ပြည်ပဦးဆောင် အွန်လိုင်းလိမ်လည်မှုကျူးလွန်သူ ထောင်ကဲများကို နိုင်ဂျီးရီးယားနှင်ထုတ်

 300

Htay Oung (NP News) - သြဂုတ် ၂၃
ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက နိုင်ဂျီးရီးယားတစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားခဲ့ရတဲ့ တိုင်းတစ်ပါးသားများ ဦးဆောင် ဧရာမ ဆိုက်ဘာရာဇဝတ်ဂိုဏ်းတစ်ခုနဲ့ပတ်သက်ပြီး ထောင်ကဲနိုင်ငံသား ၅၀ အပါအဝင် နိုင်ငံခြား သား အတော်များများကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း အာဖရိကအနောက်ပိုင်းနိုင်ငံရဲ့အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အေဂျင်စီက ပြောဆိုတယ်လို့ BBC က ၂ဝ၂၅ ခုနှစ် သြဂုတ်လ ၂၂ ရက်မှာ ရေးသားခဲ့ပါတယ်။
ဆက်လက်ဆောင်ရွက်မှုအဖြစ် ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား စုစုပေါင်း ၁၀၂ ဦးကို ပြန်လည်လွှဲပြောင်းပေး ခဲ့ကြောင်း၊ အဲဒီလူတွေဟာ ဆိုက်ဘာအကြမ်းဖက်မှု-အွန်လိုင်းလိမ်လည်မှုတို့နဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
သူတို့ဟာ လွန်ခဲ့တဲ့ သောကြာနေ့ နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့တော်ရဲ့ခပ်ကြမ်းကြမ်း စစ်ဆင်ရေးတစ်ခုအ တွင်း ဖမ်းဆီးခံခဲ့ရသူ နိုင်ငံခြားသား ၁၉၂ ဦးထဲမှာ ပါဝင်နေကြပါတယ်။ အာဖရိကအနောက်ပိုင်းမှာ တည်ရှိတဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ အင်တာနက် အွန်လိုင်းလိမ်လည်မှုများကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဒါ့ အပြင် ဟန်ဆောင်မျက်နှာဖုံးနဲ့ အီစီကလီလုပ် အယုံသွင်းပြီး ပစ္စည်း/ငွေကြေး လိမ်လည်ပို့ပေးခိုင်းတဲ့ “ရိုမန် တစ် ကျားဖျန့်” များလည်း မှိုလိုပေါက်နေပါတယ်။ ဆိုက်ဘာရာဇဝတ်မှုခင်းတွေဟာ ယမန်နှစ်တွင် နိုင်ဂျီးရီး ယားနိုင်ငံရဲ့ အဖြစ်များဆုံး ပြစ်မှုအမျိုးအစားများထဲမှာ ပါဝင်ခဲ့ကြောင်း စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုကော်မရှင်ရုံး (EFCC) ထံမှ သိရှိရပါတယ်။
မကြာသေးမီနှစ်များအတွင်း “ရဟူး ဘွိုင်” ခေါ် လူငယ်အွန်လိုင်းလိမ်လည်သူများ ကျက်စား ပုန်းအောင်းရာ နေ ရာအများအပြားကို နိုင်ဂျီးရီးယားအကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအေဂျင်စီ EFCC က ဖော်ထုတ်နှိမ်နင်းခဲ့ပါ တယ်။ ဒီအဖွဲ့တွေက ရဟူးအင်တာနက်ပလလက်ဖောင်း “ရဟူးမေးလ်” မှတဆင့် လူတွေကို လိမ်လည်လှည့်ဖြား တတ်အောင် သင်ကြားပေးနေခြင်းဖြစ်ပါတယ်။ အချို့သော လိမ်လည်မှုကြီးများဟာ နိုင်ငံရပ်ခြားနေထိုင်သူ နိုင်ဂျီးရီးယားလူမျိုးများနဲ့လည်း ဆက်စပ်နေပါတယ်။ အဲဒီလိမ်လည်မှုအချို့ကို ဖော်ထုတ်ရာမှာ အမေရိကန် FBI ဟာ နိုင်ဂျီးရီးယားအရာရှိများနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ရပါတယ်။
ကျားဖျန့် နိုင်ငံခြားသားများ ပြည်နှင်ဒဏ်ပေးခံရကြောင်း ဖော်ပြထားတဲ့ ဓာတ်ပုံများကို EFCC က ကြာသပ တေးနေ့ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။ လေဆိပ်မှာ တန်းစီနေကြတဲ့ အဲဒီလူတွေဟာ နှာခေါင်းစည်းများကို ဝတ်ဆင်ထား ကြပြီး ခရီးဆောင်အိတ်များ ကိုယ်စီသယ်ဆောင်ထားကြပါတယ်။ EFCC ကတော့ မကြာမီကာလအတွင်း ပြည်နှင် ဒဏ်ပေးမှုတွေ ပိုများလာလိမ့်မယ်လို့ ပြောပါတယ်။ “လင်းယုန်သုတ် စစ်ဆင်ရေး” လို့ အမည်ပေးထားတဲ့ အဲဒီနှိမ်နင်းမှုဟာ လျှို့ဝှက်ထောက်လှမ်းသတင်းများကို အခြေခံထားပြီး ဖမ်းဆီးခံရသူ ၁၉၂ ဦး အနက် ၁၄၈ ဦးမှာ ထောင်ကဲနိုင်ငံသားများဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ တစ်နှစ်အတွင်း ဆိုက်ဘာရာဇဝတ်မှုအဖြစ် သံသယရှိတဲ့ နိုင်ငံခြားသားတွေကို ဒုတိယမြောက် အလုံးအရင်းနဲ့ အရေးယူမှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ထောင်ကဲနိုင်ငံသား ၁၄၈ ဦးနဲ့ ဖိလစ်ပိုင်နိုင်ငံသား ၄ဝ အပါအဝင် သံသယရှိသူ ၈ဝဝ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီလူတွေဟာ ရိုမန်းတစ်ကျားဖျန့်များ၊ ရင်းနှီးမြှပ်နှံ ရလွယ်ကူတယ်လို့ အယုံသွင်းပြီး ခရစ်တိုငွေကြေးအတုများကိုရောင်းဝယ်ရန် နိုင်ဂျီးရီးယားနိုင်ငံသားများနဲ့ နိုင်ငံခြားသားများ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဧရာမကွန်ရက်ကြီးရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အာဏာပိုင်များ က ရှင်းပြပါတယ်။
နိုင်ဂျီးရီးယားတွင် ဆိုက်ဘာရာဇဝတ်မှုများ သိသိသာသာ တိုးပွားလာရခြင်းဟာ အလုပ်လက်မဲ့ နှုန်းမြင့်မားခြင်း၊ လူငယ်များရဲ့ငွေအမြန် ရရှိလိုမှု၊ တရားဝင်မဟုတ်တဲ့ အကြီးစားစီးပွားရေးနဲ့ ဥပဒေစည်းကမ်းချက်များ အားနည်း ခြင်းကြောင့် ဖြစ်တယ်လို့ EFCC က ယုံကြည်ပါတယ်။
ကျူးလွန်ကြရာမှာ ဆိုရှယ်မီဒီယာ သည်လည်း အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့ပါတယ်။ Instagram နဲ့ Facebook ပိုင်ရှင်ဖြစ်သူ Meta ကုမ္ပဏီဟာ လွန်ခဲ့တဲ့နှစ် နိုင်ဂျီးရီးယားမှာ အွန်လိုင်းမှတဆင့် လိင်ပိုင်းဆိုင်ရာ မဟားဒယားပြုမှု နဲ့ ဆက်စပ်နေသူ အကောင့် ထောင်ပေါင်းများစွာတို့ကို ပိတ်ပစ်ခဲ့ပါတယ်။ အဲ့ဒီလိမ်လည်လှည့်ဖြားမှုများမှာ ရာဇဝတ်ကောင်များဟာ အွန်လိုင်းမှာ အမျိုးသမီးငယ်များအဖြစ် ဟန်ဆောင်ပြီး လိင်ကိစ္စနဲ့ တစ်တစ်ခွခွပုံများကို မျှဝေရန် အယုံသွင်းပြီးနောက် လူသိရှင်ကြား အဖွမခံစေဖို့ နှုတ်ပိတ်ခ ပိုက်ဆံတောင်းတတ်ပါတယ်။ Meta ကုမ္ပဏီ ဟာ လူအများကို လှည့်စားနည်းဆိုင်ရာ အကြံဉာဏ်များ မျှဝေပေးနေတဲ့ Facebook ဂရုပေါင်း ၅,၇၀၀ ခန့်ကိုလည်း ဖယ်ရှားခဲ့ပါတယ်။
ကျွမ်းကျင်သူများနဲ့ တာဝန်ရှိသူတွေဟာ အွန်လိုင်းလိမ်လည်မှုရဲ့အန္တရာယ်များအကြောင်း အများပြည်သူတို့ကို ဆက်လက်သတိပေးလျက်ရှိပါတယ်။ ဒီလိုမျိုးလိမ်လည်လှည့်ဖြားမှုတွေ ကြီးထွားလာပြီး ပိုမိုအဆင့်မြင့်လာသည် နဲ့အမျှ အများပြည်သူတို့အနေနဲ့ သတိထားနေထိုင်ကြဖို့ တိုက်တွန်း အကြံပေးကြပါတယ်။
#HtayOung #OungMarine

Zawgyi Version:
ျပည္ပဦးေဆာင္ အြန္လိုင္းလိမ္လည္မႈက်ဴးလြန္သူ ေထာင္ကဲမ်ားကို ႏိုင္ဂ်ီးရီးယားႏွင္ထုတ္။ ႐ိုမန္တစ္က်ားဖ်န႔္နဲ႔ ရဟူးဘြိဳင္
Htay Oung (NP News) - ၾသဂုတ္ ၂၃
ၿပီးခဲ့တဲ့ရက္သတၱပတ္တုန္းက ႏိုင္ဂ်ီးရီးယားတစ္ႏိုင္ငံလုံး ဟိုးေလးတေက်ာ္ျဖစ္သြားခဲ့ရတဲ့ တိုင္းတစ္ပါးသားမ်ား ဦးေဆာင္ ဧရာမ ဆိုက္ဘာရာဇဝတ္ဂိုဏ္းတစ္ခုနဲ႔ပတ္သက္ၿပီး ေထာင္ကဲႏိုင္ငံသား ၅၀ အပါအဝင္ ႏိုင္ငံျခား သား အေတာ္မ်ားမ်ားကို ျပည္ႏွင္ဒဏ္ေပးလိုက္ေၾကာင္း အာဖရိကအေနာက္ပိုင္းႏိုင္ငံရဲ႕အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရး ေအဂ်င္စီက ေျပာဆိုတယ္လို႔ BBC က ၂ဝ၂၅ ခုႏွစ္ ၾသဂုတ္လ ၂၂ ရက္မွာ ေရးသားခဲ့ပါတယ္။
ဆက္လက္ေဆာင္႐ြက္မႈအျဖစ္ ျပစ္ဒဏ္က်ခံေနရတဲ့ ႏိုင္ငံျခားသား စုစုေပါင္း ၁၀၂ ဦးကို ျပန္လည္လႊဲေျပာင္းေပး ခဲ့ေၾကာင္း၊ အဲဒီလူေတြဟာ ဆိုက္ဘာအၾကမ္းဖက္မႈ-အြန္လိုင္းလိမ္လည္မႈတို႔နဲ႔ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။
သူတို႔ဟာ လြန္ခဲ့တဲ့ ေသာၾကာေန႔ ႏိုင္ဂ်ီးရီးယားႏိုင္ငံ လာဂို႔စ္ၿမိဳ႕ေတာ္ရဲ႕ခပ္ၾကမ္းၾကမ္း စစ္ဆင္ေရးတစ္ခုအ တြင္း ဖမ္းဆီးခံခဲ့ရသူ ႏိုင္ငံျခားသား ၁၉၂ ဦးထဲမွာ ပါဝင္ေနၾကပါတယ္။ အာဖရိကအေနာက္ပိုင္းမွာ တည္ရွိတဲ့ ႏိုင္ဂ်ီးရီးယားႏိုင္ငံဟာ အင္တာနက္ အြန္လိုင္းလိမ္လည္မႈမ်ားေၾကာင့္ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားပါတယ္။ ဒါ့ အျပင္ ဟန္ေဆာင္မ်က္ႏွာဖုံးနဲ႔ အီစီကလီလုပ္ အယုံသြင္းၿပီး ပစၥည္း/ေငြေၾကး လိမ္လည္ပို႔ေပးခိုင္းတဲ့ “႐ိုမန္ တစ္ က်ားဖ်န႔္” မ်ားလည္း မႈိလိုေပါက္ေနပါတယ္။ ဆိုက္ဘာရာဇဝတ္မႈခင္းေတြဟာ ယမန္ႏွစ္တြင္ ႏိုင္ဂ်ီးရီး ယားႏိုင္ငံရဲ႕ အျဖစ္မ်ားဆုံး ျပစ္မႈအမ်ိဳးအစားမ်ားထဲမွာ ပါဝင္ခဲ့ေၾကာင္း စီးပြားေရးနဲ႔ ေငြေၾကးဆိုင္ရာ ရာဇဝတ္မႈေကာ္မရွင္႐ုံး (EFCC) ထံမွ သိရွိရပါတယ္။
မၾကာေသးမီႏွစ္မ်ားအတြင္း “ရဟူး ဘြိဳင္” ေခၚ လူငယ္အြန္လိုင္းလိမ္လည္သူမ်ား က်က္စား ပုန္းေအာင္းရာ ေန ရာအမ်ားအျပားကို ႏိုင္ဂ်ီးရီးယားအက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရးေအဂ်င္စီ EFCC က ေဖာ္ထုတ္ႏွိမ္နင္းခဲ့ပါ တယ္။ ဒီအဖြဲ႕ေတြက ရဟူးအင္တာနက္ပလလက္ေဖာင္း “ရဟူးေမးလ္” မွတဆင့္ လူေတြကို လိမ္လည္လွည့္ျဖား တတ္ေအာင္ သင္ၾကားေပးေနျခင္းျဖစ္ပါတယ္။ အခ်ိဳ႕ေသာ လိမ္လည္မႈႀကီးမ်ားဟာ ႏိုင္ငံရပ္ျခားေနထိုင္သူ ႏိုင္ဂ်ီးရီးယားလူမ်ိဳးမ်ားနဲ႔လည္း ဆက္စပ္ေနပါတယ္။ အဲဒီလိမ္လည္မႈအခ်ိဳ႕ကို ေဖာ္ထုတ္ရာမွာ အေမရိကန္ FBI ဟာ ႏိုင္ဂ်ီးရီးယားအရာရွိမ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ရပါတယ္။
က်ားဖ်န႔္ ႏိုင္ငံျခားသားမ်ား ျပည္ႏွင္ဒဏ္ေပးခံရေၾကာင္း ေဖာ္ျပထားတဲ့ ဓာတ္ပုံမ်ားကို EFCC က ၾကာသပ ေတးေန႔ လူမႈကြန္ရက္မွာ မွ်ေဝခဲ့ပါတယ္။ ေလဆိပ္မွာ တန္းစီေနၾကတဲ့ အဲဒီလူေတြဟာ ႏွာေခါင္းစည္းမ်ားကို ဝတ္ဆင္ထား ၾကၿပီး ခရီးေဆာင္အိတ္မ်ား ကိုယ္စီသယ္ေဆာင္ထားၾကပါတယ္။ EFCC ကေတာ့ မၾကာမီကာလအတြင္း ျပည္ႏွင္ ဒဏ္ေပးမႈေတြ ပိုမ်ားလာလိမ့္မယ္လို႔ ေျပာပါတယ္။ “လင္းယုန္သုတ္ စစ္ဆင္ေရး” လို႔ အမည္ေပးထားတဲ့ အဲဒီႏွိမ္နင္းမႈဟာ လွ်ိဳ႕ဝွက္ေထာက္လွမ္းသတင္းမ်ားကို အေျခခံထားၿပီး ဖမ္းဆီးခံရသူ ၁၉၂ ဦး အနက္ ၁၄၈ ဦးမွာ ေထာင္ကဲႏိုင္ငံသားမ်ားျဖစ္တယ္လို႔ ဆိုပါတယ္။ ဒါဟာ တစ္ႏွစ္အတြင္း ဆိုက္ဘာရာဇဝတ္မႈအျဖစ္ သံသယရွိတဲ့ ႏိုင္ငံျခားသားေတြကို ဒုတိယေျမာက္ အလုံးအရင္းနဲ႔ အေရးယူမႈျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလတုန္းကလည္း ႏိုင္ဂ်ီးရီးယားရဲတပ္ဖြဲ႕က ေထာင္ကဲႏိုင္ငံသား ၁၄၈ ဦးနဲ႔ ဖိလစ္ပိုင္ႏိုင္ငံသား ၄ဝ အပါအဝင္ သံသယရွိသူ ၈ဝဝ နီးပါးကို ဖမ္းဆီးခဲ့ပါတယ္။ အဲဒီလူေတြဟာ ႐ိုမန္းတစ္က်ားဖ်န႔္မ်ား၊ ရင္းႏွီးျမႇပ္ႏွံ ရလြယ္ကူတယ္လို႔ အယုံသြင္းၿပီး ခရစ္တိုေငြေၾကးအတုမ်ားကိုေရာင္းဝယ္ရန္ ႏိုင္ဂ်ီးရီးယားႏိုင္ငံသားမ်ားနဲ႔ ႏိုင္ငံျခားသားမ်ား ပူးေပါင္းလုပ္ေဆာင္ေနတဲ့ ဧရာမကြန္ရက္ႀကီးရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ အာဏာပိုင္မ်ား က ရွင္းျပပါတယ္။
ႏိုင္ဂ်ီးရီးယားတြင္ ဆိုက္ဘာရာဇဝတ္မႈမ်ား သိသိသာသာ တိုးပြားလာရျခင္းဟာ အလုပ္လက္မဲ့ ႏႈန္းျမင့္မားျခင္း၊ လူငယ္မ်ားရဲ႕ေငြအျမန္ ရရွိလိုမႈ၊ တရားဝင္မဟုတ္တဲ့ အႀကီးစားစီးပြားေရးနဲ႔ ဥပေဒစည္းကမ္းခ်က္မ်ား အားနည္း ျခင္းေၾကာင့္ ျဖစ္တယ္လို႔ EFCC က ယုံၾကည္ပါတယ္။
က်ဴးလြန္ၾကရာမွာ ဆိုရွယ္မီဒီယာ သည္လည္း အခန္းက႑တစ္ခုမွ ပါဝင္ခဲ့ပါတယ္။ Instagram နဲ႔ Facebook ပိုင္ရွင္ျဖစ္သူ Meta ကုမၸဏီဟာ လြန္ခဲ့တဲ့ႏွစ္ ႏိုင္ဂ်ီးရီးယားမွာ အြန္လိုင္းမွတဆင့္ လိင္ပိုင္းဆိုင္ရာ မဟားဒယားျပဳမႈ နဲ႔ ဆက္စပ္ေနသူ အေကာင့္ ေထာင္ေပါင္းမ်ားစြာတို႔ကို ပိတ္ပစ္ခဲ့ပါတယ္။ အဲ့ဒီလိမ္လည္လွည့္ျဖားမႈမ်ားမွာ ရာဇဝတ္ေကာင္မ်ားဟာ အြန္လိုင္းမွာ အမ်ိဳးသမီးငယ္မ်ားအျဖစ္ ဟန္ေဆာင္ၿပီး လိင္ကိစၥနဲ႔ တစ္တစ္ခြခြပုံမ်ားကို မွ်ေဝရန္ အယုံသြင္းၿပီးေနာက္ လူသိရွင္ၾကား အဖြမခံေစဖို႔ ႏႈတ္ပိတ္ခ ပိုက္ဆံေတာင္းတတ္ပါတယ္။ Meta ကုမၸဏီ ဟာ လူအမ်ားကို လွည့္စားနည္းဆိုင္ရာ အႀကံဉာဏ္မ်ား မွ်ေဝေပးေနတဲ့ Facebook ဂ႐ုေပါင္း ၅,၇၀၀ ခန႔္ကိုလည္း ဖယ္ရွားခဲ့ပါတယ္။
ကြၽမ္းက်င္သူမ်ားနဲ႔ တာဝန္ရွိသူေတြဟာ အြန္လိုင္းလိမ္လည္မႈရဲ႕အႏၲရာယ္မ်ားအေၾကာင္း အမ်ားျပည္သူတို႔ကို ဆက္လက္သတိေပးလ်က္ရွိပါတယ္။ ဒီလိုမ်ိဳးလိမ္လည္လွည့္ျဖားမႈေတြ ႀကီးထြားလာၿပီး ပိုမိုအဆင့္ျမင့္လာသည္ နဲ႔အမွ် အမ်ားျပည္သူတို႔အေနနဲ႔ သတိထားေနထိုင္ၾကဖို႔ တိုက္တြန္း အႀကံေပးၾကပါတယ္။
#HtayOung #OungMarine

Related news

© 2021. All rights reserved.