ယူကရိန်းအနေဖြင့် ဒွန်းဘက်ဒေသကို စွန့်လွှတ်ရန် ရုရှားသမ္မတပူတင် တောင်းဆိုဟု သတင်းများထွက်ပေါ်

 335

ဂျန်ဇက် (NP News) - သြဂုတ် ၂၃

ရုရှားသမ္မတပူတင်သည် ယူကရိန်းက ဒွန်းဘက်ဒေသကို အလုံးစုံ စွန့်လွှတ်ရန်၊ နေတိုးအဖွဲ့အတွင်း ဝင်မည့် ရည်မှန်းချက်ကို ပြန်လည်ရုပ်သိမ်းရန်၊ ကြားနေနိုင်ငံအဖြစ် ရပ်တည်ရန် နှင့် ယူကရိန်း နိုင်ငံအတွင်း အနောက် အုပ်စုနိုင်ငံ သားများ တပ်ဖြန့်ထားခြင်း မလုပ်ဆောင်ရန် တောင်းဆိုခဲ့ကြောင်း ရုရှား အစိုးရအဖွဲ့ အဆင့်မြင့် ကိုယ်စားလှယ်နှင့် နီး စပ်သောသတင်းအရင်းမြစ်များက ပြောသည်။ ရုရှားသမ္မတပူတင်သည် ပြီးခဲ့သော ဩဂုတ် (၁၆) ရက်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ အစည်းအဝေးအတွင်း ရုရှားသမ္မတ ပူတင်က စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး လိုလားကြောင်း၊ ပြော ဆိုခဲ့သည်။ ရုရှားသည် ယူကရိန်းနှင့် စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း သိမ်းယူခဲ့သော ယူကရိန်းပိုင်နက် လေးခုကို ရုရှားပိုင် နက် အစိတ်အပိုင်းအဖြစ် ခွင့်ပြုပေးရန်တောင်းဆိုခဲ့ဖူးပြီး လက်ရှိ အချိန်တွင်လည်း အဆိုပါ ကိစ္စကိုထည့်သွင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။
ယူကရိန်အစိုးရကတော့ ၎င်းတို့ပိုင်နက် ဒေသလေးခုကို ရုရှားပိုင်နက်အဖြစ်ခွင့်ပြုပေးရမည့် အစီအစဉ်ကို ငြင်းဆန်ထားကြောင်းသိရသည်။ ယူကရိန်းသမ္မတ ဇယ်လန်စကီးက “နိုင်ငံအရှေ့ဘက်ပိုင်း ဒေသကနေ တပ်ဖွဲ့ဝင်များ ပြန်လည်ရုပ်သိမ်းဖို့ ဆွေးနွေးမှုတွေက လက်တွေ့ဖြစ်လာနိုင်မှာမဟုတ်ဘူး၊ ကျွန်တော်တို့ နိုင်ငံတည်ရှိအောင် အတောင့်တင်းဆုံး ခံစစ်လိုင်းကနေ ခုခံရမယ်” ဟုပြောသည်။ ရုရှားသည် ယူကရိန်းနှင့်စစ်ပွဲဖြစ်လာခဲ့ပြီးနောက် ဒွန်းဘက်ဒေသ၊ လူဟန့်ဒေသ၊ ခါဆွန်ဒေသ၊ ဇာပိုဟီယာဒေသများကို သိမ်းပိုက်ထားပြီး ဒွန်းဘက်ဒေသကို ထပ်မံ သိမ်းယူရန် အလား လာများနေကြောင်း သိရသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲအဆုံးသတ်ရန် အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့် ကြားဝင်စေ့စပ်နေသော်လည်း တိကျသော သဘောတူညီမှုမရသေးဘဲ တိုက်ပွဲများ ဆက် လက်ဖြစ်ပွား လျက်ရှိနေကြောင်းသိရသည်။

Zawgyi Version:
ယူကရိန္းအေနျဖင့္ ဒြန္းဘက္ေဒသကို စြန႔္လႊတ္ရန္ ႐ုရွားသမၼတပူတင္ ေတာင္းဆိုဟု သတင္းမ်ားထြက္ေပၚ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၃

႐ုရွားသမၼတပူတင္သည္ ယူကရိန္းက ဒြန္းဘက္ေဒသကို အလုံးစုံ စြန႔္လႊတ္ရန္၊ ေနတိုးအဖြဲ႕အတြင္း ဝင္မည့္ ရည္မွန္းခ်က္ကို ျပန္လည္႐ုပ္သိမ္းရန္၊ ၾကားေနႏိုင္ငံအျဖစ္ ရပ္တည္ရန္ ႏွင့္ ယူကရိန္း ႏိုင္ငံအတြင္း အေနာက္ အုပ္စုႏိုင္ငံ သားမ်ား တပ္ျဖန႔္ထားျခင္း မလုပ္ေဆာင္ရန္ ေတာင္းဆိုခဲ့ေၾကာင္း ႐ုရွား အစိုးရအဖြဲ႕ အဆင့္ျမင့္ ကိုယ္စားလွယ္ႏွင့္ နီး စပ္ေသာသတင္းအရင္းျမစ္မ်ားက ေျပာသည္။ ႐ုရွားသမၼတပူတင္သည္ ၿပီးခဲ့ေသာ ဩဂုတ္ (၁၆) ရက္တြင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္းသိရသည္။
အဆိုပါ အစည္းအေဝးအတြင္း ႐ုရွားသမၼတ ပူတင္က စစ္ပြဲအဆုံးသတ္ၿပီး ၿငိမ္းခ်မ္းေရး လိုလားေၾကာင္း၊ ေျပာ ဆိုခဲ့သည္။ ႐ုရွားသည္ ယူကရိန္းႏွင့္ စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း သိမ္းယူခဲ့ေသာ ယူကရိန္းပိုင္နက္ ေလးခုကို ႐ုရွားပိုင္ နက္ အစိတ္အပိုင္းအျဖစ္ ခြင့္ျပဳေပးရန္ေတာင္းဆိုခဲ့ဖူးၿပီး လက္ရွိ အခ်ိန္တြင္လည္း အဆိုပါ ကိစၥကိုထည့္သြင္းေဆြးေႏြး ခဲ့ေၾကာင္းသိရသည္။
ယူကရိန္အစိုးရကေတာ့ ၎တို႔ပိုင္နက္ ေဒသေလးခုကို ႐ုရွားပိုင္နက္အျဖစ္ခြင့္ျပဳေပးရမည့္ အစီအစဥ္ကို ျငင္းဆန္ထားေၾကာင္းသိရသည္။ ယူကရိန္းသမၼတ ဇယ္လန္စကီးက “ႏိုင္ငံအေရွ႕ဘက္ပိုင္း ေဒသကေန တပ္ဖြဲ႕ဝင္မ်ား ျပန္လည္႐ုပ္သိမ္းဖို႔ ေဆြးေႏြးမႈေတြက လက္ေတြ႕ျဖစ္လာႏိုင္မွာမဟုတ္ဘူး၊ ကြၽန္ေတာ္တို႔ ႏိုင္ငံတည္ရွိေအာင္ အေတာင့္တင္းဆုံး ခံစစ္လိုင္းကေန ခုခံရမယ္” ဟုေျပာသည္။ ႐ုရွားသည္ ယူကရိန္းႏွင့္စစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ ဒြန္းဘက္ေဒသ၊ လူဟန႔္ေဒသ၊ ခါဆြန္ေဒသ၊ ဇာပိုဟီယာေဒသမ်ားကို သိမ္းပိုက္ထားၿပီး ဒြန္းဘက္ေဒသကို ထပ္မံ သိမ္းယူရန္ အလား လာမ်ားေနေၾကာင္း သိရသည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားျဖစ္ပြားေနသည့္ စစ္ပြဲအဆုံးသတ္ရန္ အေမရိ ကန္သမၼတ ေဒၚနယ္ထရမ့္ ၾကားဝင္ေစ့စပ္ေနေသာ္လည္း တိက်ေသာ သေဘာတူညီမႈမရေသးဘဲ တိုက္ပြဲမ်ား ဆက္ လက္ျဖစ္ပြား လ်က္ရွိေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.