ထိုင်းရင်းနှီးမြှုပ်နှံသူများအတွက် အထူးစီးပွားရေးဇုန် ဖွင့်လှစ်ပေးမည်ဟု ဆို

 1428

Htay Oung (NP News) - ဧပြီ ၂၈

(မြန်မာနိုင်ငံ အရှေ့တောင်ဘက် နယ်စပ်ဒေသ ကုန်သွယ်ရေးလမ်းကြောင်းတဝှိုက်မှာ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်ရေးတင်းမာမှုများနဲ့ အုပ်ချုပ်ရေး မတည်မငြိမ်ဖြစ်ပေါ်နေခိုက်) ရိုဟင်ဂျာဆိုသူများအရေး ထိုင်းနိုင်ငံနဲ့ပူးပေါင်းလုပ်ဆောင်မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူများကို ခိုလှုံခွင့်ပေးထားရပုံချင်း တူညီတာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနှစ်နိုင်ငံစလုံးတို့က ရိုဟင်ဂျာပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ဆန္ဒရှိနေကြတယ်လို့ ဟာဆန်မာမွတ်က မှတ်ချက်ပေးကြောင်း ဒါကာထရွိုင်းဗြွန်းသတင်းစာက ယမန်နေ့ ရေးသားခဲ့ပါတယ်။

ဘန်ကောက်မြို့ အစိုးရအိမ်တော် (ထိုင်းဝန်ကြီးချုပ်ရုံး) မှာ ရှိတ်ဟာစီနာနဲ့ ဆရက်သာ ထာဗီဆင်တို့ နှစ်နိုင်ငံ ဝန်ကြီးချုပ်များ တွေ့ဆုံပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွတ်က ယခုလို ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

ဒီပြဿနာကို ဖြေရှင်းရာမှာ လက်တွဲဆောင်ရွက်ဖို့ နှစ်နိုင်ငံစလုံးက ဆန္ဒရှိနေကြောင်း၊ (ဒုက္ခသည်တွေကို လက်ခံထားရတဲ့) ဝန်ထုပ်ဝန်ပိုးရဲ့ဒဏ်ကို နှစ်နိုင်ငံစလုံးက ခံစားနေကြရတယ်လို့ သိရှိရပါတယ်။
ဒုက္ခသည် ၁.၃ သန်းတို့ ခိုလှုံခွင့်ပေးခြင်းဖြင့် ပြဿနာတွေကို ဖန်တီးလိုက်သလိုဖြစ်သွားရတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံခြားရေးဝန်ကြီးက မှတ်ချက်ပေးလိုက်ခြင်းဖြစ်ပါတယ်။

ဝန်ကြီးချုပ်နှစ်ဦးတို့ဟာ ရင်းနှီးဖော်ရွေစွာ တွေ့ဆုံခဲ့ကြောင်း နှစ်နိုင်ငံဆက်ဆံရေးနဲ့ အကျိုးတူကိစ္စရပ်များမှာ နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ခိုင်မာစေရန် ဖော်ညွှန်းတဲ့အနေနဲ့တွေ့ဆုံခဲ့ကြခြင်းဖြစ်ကြောင်း ထိုင်းရင်းနှီးမြုပ်နှံသူများအနေဖြင့် ဆန္ဒရှိမယ်ဆိုလျှင် ဘင်္ဂလားဒေ့ရှ်အနေနဲ့ နိုင်ငံအတွင်း အထူးစီးပွားရေးဇုန်တစ်ခု ဖွင့်လှစ်ပေးဖို့ ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး မာမွတ်က ပြောပါတယ်။

နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့်၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်းနဲ့ အကောက်ခွန်ကိစ္စရပ်များမှာ ပူးပေါင်းဆောင် ရွက်မှုများပါဝင်ပြီး “နှစ်နိုင်ငံလွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် (FTA) ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး” နဲ့ ပတ်သက်တဲ့စာရွက်စာတမ်းငါးခုကို သောကြာနေ့မှာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဆိုပါစာရွက်စာတမ်းများမှာ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာ (MoUs) ၃-ခု၊ တစ်ဖက်နဲ့ တစ်ဖက်အကြား စီးပွားရေးလုပ်ဆောင်ရာမှာ ပဏာမ ကတိကဝတ်ပြုကြောင်း “ရည်ညွှန်းစာလွှာ (LoI) “ တို့ပါဝင်ကြောင်း၊ ဘန်ကောက်မြို့မှာ အလည်အပတ်ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ ထာဗီဆင်တို့ ရှေ့မှောက် အစိုးရအိမ်တော် (ထိုင်းဝန်ကြီးချုပ်ရုံး) မှာ နှစ်နိုင်ငံ သက်ဆိုင်ရာအရာရှိကြီးများက လက်မှတ်ရေးထိုးလိူက်ကြတယ်လို့ ဆိုပါတယ်။

စာရွက်စာတမ်းတွေအရ တရားဝင်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာသဘောတူညီချက်တစ်ခုဖြစ်လာဖွယ်ရှိပါတယ်။
အလားတူ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ အကောက်ခွန်ကိစ္စရပ်များမှာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ အပြန်အလှန်ကူညီရေးဆိုင်ရာနားလည်မှုစာချွန်လွှာ၊ ခရီးသွားကဏ္ဍ ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာနားလည်မှုစာချွန်လွှာ၊ လွတ်လပ်စွာ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးမှုများကို ယခုနှစ် တွင်း စတင်ရန် ရည်ညွှန်းစာလွှာ LoI တို့ပါဝင်တယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်အတွက် မိန့်ခွန်းရေးပေးရသူက အတည်ပြုကြောင်းသတင်းမှာ ဆက်လက်ဖော်ပြပါတယ်။

#ဒုက္ခသည်_ဘင်္ဂါလီအရေး_ထိုင်းဘင်္ဂလားဒေ့ရှ် #နှစ်နိုင်ငံလွတ်လပ်စွာ_ကုန်သွယ်ရေးသဘောတူညီချက်
#FTA #MoU #LoI
(Dhaka Tribune., 26 April 2024,” FM: Dhaka, Bangkok to work together to deal with Rohingya issue” ကို ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ထိုင္းရင္းႏွီးျမႇဳပ္ႏွံသူမ်ားအတြက္ အထူးစီးပြားေရးဇုန္ ဖြင့္လွစ္ေပးမည္ဟု ဆို
Htay Oung (NP News) - ဧၿပီ ၂၈

(ျမန္မာႏိုင္ငံ အေရွ႕ေတာင္ဘက္ နယ္စပ္ေဒသ ကုန္သြယ္ေရးလမ္းေၾကာင္းတဝႈိက္မွာ တိုက္ပြဲမ်ား ဆက္တိုက္ ျဖစ္ပြားေနၿပီး စစ္ေရးတင္းမာမႈမ်ားနဲ႔ အုပ္ခ်ဳပ္ေရး မတည္မၿငိမ္ျဖစ္ေပၚေနခိုက္) ႐ိုဟင္ဂ်ာဆိုသူမ်ားအေရး ထိုင္းႏိုင္ငံနဲ႔ပူးေပါင္းလုပ္ေဆာင္မွာျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

ျမန္မာႏိုင္ငံကေန ထြက္ေျပးလာသူမ်ားကို ခိုလႈံခြင့္ေပးထားရပုံခ်င္း တူညီတာေၾကာင့္ ဘဂၤလားေဒ့ရွ္နဲ႔ ထိုင္းႏွစ္ႏိုင္ငံစလုံးတို႔က ႐ိုဟင္ဂ်ာျပႆနာကို ကိုင္တြယ္ေျဖရွင္းဖို႔ ဆႏၵရွိေနၾကတယ္လို႔ ဟာဆန္မာမြတ္က မွတ္ခ်က္ေပးေၾကာင္း ဒါကာထ႐ြိဳင္းႁဗြန္းသတင္းစာက ယမန္ေန႔ ေရးသားခဲ့ပါတယ္။

ဘန္ေကာက္ၿမိဳ႕ အစိုးရအိမ္ေတာ္ (ထိုင္းဝန္ႀကီးခ်ဳပ္႐ုံး) မွာ ရွိတ္ဟာစီနာနဲ႔ ဆရက္သာ ထာဗီဆင္တို႔ ႏွစ္ႏိုင္ငံ ဝန္ႀကီးခ်ဳပ္မ်ား ေတြ႕ဆုံၿပီးေနာက္ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး ဟာဆန္မာမြတ္က ယခုလို ေျပာဆိုလိုက္ျခင္းျဖစ္ပါတယ္။

ဒီျပႆနာကို ေျဖရွင္းရာမွာ လက္တြဲေဆာင္႐ြက္ဖို႔ ႏွစ္ႏိုင္ငံစလုံးက ဆႏၵရွိေနေၾကာင္း၊ (ဒုကၡသည္ေတြကို လက္ခံထားရတဲ့) ဝန္ထုပ္ဝန္ပိုးရဲ႕ဒဏ္ကို ႏွစ္ႏိုင္ငံစလုံးက ခံစားေနၾကရတယ္လို႔ သိရွိရပါတယ္။
ဒုကၡသည္ ၁.၃ သန္းတို႔ ခိုလႈံခြင့္ေပးျခင္းျဖင့္ ျပႆနာေတြကို ဖန္တီးလိုက္သလိုျဖစ္သြားရတဲ့ ဘဂၤလားေဒ့ရွ္ရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးက မွတ္ခ်က္ေပးလိုက္ျခင္းျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ႏွစ္ဦးတို႔ဟာ ရင္းႏွီးေဖာ္ေ႐ြစြာ ေတြ႕ဆုံခဲ့ေၾကာင္း ႏွစ္ႏိုင္ငံဆက္ဆံေရးနဲ႔ အက်ိဳးတူကိစၥရပ္မ်ားမွာ နက္နက္ရႈိင္းရႈိင္း၊ က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ ခိုင္မာေစရန္ ေဖာ္ၫႊန္းတဲ့အေနနဲ႔ေတြ႕ဆုံခဲ့ၾကျခင္းျဖစ္ေၾကာင္း ထိုင္းရင္းႏွီးျမဳပ္ႏွံသူမ်ားအေနျဖင့္ ဆႏၵရွိမယ္ဆိုလွ်င္ ဘဂၤလားေဒ့ရွ္အေနနဲ႔ ႏိုင္ငံအတြင္း အထူးစီးပြားေရးဇုန္တစ္ခု ဖြင့္လွစ္ေပးဖို႔ ကမ္းလွမ္းရန္ အဆင္သင့္ျဖစ္ေနတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီး မာမြတ္က ေျပာပါတယ္။

ႏွစ္ႏိုင္ငံအၾကား ဗီဇာကင္းလြတ္ခြင့္၊ စြမ္းအင္၊ ခရီးသြားလုပ္ငန္းနဲ႔ အေကာက္ခြန္ကိစၥရပ္မ်ားမွာ ပူးေပါင္းေဆာင္ ႐ြက္မႈမ်ားပါဝင္ၿပီး “ႏွစ္ႏိုင္ငံလြတ္လပ္စြာ ကုန္သြယ္ေရးသေဘာတူညီခ်က္ (FTA) ဆိုင္ရာ ညႇိႏႈိင္းေဆြးေႏြးေရး” နဲ႔ ပတ္သက္တဲ့စာ႐ြက္စာတမ္းငါးခုကို ေသာၾကာေန႔မွာ ဘဂၤလားေဒ့ရွ္နဲ႔ ထိုင္းႏိုင္ငံတို႔က လက္မွတ္ေရးထိုးခဲ့ၾကပါတယ္။

အဆိုပါစာ႐ြက္စာတမ္းမ်ားမွာ သေဘာတူညီခ်က္၊ နားလည္မႈစာခြၽန္လႊာ (MoUs) ၃-ခု၊ တစ္ဖက္နဲ႔ တစ္ဖက္အၾကား စီးပြားေရးလုပ္ေဆာင္ရာမွာ ပဏာမ ကတိကဝတ္ျပဳေၾကာင္း “ရည္ၫႊန္းစာလႊာ (LoI) “ တို႔ပါဝင္ေၾကာင္း၊ ဘန္ေကာက္ၿမိဳ႕မွာ အလည္အပတ္ေရာက္ရွိေနတဲ့ ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာနဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္ ဆရက္သာ ထာဗီဆင္တို႔ ေရွ႕ေမွာက္ အစိုးရအိမ္ေတာ္ (ထိုင္းဝန္ႀကီးခ်ဳပ္႐ုံး) မွာ ႏွစ္ႏိုင္ငံ သက္ဆိုင္ရာအရာရွိႀကီးမ်ားက လက္မွတ္ေရးထိုးလိူက္ၾကတယ္လို႔ ဆိုပါတယ္။

စာ႐ြက္စာတမ္းေတြအရ တရားဝင္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားအတြက္ ဗီဇာကင္းလြတ္ခြင့္ဆိုင္ရာသေဘာတူညီခ်က္တစ္ခုျဖစ္လာဖြယ္ရွိပါတယ္။
အလားတူ စြမ္းအင္ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ နားလည္မႈစာခြၽန္လႊာ၊ အေကာက္ခြန္ကိစၥရပ္မ်ားမွာ ပူးေပါင္း ေဆာင္႐ြက္ေရးနဲ႔ အျပန္အလွန္ကူညီေရးဆိုင္ရာနားလည္မႈစာခြၽန္လႊာ၊ ခရီးသြားက႑ ပူးေပါင္းေဆာင္႐ြက္ ေရးဆိုင္ရာနားလည္မႈစာခြၽန္လႊာ၊ လြတ္လပ္စြာ ကုန္သြယ္ေရးနဲ႔ပတ္သက္ၿပီး ညႇိႏႈိင္းေဆြးေႏြးမႈမ်ားကို ယခုႏွစ္ တြင္း စတင္ရန္ ရည္ၫႊန္းစာလႊာ LoI တို႔ပါဝင္တယ္လို႔ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္အတြက္ မိန႔္ခြန္းေရးေပးရသူက အတည္ျပဳေၾကာင္းသတင္းမွာ ဆက္လက္ေဖာ္ျပပါတယ္။

#ဒုကၡသည္_ဘဂၤါလီအေရး_ထိုင္းဘဂၤလားေဒ့ရွ္ #ႏွစ္ႏိုင္ငံလြတ္လပ္စြာ_ကုန္သြယ္ေရးသေဘာတူညီခ်က္
#FTA #MoU #LoI
(Dhaka Tribune., 26 April 2024,” FM: Dhaka, Bangkok to work together to deal with Rohingya issue” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.