ကော့သောင်းတွင် ထိုင်းကုန်စည်တင်ပြီး သင်္ဘော ၂၂ စီးခန့် နှင့် ကော့သောင်းမှ ရန်ကုန်လမ်းကြောင်းတွင် သင်္ဘော ၆ စီးခန့်ရှိ

 596

သုတကျော် (NP News) - ဩဂုတ် ၂၃
ကော့သောင်းတွင် ထိုင်းကုန်စည်တင်ပြီး သင်္ဘော ၂၂ စီးခန့် နှင့် ကော့သောင်းမှ ရန်ကုန်လမ်းကြောင်းတွင် သင်္ဘော ၆ စီးခန့် ရှိနေကြောင်း NP News က စုံစမ်း သိရှိရသည်။
လက်ရှိတွင် နယ်စပ်ဝင်ပေါက်များကတစ်ဆင့် တင်သွင်းလာသည့် ပြည်ပသွင်းကုန်ဈေးနှုန်းများမြင့်တက်လာကာ ကုန်ပစ္စည်းများ လိုအပ်သလောက်ဝယ်ယူရရှိမှု မရှိကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ဈေးကွက်အတွင်း ပြည်တွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်သော လူသုံးကုန် နှင့် စားသောက်ကုန်များ အရောင်းသွက်လာကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်အတွင်း ပြည်ပမှတင်သွင်းသည့် ကုန်ပစ္စည်း အဝင် နည်းပါးသွားခြင်း နှင့် ဈေးနှုန်း မြှင့်တင်ခဲ့မှုများကြောင့် ပြည်ပသွင်းကုန်များနေရာတွင် ပြည်တွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်သည့် စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများ အစားထိုးဝင်ရောက်နေရာယူလာခဲ့ပြီး ဈေးနှုန်း သက်သာသည့်အပြင် လိုအပ်သလောက် ဝယ်ယူရရှိနိုင်သော အခြေအနေရှိကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးနှင့်ပတ်သက်၍ လတ်တလောကာလအတွင်း နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားသည့်အတွက် ပြည်မ သို့ ထိုင်းနိုင်ငံထုတ်ပစ္စည်းများ ဝင်ရောက်မှု နည်းပါးနေသော်လည်း ရနောင်း- ကော့သောင်းနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တင်သွင်းခွင့်ပြုထားမှုသည့် ယခင် နယ်စပ်လမ်းကြောင်းအားလုံးမှ တင်သွင်းခွင့်ပြုထားတာခြင်းများ၏ ၂ ဆ ခန့် ရှိနေကြောင်း အချက်အလက်များအရ သိရသည်။
“လက်ရှိ ကော့သောင်းမှာ ကုန်တင်ပြီး သင်္ဘော ၂၂ စီး ခန့် နှင့် ကော့သောင်း ကနေ ရန်ကုန်ကို လာတဲ့ ရေလမ်းကြောင်းမှာလည်း သင်္ဘော ၆ စီး လောက် ရှိနေကြောင်း သိရတဲ့အတွက် ထိုင်းကုန်ပစ္စည်းတွေ မကြာမီ ပိုမိုဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်” ဟု ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူတစ်ဦးက ပြောသည်။

Zawgyi Version:
ေကာ့ေသာင္းတြင္ ထိုင္းကုန္စည္တင္ၿပီး သေဘၤာ ၂၂ စီးခန႔္ ႏွင့္ ေကာ့ေသာင္းမွ ရန္ကုန္လမ္းေၾကာင္းတြင္ သေဘၤာ ၆ စီးခန႔္ရွိ
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၃
ေကာ့ေသာင္းတြင္ ထိုင္းကုန္စည္တင္ၿပီး သေဘၤာ ၂၂ စီးခန႔္ ႏွင့္ ေကာ့ေသာင္းမွ ရန္ကုန္လမ္းေၾကာင္းတြင္ သေဘၤာ ၆ စီးခန႔္ ရွိေနေၾကာင္း NP News က စုံစမ္း သိရွိရသည္။
လက္ရွိတြင္ နယ္စပ္ဝင္ေပါက္မ်ားကတစ္ဆင့္ တင္သြင္းလာသည့္ ျပည္ပသြင္းကုန္ေဈးႏႈန္းမ်ားျမင့္တက္လာကာ ကုန္ပစၥည္းမ်ား လိုအပ္သေလာက္ဝယ္ယူရရွိမႈ မရွိေၾကာင္း သတင္းမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ပိုင္း ေဈးကြက္အတြင္း ျပည္တြင္း MSME လုပ္ငန္းမ်ားမွ ထုတ္လုပ္ေသာ လူသုံးကုန္ ႏွင့္ စားေသာက္ကုန္မ်ား အေရာင္းသြက္လာေၾကာင္း သိရသည္။
ျပည္တြင္းေဈးကြက္အတြင္း ျပည္ပမွတင္သြင္းသည့္ ကုန္ပစၥည္း အဝင္ နည္းပါးသြားျခင္း ႏွင့္ ေဈးႏႈန္း ျမႇင့္တင္ခဲ့မႈမ်ားေၾကာင့္ ျပည္ပသြင္းကုန္မ်ားေနရာတြင္ ျပည္တြင္း MSME လုပ္ငန္းမ်ားမွ ထုတ္လုပ္သည့္ စားေသာက္ကုန္ ႏွင့္ လူသုံးကုန္ပစၥည္းမ်ား အစားထိုးဝင္ေရာက္ေနရာယူလာခဲ့ၿပီး ေဈးႏႈန္း သက္သာသည့္အျပင္ လိုအပ္သေလာက္ ဝယ္ယူရရွိႏိုင္ေသာ အေျခအေနရွိေၾကာင္း သိရသည္။
တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရးႏွင့္ပတ္သက္၍ လတ္တေလာကာလအတြင္း နယ္စပ္ေဒသမ်ားတြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားမွ ေဆာင္႐ြက္ေနေသာ စီးပြားေရးလုပ္ငန္းမ်ား ရပ္တန႔္သြားသည့္အတြက္ ျပည္မ သို႔ ထိုင္းႏိုင္ငံထုတ္ပစၥည္းမ်ား ဝင္ေရာက္မႈ နည္းပါးေနေသာ္လည္း ရေနာင္း- ေကာ့ေသာင္းနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ တင္သြင္းခြင့္ျပဳထားမႈသည့္ ယခင္ နယ္စပ္လမ္းေၾကာင္းအားလုံးမွ တင္သြင္းခြင့္ျပဳထားတာျခင္းမ်ား၏ ၂ ဆ ခန႔္ ရွိေနေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
“လက္ရွိ ေကာ့ေသာင္းမွာ ကုန္တင္ၿပီး သေဘၤာ ၂၂ စီး ခန႔္ ႏွင့္ ေကာ့ေသာင္း ကေန ရန္ကုန္ကို လာတဲ့ ေရလမ္းေၾကာင္းမွာလည္း သေဘၤာ ၆ စီး ေလာက္ ရွိေနေၾကာင္း သိရတဲ့အတြက္ ထိုင္းကုန္ပစၥည္းေတြ မၾကာမီ ပိုမိုဝင္ေရာက္လာႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္” ဟု ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.