ရခိုင်ပြည်နယ်တွင် AA က လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် မူဆလင်များအကြား ပဋိပက္ခဖြစ်ပွားစေရန် လုပ်ကြံဖန်တီး ဆောင်ရွက်နေပြီး နယ်ခြားစောင့်ရဲ အယောင်ဆောင်ကာ ပစ်ခတ်မှုပင် ရှိခဲ့

 4466

သုတကျော် (NP News) – ဧပြီ ၂၈

ရခိုင်ပြည်နယ် တွင် AA က လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် မူဆလင်များအကြား ပဋိပက္ခဖြစ်ပွားစေရန် လုပ်ကြံ ဖန်တီးဆောင်ရွက်နေပြီး နယ်ခြားစောင့်ရဲ အယောင်ဆောင်ကာ ပစ်ခတ်မှုပင်ရှိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် မူဆလင်များ၊ ဒေသခံ တိုင်းရင်းသားများ၊ အစိုးရဝန်ထမ်းများ အထူးယှဉ်တွဲနေထိုင်လာသည် မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“ဒီ ရခိုင်ပြည်နယ်မှာ ရခိုင်နဲ့ ဘင်္ဂါလီ စပြီး ၁၉၄၂ မှာ ပဋိပက္ခဖြစ်တာ အစဦးဆုံးပဲ။ ပြီးတော့ ၈၈ မှာ ဖြစ်တယ်။ နောက်ပိုင်းမှာ ဖြစ်ခဲ့တာတွေ ရှိတယ်။ ကျောက်နီမော် အရေးအခင်းတို့ ဘာတို့ ရှိတယ်။ ကျွန်တော် ရှင်းရှင်းလင်း လင်းပြတ်ပြတ်သားသားပြောချင်တာက အဲဒီမှာဖြစ်ပွားတဲ့ လူမျိုးရေးပဋိပက္ခတိုင်းမှာ အစိုးရ၊ လုံခြုံရေး အဖွဲ့အစည်း၊ တပ်မတော်၊ အစိုးရ ဝန်ထမ်းများက စခဲ့တာ မဟုတ်ဘူး လူမျိုးအချင်းချင်းကပဲ စခဲ့တာဖြစ်တယ်။ အဲဒီ မီးကို ငြှိမ်းသတ်ရတာက တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းနဲ့ အစိုးရဝန်ထမ်းတွေပဲဖြစ်တယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက အစိုးရအနေနဲ့ကော၊ လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့ကော ဘယ်တော့မှ အလုပ်ရှုပ်ခံ ပြီး လူမျိုးရေးပဋိပက္ခဖြစ်အောင် မလုပ်ဘူး။ လူမျိုးရေးပဋိပက္ခဖြစ်လာရင် ရှင်းလိုက်ရတဲ့ပြဿနာ နည်းတာ မဟုတ်ဘူး။ ခေါင်းခံရတဲ့ ပြဿနာ နည်းတာမဟုတ်ဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှု နည်းတာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

AA အနေဖြင့် ယခု နှစ် အတွင်း ဘူးသီးတောင်မြို့နယ်အတွင်းက ကျေးရွာ ၉ ရွာကို မီးရှို့ခဲ့ကာ ဘင်္ဂါလီ လူဦးရေ ၂၀၀ ကျော်ကို ဖမ်းဆီးထားကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

“အနီးစပ်ဆုံးပေါ့ အခု ဧပြီလ ၁၈ ရက်မှာ ရသေ့တောင်၊ ဘူးသီးတောင်က အစ္စလာမ် ဘာသာဝင်တွေနဲ့ ဘာသာရေး ဆရာတွေ။ ရွာတစ်ရွာမှာ ဘာသာရေး ဆရာ သုံးဦး၊ ရပ်ကွက် လူကြီး ၃ ဦးကို ပုဏ္ဍားကျွန်းတပ်ကို ခေါ်တယ်။ ခေါ်ပြီး တော့ကျ AA အနေနဲ့ သူတို့နဲ့ ပူးပေါင်းဖို့ ခေါ်ပြီး ပြောခဲ့တာ ရှိတယ်။ အဲ့ဒီ ဧပြီလ ၁၈ ရက်မှာပဲ ဘူးသီးတောင် တောင်ပိုင်း ညောင်ချောင်း - အငူမော် ကားလမ်းအတိုင်းပဲ ကားနဲ့ လော်စပီကာတွေ တပ်ပြီး တပ်မတော်နဲ့ မပူးပေါင်းဖို့၊ သူတို့နဲ့ပူးပေါင်းဖို့၊ AA ကို ထောက်ခံဖို့၊ မနာခံဘူး ဆိုရင် ရန်သူ အဖြစ် သတ်မှတ်မယ်ဆိုပြီး အော်ခဲ့တာ ရှိတယ်။ ဒါ့အပြင် ဧပြီလ ၂၄ ရက်နေ့မှာ ဘူးသီးတောင်၊ ကန်ပြင်အုပ်စုမှာ နယ်ခြားစောင့်ရဲ နဲ့ ဘင်္ဂါလီတွေကြားထဲ မှာ အထင်မြင်လွဲအောင်လို့ AA က နယ်ခြားစောင့် ရဲဝတ်စုံတွေ ဝတ်ပြီးတော့ အငူမော် ကားလမ်းအတိုင်း လာနေတဲ့ ဘင်္ဂါလီတွေကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာရှိတယ်။ တစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတဲ့ဖြစ်စဉ် ရှိခဲ့တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ထို့အပြင် ဘူးသီးတောင်က စစ်ဘေးရှောင် မူဆလင်များ၏ အိမ်များရှိ ပစ္စည်းများကို ခိုးယူခြင်းရှိပြီး ဓာတ်ပုံ အထောက်အထားများလည်း ရှိကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရခိုင်လူမျိုးများကိုလည်း ငွေပေး စည်းရုံးကာ AA အဖွဲ့အတွင်း ထည့်သွင်းခြင်းများ ရှိကြောင်းလည်း ရှင်ပြသည်။

“ပြီးရင် ဒီကြားထဲမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ မူဆလင်တွေကြားထဲမှာ ပဋိပက္ခဖြစ်ပွားအောင် လုပ်ကြံဖန်တီး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒါတွေဟာ တော်တော်အန္တရာယ်များတဲ့လုပ်ငန်းတွေ ဖြစ်တယ်။ AA ဘက် ကြည့်မယ်ဆိုရင် လူမျိုးရေးကို အကြောင်းပြပြီး လုပ်နေတဲ့အတွက် သူရနေတဲ့ အဓိက လုပ်ငန်းက မူးယစ်ဆေးဝါး လုပ်ငန်းပါပဲ။ ကျွန်တော် တစ်ခါ ပြောဖူးပါတယ်။ ရန်ကုန်မှာပဲ မိမိ၊ မန္တလေးမှာပဲ မိမိ၊ လမ်းကြောင်း ပေါ်မှာပဲ မိမိ မိတဲ့ မူးယစ်ဆေးဝါးကို ခြေရာခံလိုက်ရင် AA တပ်ဖွဲ့ဝင်တွေ၊ အရာရှိတွေ ပါနေတာမျိုးကို ကျွန်တော်တို့ အမြဲတမ်း တွေ့ရပါတယ်။ အထောက်အထားတွေလည်း ရှိပြီး ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

AA အနေဖြင့် ရန်သူကို ရန်သူဟု သဘောထားလုပ်နေသည့်အတွက် မိမိတို့အနေဖြင့်လည်း ရန်သူဟု သဘောထား ကာ ပြတ်ပြတ်သားသားဆောင်ရွက်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်ပေးနေ သောနိုင်ငံများ ရှိသော်လည်း AA အနေဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို မလေးစားပဲ အင်အားလျော့ပါက ငြိမ်းချမ်းရေးကို လိုလားကာ ငြိမ်းချမ်းရေးကာလတွင် လူသူ လက်နက်စုဆောင်းပြီး မူမမှန်သောအဖွဲ့ဖြစ်ကြောင်း လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

Zawgyi Version;
ရခိုင္ျပည္နယ္တြင္ AA က လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ႏွင့္ မူဆလင္မ်ားအၾကား ပဋိပကၡျဖစ္ပြားေစရန္ လုပ္ႀကံဖန္တီး ေဆာင္႐ြက္ေနၿပီး နယ္ျခားေစာင့္ရဲ အေယာင္ေဆာင္ကာ ပစ္ခတ္မႈပင္ ရွိခဲ့
သုတေက်ာ္ (NP News) – ဧၿပီ ၂၈

ရခိုင္ျပည္နယ္ တြင္ AA က လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ား ႏွင့္ မူဆလင္မ်ားအၾကား ပဋိပကၡျဖစ္ပြားေစရန္ လုပ္ႀကံ ဖန္တီးေဆာင္႐ြက္ေနၿပီး နယ္ျခားေစာင့္ရဲ အေယာင္ေဆာင္ကာ ပစ္ခတ္မႈပင္ရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ ေရးေကာင္စီ၊ သတင္းထုတ္ျပန္ေရးအဖြဲ႕ မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ရခိုင္ျပည္နယ္တြင္ မူဆလင္မ်ား၊ ေဒသခံ တိုင္းရင္းသားမ်ား၊ အစိုးရဝန္ထမ္းမ်ား အထူးယွဥ္တြဲေနထိုင္လာသည္ မွာ ၾကာျမင့္ခဲ့ၿပီျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“ဒီ ရခိုင္ျပည္နယ္မွာ ရခိုင္နဲ႔ ဘဂၤါလီ စၿပီး ၁၉၄၂ မွာ ပဋိပကၡျဖစ္တာ အစဦးဆုံးပဲ။ ၿပီးေတာ့ ၈၈ မွာ ျဖစ္တယ္။ ေနာက္ပိုင္းမွာ ျဖစ္ခဲ့တာေတြ ရွိတယ္။ ေက်ာက္နီေမာ္ အေရးအခင္းတို႔ ဘာတို႔ ရွိတယ္။ ကြၽန္ေတာ္ ရွင္းရွင္းလင္း လင္းျပတ္ျပတ္သားသားေျပာခ်င္တာက အဲဒီမွာျဖစ္ပြားတဲ့ လူမ်ိဳးေရးပဋိပကၡတိုင္းမွာ အစိုးရ၊ လုံၿခဳံေရး အဖြဲ႕အစည္း၊ တပ္မေတာ္၊ အစိုးရ ဝန္ထမ္းမ်ားက စခဲ့တာ မဟုတ္ဘူး လူမ်ိဳးအခ်င္းခ်င္းကပဲ စခဲ့တာျဖစ္တယ္။ အဲဒီ မီးကို ျငႇိမ္းသတ္ရတာက တပ္မေတာ္၊ လုံၿခဳံေရးအဖြဲ႕အစည္းနဲ႔ အစိုးရဝန္ထမ္းေတြပဲျဖစ္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္ေျပာခ်င္တာက အစိုးရအေနနဲ႔ေကာ၊ လုံၿခဳံေရးအဖြဲ႕အစည္းေတြအေနနဲ႔ေကာ ဘယ္ေတာ့မွ အလုပ္ရႈပ္ခံ ၿပီး လူမ်ိဳးေရးပဋိပကၡျဖစ္ေအာင္ မလုပ္ဘူး။ လူမ်ိဳးေရးပဋိပကၡျဖစ္လာရင္ ရွင္းလိုက္ရတဲ့ျပႆနာ နည္းတာ မဟုတ္ဘူး။ ေခါင္းခံရတဲ့ ျပႆနာ နည္းတာမဟုတ္ဘူး။ တာဝန္ယူမႈ၊ တာဝန္ခံမႈ နည္းတာ မဟုတ္ဘူး” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

AA အေနျဖင့္ ယခု ႏွစ္ အတြင္း ဘူးသီးေတာင္ၿမိဳ႕နယ္အတြင္းက ေက်း႐ြာ ၉ ႐ြာကို မီးရႈိ႕ခဲ့ကာ ဘဂၤါလီ လူဦးေရ ၂၀၀ ေက်ာ္ကို ဖမ္းဆီးထားေၾကာင္းလည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

“အနီးစပ္ဆုံးေပါ့ အခု ဧၿပီလ ၁၈ ရက္မွာ ရေသ့ေတာင္၊ ဘူးသီးေတာင္က အစၥလာမ္ ဘာသာဝင္ေတြနဲ႔ ဘာသာေရး ဆရာေတြ။ ႐ြာတစ္႐ြာမွာ ဘာသာေရး ဆရာ သုံးဦး၊ ရပ္ကြက္ လူႀကီး ၃ ဦးကို ပု႑ားကြၽန္းတပ္ကို ေခၚတယ္။ ေခၚၿပီး ေတာ့က် AA အေနနဲ႔ သူတို႔နဲ႔ ပူးေပါင္းဖို႔ ေခၚၿပီး ေျပာခဲ့တာ ရွိတယ္။ အဲ့ဒီ ဧၿပီလ ၁၈ ရက္မွာပဲ ဘူးသီးေတာင္ ေတာင္ပိုင္း ေညာင္ေခ်ာင္း - အငူေမာ္ ကားလမ္းအတိုင္းပဲ ကားနဲ႔ ေလာ္စပီကာေတြ တပ္ၿပီး တပ္မေတာ္နဲ႔ မပူးေပါင္းဖို႔၊ သူတို႔နဲ႔ပူးေပါင္းဖို႔၊ AA ကို ေထာက္ခံဖို႔၊ မနာခံဘူး ဆိုရင္ ရန္သူ အျဖစ္ သတ္မွတ္မယ္ဆိုၿပီး ေအာ္ခဲ့တာ ရွိတယ္။ ဒါ့အျပင္ ဧၿပီလ ၂၄ ရက္ေန႔မွာ ဘူးသီးေတာင္၊ ကန္ျပင္အုပ္စုမွာ နယ္ျခားေစာင့္ရဲ နဲ႔ ဘဂၤါလီေတြၾကားထဲ မွာ အထင္ျမင္လြဲေအာင္လို႔ AA က နယ္ျခားေစာင့္ ရဲဝတ္စုံေတြ ဝတ္ၿပီးေတာ့ အငူေမာ္ ကားလမ္းအတိုင္း လာေနတဲ့ ဘဂၤါလီေတြကို အေၾကာင္းမဲ့ ပစ္ခတ္ခဲ့တာရွိတယ္။ တစ္ဦး ေသဆုံးၿပီး သုံးဦး ဒဏ္ရာရတဲ့ျဖစ္စဥ္ ရွိခဲ့တယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

ထို႔အျပင္ ဘူးသီးေတာင္က စစ္ေဘးေရွာင္ မူဆလင္မ်ား၏ အိမ္မ်ားရွိ ပစၥည္းမ်ားကို ခိုးယူျခင္းရွိၿပီး ဓာတ္ပုံ အေထာက္အထားမ်ားလည္း ရွိကာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား ရခိုင္လူမ်ိဳးမ်ားကိုလည္း ေငြေပး စည္း႐ုံးကာ AA အဖြဲ႕အတြင္း ထည့္သြင္းျခင္းမ်ား ရွိေၾကာင္းလည္း ရွင္ျပသည္။

“ၿပီးရင္ ဒီၾကားထဲမွာ လုံၿခဳံေရး တပ္ဖြဲ႕ဝင္ေတြနဲ႔ မူဆလင္ေတြၾကားထဲမွာ ပဋိပကၡျဖစ္ပြားေအာင္ လုပ္ႀကံဖန္တီး ေဆာင္႐ြက္ေနတာေတြ ရွိပါတယ္။ ဒါေတြဟာ ေတာ္ေတာ္အႏၲရာယ္မ်ားတဲ့လုပ္ငန္းေတြ ျဖစ္တယ္။ AA ဘက္ ၾကည့္မယ္ဆိုရင္ လူမ်ိဳးေရးကို အေၾကာင္းျပၿပီး လုပ္ေနတဲ့အတြက္ သူရေနတဲ့ အဓိက လုပ္ငန္းက မူးယစ္ေဆးဝါး လုပ္ငန္းပါပဲ။ ကြၽန္ေတာ္ တစ္ခါ ေျပာဖူးပါတယ္။ ရန္ကုန္မွာပဲ မိမိ၊ မႏၲေလးမွာပဲ မိမိ၊ လမ္းေၾကာင္း ေပၚမွာပဲ မိမိ မိတဲ့ မူးယစ္ေဆးဝါးကို ေျခရာခံလိုက္ရင္ AA တပ္ဖြဲ႕ဝင္ေတြ၊ အရာရွိေတြ ပါေနတာမ်ိဳးကို ကြၽန္ေတာ္တို႔ အၿမဲတမ္း ေတြ႕ရပါတယ္။ အေထာက္အထားေတြလည္း ရွိၿပီး ျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

AA အေနျဖင့္ ရန္သူကို ရန္သူဟု သေဘာထားလုပ္ေနသည့္အတြက္ မိမိတို႔အေနျဖင့္လည္း ရန္သူဟု သေဘာထား ကာ ျပတ္ျပတ္သားသားေဆာင္႐ြက္ရမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရး အတြက္ ေဆာင္႐ြက္ေပးေန ေသာႏိုင္ငံမ်ား ရွိေသာ္လည္း AA အေနျဖင့္ ၿငိမ္းခ်မ္းေရးလမ္းစဥ္ကို မေလးစားပဲ အင္အားေလ်ာ့ပါက ၿငိမ္းခ်မ္းေရးကို လိုလားကာ ၿငိမ္းခ်မ္းေရးကာလတြင္ လူသူ လက္နက္စုေဆာင္းၿပီး မူမမွန္ေသာအဖြဲ႕ျဖစ္ေၾကာင္း လည္း ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

Related news

© 2021. All rights reserved.