အင်ဒိုနီးရှားနိုင်ငံမှာ ကျောင်းကားတစ်စီး အက်ဆီဒန့်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁ ဦး သေဆုံး

 536

ဂျန်ဇက် (NP News) - မေ ၁၂

အင်ဒိုနီးရှားကျောင်းသားတွေ လိုက်ပါလာတဲ့ကျောင်းကားတစ်ဦးဟာ မေလ ၁၁ ရက်က အက်ဆီဒန့်ဖြစ်ပွားခဲ့ ပြီးနောက် ကျောင်းသား ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကျောင်းသားတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့အကြီးမားဆုံးကျွန်းကို သွားရောက်ချိန်အတွင်း ကားအက်ဆီဒန့်ဖြစ်ပွားခဲ့ ပြီး ကျောင်းသားအနည်းဆုံး ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ အဆိုပါကျောင်းကားပေါ်မှာ ဆရာ၊ဆရာမ တွေနဲ့ ကျောင်းသားအရေအတွက် ၆ဝ ကျော် လိုက်ပါစီးနင်းလာခဲ့ပြီး ဂျာဗားကျွန်းရှိ ဒီပေါ့မြို့ကနေ လန်ဘန်မြို့ကို သွားရောက်ချိန်မှာ ကားအက်ဆီဒန့်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ကားကို မောင်းနှင်နေချိန်အတွင်း အရှိန်မထိန်းနိုင်ဘဲ အခြားကားတစ်စီးနဲ့ ဆိုင်ကယ်သုံးစီးကို တိုက်မိခဲ့ပြီး အက်ဆီဒန့်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဂျာဗာကျွန်းအနောက်ပိုင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Jules Abraham Abast က ပြောပါတယ်။

၎င်းက "ခရီးသွားတွေ သေဆုံးခဲ့တယ်။ သေဆုံးသူအများစုက ကျောင်းသားတွေနဲ့ ဆရာမတွေဖြစ်တယ်" လို့ ပြောပါတယ်။ ဒဏ်ရာရသူများအနက် ၁၃ ဦး ကဆိုးရွားတဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး၊ အခြား ၄ဝ ဦးက အသေးစား ဒဏ်ရာတွေ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
အင္ဒိုနီးရွားႏိုင္ငံမွာ ေက်ာင္းကားတစ္စီး အက္ဆီဒန႔္ျဖစ္ပြားခဲ့ၿပီး လူေပါင္း ၁၁ ဦး ေသဆုံး
ဂ်န္ဇက္ (NP News) - ေမ ၁၂

အင္ဒိုနီးရွားေက်ာင္းသားေတြ လိုက္ပါလာတဲ့ေက်ာင္းကားတစ္ဦးဟာ ေမလ ၁၁ ရက္က အက္ဆီဒန႔္ျဖစ္ပြားခဲ့ ၿပီးေနာက္ ေက်ာင္းသား ၁၁ ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။

ေက်ာင္းသားေတြဟာ အင္ဒိုနီးရွားႏိုင္ငံရဲ႕အႀကီးမားဆုံးကြၽန္းကို သြားေရာက္ခ်ိန္အတြင္း ကားအက္ဆီဒန႔္ျဖစ္ပြားခဲ့ ၿပီး ေက်ာင္းသားအနည္းဆုံး ၁၂ ဦး ဒဏ္ရာရခဲ့ေၾကာင္း သိရပါတယ္။ အဆိုပါေက်ာင္းကားေပၚမွာ ဆရာ၊ဆရာမ ေတြနဲ႔ ေက်ာင္းသားအေရအတြက္ ၆ဝ ေက်ာ္ လိုက္ပါစီးနင္းလာခဲ့ၿပီး ဂ်ာဗားကြၽန္းရွိ ဒီေပါ့ၿမိဳ႕ကေန လန္ဘန္ၿမိဳ႕ကို သြားေရာက္ခ်ိန္မွာ ကားအက္ဆီဒန႔္ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။

ကားကို ေမာင္းႏွင္ေနခ်ိန္အတြင္း အရွိန္မထိန္းႏိုင္ဘဲ အျခားကားတစ္စီးနဲ႔ ဆိုင္ကယ္သုံးစီးကို တိုက္မိခဲ့ၿပီး အက္ဆီဒန႔္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း၊ ဂ်ာဗာကြၽန္းအေနာက္ပိုင္းရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Jules Abraham Abast က ေျပာပါတယ္။

၎က "ခရီးသြားေတြ ေသဆုံးခဲ့တယ္။ ေသဆုံးသူအမ်ားစုက ေက်ာင္းသားေတြနဲ႔ ဆရာမေတြျဖစ္တယ္" လို႔ ေျပာပါတယ္။ ဒဏ္ရာရသူမ်ားအနက္ ၁၃ ဦး ကဆိုး႐ြားတဲ့ ဒဏ္ရာေတြရရွိခဲ့ၿပီး၊ အျခား ၄ဝ ဦးက အေသးစား ဒဏ္ရာေတြ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.