မော်လမြိုင်မြို့တွင် လျှပ်စစ်ဝါယာရှော့မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင် မီးလောင် ဆုံးရှုံး

 543

သန့်ဇင် (NP News) - ဧပြီ ၂၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် လျှပ်စစ်ဝါယာရှော့မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားရာ အိမ်ဆောက်ပစ္စည်းဆိုင် တစ်ဆိုင် မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့ (ဧပြီလ ၂၇ ရက်)၊ မွန်းလွဲ ၂ နာရီ ၂၂ မိနစ်အချိန်ခန့်က မော်လမြိုင်မြို့နယ်၊ ကျွဲခြံကုန်း ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆိုင်ကလူတွေ ပြောတာတော့ဆိုင်မှာက လူမရှိဘူး။ မီးလာတဲ့အချိန် လောင်တာဆိုတော့ ဝါယာရှော့ဖြစ်ပြီး လောင်ဖို့ များပါတယ်။ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်လောင်တာပါ။ ဆိုင်မှာရှိတဲ့ပစ္စည်းတွေနဲ့ ရေခဲသေတ္တာ တွေရော အဝတ်လျှော်စက်(၂)လုံးပါလောင် သွားတာ” ဟု ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်တစ်ဆိုင်လုံး မီးလောင်ပျက်စီးသွားခဲ့သော်လည်း လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

“ဒီမှာက ခဏခဏလောင်ပါတယ်။ ဧပြီလနဲ့ မေလတွေမှာ လောင်တာတွေ ပိုများတာပေါ့။ ပူပြင်းတဲ့ရာသီလည်း ဖြစ်တယ်။ ပြီးတော့ လျှပ်စစ်မီးကလည်း လာလိုက်မလာလိုက်ဆိုတော့ မီးပျက်တဲ့အချိန် မီးမပိတ်မိဘဲ မီးလာတော့ ဝါယာရှော့တွေဖြစ်ပြီး လောင်တာ များပါတယ်။ အဲဒါကြောင့် လျှပ်စစ်မီးကို စနစ်တကျသုံးစေချင်တယ်။ မီးသတ် ကတော့ ညနေတိုင်း မြို့ထဲလှည့်ပြီးမီးဘေးအန္တရာယ် သတိပေးချက်တွေ နှိုးဆော်တာမျိုးရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မီးလောင်မှုဖြစ်စဉ်ကို မော်လမြိုင်မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် အခြားအသင်းအဖွဲ့များက Leve-1 အဆင့်ဖြင့် မိနစ်(၃၀)ခန့်အကြာ မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေမာ္လၿမိဳင္ၿမိဳ႕တြင္ လွ်ပ္စစ္ဝါယာေရွာ့မွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားရာ အိမ္ေဆာက္ပစၥည္းဆိုင္တစ္ဆိုင္ မီးေလာင္ ဆုံးရႈံး
သန႔္ဇင္ (NP News) - ဧၿပီ ၂၇

မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ လွ်ပ္စစ္ဝါယာေရွာ့မွတစ္ဆင့္ မီးေလာင္မႈျဖစ္ပြားရာ အိမ္ေဆာက္ပစၥည္းဆိုင္ တစ္ဆိုင္ မီးေလာင္ဆုံးရႈံးသြားခဲ့ေၾကာင္း ဘိုဘိုဝင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔ (ဧၿပီလ ၂၇ ရက္)၊ မြန္းလြဲ ၂ နာရီ ၂၂ မိနစ္အခ်ိန္ခန႔္က ေမာ္လၿမိဳင္ၿမိဳ႕နယ္၊ ကြၽဲၿခံကုန္း ရပ္ကြက္ရွိ အိမ္ေဆာက္ပစၥည္းဆိုင္တစ္ဆိုင္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆိုင္ကလူေတြ ေျပာတာေတာ့ဆိုင္မွာက လူမရွိဘူး။ မီးလာတဲ့အခ်ိန္ ေလာင္တာဆိုေတာ့ ဝါယာေရွာ့ျဖစ္ၿပီး ေလာင္ဖို႔ မ်ားပါတယ္။ အိမ္ေဆာက္ပစၥည္းအေရာင္းဆိုင္ေလာင္တာပါ။ ဆိုင္မွာရွိတဲ့ပစၥည္းေတြနဲ႔ ေရခဲေသတၱာ ေတြေရာ အဝတ္ေလွ်ာ္စက္(၂)လုံးပါေလာင္ သြားတာ” ဟု ဘိုဘိုဝင္းအေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ အိမ္ေဆာက္ပစၥည္းဆိုင္တစ္ဆိုင္လုံး မီးေလာင္ပ်က္စီးသြားခဲ့ေသာ္လည္း လူထိခိုက္မႈ မရွိခဲ့ေၾကာင္း သိရသည္။

“ဒီမွာက ခဏခဏေလာင္ပါတယ္။ ဧၿပီလနဲ႔ ေမလေတြမွာ ေလာင္တာေတြ ပိုမ်ားတာေပါ့။ ပူျပင္းတဲ့ရာသီလည္း ျဖစ္တယ္။ ၿပီးေတာ့ လွ်ပ္စစ္မီးကလည္း လာလိုက္မလာလိုက္ဆိုေတာ့ မီးပ်က္တဲ့အခ်ိန္ မီးမပိတ္မိဘဲ မီးလာေတာ့ ဝါယာေရွာ့ေတြျဖစ္ၿပီး ေလာင္တာ မ်ားပါတယ္။ အဲဒါေၾကာင့္ လွ်ပ္စစ္မီးကို စနစ္တက်သုံးေစခ်င္တယ္။ မီးသတ္ ကေတာ့ ညေနတိုင္း ၿမိဳ႕ထဲလွည့္ၿပီးမီးေဘးအႏၲရာယ္ သတိေပးခ်က္ေတြ ႏႈိးေဆာ္တာမ်ိဳးရွိပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။

မီးေလာင္မႈျဖစ္စဥ္ကို ေမာ္လၿမိဳင္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ အျခားအသင္းအဖြဲ႕မ်ားက Leve-1 အဆင့္ျဖင့္ မိနစ္(၃၀)ခန႔္အၾကာ မီးျငႇိမ္းသတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.