ကမ္ဘာလုံးဆိုင်ရာ ဝက်သက်ရောဂါဖြစ်ပွားမှု တစ်နှစ်အတွင်း နှစ်ဆနီးပါး မြင့်တက်လာ

 173

ရောင်နီ (NP News) - ဧပြီ ၂၉

ကမ္ဘာတစ်ဝှမ်း ဝက်သက်ရောဂါဖြစ်ပွားမှုအရေအတွက်ဟာ ၂၀၂၂ မှ ၂၀၂၃ ခုနှစ်အထိအတွင်း နှစ်ဆနီးပါးတိုးလာတယ်လို့ သုတေသီတွေက ပြောပါတယ်။ ဒါဟာ နိုင်ငံအများအပြားမှာ ဝက်သက်ရောဂါ ဖယ်ရှားရှင်းလင်းရေးကြိုးပမ်းမှုတွေအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်လို့ သုတေသီတွေက ပြောကြားပါတယ်။

ဘာစီလိုနာမှာ စနေနေ့(ဧပြီ ၂၇ ရက်) က ESCMID Global Congress မှာ သုတေသနပြုတင်ပြခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒေါက်တာ ပက်ထရစ်အိုကွန်နာရဲ့အဆိုအရ ၂၀၂၂ ခုနှစ်မှာ တစ်ကမ္ဘာလုံး ရောဂါဖြစ်ပွားမှု ၁၇၁,၁၅၃ ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်မှာတော့ ကူးစက်ဖြစ်ပွား ၃၂၁,၅၈၂ ထိ ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်ပွားမှုရဲ့ထက်ဝက်နီးပါးဟာ ဥရောပဒေသမှာဖြစ်ပြီး အဇာဘိုင်ဂျန်၊ ကာဂျစ္စတန်နဲ့ ယီမင်တို့က ကူးစက်မှု အများဆုံးနိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝက်သက်ရောဂါဖြစ်ပွားမှုကို ၂၀၀၀ ခုနှစ်က အမေရိကန်မှာ ဖယ်ရှားနိုင်ခဲ့တယ်လို့ ကြေညာခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ယခုနှစ်အတွင်း ရောဂါကူးစက်မှု လျင်လျင်မြန်မြန် မြင့်တက်လာခြင်းဟာ အဆိုပါရောဂါ ဖယ်ရှားရေး အခြေအနေကို ခြိမ်းခြောက်လာတယ်လို့ အေဂျင်စီက ဆိုပါတယ်။ ဝက်သက်ဟာ လေမှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။

အထူးသဖြင့် ငယ်ရွယ်ပြီး ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးတွေမှာ ပြင်းထန်တဲ့ ကျန်းမာရေး ထိခိုက်မှုများ ရှိနိုင်ပြီး သေဆုံးစေနိုင်ပါတယ်။

အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ မျက်လုံးနီရဲခြင်းနဲ့ အရေပြားမှယ အနီကွက်များ ထခြင်းဟာ ဝက်သက်ရောဂါရဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ အမေရိကန်မှာ ကာကွယ်ဆေး မထိုးရသေးတဲ့ လူ ၅ ဦးမှာ ၁ ဦးခန့်ဟာ ဝက်သက်ရောဂါဖြစ်ပွားနေပြီး ဝက်သက်ရှိတဲ့ ကလေး အယောက် ၂၀ မှာ ၁ ယောက်နှုန်း အဆုတ်ရောင်ရောဂါ ခံစားနေရတယ်လို့ သိရပါတယ်။

Zawgyi Version;
ကမာၻလုံးဆိုင္ရာ ဝက္သက္ေရာဂါျဖစ္ပြားမႈ တစ္ႏွစ္အတြင္း ႏွစ္ဆနီးပါး ျမင့္တက္လာ
ေရာင္နီ (NP News) - ဧၿပီ ၂၉

ကမာၻတစ္ဝွမ္း ဝက္သက္ေရာဂါျဖစ္ပြားမႈအေရအတြက္ဟာ ၂၀၂၂ မွ ၂၀၂၃ ခုႏွစ္အထိအတြင္း ႏွစ္ဆနီးပါးတိုးလာတယ္လို႔ သုေတသီေတြက ေျပာပါတယ္။ ဒါဟာ ႏိုင္ငံအမ်ားအျပားမွာ ဝက္သက္ေရာဂါ ဖယ္ရွားရွင္းလင္းေရးႀကိဳးပမ္းမႈေတြအတြက္ စိန္ေခၚမႈတစ္ရပ္ျဖစ္တယ္လို႔ သုေတသီေတြက ေျပာၾကားပါတယ္။

ဘာစီလိုနာမွာ စေနေန႔(ဧၿပီ ၂၇ ရက္) က ESCMID Global Congress မွာ သုေတသနျပဳတင္ျပခဲ့တဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕မွ ေဒါက္တာ ပက္ထရစ္အိုကြန္နာရဲ႕အဆိုအရ ၂၀၂၂ ခုႏွစ္မွာ တစ္ကမာၻလုံး ေရာဂါျဖစ္ပြားမႈ ၁၇၁,၁၅၃ ရွိခဲ့ရာမွ ၂၀၂၃ ခုႏွစ္မွာေတာ့ ကူးစက္ျဖစ္ပြား ၃၂၁,၅၈၂ ထိ ရွိလာခဲ့တယ္လို႔ ဆိုပါတယ္။

ျဖစ္ပြားမႈရဲ႕ထက္ဝက္နီးပါးဟာ ဥေရာပေဒသမွာျဖစ္ၿပီး အဇာဘိုင္ဂ်န္၊ ကာဂ်စၥတန္နဲ႔ ယီမင္တို႔က ကူးစက္မႈ အမ်ားဆုံးႏိုင္ငံေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဝက္သက္ေရာဂါျဖစ္ပြားမႈကို ၂၀၀၀ ခုႏွစ္က အေမရိကန္မွာ ဖယ္ရွားႏိုင္ခဲ့တယ္လို႔ ေၾကညာခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း ယခုႏွစ္အတြင္း ေရာဂါကူးစက္မႈ လ်င္လ်င္ျမန္ျမန္ ျမင့္တက္လာျခင္းဟာ အဆိုပါေရာဂါ ဖယ္ရွားေရး အေျခအေနကို ၿခိမ္းေျခာက္လာတယ္လို႔ ေအဂ်င္စီက ဆိုပါတယ္။ ဝက္သက္ဟာ ေလမွတစ္ဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါျဖစ္ပါတယ္။

အထူးသျဖင့္ ငယ္႐ြယ္ၿပီး ကာကြယ္ေဆးမထိုးရေသးတဲ့ ကေလးေတြမွာ ျပင္းထန္တဲ့ က်န္းမာေရး ထိခိုက္မႈမ်ား ရွိႏိုင္ၿပီး ေသဆုံးေစႏိုင္ပါတယ္။

အဖ်ားတက္ျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာရည္ယိုျခင္း၊ မ်က္လုံးနီရဲျခင္းနဲ႔ အေရျပားမွယ အနီကြက္မ်ား ထျခင္းဟာ ဝက္သက္ေရာဂါရဲ႕လကၡဏာေတြ ျဖစ္ပါတယ္။ အေမရိကန္မွာ ကာကြယ္ေဆး မထိုးရေသးတဲ့ လူ ၅ ဦးမွာ ၁ ဦးခန႔္ဟာ ဝက္သက္ေရာဂါျဖစ္ပြားေနၿပီး ဝက္သက္ရွိတဲ့ ကေလး အေယာက္ ၂၀ မွာ ၁ ေယာက္ႏႈန္း အဆုတ္ေရာင္ေရာဂါ ခံစားေနရတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.