ကမ္ဘာကျော် TikTok လူမှုကွန်ရက် အသုံးပြုခွင့်ပိတ်ပင်ခြင်းက ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ ကိုက်ညီမှုမရှိဟု ဝေဖန်

 2964

ဂျန်ဇက် (NP News) - ဧပြီ ၂၈

အမေရိကန်နိုင်ငံအတွင်း TikTok လူမှုကွန်ရက် အသုံးပြုခွင့်ပိတ်ပင်ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှု မရှိဘူးလို့ အမေရိကန်သမ္မတလောင်းတစ်ဦးက ဝေဖန်ပြစ်တင်လိုက်ပါတယ်။

လာမယ့်အမေရိကန်သမ္မတ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ကြိုးပမ်းနေတဲ့ ကိုယ်စားလှယ်လောင်း ရောဘတ် ဂျွန်အက်ဖ် ကနေဒီဂျူနီယာက TikTok လူမှုကွန်ရက်ကို အမေရိကန်နိုင်ငံအတွင်း ပိတ်ပင်ဖို့ ကြိုးပမ်းနေခြင်းတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကို တရားစွဲဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ကနေဒီဂျူနိယာက "တရုတ်အစိုးရဟာ အမေရိကန်နိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ရယူစုဆောင်း နိုင်ဖို့ TikTok လူမှုကွန်ရက်ကို အသုံးချနေတယ်ဆိုတာ ယုတ္တိမရှိဘူး။ ကမ္ဘာတဝှမ်းရှိ နိုင်ငံအများစုရဲ့ ထောက်လှမ်း ရေးအဖွဲ့အစည်းတွေဟာ ကျွန်တော်တို့အမေရိကန်နိုင်ငံလိုမျိုး ဒေတာအချက်လက်တွေ ခိုးယူခံနေရတယ်လို့ ပြောဆိုတာမျိုး မရှိဘူး။ အမေရိကန်အစိုးရတာဝန်ရှိသူတွေဟာ အမေရိကန်လူငယ်တွေအတွက် TikTok ဟာ ကြော်ငြာပလက်ဖောင်းတစ်ခုဖြစ်နေတာကို နားမလည်ဘူး" လို့ ပြောပါတယ်။

အမေရိကန်အစိုးရက TikTok လူမှုကွန်ရက်ရဲ့မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ကို ရက်ပေါင်း ၂၇၀ အတွင်း ပြန်လည်ရောင်းချဖို့ နဲ့ ပြန်လည်ရောင်းချခြင်းမရှိဘူးဆိုရင် အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်မည်ဖြစ် ကြောင်း သတိပေးထားပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်အစိုးရနဲ့ တရုတ်အစိုးကြား TikTok လူမှုကွန်ရက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုအရှိန်မြင့် တက်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကလည်း လက်ရှိအချိန်မှာ TikTok လူမှုကွန်ရက် ကို ပိတ်ပင်ဖို့ ခွင့်ပြုထားပြီး အမေရိကန်အစိုးရကလည်း TikTok လူမှုကွန်ရက်ကို ပိတ်ပင်မယ့်အစီအစဉ်တွေကို ရေးဆွဲနေကြောင်း သိရပါတယ်။

Zawgyi Version;
ကမာၻေက်ာ္ TikTok လူမႈကြန္ရက္ အသုံးျပဳခြင့္ပိတ္ပင္ျခင္းက ဖြဲ႕စည္းပုံအေျခခံဥပေဒ နဲ႔ ကိုက္ညီမႈမရွိဟု ေဝဖန္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၈

အေမရိကန္ႏိုင္ငံအတြင္း TikTok လူမႈကြန္ရက္ အသုံးျပဳခြင့္ပိတ္ပင္ျခင္းဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ ညီၫြတ္မႈ မရွိဘူးလို႔ အေမရိကန္သမၼတေလာင္းတစ္ဦးက ေဝဖန္ျပစ္တင္လိုက္ပါတယ္။

လာမယ့္အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ ႀကိဳးပမ္းေနတဲ့ ကိုယ္စားလွယ္ေလာင္း ေရာဘတ္ ဂြၽန္အက္ဖ္ ကေနဒီဂ်ဴနီယာက TikTok လူမႈကြန္ရက္ကို အေမရိကန္ႏိုင္ငံအတြင္း ပိတ္ပင္ဖို႔ ႀကိဳးပမ္းေနျခင္းေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္အစိုးရကို တရားစြဲဖို႔ စီစဥ္ေဆာင္႐ြက္သြားမယ္လို႔ ေျပာပါတယ္။

ကေနဒီဂ်ဴနိယာက "တ႐ုတ္အစိုးရဟာ အေမရိကန္ႏိုင္ငံသားေတြရဲ႕ပုဂၢိဳလ္ေရးအခ်က္အလက္ေတြ ရယူစုေဆာင္း ႏိုင္ဖို႔ TikTok လူမႈကြန္ရက္ကို အသုံးခ်ေနတယ္ဆိုတာ ယုတၱိမရွိဘူး။ ကမာၻတဝွမ္းရွိ ႏိုင္ငံအမ်ားစုရဲ႕ ေထာက္လွမ္း ေရးအဖြဲ႕အစည္းေတြဟာ ကြၽန္ေတာ္တို႔အေမရိကန္ႏိုင္ငံလိုမ်ိဳး ေဒတာအခ်က္လက္ေတြ ခိုးယူခံေနရတယ္လို႔ ေျပာဆိုတာမ်ိဳး မရွိဘူး။ အေမရိကန္အစိုးရတာဝန္ရွိသူေတြဟာ အေမရိကန္လူငယ္ေတြအတြက္ TikTok ဟာ ေၾကာ္ျငာပလက္ေဖာင္းတစ္ခုျဖစ္ေနတာကို နားမလည္ဘူး" လို႔ ေျပာပါတယ္။

အေမရိကန္အစိုးရက TikTok လူမႈကြန္ရက္ရဲ႕မိခင္ကုမၸဏီျဖစ္တဲ့ ByteDance ကို ရက္ေပါင္း ၂၇၀ အတြင္း ျပန္လည္ေရာင္းခ်ဖို႔ နဲ႔ ျပန္လည္ေရာင္းခ်ျခင္းမရွိဘူးဆိုရင္ အေမရိကန္ႏိုင္ငံအတြင္း အသုံးျပဳခြင့္ပိတ္ပင္မည္ျဖစ္ ေၾကာင္း သတိေပးထားပါတယ္။

လက္ရွိအခ်ိန္မွာ အေမရိကန္အစိုးရနဲ႔ တ႐ုတ္အစိုးၾကား TikTok လူမႈကြန္ရက္နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈအရွိန္ျမင့္ တက္ေနတယ္လို႔ ဆိုပါတယ္။ အေမရိကန္လႊတ္ေတာ္ႏွစ္ရပ္စလုံးကလည္း လက္ရွိအခ်ိန္မွာ TikTok လူမႈကြန္ရက္ ကို ပိတ္ပင္ဖို႔ ခြင့္ျပဳထားၿပီး အေမရိကန္အစိုးရကလည္း TikTok လူမႈကြန္ရက္ကို ပိတ္ပင္မယ့္အစီအစဥ္ေတြကို ေရးဆြဲေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.