နျူကလီးယားအရေးနဲ့ ပိတ်ဆို့အရေးယူမှုတွေကို အီရန်နဲ့ ဥရောပအင်အားကြီးနိုင်ငံတွေ ဆွေးနွေးသွားမယ်

117

Pika (NP News) - သြဂုတ် ၂၃
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီဟာ နျူကလီးယားဆွေးနွေးပွဲတွေနဲ့ပိတ်ဆို့အရေးယူမှုတွေကို ဆွေးနွေးဖို့အတွက် ပြင်သစ်၊ ဗြိတိန် နဲ့ ဂျာမနီတို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဖုန်းခေါ်ဆိုမှုတွေ လုပ်ဆောင်သွား မယ်လို့ သိရပါတယ်။
အီရန်ဟာ ၎င်းရဲ့နျူကလီးယားအစီအစဉ်တွေနဲ့ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းကို ပြန်မလာဘူးဆိုရင် အီရန်အပေါ်ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်ချမှတ်သွားမယ်လို့ ဗြိတိန်၊ ပြင်သစ် နဲ့ ဂျာမနီနိုင်ငံတို့က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်နိုင်ငံဟာ စစ်လက်နက်ပစ္စည်းတွေထုတ်လုပ်ဖို့အတွက် ၎င်းရဲ့နျူကလီးယားအစီအစဉ်တွေကို အသုံးပြုသွား နိုင်တယ်လို့ အမေရိကန်နဲ့အတူ အခြားနိုင်ငံအများအပြားက စွပ်စွဲပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အနောက်အုပ်စုနိုင်ငံတွေရဲ့စွပ်စွဲပြောဆိုချက်တွေအားလုံးကို အီရန်အစိုးရက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက အီရန်နဲ့အစ္စရေးကြား (၁၂)ရက်ကြာစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အီရန်နဲ့ အမေရိကန်ကြား လုပ်ဆောင်လျက်ရှိတဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အီရန်အစိုးရဟာ ၎င်းရဲ့နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းပစ်ခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
န်ဴကလီးယားအေရးနဲ႔ ပိတ္ဆို႔အေရးယူမႈေတြကို အီရန္နဲ႔ ဥေရာပအင္အားႀကီးႏိုင္ငံေတြ ေဆြးေႏြးသြားမယ္
Pika (NP News) - ၾသဂုတ္ ၂၃
အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီဟာ န်ဴကလီးယားေဆြးေႏြးပြဲေတြနဲ႔ပိတ္ဆို႔အေရးယူမႈေတြကို ေဆြးေႏြးဖို႔အတြက္ ျပင္သစ္၊ ၿဗိတိန္ နဲ႔ ဂ်ာမနီတို႔ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ဖုန္းေခၚဆိုမႈေတြ လုပ္ေဆာင္သြား မယ္လို႔ သိရပါတယ္။
အီရန္ဟာ ၎ရဲ႕န်ဴကလီးယားအစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ေစ့စပ္ညႇိႏႈိင္းေရးစားပြဲဝိုင္းကို ျပန္မလာဘူးဆိုရင္ အီရန္အေပၚပိတ္ဆို႔အေရးယူမႈေတြကို ျပန္လည္ခ်မွတ္သြားမယ္လို႔ ၿဗိတိန္၊ ျပင္သစ္ နဲ႔ ဂ်ာမနီႏိုင္ငံတို႔က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အီရန္ႏိုင္ငံဟာ စစ္လက္နက္ပစၥည္းေတြထုတ္လုပ္ဖို႔အတြက္ ၎ရဲ႕န်ဴကလီးယားအစီအစဥ္ေတြကို အသုံးျပဳသြား ႏိုင္တယ္လို႔ အေမရိကန္နဲ႔အတူ အျခားႏိုင္ငံအမ်ားအျပားက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း အေနာက္အုပ္စုႏိုင္ငံေတြရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြအားလုံးကို အီရန္အစိုးရက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ ဇြန္လတုန္းက အီရန္နဲ႔အစၥေရးၾကား (၁၂)ရက္ၾကာစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ အီရန္နဲ႔ အေမရိကန္ၾကား လုပ္ေဆာင္လ်က္ရွိတဲ့ န်ဴကလီးယားေဆြးေႏြးပြဲေတြ ရပ္ဆိုင္းသြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အီရန္အစိုးရဟာ ၎ရဲ႕န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီနဲ႔ ပူးေပါင္း ေဆာင္႐ြက္မႈေတြကို ရပ္ဆိုင္းပစ္ခဲ့တယ္လို႔လည္း သိရပါတယ္။