တရုတ်နှင့် လီပူလက်တောင်ကြား နယ်စပ်ကုန်သွယ်ရေးသဘောတူညီချက်အပေါ် နီပေါ ကန့်ကွက်မှုကို အိန္ဒိယ ပယ်ချ

259

Htay Oung (NP News) - သြဂုတ် ၂၃
လီပူလက်တောင်ကြားမှတဆင့် တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်မယ့်ကိစ္စအပေါ် နီပေါ နိုင်ငံရဲ့ ကန့်ကွက်မှုကို ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယက ပယ်ချခဲ့ကြောင်း၊ ခတ္တမန္ဒူရဲ့ နယ်မြေပိုင်ဆိုင်မှုကြေညာချက်တွေဟာ မဖြစ်နိုင်ကြောင်းနဲ့ သမိုင်းဆိုင်ရာ အချက်အလက်များအရ အခြေအမြစ်မရှိကြောင်း ပြောဆိုပါတယ်။ အိန္ဒိယ-တရုတ်နယ်စပ်မှာ တည်ရှိနေပြီး နီပေါနိုင်ငံက ၎င်းတို့အပိုင်ဖြစ်ကြောင်း ပြောဆိုနေတဲ့ ဟိမဝန္တာတောင် ကြားလမ်းမှတစ်ဆင့် ကုန်သွယ်ရေး ပြန်လည်ဖွင့်လှစ်ခြင်းနဲ့ ပတ်သက်ပြီး နီပေါနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သ တင်းထုတ်ပြန်ချက်ကို နယူးဒေလီက ယခုလို ပယ်ချလိုက်ခြင်းဖြစ်တယ်လို့ အိန္ဒိယထောက်လှမ်းရေးဌာန လူထု ပြန်ကြားရေးဌာနခွဲ IDRW က ၂ဝ၂၅ ခုနှစ် သြဂုတ်လ ၂၁ ရက်မှာ ရေးသားပါတယ်။
ယခုဖြစ်ရပ်ဟာ “လီပူလက်” “ရှစ်ကီ” “လာ” အစရှိသဖြင့် သတ်မှတ်ထားတဲ့ တောင်ကြားလမ်း သုံးခုမှတဆင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ပြန်လည်စတင်ရန် အိန္ဒိယနဲ့ တရုတ်တို့က သဘောတူညီခဲ့ပြီးနောက် ထွက်ပေါ် လာခြင်းဖြစ်ပါတယ်။
နယ်မြေပိုင်ဆိုင်တယ်လို့ တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး အဲဒီလိုပြောဆိုချက်တွေဟာ တရားမျှတမှုမရှိကြောင်း၊ သမိုင်းဆိုင်ရာအချက်အလက်တွေနဲ့ အထောက်အထားတွေအပေါ် အခြေခံပြီး အိန္ဒိယက ဆက်လက် ရပ်တည်နေ ကြောင်း။ နယ်မြေချဲ့ထွင်မှု-တစ်ဖက်သတ်ချဲ့ကားပြောဆိုမှုမျိုးကို လက်ခံ၍ မရကြောင်း၊ နယူးဒေလီဟာ တွေ့ဆုံ ဆွေးနွေးရေးနဲ့ သံတမန်နည်းလမ်းအရ သဘောတူညီထားပြီးဖြစ်တဲ့ နယ်နိမိတ်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရာမှာ နီပေါနိုင်ငံနဲ့ အပြုသဘောဆောင်တဲ့ အပြန်အလှန်ဆက်ဆံရေးအတွက် လမ်းဖွင့်ထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပေးပါတယ်။
အဆိုပါနယ်မြေဟာ နီပေါရဲ့ ခွဲထုတ်လို့မရနိုင်တဲ့အစိတ်အပိုင်းတစ်ခုလို့ပြောဆိုပြီး လီပူလက်တောင်ကြားမှတ ဆင့် တရုတ်-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု ပြန်လည်စတင်မယ့်ကိစ္စကို နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ သြဂုတ်လ ၂ဝ ရက်မှာ ကန့်ကွက်ခဲ့ပါတယ်။
မဟာကာလီမြစ် အရှေ့ဘက်ရှိ လီပူလက်အပါအဝင် နယ်မြေ ၃ ခုတို့ဟာ နီပေါနိုင်ငံမှ ဖဲ့ထုတ်၍ မရနိုင်တဲ့ အစိတ်အပိုင်းတွေအဖြစ် နီပေါအစိုးရက ကြေညာထားပြီးဖြစ်ကြောင်း။ ဒါတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နီပေါနိုင်ငံမြေပုံမှာလည်း တရားဝင်ထည့်သွင်းထားတယ်လို့ ခတ္တမန္ဒူနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။
နီပေါဟာ “ဆစ်ကင်း” “အနောက်ဘင်္ဂလား” “ဘီဟန်း” “အူတရာဟန်း” အစရှိတဲ့ အိန္ဒိယပြည်နယ်ငါးခုနဲ့ ထိစပ်နေပြီး နယ်ခြားတလျှောက် ၁၁၅ဝ မိုင်ခန့် ရှည်လျားပါတယ်။
#HtayOung #OungMarine

Zawgyi Version:
တ႐ုတ္ႏွင့္ လီပူလက္ေတာင္ၾကား နယ္စပ္ကုန္သြယ္ေရးသေဘာတူညီခ်က္အေပၚ နီေပါ ကန႔္ကြက္မႈကို အိႏၵိယ ပယ္ခ်
Htay Oung (NP News) - ၾသဂုတ္ ၂၃
လီပူလက္ေတာင္ၾကားမွတဆင့္ တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္ကုန္သြယ္ေရး ျပန္လည္စတင္မယ့္ကိစၥအေပၚ နီေပါ ႏိုင္ငံရဲ႕ ကန႔္ကြက္မႈကို ဗုဒၶဟူးေန႔မွာ အိႏၵိယက ပယ္ခ်ခဲ့ေၾကာင္း၊ ခတၱမႏၵဴရဲ႕ နယ္ေျမပိုင္ဆိုင္မႈေၾကညာခ်က္ေတြဟာ မျဖစ္ႏိုင္ေၾကာင္းနဲ႔ သမိုင္းဆိုင္ရာ အခ်က္အလက္မ်ားအရ အေျခအျမစ္မရွိေၾကာင္း ေျပာဆိုပါတယ္။ အိႏၵိယ-တ႐ုတ္နယ္စပ္မွာ တည္ရွိေနၿပီး နီေပါႏိုင္ငံက ၎တို႔အပိုင္ျဖစ္ေၾကာင္း ေျပာဆိုေနတဲ့ ဟိမဝႏၲာေတာင္ ၾကားလမ္းမွတစ္ဆင့္ ကုန္သြယ္ေရး ျပန္လည္ဖြင့္လွစ္ျခင္းနဲ႔ ပတ္သက္ၿပီး နီေပါႏိုင္ငံျခားေရး ဝန္ႀကီးဌာနရဲ႕ သ တင္းထုတ္ျပန္ခ်က္ကို နယူးေဒလီက ယခုလို ပယ္ခ်လိုက္ျခင္းျဖစ္တယ္လို႔ အိႏၵိယေထာက္လွမ္းေရးဌာန လူထု ျပန္ၾကားေရးဌာနခြဲ IDRW က ၂ဝ၂၅ ခုႏွစ္ ၾသဂုတ္လ ၂၁ ရက္မွာ ေရးသားပါတယ္။
ယခုျဖစ္ရပ္ဟာ “လီပူလက္” “ရွစ္ကီ” “လာ” အစရွိသျဖင့္ သတ္မွတ္ထားတဲ့ ေတာင္ၾကားလမ္း သုံးခုမွတဆင့္ ႏွစ္ႏိုင္ငံနယ္စပ္ကုန္သြယ္ေရးကို ျပန္လည္စတင္ရန္ အိႏၵိယနဲ႔ တ႐ုတ္တို႔က သေဘာတူညီခဲ့ၿပီးေနာက္ ထြက္ေပၚ လာျခင္းျဖစ္ပါတယ္။
နယ္ေျမပိုင္ဆိုင္တယ္လို႔ ေတာင္းဆိုမႈေတြနဲ႔ပတ္သက္ၿပီး အဲဒီလိုေျပာဆိုခ်က္ေတြဟာ တရားမွ်တမႈမရွိေၾကာင္း၊ သမိုင္းဆိုင္ရာအခ်က္အလက္ေတြနဲ႔ အေထာက္အထားေတြအေပၚ အေျခခံၿပီး အိႏၵိယက ဆက္လက္ ရပ္တည္ေန ေၾကာင္း။ နယ္ေျမခ်ဲ႕ထြင္မႈ-တစ္ဖက္သတ္ခ်ဲ႕ကားေျပာဆိုမႈမ်ိဳးကို လက္ခံ၍ မရေၾကာင္း၊ နယူးေဒလီဟာ ေတြ႕ဆုံ ေဆြးေႏြးေရးနဲ႔ သံတမန္နည္းလမ္းအရ သေဘာတူညီထားၿပီးျဖစ္တဲ့ နယ္နိမိတ္ဆိုင္ရာ ျပႆနာမ်ားကို ေျဖရွင္းရာမွာ နီေပါႏိုင္ငံနဲ႔ အျပဳသေဘာေဆာင္တဲ့ အျပန္အလွန္ဆက္ဆံေရးအတြက္ လမ္းဖြင့္ထားတယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္က မွတ္ခ်က္ေပးပါတယ္။
အဆိုပါနယ္ေျမဟာ နီေပါရဲ႕ ခြဲထုတ္လို႔မရႏိုင္တဲ့အစိတ္အပိုင္းတစ္ခုလို႔ေျပာဆိုၿပီး လီပူလက္ေတာင္ၾကားမွတ ဆင့္ တ႐ုတ္-အိႏၵိယ နယ္စပ္ကုန္သြယ္မႈ ျပန္လည္စတင္မယ့္ကိစၥကို နီေပါႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဗုဒၶဟူးေန႔ ၾသဂုတ္လ ၂ဝ ရက္မွာ ကန႔္ကြက္ခဲ့ပါတယ္။
မဟာကာလီျမစ္ အေရွ႕ဘက္ရွိ လီပူလက္အပါအဝင္ နယ္ေျမ ၃ ခုတို႔ဟာ နီေပါႏိုင္ငံမွ ဖဲ့ထုတ္၍ မရႏိုင္တဲ့ အစိတ္အပိုင္းေတြအျဖစ္ နီေပါအစိုးရက ေၾကညာထားၿပီးျဖစ္ေၾကာင္း။ ဒါေတြကို ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ နီေပါႏိုင္ငံေျမပုံမွာလည္း တရားဝင္ထည့္သြင္းထားတယ္လို႔ ခတၱမႏၵဴႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုပါတယ္။
နီေပါဟာ “ဆစ္ကင္း” “အေနာက္ဘဂၤလား” “ဘီဟန္း” “အူတရာဟန္း” အစရွိတဲ့ အိႏၵိယျပည္နယ္ငါးခုနဲ႔ ထိစပ္ေနၿပီး နယ္ျခားတေလွ်ာက္ ၁၁၅ဝ မိုင္ခန႔္ ရွည္လ်ားပါတယ္။
#HtayOung #OungMarine