ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ယူကရိန်းက တပ်ဖွဲ့ဝင်(၈)ထောင်ကျော် ဆုံးရှုံးခဲ့တယ်လို့ ရုရှားစစ်ဘက် သတင်းထုတ်ပြန်

 527

Pika (NP News) - ဧပြီ ၂၈

ယူကရိန်းနိုင်ငံ ဒွန်းဘက်စ်ဒေသမှာ ရုရှားက ထိုးစစ်ဆင်မှုတွေကို ဆက်လက်လုပ်ဆောင်နေမှုနဲ့အတူ ယူကရိန်းဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တပ်ဖွဲ့ဝင်(၈)ထောင်ကျော် ဆုံးရှုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ (၂၇)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

ရုရှားစစ်တပ်ဟာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ အခြေချစခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရုရှားတပ်ဖွဲ့တွေဟာ ဒွန်းဘက်စ်ဒေသတွင်းမှာ ယူကရိန်းရဲ့ တိုက်ခိုက်မှု(၂)ဒါဇင်ခန့်ကိုလည်း ချေမှုန်းပစ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Donetsk People’s Republic(DPR) ရဲ့ Avdeevka မြို့မှာ ရုရှားတပ်ဖွဲ့တွေနဲ့ ယူကရိန်းတပ်ဖွဲ့တွေကြား တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ အဲဒီဧရိယာအတွင်းမှာ ယူကရိန်း ဘက်က တိုက်ခိုက်မှု(၆၃)ကြိမ်ကို ပြန်လည်ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ ပြောကြားခဲ့ပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တပ်ဖွဲ့ဝင်(၈၂၈၀)ဦးကို ဆုံးရှုံးခဲ့ရပြီး အများစုမှာ ဒွန်းဘက်စ်ဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ယူကရိန်းတပ်ဖွဲ့တွေဟာ တင့်ကား (၁)ဒါဇင်၊ သံချပ်ကာတိုက်ခိုက်ရေးယာဉ် ဒါဇင်ပေါင်းများစွာအပြင် အခြားစစ်လက်နက်ပစ္စည်းရာချီကိုလည်း ဆုံးရှုံးခဲ့ရတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ယူကရိန်းဘက်က ဆုံးရှုံးမှုစာရင်းထဲမှာ အနောက်အုပ်စုက ထောက်ပံ့ပေးထားတဲ့ အမြောက်စနစ်(၃၀)နီးပါးအပြင် အမေရိကန်ထုတ် Paladin self-propelled 155mm howitzer အနည်းဆုံးတစ်ခုလည်း ပါဝင်တယ်လို့ သိရပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ အမေရိကန်ထုတ် HIMARS ဒုံးကျည်စနစ်၊ ချက်ပြည်သူ့သမ္မတနိုင်ငံက ထောက်ပံ့ပေးထားတဲ့ RM-70 Vampire ဒုံးကျည်စနစ် အပါအဝင် ယူကရိန်းရဲ့ဒုံးကျည်အများအပြား ပစ်လွှတ်နိုင်တဲ့ ဒုံးကျည်စနစ်(၈)ခုကို လည်း ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရုရှားလေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ယူကရိန်းရဲ့ MiG-29 တိုက်လေယာဉ်၊ Su-25 လေယာဉ် နဲ့ ဒရုန်းအစင်းရေ(၁၆၀၀)ကျော်ကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ယူကရိန္းက တပ္ဖြဲ႕ဝင္(၈)ေထာင္ေက်ာ္ ဆုံးရႈံးခဲ့တယ္လို႔ ႐ုရွားစစ္ဘက္ သတင္းထုတ္ျပန္
Pika (NP News) - ဧၿပီ ၂၈

ယူကရိန္းႏိုင္ငံ ဒြန္းဘက္စ္ေဒသမွာ ႐ုရွားက ထိုးစစ္ဆင္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနမႈနဲ႔အတူ ယူကရိန္းဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း တပ္ဖြဲ႕ဝင္(၈)ေထာင္ေက်ာ္ ဆုံးရႈံးခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ဧၿပီလ (၂၇)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

႐ုရွားစစ္တပ္ဟာ ယူကရိန္းတပ္ဖြဲ႕ေတြရဲ႕ အေျခခ်စခန္းႏွစ္ခုကို သိမ္းပိုက္ႏိုင္ခဲ့တယ္လို႔လည္း ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ႐ုရွားတပ္ဖြဲ႕ေတြဟာ ဒြန္းဘက္စ္ေဒသတြင္းမွာ ယူကရိန္းရဲ႕ တိုက္ခိုက္မႈ(၂)ဒါဇင္ခန႔္ကိုလည္း ေခ်မႈန္းပစ္ႏိုင္ခဲ့တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

Donetsk People’s Republic(DPR) ရဲ႕ Avdeevka ၿမိဳ႕မွာ ႐ုရွားတပ္ဖြဲ႕ေတြနဲ႔ ယူကရိန္းတပ္ဖြဲ႕ေတြၾကား တိုက္ပြဲ ေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားတပ္ဖြဲ႕ေတြဟာ အဲဒီဧရိယာအတြင္းမွာ ယူကရိန္း ဘက္က တိုက္ခိုက္မႈ(၆၃)ႀကိမ္ကို ျပန္လည္ခုခံတိုက္ခိုက္ႏိုင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထပ္မံ ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းဟာ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း တပ္ဖြဲ႕ဝင္(၈၂၈၀)ဦးကို ဆုံးရႈံးခဲ့ရၿပီး အမ်ားစုမွာ ဒြန္းဘက္စ္ေဒသမွာ ျဖစ္ပြားခဲ့တဲ့တိုက္ပြဲေတြအတြင္း ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့အျပင္ ယူကရိန္းတပ္ဖြဲ႕ေတြဟာ တင့္ကား (၁)ဒါဇင္၊ သံခ်ပ္ကာတိုက္ခိုက္ေရးယာဥ္ ဒါဇင္ေပါင္းမ်ားစြာအျပင္ အျခားစစ္လက္နက္ပစၥည္းရာခ်ီကိုလည္း ဆုံးရႈံးခဲ့ရတယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္တဲ့ ယူကရိန္းဘက္က ဆုံးရႈံးမႈစာရင္းထဲမွာ အေနာက္အုပ္စုက ေထာက္ပံ့ေပးထားတဲ့ အေျမာက္စနစ္(၃၀)နီးပါးအျပင္ အေမရိကန္ထုတ္ Paladin self-propelled 155mm howitzer အနည္းဆုံးတစ္ခုလည္း ပါဝင္တယ္လို႔ သိရပါတယ္။

႐ုရွားတပ္ဖြဲ႕ေတြဟာ အေမရိကန္ထုတ္ HIMARS ဒုံးက်ည္စနစ္၊ ခ်က္ျပည္သူ႔သမၼတႏိုင္ငံက ေထာက္ပံ့ေပးထားတဲ့ RM-70 Vampire ဒုံးက်ည္စနစ္ အပါအဝင္ ယူကရိန္းရဲ႕ဒုံးက်ည္အမ်ားအျပား ပစ္လႊတ္ႏိုင္တဲ့ ဒုံးက်ည္စနစ္(၈)ခုကို လည္း ဖ်က္ဆီးပစ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ႐ုရွားေလတပ္နဲ႔ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြဟာ ယူကရိန္းရဲ႕ MiG-29 တိုက္ေလယာဥ္၊ Su-25 ေလယာဥ္ နဲ႔ ဒ႐ုန္းအစင္းေရ(၁၆၀၀)ေက်ာ္ကို ဖ်က္ဆီးပစ္ႏိုင္ခဲ့တယ္လို႔လည္း ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.