အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက K3C နှင့်တွေ့ဆုံကာ PDF အမည်ခံအကြမ်းဖက်အဖွဲ့ များနှင့်ပူးပေါင်းရန် ဦးဆောင်ပြီးလုပ်ခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

 2034

ပုံစာ - အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မှ အတိုင်ပင်ခံ ဖြစ်သူ Derek Chollet ကို တွေ့မြင်ရစဉ်

သုတကျော် (NP News) - ဧပြီ ၂၈

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက KIA၊ KNU၊ KNPP နှင့် CNF တို့ ပါဝင်သည့် K3C နှင့် တွေ့ဆုံကာ PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်းရန် အမေရိကန်က ဦးဆောင်ပြီး လုပ်ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၂၇ ရက်တွင် ပြောသည်။

K3C မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန မှ အတိုင်ပင်ခံဖြစ်သူ Derek Cholletက ၎င်း၏ X (Twitter) လူမှုကွန်ယက်တွင် မတ်လနှောင်းပိုင်းက ထုတ်ပြန်အသိပေးထားခြင်း ဖြစ်သည်။

ထို့အပြင် USIP ဟု ခေါ်သည့် အမေရိကန် ၏ United States Institute of Peace ၏ ညွှန်ကြားရေးမှူးက ပြောကြားသော မြဝတီမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်၍ မြဝတီ နှင့် ရွှေကုက္ကိုလ်တွင် ကျားဖြန့်လုပ်ငန်းကို နှိမ်နင်း ရန် KNU နှင့် PDF က အဆိုပါစစ်ဆင်ရေးကို ဆောင်ရွက်သည်ဆိုခြင်းမှာ အဓိပ္ပာယ်မရှိသော ပြောကြားခြင်း ဖြစ်ကြောင်း နှင့် USIP သည် မြန်မာအရေးနှင့်ပတ်သက်၍ စွက်ဖက်လာသည်ကို တွေ့ရကြောင်းလည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
“သိပ်ပြီးတော့ ယုတ္တိ ယုတ္တာမရှိဘဲ ဗြောင်လိမ်ဗြောင်စား လုပ်ထားတာလည်း တွေ့ရတယ်။ အရင်တည်းက တိုင် ရွှေကုက္ကိုလ်ထဲကို သူတို့က ဒါတွေ နှိမ်နင်းဖို့ PDF တွေက ဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် အကျအဆုံးများစွာနဲ့ မအောင်မြင်ဘူး။ ဒါကြောင့် အခုချိန်မှာ ပြန်လုပ်တာဆိုပြီး ပြောထားတာတွေ့ရတယ်။ အရင်တည်းက လုပ်တာ လည်း မရှိပါဘူး။ အခုလည်း လုပ်ခဲ့တာ မရှိပါဘူး။ ပြောရမယ်ဆိုရင်တော့ ဒီကိစ္စကို ထိုင်းနဲ့ ပြောခဲ့တာသည် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ထိုင်းက တပ်မတော်က ဗိုလ်ချုပ်ကြီး တစ်ယောက်လာတဲ့အချိန်တုန်းက ပြောခဲ့ပါ တယ်။ KK Park မှာ ဒါတွေ လုပ်နေပါတယ်။ ဒါကြောင့် ထိုင်းနဲ့ မြန်မာနဲ့ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လိုတယ်ဆိုတာ ပထမဆုံး ပြောခဲ့ပါတယ်။ ပြောပြီးတော့ သံယောင်လိုက်တာပဲ” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

ယခုကဲ့သို့ USIP ၏ပြောစကားမှာ ယုတ္တိမရှိသော အကြောင်းပြချက်ဖြစ်ကြောင်းလည်း ထပ်မံ ထည့်သွင်းပြော ကြားခဲ့ပါတယ်။ “သူတို့နဲ့တင် မဟုတ်ပါဘူး။ Free Burma Ranger ဆိုတဲ့အဖွဲ့တွေ အမေရိကန်ရဲ့အထောက်အပံ့ ပဲ။ ဒါ့အပြင် ထင်ထင်ရှားရှား တစ်ခု ရှိပါတယ်။ အဲဒီအမေရိကန်က နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦး ကိုယ်တိုင် K3C ဆိုပြီး KIA၊ KNU၊ KNPP နောက်ပြီးတော့ CNF ပေါ့။ K3C အဖွဲ့တွေနဲ့ ခေါ်တွေ့တယ်။ ပြီးရင် K3C အဖွဲ့တွေနဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းနိုင်ဖို့ လုပ်နိုင်ဖို့ ခေါင်ဆောင်ပြီး လုပ်ခဲ့တယ်ဆိုတာလည်း တွေ့ရမှာ ဖြစ်တယ်။ နောက်ပြီး သူတို့ပြဌာန်းလိုက်တဲ့ Burma Act အရ မြန်မာနိုင်ငံကို ပိုက်ဆံပေးပြီး ဖျက်ဖို့ပေါ့။ အမေရိကန် ဒေါ်လာ ၁၂၁ သန်း ကူညီထောက်ပံ့တယ်။ ကူညီထောက်ပံ့မယ့်နေရာမှာလည်း ထိုင်းနိုင်ငံဘက်က တဆင့်၊ အိန္ဒိယ နိုင်ငံ ဘက်က တဆင့် ကူညီထောက်ပံ့မယ် ဆိုတာလည်း တွေ့ပြီးဖြစ်ပါတယ်။ ဒီဟာတွေကို ဆက်စပ်ပြီး ကြည့်လိုက်ရင် ဒါသည် ဘာဆိုတာကို ရုပ်လုံးပေါ်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန မွ တာဝန္ရွိသူတစ္ဦးက K3C ႏွင့္ေတြ႕ဆုံကာ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕ မ်ားႏွင့္ပူးေပါင္းရန္ ဦးေဆာင္ၿပီးလုပ္ခဲ့ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ေျပာ
သုတေက်ာ္ (NP News) - ဧၿပီ ၂၈

အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန မွ တာဝန္ရွိသူတစ္ဦးက KIA၊ KNU၊ KNPP ႏွင့္ CNF တို႔ ပါဝင္သည့္ K3C ႏွင့္ ေတြ႕ဆုံကာ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ ပူးေပါင္းရန္ အေမရိကန္က ဦးေဆာင္ၿပီး လုပ္ခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဧၿပီလ ၂၇ ရက္တြင္ ေျပာသည္။

K3C မွ ေခါင္းေဆာင္မ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန မွ အတိုင္ပင္ခံျဖစ္သူ Derek Cholletက ၎၏ X (Twitter) လူမႈကြန္ယက္တြင္ မတ္လေႏွာင္းပိုင္းက ထုတ္ျပန္အသိေပးထားျခင္း ျဖစ္သည္။

ထို႔အျပင္ USIP ဟု ေခၚသည့္ အေမရိကန္ ၏ United States Institute of Peace ၏ ၫႊန္ၾကားေရးမႉးက ေျပာၾကားေသာ ျမဝတီၿမိဳ႕သိမ္းတိုက္ပြဲႏွင့္ပတ္သက္၍ ျမဝတီ ႏွင့္ ေ႐ႊကုကၠိဳလ္တြင္ က်ားျဖန္႔လုပ္ငန္းကို ႏွိမ္နင္း ရန္ KNU ႏွင့္ PDF က အဆိုပါစစ္ဆင္ေရးကို ေဆာင္႐ြက္သည္ဆိုျခင္းမွာ အဓိပၸာယ္မရွိေသာ ေျပာၾကားျခင္း ျဖစ္ေၾကာင္း ႏွင့္ USIP သည္ ျမန္မာအေရးႏွင့္ပတ္သက္၍ စြက္ဖက္လာသည္ကို ေတြ႕ရေၾကာင္းလည္း ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုသည္။
“သိပ္ၿပီးေတာ့ ယုတၱိ ယုတၱာမရွိဘဲ ေျဗာင္လိမ္ေျဗာင္စား လုပ္ထားတာလည္း ေတြ႕ရတယ္။ အရင္တည္းက တိုင္ ေ႐ႊကုကၠိဳလ္ထဲကို သူတို႔က ဒါေတြ ႏွိမ္နင္းဖို႔ PDF ေတြက ဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ အက်အဆုံးမ်ားစြာနဲ႔ မေအာင္ျမင္ဘူး။ ဒါေၾကာင့္ အခုခ်ိန္မွာ ျပန္လုပ္တာဆိုၿပီး ေျပာထားတာေတြ႕ရတယ္။ အရင္တည္းက လုပ္တာ လည္း မရွိပါဘူး။ အခုလည္း လုပ္ခဲ့တာ မရွိပါဘူး။ ေျပာရမယ္ဆိုရင္ေတာ့ ဒီကိစၥကို ထိုင္းနဲ႔ ေျပာခဲ့တာသည္ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ထိုင္းက တပ္မေတာ္က ဗိုလ္ခ်ဳပ္ႀကီး တစ္ေယာက္လာတဲ့အခ်ိန္တုန္းက ေျပာခဲ့ပါ တယ္။ KK Park မွာ ဒါေတြ လုပ္ေနပါတယ္။ ဒါေၾကာင့္ ထိုင္းနဲ႔ ျမန္မာနဲ႔ပူးေပါင္းၿပီး ေဆာင္႐ြက္ဖို႔ လိုတယ္ဆိုတာ ပထမဆုံး ေျပာခဲ့ပါတယ္။ ေျပာၿပီးေတာ့ သံေယာင္လိုက္တာပဲ” ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

ယခုကဲ့သို႔ USIP ၏ေျပာစကားမွာ ယုတၱိမရွိေသာ အေၾကာင္းျပခ်က္ျဖစ္ေၾကာင္းလည္း ထပ္မံ ထည့္သြင္းေျပာ ၾကားခဲ့ပါတယ္။ “သူတို႔နဲ႔တင္ မဟုတ္ပါဘူး။ Free Burma Ranger ဆိုတဲ့အဖြဲ႕ေတြ အေမရိကန္ရဲ႕အေထာက္အပံ့ ပဲ။ ဒါ့အျပင္ ထင္ထင္ရွားရွား တစ္ခု ရွိပါတယ္။ အဲဒီအေမရိကန္က ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တာဝန္ရွိသူတစ္ဦး ကိုယ္တိုင္ K3C ဆိုၿပီး KIA၊ KNU၊ KNPP ေနာက္ၿပီးေတာ့ CNF ေပါ့။ K3C အဖြဲ႕ေတြနဲ႔ ေခၚေတြ႕တယ္။ ၿပီးရင္ K3C အဖြဲ႕ေတြနဲ႔ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕ေတြနဲ႔ပူးေပါင္းႏိုင္ဖို႔ လုပ္ႏိုင္ဖို႔ ေခါင္ေဆာင္ၿပီး လုပ္ခဲ့တယ္ဆိုတာလည္း ေတြ႕ရမွာ ျဖစ္တယ္။ ေနာက္ၿပီး သူတို႔ျပဌာန္းလိုက္တဲ့ Burma Act အရ ျမန္မာႏိုင္ငံကို ပိုက္ဆံေပးၿပီး ဖ်က္ဖို႔ေပါ့။ အေမရိကန္ ေဒၚလာ ၁၂၁ သန္း ကူညီေထာက္ပံ့တယ္။ ကူညီေထာက္ပံ့မယ့္ေနရာမွာလည္း ထိုင္းႏိုင္ငံဘက္က တဆင့္၊ အိႏၵိယ ႏိုင္ငံ ဘက္က တဆင့္ ကူညီေထာက္ပံ့မယ္ ဆိုတာလည္း ေတြ႕ၿပီးျဖစ္ပါတယ္။ ဒီဟာေတြကို ဆက္စပ္ၿပီး ၾကည့္လိုက္ရင္ ဒါသည္ ဘာဆိုတာကို ႐ုပ္လုံးေပၚမွာျဖစ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုသည္။

Related news

© 2021. All rights reserved.