မဲဆန္ဒရှင်ပြည်သူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းဖြင့် မဲရုံအသီးသီးတွင် ဆန္ဒမဲပေးနိုင်ရေး အတွက် UEC စီစဉ်နေ

277

သုတကျော် (NP News) - ဩဂုတ် ၂၃
မဲဆန္ဒရှင်ပြည်သူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းဖြင့် မဲရုံအသီးသီးတွင် ဆန္ဒမဲပေးနိုင်ရေး အတွက် စီစဉ်နေကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က မီဒီယာများသို့ ထုတ်ပြန်ပြောကြားထားသည်။
“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို တည်ငြိမ်အေးချမ်းစွာနဲ့အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူတွေအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ မဲရုံအသီးသီးမှာ ဆန္ဒမဲပေးနိုင်ရေး၊ ဖြစ်နိုင်သမျှ မဲရုံအားလုံးမှာ ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ လုံခြုံရေးအခြေအနေကြောင့် မဲရုံဖွင့်လှစ်နိုင်ခြင်း မရှိရင်တောင် အဲဒီ ဒေသက မဲဆန္ဒရှင်တွေ မဲပေးခွင့် မဆုံးရှုံးစေဖို့ မဲရုံတွေကို လုံခြုံမှုရှိတဲ့နေရာမှာ ရွှေ့ပြောင်းပြီး ဖွင့်လှစ်နိုင်တဲ့ ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နိုင်ပါတယ်။
သို့သော် ရွေးကောက်ပွဲကို မလိုလားသူ ၊ နှောင့်ယှက်ဖျက်ဆီးလိုသူတွေကြောင့် မဲဆန္ဒရှင်ပြည်သူတွေရဲ့ မဲပေးခွင့် ဆုံးရှုံးရမယ်ဆိုရင်တော့ ပြည်သူတွေအတွက် နစ်နာချက်ပဲဖြစ်ကြောင်း ဖြေကြားလိုပါတယ်” ဟု ဆိုထားသည်။
လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၆ နှင့် နည်းဥပဒေ ၁ဝ တွင် ပြဋ္ဌာန်းချက်အရ လက်ရှိနေရာတွင် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း နေထိုင်ပြီးဖြစ်သော မဲစာရင်းပါရှိရာ သက်ဆိုင်ရာမြို့နယ်ပြင်ပတွင် ရောက်ရှိနေကြသည့် မဲဆန္ဒရှင်များသည် မိမိတို့၏နေရင်းကိုပြန်ပြီး မဲမပေးလိုပါက ပုံစံ (၃-က) ဖြင့်တောင်းဆိုကာ ရောက်ရှိနေရာမှာပဲ မဲပေးနိုင်သော အခွင့်အရေး ရှိကြောင်းလည်း သိရသည်။
“ပုဒ်မ ၄၆ နဲ့ နည်းဥပဒေ ၁ဝ အရ ရောက်ရာအရပ်မှာ ဥပဒေနဲ့အညီ မဲပေးခွင့်ရှိတဲ့ ပြဋ္ဌာန်းချက်ဟာ ယခင်ကတည်းက ရှိတဲ့ပြဋ္ဌာန်းချက်ဖြစ်ပါတယ်။ ထပ်မံဖြည့်စွက် ထားတာကတော့ ယာယီနေရပ်စွန့်ခွာနေရသူများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ပုံစံ (၁၅) ဖြင့် တောင်းဆိုပြီး မူရင်းဒေသမဲဆန္ဒနယ်အတွက် မဲပေးနိုင်ဖို့ ပုဒ်မ ၄၅ မှာ ဖြည့်စွက်ပြဋ္ဌာန်းထားခြင်းပဲဖြစ်ပါတယ်” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် က ဆိုသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကိုဖြစ်နိုင်သမျှ မဲဆန္ဒနယ်အားလုံး၊ မြို့နယ်အားလုံးတွင် ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ဆိုသည်။
“ဒါကြောင့် လည်း ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီးကျင်းပဖို့ ဆောင်ရွက်နေတာ ဖြစ်ပါ တယ်။ သို့သော် ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်အရ မဲဆန္ဒနယ်တစ်နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် ပြည်သူတွေ မဲပေးဖို့အတွက် လုံခြုံရေးအခြေအနေမရှိဘူးဆိုရင်တော့ ကော်မရှင်အနေနဲ့ အဲဒီမဲဆန္ဒနယ်ရဲ့ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားနိုင်ပါတယ်။ လုံခြုံရေးအခြေအနေပေးတဲ့အချိန်မှာ အဲဒီမဲဆန္ဒနယ်အတွက် မဲဆန္ဒရှင်တွေရဲ့ကိုယ်စားပြုမှုအခွင့်အရေးမဆုံးရှုံးစေဖို့အတွက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးနိုင်ပါတယ်” ဟု UEC က ဆိုသည်။

Zawgyi Version:
မဲဆႏၵရွင္ျပည္သူေတြအားလုံး ေဘးအႏၲရာယ္ကင္းကင္းျဖင့္ မဲ႐ုံအသီးသီးတြင္ ဆႏၵမဲေပးႏိုင္ေရး အတြက္ UEC စီစဥ္ေန
သုတေက်ာ္ (NP News) - ဩဂုတ္ ၂၃
မဲဆႏၵရွင္ျပည္သူေတြအားလုံး ေဘးအႏၲရာယ္ကင္းကင္းျဖင့္ မဲ႐ုံအသီးသီးတြင္ ဆႏၵမဲေပးႏိုင္ေရး အတြက္ စီစဥ္ေနေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) က မီဒီယာမ်ားသို႔ ထုတ္ျပန္ေျပာၾကားထားသည္။
“ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲႀကီးကို တည္ၿငိမ္ေအးခ်မ္းစြာနဲ႔ေအာင္ျမင္စြာက်င္းပႏိုင္ေရး၊ မဲဆႏၵရွင္ျပည္သူေတြအားလုံး ေဘးအႏၲရာယ္ကင္းကင္းနဲ႔ မဲ႐ုံအသီးသီးမွာ ဆႏၵမဲေပးႏိုင္ေရး၊ ျဖစ္ႏိုင္သမွ် မဲ႐ုံအားလုံးမွာ ဆႏၵမဲေပးႏိုင္ေရး စီစဥ္ေဆာင္႐ြက္လ်က္ရွိပါတယ္။ လုံၿခဳံေရးအေျခအေနေၾကာင့္ မဲ႐ုံဖြင့္လွစ္ႏိုင္ျခင္း မရွိရင္ေတာင္ အဲဒီ ေဒသက မဲဆႏၵရွင္ေတြ မဲေပးခြင့္ မဆုံးရႈံးေစဖို႔ မဲ႐ုံေတြကို လုံၿခဳံမႈရွိတဲ့ေနရာမွာ ေ႐ႊ႕ေျပာင္းၿပီး ဖြင့္လွစ္ႏိုင္တဲ့ ျပ႒ာန္းခ်က္အတိုင္း ေဆာင္႐ြက္ႏိုင္ပါတယ္။
သို႔ေသာ္ ေ႐ြးေကာက္ပြဲကို မလိုလားသူ ၊ ေႏွာင့္ယွက္ဖ်က္ဆီးလိုသူေတြေၾကာင့္ မဲဆႏၵရွင္ျပည္သူေတြရဲ႕ မဲေပးခြင့္ ဆုံးရႈံးရမယ္ဆိုရင္ေတာ့ ျပည္သူေတြအတြက္ နစ္နာခ်က္ပဲျဖစ္ေၾကာင္း ေျဖၾကားလိုပါတယ္” ဟု ဆိုထားသည္။
လႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒပုဒ္မ ၄၆ ႏွင့္ နည္းဥပေဒ ၁ဝ တြင္ ျပ႒ာန္းခ်က္အရ လက္ရွိေနရာတြင္ အနည္းဆုံး ရက္ေပါင္း ၁၈၀ ထက္မနည္း ေနထိုင္ၿပီးျဖစ္ေသာ မဲစာရင္းပါရွိရာ သက္ဆိုင္ရာၿမိဳ႕နယ္ျပင္ပတြင္ ေရာက္ရွိေနၾကသည့္ မဲဆႏၵရွင္မ်ားသည္ မိမိတို႔၏ေနရင္းကိုျပန္ၿပီး မဲမေပးလိုပါက ပုံစံ (၃-က) ျဖင့္ေတာင္းဆိုကာ ေရာက္ရွိေနရာမွာပဲ မဲေပးႏိုင္ေသာ အခြင့္အေရး ရွိေၾကာင္းလည္း သိရသည္။
“ပုဒ္မ ၄၆ နဲ႔ နည္းဥပေဒ ၁ဝ အရ ေရာက္ရာအရပ္မွာ ဥပေဒနဲ႔အညီ မဲေပးခြင့္ရွိတဲ့ ျပ႒ာန္းခ်က္ဟာ ယခင္ကတည္းက ရွိတဲ့ျပ႒ာန္းခ်က္ျဖစ္ပါတယ္။ ထပ္မံျဖည့္စြက္ ထားတာကေတာ့ ယာယီေနရပ္စြန႔္ခြာေနရသူမ်ား မဲေပးခြင့္မဆုံးရႈံးေစေရးအတြက္ ပုံစံ (၁၅) ျဖင့္ ေတာင္းဆိုၿပီး မူရင္းေဒသမဲဆႏၵနယ္အတြက္ မဲေပးႏိုင္ဖို႔ ပုဒ္မ ၄၅ မွာ ျဖည့္စြက္ျပ႒ာန္းထားျခင္းပဲျဖစ္ပါတယ္” ဟု ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ က ဆိုသည္။
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကိုျဖစ္ႏိုင္သမွ် မဲဆႏၵနယ္အားလုံး၊ ၿမိဳ႕နယ္အားလုံးတြင္ က်င္းပႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္းလည္း ဆိုသည္။
“ဒါေၾကာင့္ လည္း ေ႐ြးေကာက္ပြဲကို အပိုင္းလိုက္ခြဲၿပီးက်င္းပဖို႔ ေဆာင္႐ြက္ေနတာ ျဖစ္ပါ တယ္။ သို႔ေသာ္ ေ႐ြးေကာက္ပြဲဥပေဒျပ႒ာန္းခ်က္အရ မဲဆႏၵနယ္တစ္နယ္မွာ ေ႐ြးေကာက္ပြဲက်င္းပဖို႔အတြက္ ျပည္သူေတြ မဲေပးဖို႔အတြက္ လုံၿခဳံေရးအေျခအေနမရွိဘူးဆိုရင္ေတာ့ ေကာ္မရွင္အေနနဲ႔ အဲဒီမဲဆႏၵနယ္ရဲ႕ေ႐ြးေကာက္ပြဲကို ေ႐ႊ႕ဆိုင္းထားႏိုင္ပါတယ္။ လုံၿခဳံေရးအေျခအေနေပးတဲ့အခ်ိန္မွာ အဲဒီမဲဆႏၵနယ္အတြက္ မဲဆႏၵရွင္ေတြရဲ႕ကိုယ္စားျပဳမႈအခြင့္အေရးမဆုံးရႈံးေစဖို႔အတြက္ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပေပးႏိုင္ပါတယ္” ဟု UEC က ဆိုသည္။