပေါ့။ အခုက ကလေးရောလူကြီးရော မရွေးဘူးပြန်ပေးဆွဲနေကြတာ။ ဌာနဆိုင်ရာဝန်ထမ်းတွေကအစ ပြန်ပေးဆွဲခံနေကြရတာ”ဟု မူဆယ်မြို့ခံတစ်ဦးက NP News ကိုပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်၊ ညနေပိုင်းက မူဆယ်မြို့တွင် အဖွဲ့ဝင်(၉)ဦးပါဝင်သော ပြန်ပေးဆွဲဂိုဏ်းတစ်ခုကို တပ်မတော်နှင့် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ထို သို့ ဖမ်းဆီးရမိသည့် ပြန်ပေးဆွဲဂိုဏ်းတွင် အသက်(၁၇)နှစ်မှ အသက်(၃၀)ကြားရှိလူငယ်များပါဝင်ပြီး ဂိုဏ်းအဖွဲ့၏ခေါင်းဆောင်နှင့် ကွင်းဆက်ကျူးလွန်သူများကို ဆက်လက်ဖမ်းဆီးအရေးယူနိုင်ရေး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“မူဆယ်မြို့မှာ ပြန်ပေးဆွဲမှုတွေဖြစ်လို့ CCTV တွေကနေကြည့်လိုက်ရင် စက်မှုကနေမန်းမိုင်သွားတဲ့လမ်းမှာပျောက်ပျောက်သွားတယ်လို့ ပြနေတဲ့အတွက် အဲဒီလမ်းမှာရှိတဲ့ ခြံဝန်းတစ်ခုကို တပ်မတော်နဲ့ပြည်သူ့စစ်ကဝင်ရှာပြီး ဖမ်းတဲ့အခါမှာ မိတာပေါ့။ အဲဒါနဲ့ပဲ အနီးမှာရှိတဲ့ (၉၉)တပ်မကိုပို့ပြီး ဦးဆောင်စစ်ဆေးနေတယ်လို့သိရတယ်” ဟု ၎င်းကဆက်လက်ပြော သည်။

လက်ရှိတွင် အဆိုပါဖမ်းဆီးခံထားရသည့် ပြန်ပေးဆွဲဂိုဏ်းအဖွဲ့ဝင်(၉)ဦးကို မူဆယ်မြို့ရှိ တပ်မ(၉၉)အတွင်း၌ ဖမ်းဆီးစစ်ဆေးလျက်ရှိကာ ကွင်းဆက်ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မူဆယ်မြို့တွင် လောင်းကစား နှင့် မူးယစ်ဆေးဝါးများ များစွာရရှိနေသည့်အတွက် လူငယ်များအနေဖြင့် လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲရန်အတွက် ဓားပြမှုနှင့် ပြန်ပေးဆွဲမှုများကို ပိုမိုကျူးလွန်လာခြင်းဖြစ်ကြောင်း မြို့ခံအချို့က သုံးသပ်ထားကြသည်။

“အဓိက ကတော့ ဒီက KTV တွေမှာမူးယစ်ဆေးဝါးလွယ်လွယ်ကူကူရောင်းနေတယ်။ လောင်း ကစားဝိုင်းတွေက ပေါ်ပေါ်ထင်ထင်လုပ်နေတယ်။ အဲဒါတွေက အဓိကရေသောက်မြစ်ပေါ့လေ။ နောက်ပြီး လူငယ်တွေက KTV သွားရင် ကေရှူတယ်။ မူးယစ်ဆေးဝါး သုံးစွဲတယ်။ အဲဒီအတွက်ငွေတွေလိုတယ်။ ငွေလိုတော့ လူငယ်တွေက အခုလိုငွေလွယ်လွယ်ကူကူရတဲ့ဘက်ကိုရောက်သွားတာပေါ့။ အဲဒါကြောင့် KTV တွေမှာ မူးယစ်ဆေးဝါးပေါ်ပေါ်ထင်ထင်ရောင်းချနေတာတို့ လောင်းကစားပေါ်ပေါ်ထင်ထင်လုပ်နေတာတွေကို ထိန်းချုပ်နိုင်ရင် ဒီလိုမျိုးဖြစ်စဉ်တွေက တော်တော်လျော့သွားမှာပါ” ဟု ၎င်းကဆက်လက်ပြောသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၉ ရက်တွင် မူဆယ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ စည်ပင်သာယာဈေးအနီးရှိ ဆေးခန်းတစ်ခုမှ ဒေါက်တာ မိုးကျော်အောင်ကို လက်နက်ကိုင်လူငယ်(၄)ဦးက ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေကျပ်သိန်း(၁၅၀၀)တောင်းယူခဲ့ကြောင်း သိရသည်။

zawgyi version
မူဆယ္ၿမိဳ႕တြင္ ဓားျပမႈ၊ ျပန္ေပးဆြဲမႈမ်ား မ်ားျပားလာသည့္အတြက္ ေဒသခံမ်ားစိုးရိမ္ပူပန္မႈမ်ားျဖစ္ေပၚေန
NP News - ဧၿပီ ၂၂

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ျမန္မာ-တ႐ုတ္နယ္စပ္၊ မူဆယ္ၿမိဳ႕တြင္ ဓားျပမႈ၊ ျပန္ေပးဆြဲမႈမ်ားမ်ားျပားလာသည့္အတြက္ ေဒသခံမ်ားအေနျဖင့္ စိုးရိမ္ပူပန္မႈမ်ားျဖစ္ေပၚေနေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

မူဆယ္ၿမိဳ႕၌ ဓားျပမႈႏွင့္ ျပန္ေပးဆြဲမႈမ်ားက်ဴးလြန္ေနသည့္ ဂိုဏ္းအဖြဲ႕မ်ားမွာ (၅)ဖြဲ႕ထက္မနည္းရွိၿပီး အဆိုပါဂိုဏ္းအဖြဲ႕မ်ား၏ အၾကမ္းဖက္လုယက္၊ ျပန္ေပးဆြဲမႈမ်ားေၾကာင့္ ေဒသခံမ်ားအေနျဖင့္ စိုးရိမ္ပူမႈမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။

“ဒီမွာကေတာ့ ဘယ္သူမွလုပ္ငန္းထဲမွာမေနရဲၾကေတာ့ဘူး။ လုပ္ငန္းထဲမွာေနရင္ ဘယ္အခ်ိန္ျပန္ေပးဆြဲခံရမလဲ စိုးရိမ္ပူပန္ေနၾကရတာေပါ့။ အခုက ကေလးေရာလူႀကီးေရာ မေ႐ြးဘူးျပန္ေပးဆြဲေနၾကတာ။ ဌာနဆိုင္ရာဝန္ထမ္းေတြကအစ ျပန္ေပးဆြဲခံေနၾကရတာ”ဟု မူဆယ္ၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

ထို႔ျပင္ ၿပီးခဲ့သည့္ ဧၿပီလ ၂၀ ရက္၊ ညေနပိုင္းက မူဆယ္ၿမိဳ႕တြင္ အဖြဲ႕ဝင္(၉)ဦးပါဝင္ေသာ ျပန္ေပးဆြဲဂိုဏ္းတစ္ခုကို တပ္မေတာ္ႏွင့္ ျပည္သူ႔စစ္အဖြဲ႕က ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။ ထို သို႔ ဖမ္းဆီးရမိသည့္ ျပန္ေပးဆြဲဂိုဏ္းတြင္ အသက္(၁၇)ႏွစ္မွ အသက္(၃၀)ၾကားရွိလူငယ္မ်ားပါဝင္ၿပီး ဂိုဏ္းအဖြဲ႕၏ေခါင္းေဆာင္ႏွင့္ ကြင္းဆက္က်ဴးလြန္သူမ်ားကို ဆက္လက္ဖမ္းဆီးအေရးယူႏိုင္ေရး စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

“မူဆယ္ၿမိဳ႕မွာ ျပန္ေပးဆြဲမႈေတြျဖစ္လို႔ CCTV ေတြကေနၾကည့္လိုက္ရင္ စက္မႈကေနမန္းမိုင္သြားတဲ့လမ္းမွာေပ်ာက္ေပ်ာက္သြားတယ္လို႔ ျပေနတဲ့အတြက္ အဲဒီလမ္းမွာရွိတဲ့ ၿခံဝန္းတစ္ခုကို တပ္မေတာ္နဲ႔ျပည္သူ႔စစ္ကဝင္ရွာၿပီး ဖမ္းတဲ့အခါမွာ မိတာေပါ့။ အဲဒါနဲ႔ပဲ အနီးမွာရွိတဲ့ (၉၉)တပ္မကိုပို႔ၿပီး ဦးေဆာင္စစ္ေဆးေနတယ္လို႔သိရတယ္” ဟု ၎ကဆက္လက္ေျပာ သည္။

လက္ရွိတြင္ အဆိုပါဖမ္းဆီးခံထားရသည့္ ျပန္ေပးဆြဲဂိုဏ္းအဖြဲ႕ဝင္(၉)ဦးကို မူဆယ္ၿမိဳ႕ရွိ တပ္မ(၉၉)အတြင္း၌ ဖမ္းဆီးစစ္ေဆးလ်က္ရွိကာ ကြင္းဆက္က်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရးအတြက္ စစ္ေဆးအေရးယူလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ မူဆယ္ၿမိဳ႕တြင္ ေလာင္းကစား ႏွင့္ မူးယစ္ေဆးဝါးမ်ား မ်ားစြာရရွိေနသည့္အတြက္ လူငယ္မ်ားအေနျဖင့္ ေလာင္းကစားႏွင့္ မူးယစ္ေဆးဝါးသုံးစြဲရန္အတြက္ ဓားျပမႈႏွင့္ ျပန္ေပးဆြဲမႈမ်ားကို ပိုမိုက်ဴးလြန္လာျခင္းျဖစ္ေၾကာင္း ၿမိဳ႕ခံအခ်ိဳ႕က သုံးသပ္ထားၾကသည္။

“အဓိက ကေတာ့ ဒီက KTV ေတြမွာမူးယစ္ေဆးဝါးလြယ္လြယ္ကူကူေရာင္းေနတယ္။ ေလာင္း ကစားဝိုင္းေတြက ေပၚေပၚထင္ထင္လုပ္ေနတယ္။ အဲဒါေတြက အဓိကေရေသာက္ျမစ္ေပါ့ေလ။ ေနာက္ၿပီး လူငယ္ေတြက KTV သြားရင္ ေကရႉတယ္။ မူးယစ္ေဆးဝါး သုံးစြဲတယ္။ အဲဒီအတြက္ေငြေတြလိုတယ္။ ေငြလိုေတာ့ လူငယ္ေတြက အခုလိုေငြလြယ္လြယ္ကူကူရတဲ့ဘက္ကိုေရာက္သြားတာေပါ့။ အဲဒါေၾကာင့္ KTV ေတြမွာ မူးယစ္ေဆးဝါးေပၚေပၚထင္ထင္ေရာင္းခ်ေနတာတို႔ ေလာင္းကစားေပၚေပၚထင္ထင္လုပ္ေနတာေတြကို ထိန္းခ်ဳပ္ႏိုင္ရင္ ဒီလိုမ်ိဳးျဖစ္စဥ္ေတြက ေတာ္ေတာ္ေလ်ာ့သြားမွာပါ” ဟု ၎ကဆက္လက္ေျပာသည္။

အလားတူ ၿပီးခဲ့သည့္ ဧၿပီလ ၉ ရက္တြင္ မူဆယ္ၿမိဳ႕၊ အမွတ္(၂)ရပ္ကြက္၊ စည္ပင္သာယာေဈးအနီးရွိ ေဆးခန္းတစ္ခုမွ ေဒါက္တာ မိုးေက်ာ္ေအာင္ကို လက္နက္ကိုင္လူငယ္(၄)ဦးက ဖမ္းဆီးေခၚေဆာင္သြားကာ ေငြက်ပ္သိန္း(၁၅၀၀)ေတာင္းယူခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.