ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းတစ်ခုမှာ ခဲယမ်းမီးကျည်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်သား(၂၀)ဦး သေဆုံး

 482

Pika (NP News) - ဧပြီ ၂၈

ကမ္ဘောဒီးယားစစ်အခြေစိုက်စခန်းတစ်ခုမှာ လက်နက်ခဲယမ်းမီးကျည် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး အနည်းဆုံး စစ်သား(၂၀)ဦး သေဆုံးခဲ့တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ဧပြီလ(၂၇)ရက်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။

ပေါက်ကွဲမှုဟာ Kampong Speu ပြည်နယ် စစ်အခြေစိုက်စခန်းတစ်ခုမှာ ဧပြီလ(၂၇)ရက် နေ့လည်(၂)နာရီ (၄၇) မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အခြားစစ်သားအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ခဲယမ်းမီးကျည်တင်ထားတဲ့ ထရပ်ကားတစ်စီးလုံးပေါက်ကွဲခဲ့ပြီး ဒီလိုမျိုးသေဆုံးမှုတွေဖြစ်ခဲ့တာလို့ စစ်တပ်က ပြောကြားခဲ့ပါတယ်။ ဟွန်ဆန် က “လက်နက်ခဲယမ်းမီးကျည်ပေါက်ကွဲမှုဖြစ်ပွားတဲ့သတင်းကြောင့် ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒီဖြစ်ရပ်အတွင်း သေဆုံးသွားတဲ့စစ်သားတွေရဲ့မိသားစုဝင်တွေအတွက် တကယ်ကို ဝမ်းနည်းမိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ပေါက်ကွဲမှု ဘာကြောင့်ဖြစ်ပွားရတယ်ဆိုတဲ့အချက်ကိုတော့ လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ ဘူး။ ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ဓါတ်ပုံတွေမှာ မီးခိုးတွေထွက်နေပြီး ပျက်စီးသွားတဲ့ တစ်ထပ်တိုက် အဆောက်အဦးကို တွေ့မြင်ခဲ့ရပါတယ်။ ပြီးတော့ ထိခိုက်ဒဏ်ရာတွေရရှိမှုကြောင့် ဆေးရုံမှာ ဆေးကုသမှုတွေ ခံယူနေတဲ့အရပ်သားတွေကိုလည်း အခြားဓါတ်ပုံတစ်ခုမှာ တွေ့မြင်ခဲ့ရပါတယ်။ ပေါက်ကွဲမှုကြောင့် အနားမှာရှိတဲ့ ရုံးခန်းအဆောက်အဦးနဲ့ စစ်တန်းလျားတို့ပျက်စီးခဲ့ပြီး အခြားနေအိမ်(၂၅)လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုအတွင်း သေဆုံးသွားခဲ့တဲ့ စစ်သားတွေရဲ့မိသားစုတွေကို အမေရိကန်ဒေါ်လာ(၂)သောင်းစီ ပေးအပ် သွားမှာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ စစ်သားတွေကို အမေရိကန်ဒေါ်လာ(၅)ထောင်စီ ပေးအပ်သွားမှာလို့လည်း သိရပါတယ်။

Zawgyi Version;
ကေမာၻဒီးယားစစ္အေျခစိုက္စခန္းတစ္ခုမွာ ခဲယမ္းမီးက်ည္ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး စစ္သား(၂၀)ဦး ေသဆုံး
Pika (NP News) - ဧၿပီ ၂၈

ကေမာၻဒီးယားစစ္အေျခစိုက္စခန္းတစ္ခုမွာ လက္နက္ခဲယမ္းမီးက်ည္ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့ၿပီး အနည္းဆုံး စစ္သား(၂၀)ဦး ေသဆုံးခဲ့တယ္လို႔ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ဧၿပီလ(၂၇)ရက္မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါ တယ္။

ေပါက္ကြဲမႈဟာ Kampong Speu ျပည္နယ္ စစ္အေျခစိုက္စခန္းတစ္ခုမွာ ဧၿပီလ(၂၇)ရက္ ေန႔လည္(၂)နာရီ (၄၇) မိနစ္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အျခားစစ္သားအမ်ားအျပားလည္း ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။

ခဲယမ္းမီးက်ည္တင္ထားတဲ့ ထရပ္ကားတစ္စီးလုံးေပါက္ကြဲခဲ့ၿပီး ဒီလိုမ်ိဳးေသဆုံးမႈေတြျဖစ္ခဲ့တာလို႔ စစ္တပ္က ေျပာၾကားခဲ့ပါတယ္။ ဟြန္ဆန္ က “လက္နက္ခဲယမ္းမီးက်ည္ေပါက္ကြဲမႈျဖစ္ပြားတဲ့သတင္းေၾကာင့္ ကြၽန္ေတာ္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္။ ဒီျဖစ္ရပ္အတြင္း ေသဆုံးသြားတဲ့စစ္သားေတြရဲ႕မိသားစုဝင္ေတြအတြက္ တကယ္ကို ဝမ္းနည္းမိပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

ေပါက္ကြဲမႈ ဘာေၾကာင့္ျဖစ္ပြားရတယ္ဆိုတဲ့အခ်က္ကိုေတာ့ လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္း မသိရွိရေသးပါ ဘူး။ ဆိုရွယ္မီဒီယာေပၚမွာ တင္ထားတဲ့ဓါတ္ပုံေတြမွာ မီးခိုးေတြထြက္ေနၿပီး ပ်က္စီးသြားတဲ့ တစ္ထပ္တိုက္ အေဆာက္အဦးကို ေတြ႕ျမင္ခဲ့ရပါတယ္။ ၿပီးေတာ့ ထိခိုက္ဒဏ္ရာေတြရရွိမႈေၾကာင့္ ေဆး႐ုံမွာ ေဆးကုသမႈေတြ ခံယူေနတဲ့အရပ္သားေတြကိုလည္း အျခားဓါတ္ပုံတစ္ခုမွာ ေတြ႕ျမင္ခဲ့ရပါတယ္။ ေပါက္ကြဲမႈေၾကာင့္ အနားမွာရွိတဲ့ ႐ုံးခန္းအေဆာက္အဦးနဲ႔ စစ္တန္းလ်ားတို႔ပ်က္စီးခဲ့ၿပီး အျခားေနအိမ္(၂၅)လုံးလည္း ထိခိုက္ပ်က္စီးခဲ့တယ္လို႔ သိရပါတယ္။

ေပါက္ကြဲမႈအတြင္း ေသဆုံးသြားခဲ့တဲ့ စစ္သားေတြရဲ႕မိသားစုေတြကို အေမရိကန္ေဒၚလာ(၂)ေသာင္းစီ ေပးအပ္ သြားမွာျဖစ္ၿပီး ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ စစ္သားေတြကို အေမရိကန္ေဒၚလာ(၅)ေထာင္စီ ေပးအပ္သြားမွာလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.