အမေရိကန်က ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့မှ မှောင်ခိုနည်းနဲ့ရောက်ရှိလာတဲ့ ညအမွေအနှစ်ပစ္စည်းရှေးဟောင်းပစ္စည်း အခု ၃ဝ ပြန်လည်ပေးအပ်

 463

ရောင်နီ (NP News) - ဧပြီ ၂၈

အမေရိကန် ကုန်သည်များနဲ့ လူကုန်ကူးသူများ ကွန်ရက်များမှ လုယက်ခြင်း၊ ရောင်းချခြင်း (သို့မဟုတ်) တရားမဝင် လွှဲပြောင်းခြင်း စတဲ့ နည်းအမျိုးမျိုးနဲ့ ရရှိလာတဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံမှ ရှေးဟောင်းပစ္စည်း အခု ၃ဝ ကို ပိုင်ရှင်နိုင်ငံတွေဆီ ပြန်ပေးအပ်ခဲ့တယ်လို့ နယူးယောက်အစိုးရရှေ့နေတွေက သောကြာနေ့ (ဧပြီ ၂၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ ရှေးဟောင်းပစ္စည်းတွေရဲ့တန်ဖိုးဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ သန်းခန့် ရှိတယ်လို့ မန်ဟက်တန် ခရိုင်ရှေ့နေ အယ်လ်ဗင်ဘရက် က ပြောကြားခဲ့ပါတယ်။ ပစ္စည်းတွေထဲမှာ Majapahit အင်ပါယာ (၁၃ ရာစုမှ ၁၆ ရာစုအတွင်း) လက်ရာ၊ ရုပ်တုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ရောင်းဝယ်ဖောက်ကားမှုတွေကို ပြုလုပ်သူတွေကတော့ အိန္ဒိယ-အမေရိကန်လူမျိုး ဆပ်ဘက်ရှ်ကာပါနဲ့ အမေရိကန်လူမျိုး နန်စီဝီနာတို့ဖြစ်ပါတယ်။
ကာပါဟာ အရှေ့တောင်အာရှရဲ့ရှေးဟောင်းပစ္စည်းတွေ မှောင်ခိုရောင်းဝယ်မှုနဲ့ဆယ်စုနှစ်တစ်ခုကြာအောင် အမေရိကန်တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ကာပါဟာ ၂ဝ၁၁ ခုနှစ်မှာ ဂျာမနီ နိုင်ငံမှာ ဖမ်းဆီးခံခဲ့ရပြီး အိန္ဒိယကို ပြန်ပို့ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။

အဆိုပါ ရှေးဟောင်းပစ္စည်းတွေကိုလည်း နယူးယောက်တရားရုံးတွေက ၂ဝ၂၃ ခုနှစ်မှာ သိမ်းဆည်းခဲ့ပါတယ်။ နယူးယောက်ဟာ လူကုန်ကူးမှု အဓိက အချက်အချာနေရာဖြစ်တာကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း မက်ထရိုပိုလီတန် အနုပညာတွေကို စုဆောင်းသူတွေဆီက သိမ်းဆည်း ရမိခဲ့ပါသေးတယ်။

Zawgyi Version;
အေမရိကန္က ကေမာၻဒီးယားႏိုင္ငံ၊ အင္ဒိုနီးရွားႏိုင္ငံတို႔မွ ေမွာင္ခိုနည္းနဲ႔ေရာက္ရွိလာတဲ့ ညအေမြအႏွစ္ပစၥည္းေရွးေဟာင္းပစၥည္း အခု ၃ဝ ျပန္လည္ေပးအပ္
ေရာင္နီ (NP News) - ဧၿပီ ၂၈

အေမရိကန္ ကုန္သည္မ်ားနဲ႔ လူကုန္ကူးသူမ်ား ကြန္ရက္မ်ားမွ လုယက္ျခင္း၊ ေရာင္းခ်ျခင္း (သို႔မဟုတ္) တရားမဝင္ လႊဲေျပာင္းျခင္း စတဲ့ နည္းအမ်ိဳးမ်ိဳးနဲ႔ ရရွိလာတဲ့ ကေမာၻဒီးယား၊ အင္ဒိုနီးရွားႏိုင္ငံမွ ေရွးေဟာင္းပစၥည္း အခု ၃ဝ ကို ပိုင္ရွင္ႏိုင္ငံေတြဆီ ျပန္ေပးအပ္ခဲ့တယ္လို႔ နယူးေယာက္အစိုးရေရွ႕ေနေတြက ေသာၾကာေန႔ (ဧၿပီ ၂၆ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

အဆိုပါ ေရွးေဟာင္းပစၥည္းေတြရဲ႕တန္ဖိုးဟာ စုစုေပါင္း အေမရိကန္ေဒၚလာ ၃ သန္းခန္႔ ရွိတယ္လို႔ မန္ဟက္တန္ ခ႐ိုင္ေရွ႕ေန အယ္လ္ဗင္ဘရက္ က ေျပာၾကားခဲ့ပါတယ္။ ပစၥည္းေတြထဲမွာ Majapahit အင္ပါယာ (၁၃ ရာစုမွ ၁၆ ရာစုအတြင္း) လက္ရာ၊ ႐ုပ္တုေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။

ေရာင္းဝယ္ေဖာက္ကားမႈေတြကို ျပဳလုပ္သူေတြကေတာ့ အိႏၵိယ-အေမရိကန္လူမ်ိဳး ဆပ္ဘက္ရွ္ကာပါနဲ႔ အေမရိကန္လူမ်ိဳး နန္စီဝီနာတို႔ျဖစ္ပါတယ္။
ကာပါဟာ အေရွ႕ေတာင္အာရွရဲ႕ေရွးေဟာင္းပစၥည္းေတြ ေမွာင္ခိုေရာင္းဝယ္မႈနဲ႔ဆယ္စုႏွစ္တစ္ခုၾကာေအာင္ အေမရိကန္တရားေရးဆိုင္ရာ စုံစမ္းစစ္ေဆးမႈ ပစ္မွတ္ျဖစ္ခဲ့ပါတယ္။ အဲဒီေနာက္ ကာပါဟာ ၂ဝ၁၁ ခုႏွစ္မွာ ဂ်ာမနီ ႏိုင္ငံမွာ ဖမ္းဆီးခံခဲ့ရၿပီး အိႏၵိယကို ျပန္ပို႔ကာ ၂၀၂၂ ခုႏွစ္ ႏိုဝင္ဘာလမွာ ေထာင္ဒဏ္ ၁၃ ႏွစ္ ခ်မွတ္ခံခဲ့ရပါတယ္။

အဆိုပါ ေရွးေဟာင္းပစၥည္းေတြကိုလည္း နယူးေယာက္တရား႐ုံးေတြက ၂ဝ၂၃ ခုႏွစ္မွာ သိမ္းဆည္းခဲ့ပါတယ္။ နယူးေယာက္ဟာ လူကုန္ကူးမႈ အဓိက အခ်က္အခ်ာေနရာျဖစ္တာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္းကလည္း မက္ထ႐ိုပိုလီတန္ အႏုပညာေတြကို စုေဆာင္းသူေတြဆီက သိမ္းဆည္း ရမိခဲ့ပါေသးတယ္။

Related news

© 2021. All rights reserved.