အစားအသောက်ထုပ်ပိုးတဲ့ ပလက်စတစ်အမျိုးမျိုးကို ချေဖျက်နိုင်တဲ့ ပိုးကောင်တွေကို ဆားဘီးယားသိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိ

 274

ရောင်နီ (NP News) - သြဂုတ် ၂၃
တီနီဘရီယိုမိုလီတာ အမည်ရှိ အဝါရောင် ပိုးကောင်တွေဟာ အစားအသောက်တွေ ထုပ်ပိုးရာမှာ အသုံးပြုတဲ့ ပိုလီဆရင်း (polystyrene) အပါအဝင် ပလတ်စတစ်အမျိုးမျိုးကို ချေဖျက်နိုင်တယ်လို့ ဆာဘီးယားသိပ္ပံပညာရှင် တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Belgrade's Institute for Biology မှ ပြုလုပ်တဲ့ လေ့လာမှုမှာ တီနီဘရီယိုမိုလီတာ အမည်ရှိ အဝါရောင် ပိုးကောင်တွေကို သူတို့စားနေကျ ပုံမှန်အစားအစာတွေထဲ ပိုလီဆရင်း (polystyrene) ထည့်သွင်းကျွေးကြည့်ပြီး လေ့ကျင့်ပေးခဲ့ပါတယ်။ လေ့လာမှုမှတဆင့် တီနီဘရီယိုမိုလီတာ ပိုးကောင်တွေဟာ ပလတ်စတစ်တွေကို ဇီဝအပျက်အစီးဖြစ်အောင် ထိထိရောက်ရောက်ပြုပြင်နိုင်တာတွေ့ရှိရတယ်လို့ သုတေသနလုပ်ဖော်ကိုင်ဖက် လာရီဆာလီဂျင်က ဆိုပါတယ်။
သူတို့ရဲ့အူထဲမှာရှိတဲ့ ဘတ်တီးရီးယားတွေက ပလတ်စတစ်တွေကို ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေအဖြစ် ခွဲထုတ်ပြီး သူတို့ရဲ့ အတွင်းပိုင်း ဒါမှမဟုတ် မစင်တွေမှာလည်း မိုက်ခရိုပလတ်စတစ် အကြွင်းအကျန်တွေ မတွေ့ရအောင် ရှင်းလင်းပေးတယ်လို့ သူမက ပြောပါတယ်။
အီးယူအဖွဲ့ကတော့ အမှိုက်စွန့်ပစ်ပစ္စည်းတွေအတွက် ကုသရေး စံနှုန်းနည်းလမ်းတွေကို ရှာဖွေနေပြီး ယခင် က တိရစ္ဆာန်အစာအဖြစ် အသုံးပြုတဲ့ တီနီဘရီယိုမိုလီတာ ပိုးကောင်တွေကို စီးပွားဖြစ် ကြီးကြီးမားမား အသုံးချနိုင် ဖို့ မျှော်မှန်းထားပါတယ်။

Zawgyi Version:

Related news

© 2021. All rights reserved.