ဖမ်းဆီးထားတဲ့ အစ္စရေးနဲ့ဆက်နွယ်တဲ့သင်္ဘောရဲ့အမှုထမ်းတွေကို ပြန်လွှတ်ပေးသွားမယ်လို့ အီရန်အစိုးရ ကြေညာ

 819

Pika (NP News) - ဧပြီ ၂၈

မကြာသေးခင်က အီရန်စစ်တပ်က ဖမ်းဆီးခဲ့တဲ့ အစ္စရေးနဲ့ဆက်နွယ်တဲ့ ပေါ်တူဂီအလံတင်သင်္ဘောရဲ့ အမှုထမ်းတွေ ကို ကောင်စစ်ဝန်ရုံးရဲ့ခွင့်ပြုချက်နဲ့အတူ ပြန်လွှတ်ပေးသွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက် တွေကို ကိုးကားပြီး ဒေသတွင်းမီဒီယာတွေက ဧပြီလ(၂၇)ရက်နေ့မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အီရန်တပ်ဖွဲ့တွေဟာ ပါရှန်းပင်လယ်ကွေ့မှာ အိန္ဒိယနဲ့ ရုရှားနိုင်ငံသားတွေ အပါအဝင် အမှုထမ်း(၂၅)ဦး လိုက်ပါလာ တဲ့ အစ္စရေးက လည်ပတ်လုပ်ကိုင်တဲ့ ကွန်တိန်နာသင်္ဘောကို ဧပြီလ(၁၃)ရက်က ဝင်ရောက်စီးနင်းခဲ့ပြီး ထိန်းချုပ်မှု တွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

MSC Aries လို့အမည်ရတဲ့ ကွန်တိန်နာသင်္ဘောဟာ အီရန်တပ်ဖွဲ့တွေရဲ့ထိန်းချုပ်မှုကို ခံရပြီးနောက်ပိုင်း အီရန် ရေပိုင်နက်ထဲကို ခေါ်ဆောင်သွားခံခဲ့ရတာလို့လည်း သိရပါတယ်။ အီရန်ဟာ သင်္ဘောအမှုထမ်းတွေ ပြန်လွှတ်ပေး မယ့်ကိစ္စကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တစ်ခုအဖြစ် အာရုံစိုက်သွားမယ်လို့ အီရန်နိုင်ငံခြား ဝန်ကြီး Hossein Amir-Abdollahian က ပေါ်တူဂီနိုင်ငံခြားရေးဝန်ကြီး Paulo Rangel နဲ့ ဖုန်းပြောဆိုစဉ် အချိန်အတွင်း ပြောကြားခဲ့ပါတယ်။

Hossein Amir-Abdollahian က “ကောင်စစ်ဝန်ရုံးတွေရဲ့ခွင့်ပြုချက်နဲ့အတူ ဒီအမှုထမ်းတွေကို ပြန်လွှတ်ပေးဖို့ အတွက် တီဟီရန်မှာရှိတဲ့သူတို့ရဲ့သံအမတ်ကြီးတွေကို ကျွန်တော်တို့အကြောင်းကြားပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း သင်္ဘောအမှုထမ်းတွေကို ဘယ်အချိန်ပြန်လွှတ်ပေးမယ်ဆိုတာကိုတော့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ပါဘူး။ ပေါ်တူဂီအလံတင်သင်္ဘော MSC Aries ကို အစ္စရေးဘီလျံနာ Eyal Ofer ပိုင်ဆိုင်တဲ့သင်္ဘောကုမ္ပဏီတစ်ခုဖြစ်တဲ့ Zodiac Maritime က လည်ပတ်လုပ်ကိုင်နေတာလို့လည်း သိရပါ တယ်။

Zawgyi Version;
ဖမ္းဆီးထားတဲ့ အစၥေရးနဲ႔ဆက္ႏြယ္တဲ့သေဘၤာရဲ႕အမႈထမ္းေတြကို ျပန္လႊတ္ေပးသြားမယ္လို႔ အီရန္အစိုးရ ေၾကညာ
Pika (NP News) - ဧၿပီ ၂၈

မၾကာေသးခင္က အီရန္စစ္တပ္က ဖမ္းဆီးခဲ့တဲ့ အစၥေရးနဲ႔ဆက္ႏြယ္တဲ့ ေပၚတူဂီအလံတင္သေဘၤာရဲ႕ အမႈထမ္းေတြ ကို ေကာင္စစ္ဝန္႐ုံးရဲ႕ခြင့္ျပဳခ်က္နဲ႔အတူ ျပန္လႊတ္ေပးသြားမယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ေျပာဆိုခ်က္ ေတြကို ကိုးကားၿပီး ေဒသတြင္းမီဒီယာေတြက ဧၿပီလ(၂၇)ရက္ေန႔မွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

အီရန္တပ္ဖြဲ႕ေတြဟာ ပါရွန္းပင္လယ္ေကြ႕မွာ အိႏၵိယနဲ႔ ႐ုရွားႏိုင္ငံသားေတြ အပါအဝင္ အမႈထမ္း(၂၅)ဦး လိုက္ပါလာ တဲ့ အစၥေရးက လည္ပတ္လုပ္ကိုင္တဲ့ ကြန္တိန္နာသေဘၤာကို ဧၿပီလ(၁၃)ရက္က ဝင္ေရာက္စီးနင္းခဲ့ၿပီး ထိန္းခ်ဳပ္မႈ ေတြ လုပ္ေဆာင္ခဲ့တာလို႔ သိရပါတယ္။

MSC Aries လို႔အမည္ရတဲ့ ကြန္တိန္နာသေဘၤာဟာ အီရန္တပ္ဖြဲ႕ေတြရဲ႕ထိန္းခ်ဳပ္မႈကို ခံရၿပီးေနာက္ပိုင္း အီရန္ ေရပိုင္နက္ထဲကို ေခၚေဆာင္သြားခံခဲ့ရတာလို႔လည္း သိရပါတယ္။ အီရန္ဟာ သေဘၤာအမႈထမ္းေတြ ျပန္လႊတ္ေပး မယ့္ကိစၥကို လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာကိစၥရပ္တစ္ခုအျဖစ္ အာ႐ုံစိုက္သြားမယ္လို႔ အီရန္ႏိုင္ငံျခား ဝန္ႀကီး Hossein Amir-Abdollahian က ေပၚတူဂီႏိုင္ငံျခားေရးဝန္ႀကီး Paulo Rangel နဲ႔ ဖုန္းေျပာဆိုစဥ္ အခ်ိန္အတြင္း ေျပာၾကားခဲ့ပါတယ္။

Hossein Amir-Abdollahian က “ေကာင္စစ္ဝန္႐ုံးေတြရဲ႕ခြင့္ျပဳခ်က္နဲ႔အတူ ဒီအမႈထမ္းေတြကို ျပန္လႊတ္ေပးဖို႔ အတြက္ တီဟီရန္မွာရွိတဲ့သူတို႔ရဲ႕သံအမတ္ႀကီးေတြကို ကြၽန္ေတာ္တို႔အေၾကာင္းၾကားၿပီးပါၿပီ” လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္လည္း သေဘၤာအမႈထမ္းေတြကို ဘယ္အခ်ိန္ျပန္လႊတ္ေပးမယ္ဆိုတာကိုေတာ့ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး ဌာနက ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳး မရွိခဲ့ပါဘူး။ ေပၚတူဂီအလံတင္သေဘၤာ MSC Aries ကို အစၥေရးဘီလ်ံနာ Eyal Ofer ပိုင္ဆိုင္တဲ့သေဘၤာကုမၸဏီတစ္ခုျဖစ္တဲ့ Zodiac Maritime က လည္ပတ္လုပ္ကိုင္ေနတာလို႔လည္း သိရပါ တယ္။

Related news

© 2021. All rights reserved.