ဂါဇာကမ်းမြောင်မှာ လမစေ့ပဲ ခွဲစိတ်မွေးခဲ့ရတဲ့ ကလေး ရက်အနည်းငယ်အတွင်း သေဆုံး

 223

ရောင်နီ (NP News) - ဧပြီ ၂၈

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ မိခင်ရဲ့သားအိမ်မှ
လမစေ့ပဲ ထုတ်ယူမွေးခဲ့ရတဲ့ကလေးဟာ ရက်သတ္တပတ် အနည်းငယ်အကြာမှာပဲ သေဆုံးသွားတယ်လို့ ဆရာဝန် တွေက သောကြာနေ့ (ဧပြီလ ၂၆ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ကလေးရဲ့မိခင်ဖြစ်သူ ဆာဘရီအယ်လ်ဆာကာနှအယ်လ်ရှီဆာဟာ ကိုယ်ဝန်ရက်သတ္တပတ် ၃၀ ခန့်မှာပဲ တိုက်ခိုက် မှုကြောင့် ဂါဇာကမ်းမြှောင်တောင်ဘက်စွန်း ရာဖက်မြို့ရှိ ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပါတယ်။

ကလေးရဲ့ဖခင်မိသားစုနေအိမ်မှာင်ဖြစ်သူ ရူခရီနဲ့ သုံးနှစ်အရွယ် အစ်မဖြစ်သူ မာလက်ခ်တို့ကတော့ နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဆရာဝန်တွေက ကလေးကို ခွဲစိတ်ကုသပြီး မွေးဖွားနိုင်ခဲ့ပေမယ့် မိခင်ကတော့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ ပါတယ်။ ကလေးငယ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေနဲ့ ကိုယ်ခံအားစနစ် အားနည်းမှုတွေတော့ ရှိနေခဲ့တယ်လို့ သိရပါတယ်။

ဒီအားနည်းချက်တွေကြောင့်ပဲ ကလေးဟာ ကြာသပတေးနေ့ ဧပြီလ ၂၆ ရက်မှာ သေဆုံးသွားခဲ့တယ်လို့ ပြုစု စောင့်ရှောက်ပေးနေတဲ့ Emirati ဆေးရုံရှိ အရေးပေါ်လူနာဆောင်ဌာနမှ ဆရာဝန်မိုဟာမက်ဆာလမာက ဆိုခဲ့ပါ တယ်။

ဂါဇာမှာ အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွများကြား စစ်ပွဲဖြစ်ပွားမှုအတွင်း ပါလက်စတိုင်း အမျိုးသမီးနဲ့ ကလေး ၃၄,၀၀၀ ကျော် သေဆုံးခဲ့ပြီ ဖြစ်တယ်လို့ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။ အစ္စရေးရဲ့ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသ အများစုဟာ အမှိုက်ပုံဖြစ်ခဲ့ရပြီး ဆေးရုံအများစုဟာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုတွေရှိခဲ့ကာ လျှပ်စစ်မီး၊ ဆေးဝါးပိုးသတ်ကိရိယာနဲ့ အခြားထောက်ပံ့ရေးပစ္စည်းတွေ ပြတ်တောက်လျက်ရှိပါတယ်။

Zawgyi Version;
ဂါဇာကမ္းေျမာင္မွာ လမေစ့ပဲ ခြဲစိတ္ေမြးခဲ့ရတဲ့ ကေလး ရက္အနည္းငယ္အတြင္း ေသဆုံး
ေရာင္နီ (NP News) - ဧၿပီ ၂၈

ဂါဇာကမ္းေျမာင္ေဒသမွာ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ေသဆုံးသြားတဲ့ မိခင္ရဲ႕သားအိမ္မွ
လမေစ့ပဲ ထုတ္ယူေမြးခဲ့ရတဲ့ကေလးဟာ ရက္သတၱပတ္ အနည္းငယ္အၾကာမွာပဲ ေသဆုံးသြားတယ္လို႔ ဆရာဝန္ ေတြက ေသာၾကာေန႔ (ဧၿပီလ ၂၆ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

ကေလးရဲ႕မိခင္ျဖစ္သူ ဆာဘရီအယ္လ္ဆာကာႏွအယ္လ္ရွီဆာဟာ ကိုယ္ဝန္ရက္သတၱပတ္ ၃၀ ခန္႔မွာပဲ တိုက္ခိုက္ မႈေၾကာင့္ ဂါဇာကမ္းေျမႇာင္ေတာင္ဘက္စြန္း ရာဖက္ၿမိဳ႕ရွိ ဒဏ္ရာ အျပင္းအထန္ရရွိခဲ့ပါတယ္။

ကေလးရဲ႕ဖခင္မိသားစုေနအိမ္မွာင္ျဖစ္သူ ႐ူခရီနဲ႔ သုံးႏွစ္အ႐ြယ္ အစ္မျဖစ္သူ မာလက္ခ္တို႔ကေတာ့ ေနရာမွာတင္ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
ဆရာဝန္ေတြက ကေလးကို ခြဲစိတ္ကုသၿပီး ေမြးဖြားႏိုင္ခဲ့ေပမယ့္ မိခင္ကေတာ့ ဒဏ္ရာေတြနဲ႔ ေသဆုံးသြားခဲ့ ပါတယ္။ ကေလးငယ္ဟာ အသက္ရႉလမ္းေၾကာင္းဆိုင္ရာျပႆနာေတြနဲ႔ ကိုယ္ခံအားစနစ္ အားနည္းမႈေတြေတာ့ ရွိေနခဲ့တယ္လို႔ သိရပါတယ္။

ဒီအားနည္းခ်က္ေတြေၾကာင့္ပဲ ကေလးဟာ ၾကာသပေတးေန႔ ဧၿပီလ ၂၆ ရက္မွာ ေသဆုံးသြားခဲ့တယ္လို႔ ျပဳစု ေစာင့္ေရွာက္ေပးေနတဲ့ Emirati ေဆး႐ုံရွိ အေရးေပၚလူနာေဆာင္ဌာနမွ ဆရာဝန္မိုဟာမက္ဆာလမာက ဆိုခဲ့ပါ တယ္။

ဂါဇာမွာ အစၥေရးနဲ႔ ဟားမတ္စ္ စစ္ေသြးႂကြမ်ားၾကား စစ္ပြဲျဖစ္ပြားမႈအတြင္း ပါလက္စတိုင္း အမ်ိဳးသမီးနဲ႔ ကေလး ၃၄,၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီ ျဖစ္တယ္လို႔ ဂါဇာ က်န္းမာေရး ဝန္ႀကီးဌာနက ေျပာၾကားပါတယ္။ အစၥေရးရဲ႕ဗုံးႀကဲ တိုက္ခိုက္မႈေၾကာင့္ ဂါဇာကမ္းေျမာင္ေဒသ အမ်ားစုဟာ အမႈိက္ပုံျဖစ္ခဲ့ရၿပီး ေဆး႐ုံအမ်ားစုဟာ ဆိုးဆိုး႐ြား႐ြား ထိခိုက္ပ်က္စီးမႈေတြရွိခဲ့ကာ လွ်ပ္စစ္မီး၊ ေဆးဝါးပိုးသတ္ကိရိယာနဲ႔ အျခားေထာက္ပံ့ေရးပစၥည္းေတြ ျပတ္ေတာက္လ်က္ရွိပါတယ္။

Related news

© 2021. All rights reserved.