အကြမ်းဖက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျောင်းများကို လာမည့်ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန် တပ်ချုပ်တိုက်တွန်း

 3208

Pearl (NP News) - ဧပြီ ၂၃

အကြမ်းဖက်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ကျောင်းများကို လာမည့်ပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန်အတွက် နစကဥက္ကဋ္ဌက တိုက်တွန်းပြောကြားထားသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ (ဧပြီလ ၂၂ရက်) တွင် ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဇွန်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်စေရေး နှင့် ပရိဘောဂများပြည့်စုံကောင်းမွန်စေရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန် နှင့် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနှောင့်နှေးခဲ့ရသည့် ဒေသအချို့တွင်လည်း အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်သင်ကြားနိုင်ရေးဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားထားသည်။

အလားတူ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်ကျောင်းများ ပြန်လည်ကောင်းမွန်စေရေးနှင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းများအားလုံးဖွင့်လှစ်သင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း နှင့် ကျောင်းနေအရွယ်ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေးကြိုးပမ်းဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်း ၎င်းက ဆက် လက်ပြောသည်။

ထို့ပြင် စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်မှုရှိစေရေး၊ ရှိသင့်ရှိထိုက်သည့် စာအုပ်စာပေများ စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုအဓိက အထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများထားရှိနိုင်ရေး စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

တပ်မတော်က နိုင်ငံတော် အာဏာရယူပြီးနောက်ပိုင်းတွင် ‌ဒေသအချို့၌ တပ်မတော်လုံခြုံရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များအကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး လူနေအိမ်များ၊ ဌာနဆိုင်ရာ အဆောက်အဦးများ နှင့် စာသင်ကျောင်းများသည်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ပညာရေးဝန်ထမ်းများသည်လည်း အကြမ်းဖက် သတ်ဖြတ်ခံရမှုများ နှင့် ခြိမ်းခြောက်ခံရမှုများပါရှိနေသည်။

၂၀၂၃ - ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွင်း၌လည်း တစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်းများတွင် ကျောင်းအပ်နှံခဲ့သူ (၈၁၀၈၂၂၇)ဦးရှိခဲ့ပြီး ကျောင်းတတ်ခဲ့သူမှာ (၆၇၆၇၇၆၃)ဦးသာရှိ၍ ကျောင်းတတ်ရန် ပျက်ကွက်ခဲ့သူမှာ (၁၃)သိန်းကျော်အထိ ရှိခဲ့ကြောင်း နစက၏ အချက်အလက်များအရသိရသည်။

zawgyi version
အၾကမ္းဖက္မႈမ်ားေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ေက်ာင္းမ်ားကို လာမည့္ပညာသင္ႏွစ္တြင္ ျပန္လည္ဖြင့္လွစ္ႏိုင္ေရးေဆာင္႐ြက္ရန္ တပ္ခ်ဳပ္တိုက္တြန္း
Pearl (NP News) - ဧၿပီ ၂၃

အၾကမ္းဖက္မႈမ်ားေၾကာင့္ ထိခိုက္ပ်က္စီးခဲ့သည့္ေက်ာင္းမ်ားကို လာမည့္ပညာသင္ႏွစ္တြင္ ျပန္လည္ဖြင့္လွစ္ႏိုင္ေရးေဆာင္႐ြက္ရန္အတြက္ နစကဥကၠ႒က တိုက္တြန္းေျပာၾကားထားသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔ (ဧၿပီလ ၂၂ရက္) တြင္ က်င္းပေသာ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝး၌ အထက္ပါကဲ့သို႔ တိုက္တြန္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဇြန္လအတြင္း အေျခခံပညာေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ေတာ့မည္ျဖစ္သျဖင့္ စာသင္ေက်ာင္းမ်ား သန႔္ရွင္းသာယာလွပေရး၊ ေက်ာင္းဥပဓိ႐ုပ္မ်ားေကာင္းမြန္ေစေရး ႏွင့္ ပရိေဘာဂမ်ားျပည့္စုံေကာင္းမြန္ေစေရးအတြက္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ရန္ ႏွင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ပညာေရးေႏွာင့္ေႏွးခဲ့ရသည့္ ေဒသအခ်ိဳ႕တြင္လည္း အေျခခံပညာေက်ာင္းမ်ား ျပန္လည္ ဖြင့္လွစ္သင္ၾကားႏိုင္ေရးေဆာင္႐ြက္ရန္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တိုက္တြန္းေျပာၾကားထားသည္။

အလားတူ အၾကမ္းဖက္မႈျဖစ္စဥ္မ်ားေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည့္ေက်ာင္းမ်ား ျပန္လည္ေကာင္းမြန္ေစေရးႏွင့္ လာမည့္ပညာသင္ႏွစ္တြင္ ေက်ာင္းမ်ားအားလုံးဖြင့္လွစ္သင္ၾကားႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္ၾကရန္လိုေၾကာင္း ႏွင့္ ေက်ာင္းေနအ႐ြယ္ကေလးအားလုံး လုံလုံၿခဳံၿခဳံျဖင့္ ပညာသင္ၾကားႏိုင္ေရးႀကိဳးပမ္းေဆာင္႐ြက္ေပးရန္ တာဝန္ရွိေၾကာင္း ၎က ဆက္ လက္ေျပာသည္။

ထို႔ျပင္ စာၾကည့္တိုက္လုပ္ငန္းမ်ား စဥ္ဆက္မျပတ္လည္ပတ္မႈရွိေစေရး၊ ရွိသင့္ရွိထိုက္သည့္ စာအုပ္စာေပမ်ား စုံစုံလင္လင္ထားရွိႏိုင္ေရး၊ ေက်းလက္ေနျပည္သူမ်ား အသိပညာတိုးပြားႏိုင္ၿပီး လူမႈစီးပြားဘဝဖြံ႕ၿဖိဳးတိုးတက္ေရးကိုအဓိက အေထာက္အကူျပဳေပးႏိုင္သည့္ စာအုပ္စာေပမ်ားထားရွိႏိုင္ေရး စဥ္ဆက္မျပတ္ႀကိဳးပမ္း ေဆာင္႐ြက္သြားရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

တပ္မေတာ္က ႏိုင္ငံေတာ္ အာဏာရယူၿပီးေနာက္ပိုင္းတြင္ ‌ေဒသအခ်ိဳ႕၌ တပ္မေတာ္လုံၿခဳံေရးအဖြဲ႕ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား၊ PDF အဖြဲ႕မ်ားအၾကား တိုက္ပြဲမ်ားျပင္းထန္ခဲ့ၿပီး လူေနအိမ္မ်ား၊ ဌာနဆိုင္ရာ အေဆာက္အဦးမ်ား ႏွင့္ စာသင္ေက်ာင္းမ်ားသည္လည္း ထိခိုက္ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္အျပင္ ပညာေရးဝန္ထမ္းမ်ားသည္လည္း အၾကမ္းဖက္ သတ္ျဖတ္ခံရမႈမ်ား ႏွင့္ ၿခိမ္းေျခာက္ခံရမႈမ်ားပါရွိေနသည္။

၂၀၂၃ - ၂၀၂၄ ခုႏွစ္ ပညာသင္ႏွစ္အတြင္း၌လည္း တစ္ႏိုင္ငံလုံးရွိ အေျခခံ ပညာေက်ာင္းမ်ားတြင္ ေက်ာင္းအပ္ႏွံခဲ့သူ (၈၁၀၈၂၂၇)ဦးရွိခဲ့ၿပီး ေက်ာင္းတတ္ခဲ့သူမွာ (၆၇၆၇၇၆၃)ဦးသာရွိ၍ ေက်ာင္းတတ္ရန္ ပ်က္ကြက္ခဲ့သူမွာ (၁၃)သိန္းေက်ာ္အထိ ရွိခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.