ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ဝင် (၁၂)ဦး သေဆုံး

 682

ဂျန်ဇက် (NP News) - ဧပြီ ၂၃

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ခွဲထွက်ရေးသူပုန်အုပ်စုဝင် ၁၂ ဦး သေဆုံးသွားခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအို ပြည်နယ်မှာ စစ်သွေးကြွအုပ်စုများက ဖိလစ်ပိုင်စစ်တပ်ကို ချုံခိုတိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ဖိလစ်ပိုင်စစ်သား(၇)ဦး ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။ ဖိလစ်ပိုင်စစ်တပ်က Bangsamoro Islamic Freedom Fighters-Karialan Faction အဖွဲ့ခေါင်းဆောင် နဲ့ ၎င်းရဲ့ညီဖြစ်သူတို့အပြင် အခြားတပ်ဖွဲ့ဝင် (၁၀)ဦးတို့ ကျဆုံးခဲ့ကြောင်း ပြောပါတယ်။ ဖိလစ်ပိုင်စစ်တပ်ဟာ အမ် ၁၆ ရိုင်ဖယ်သေနတ်တွေအပါအဝင် သေနတ် ၁၂ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်းပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ ခွဲထွက်ရေးလက်နက် ကိုင်အုပ်စု အမျိုးမျိုးရှိနေပြီး မွတ်စလင်ခွဲထွက်ရေးအုပ်စုများက ISIS အဖွဲ့လက်အောက်ခံအဖွဲ့အဖြစ်ခံယူပြီး အစိုးရကို ဆန့်ကျင့်တိုက်ခိုက်နေပါတယ်။

ဖိလစ်ပိုင်အစိုးရဟာ ၂၀၁၄ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံရဲ့အကြီးမားဆုံးလက်နက်ကိုင်အဖွဲ့စည်းဖြစ်တဲ့ Moro Islamic Liberation Front နဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ်လက်မှတ်ရေးထိုးခဲ့ပေမယ့် အဲဒီလက်နက်ကိုင်အဖွဲ့ရဲ့လက်အောက်ခံ မွတ်စလင်လက်နက်ကိုင်အဖွဲ့ငယ်များကအစိုးရကို ဆက်လက်ဆန့်ကျင့်တိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။ အဆိုပါ ဖိလစ်ပိုင်တောင်ပိုင်းမှာ မွတ်စလင်ခွဲထွက်ရေးလက်နက်ကိုင်အုပ်စုတွေအပြင်ကွန်မြူနစ်လက်နက်ကိုင်အဖွဲ့တွေလည်းရှိနေကြောင်းသိရပါတယ်။

zawgyi version
ဖိလစ္ပိုင္ႏိုင္ငံမွာ တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ ခြဲထြက္ေရး လက္နက္ကိုင္အဖြဲ႕ဝင္ (၁၂)ဦး ေသဆုံး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၃

ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္းမွာ ျဖစ္ပြားခဲ့တဲ့တိုက္ပြဲအတြင္း ခြဲထြက္ေရးသူပုန္အုပ္စုဝင္ ၁၂ ဦး ေသဆုံးသြားခဲ့ေၾကာင္း ဖိလစ္ပိုင္စစ္တပ္က သတင္းထုတ္ျပန္လိုက္ပါတယ္။

ဖိလစ္ပိုင္ေတာင္ပိုင္း မင္ဒါနာအို ျပည္နယ္မွာ စစ္ေသြးႂကြအုပ္စုမ်ားက ဖိလစ္ပိုင္စစ္တပ္ကို ခ်ဳံခိုတိုက္ခိုက္ခဲ့ၿပီးေနာက္ အျပန္အလွန္ပစ္ခတ္မႈမ်ားျဖစ္ပြားခဲ့ရာ ဖိလစ္ပိုင္စစ္သား(၇)ဦး ဒဏ္ရာရခဲ့ေၾကာင္းသိရပါတယ္။ ဖိလစ္ပိုင္စစ္တပ္က Bangsamoro Islamic Freedom Fighters-Karialan Faction အဖြဲ႕ေခါင္းေဆာင္ နဲ႔ ၎ရဲ႕ညီျဖစ္သူတို႔အျပင္ အျခားတပ္ဖြဲ႕ဝင္ (၁၀)ဦးတို႔ က်ဆုံးခဲ့ေၾကာင္း ေျပာပါတယ္။ ဖိလစ္ပိုင္စစ္တပ္ဟာ အမ္ ၁၆ ႐ိုင္ဖယ္ေသနတ္ေတြအပါအဝင္ ေသနတ္ ၁၂ လက္ကို သိမ္းဆည္းရမိခဲ့ေၾကာင္းေျပာပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္းမွာ ခြဲထြက္ေရးလက္နက္ ကိုင္အုပ္စု အမ်ိဳးမ်ိဳးရွိေနၿပီး မြတ္စလင္ခြဲထြက္ေရးအုပ္စုမ်ားက ISIS အဖြဲ႕လက္ေအာက္ခံအဖြဲ႕အျဖစ္ခံယူၿပီး အစိုးရကို ဆန႔္က်င့္တိုက္ခိုက္ေနပါတယ္။

ဖိလစ္ပိုင္အစိုးရဟာ ၂၀၁၄ ခုႏွစ္က ဖိလစ္ပိုင္ႏိုင္ငံရဲ႕အႀကီးမားဆုံးလက္နက္ကိုင္အဖြဲ႕စည္းျဖစ္တဲ့ Moro Islamic Liberation Front နဲ႔ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ေပမယ့္ အဲဒီလက္နက္ကိုင္အဖြဲ႕ရဲ႕လက္ေအာက္ခံ မြတ္စလင္လက္နက္ကိုင္အဖြဲ႕ငယ္မ်ားကအစိုးရကို ဆက္လက္ဆန႔္က်င့္တိုက္ခိုက္ေနဆဲျဖစ္ေၾကာင္းသိရပါတယ္။ အဆိုပါ ဖိလစ္ပိုင္ေတာင္ပိုင္းမွာ မြတ္စလင္ခြဲထြက္ေရးလက္နက္ကိုင္အုပ္စုေတြအျပင္ကြန္ျမဴနစ္လက္နက္ကိုင္အဖြဲ႕ေတြလည္းရွိေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.