ချောက် နှင့် ရေနံချောင်း တစ်ဝိုက်တွင် အပင်ပေါင်း (၁၀ဝဝဝ) စိုက်ပျိုးရန် စီစဉ်နေ

 1119

စော (NP News) - မေ ၁၄

မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ ရေနံချောင်းမြို့နယ် နှင့် အနီးတစ်ဝိုက်တွင် အပင်ပေါင်း (၁၀ဝဝဝ)ကို နေရာခွဲစိုက်ပျိုးရန် စီစဉ်နေကြောင်း ရေနံ့သာဒင်းဂါးညီနောင်များ သစ်ပင်စိုက်၊ ရေကန်ဖော်၊ ဇရပ်ဆောက်၊ ရေချမ်းစင်တည်အဖွဲ့မှ တည်ထောင်သူကို ရေနံ့သာဒင်းဂါးက NP News ကိုပြောသည်။

ရေနံ့သာဒင်းဂါးညီနောင်များသစ်ပင်စိုက်၊ ရေကန်ဖော်၊ ဇရပ်ဆောက်၊ ရေချမ်းစင်တည် အဖွဲ့သည် ၂၀၁၇ ခုနှစ်မှစတင်ကာ ယနေ့အချိန်အထိ သစ်ပင်စိုက်ပျိုးလာခဲ့ခြင်းဖြစ်ပြီး ယခုအချိန်အထိ အဝီစိတွင်းတူးရာတွင်ကူညီခြင်းနှင့် သဘာဝစိမ်းလန်းစိုပြည်ရေးကို ဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။

“ဥယျာဉ်ထဲမှာစိုက်မယ်။ နောက်ပြီးတော့ ရေနံချောင်း၊ မကွေး၊ ချောက် ကားလမ်း တစ်လျှောက် ဘယ်ညာမှာ ‌‌ညောင်ခြေထောက်တွေ စိုက်မယ်။ စာသင်ကျောင်း၊ ဘုန်ကြီးကျောင်း၊ သီလရှင်ကျောင်း သစ်ပင်စိုက်ချင်လို့ပါဆိုပြီး အလှူခံတဲ့ ကျောင်းတွေဆို ကျွန်တော်တို့ ကိုယ်တိုင်သွားပြီးတော့ စိုက်ပေးလိုက်မယ်။ အပင်တွေကျတော့ အပူပိုင်းဒေသမှာဖြစ်တဲ့အတွက် လမ်းဘေးဆိုရင် ညောင်ခြေထောက်ပေါ့။ စာသင်ကျောင်းတို့၊ ဘုန်းကြီး ကျောင်းတို့ဆိုရင်တော့ စိန်ပန်း၊ ခရေ၊ ရေတမာတို့ နေရာဒေသပေါ်၊ အနေအထားပေါ်ကြည့်ပြီးတော့ အပင်က ကွဲပြားသွား မှာပေါ့”ဟု ကိုရေနံ့သာဒင်းဂါးက ပြောသည်။

အဆိုပါ အပင်ပေါင်း (၁၀ဝဝဝ)ကို မိုးတွင်းကာလတွင် စိုက်ပျိုးသွားမည်ဖြစ်ပြီး သစ်ပင် စိုက်ပျိုးရန်အတွက် လိုအပ်သည့်တွင်းများကို တူးထားခြင်း၊ မိုးရေဝင်နိုင်သော လမ်းကြောများမပိတ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

“ဒီပရဟိတဥယျာဉ်ထဲက သစ်ပင်တွေကတော့ မကြာခင်စပြီးစိုက်တော့မှာ။ ဘာဖြစ်လို့ဆို အဲဒီမှာ ရေတွင်းတူးပြီးသွားပြီ solar ရေတွင်းပါ။ နေပူလည်းကြောက်စရာမလိုဘူး။ နေပူလေ ရေထွက်လေဆိုတော့ မိုးမျှော်စရာမလိုဘူး။ ရေတွင်းတူးပြီးသွားပြီဆိုတော့ ကျွန်တော်တို့က ဒီရေတွင်း ကနေ မောင်းပြီးတော့ အပင်တွေထဲ တစ်ခါတည်း လောင်းလိုက်ရုံပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေနံချောင်းမြို့နယ်သည် ချောက်မြို့နယ်အနီးတွင် တည်ရှိကာ ချောက်မြို့သည် ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်က အမြင့်ဆုံး အပူချိန်အဖြစ် (၄၈ ဒသမ ၂) ဒီဂရီ စင်တီဂရိတ်ဖြင့် အမြင့်ဆုံးစံချိန်သစ်တင်ခဲ့ပြီး ကမ္ဘာ့ အပူဆုံးမြို့များစာရင်း၌ ပါဝင်ခဲ့သည်။ ကမ္ဘာ့အပူဆုံး မြို့များ စာရင်း၌ ချောက်မြို့အပြင် မကွေးမြို့၊ မင်းဘူး မြို့၊ ညောင်ဦးမြို့၊ စစ်ကိုင်းမြို့၊ မန္တလေးမြို့နှင့် မုံရွာမြို့များလည်း အဆိုပါစာရင်းတွင်ပါဝင်ခဲ့ကြောင်း သိရသည်။

zawgyi version
ေခ်ာက္ ႏွင့္ ေရနံေခ်ာင္း တစ္ဝိုက္တြင္ အပင္ေပါင္း (၁၀ဝဝဝ) စိုက္ပ်ိဳးရန္ စီစဥ္ေန
ေစာ (NP News) - ေမ ၁၄

ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသရွိ ေရနံေခ်ာင္းၿမိဳ႕နယ္ ႏွင့္ အနီးတစ္ဝိုက္တြင္ အပင္ေပါင္း (၁၀ဝဝဝ)ကို ေနရာခြဲစိုက္ပ်ိဳးရန္ စီစဥ္ေနေၾကာင္း ေရနံ႔သာဒင္းဂါးညီေနာင္မ်ား သစ္ပင္စိုက္၊ ေရကန္ေဖာ္၊ ဇရပ္ေဆာက္၊ ေရခ်မ္းစင္တည္အဖြဲ႕မွ တည္ေထာင္သူကို ေရနံ႔သာဒင္းဂါးက NP News ကိုေျပာသည္။

ေရနံ႔သာဒင္းဂါးညီေနာင္မ်ားသစ္ပင္စိုက္၊ ေရကန္ေဖာ္၊ ဇရပ္ေဆာက္၊ ေရခ်မ္းစင္တည္ အဖြဲ႕သည္ ၂၀၁၇ ခုႏွစ္မွစတင္ကာ ယေန႔အခ်ိန္အထိ သစ္ပင္စိုက္ပ်ိဳးလာခဲ့ျခင္းျဖစ္ၿပီး ယခုအခ်ိန္အထိ အဝီစိတြင္းတူးရာတြင္ကူညီျခင္းႏွင့္ သဘာဝစိမ္းလန္းစိုျပည္ေရးကို ေဆာင္႐ြက္ေနေသာ အဖြဲ႕ျဖစ္သည္။

“ဥယ်ာဥ္ထဲမွာစိုက္မယ္။ ေနာက္ၿပီးေတာ့ ေရနံေခ်ာင္း၊ မေကြး၊ ေခ်ာက္ ကားလမ္း တစ္ေလွ်ာက္ ဘယ္ညာမွာ ‌‌ေညာင္ေျခေထာက္ေတြ စိုက္မယ္။ စာသင္ေက်ာင္း၊ ဘုန္ႀကီးေက်ာင္း၊ သီလရွင္ေက်ာင္း သစ္ပင္စိုက္ခ်င္လို႔ပါဆိုၿပီး အလႉခံတဲ့ ေက်ာင္းေတြဆို ကြၽန္ေတာ္တို႔ ကိုယ္တိုင္သြားၿပီးေတာ့ စိုက္ေပးလိုက္မယ္။ အပင္ေတြက်ေတာ့ အပူပိုင္းေဒသမွာျဖစ္တဲ့အတြက္ လမ္းေဘးဆိုရင္ ေညာင္ေျခေထာက္ေပါ့။ စာသင္ေက်ာင္းတို႔၊ ဘုန္းႀကီး ေက်ာင္းတို႔ဆိုရင္ေတာ့ စိန္ပန္း၊ ခေရ၊ ေရတမာတို႔ ေနရာေဒသေပၚ၊ အေနအထားေပၚၾကည့္ၿပီးေတာ့ အပင္က ကြဲျပားသြား မွာေပါ့”ဟု ကိုေရနံ႔သာဒင္းဂါးက ေျပာသည္။

အဆိုပါ အပင္ေပါင္း (၁၀ဝဝဝ)ကို မိုးတြင္းကာလတြင္ စိုက္ပ်ိဳးသြားမည္ျဖစ္ၿပီး သစ္ပင္ စိုက္ပ်ိဳးရန္အတြက္ လိုအပ္သည့္တြင္းမ်ားကို တူးထားျခင္း၊ မိုးေရဝင္ႏိုင္ေသာ လမ္းေၾကာမ်ားမပိတ္ရန္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။

“ဒီပရဟိတဥယ်ာဥ္ထဲက သစ္ပင္ေတြကေတာ့ မၾကာခင္စၿပီးစိုက္ေတာ့မွာ။ ဘာျဖစ္လို႔ဆို အဲဒီမွာ ေရတြင္းတူးၿပီးသြားၿပီ solar ေရတြင္းပါ။ ေနပူလည္းေၾကာက္စရာမလိုဘူး။ ေနပူေလ ေရထြက္ေလဆိုေတာ့ မိုးေမွ်ာ္စရာမလိုဘူး။ ေရတြင္းတူးၿပီးသြားၿပီဆိုေတာ့ ကြၽန္ေတာ္တို႔က ဒီေရတြင္း ကေန ေမာင္းၿပီးေတာ့ အပင္ေတြထဲ တစ္ခါတည္း ေလာင္းလိုက္႐ုံပဲ”ဟု ၎က ဆက္လက္ေျပာသည္။

မေကြးတိုင္းေဒသႀကီးအတြင္းရွိ ေရနံေခ်ာင္းၿမိဳ႕နယ္သည္ ေခ်ာက္ၿမိဳ႕နယ္အနီးတြင္ တည္ရွိကာ ေခ်ာက္ၿမိဳ႕သည္ ၿပီးခဲ့သည့္ ဧၿပီလ ၂၈ ရက္က အျမင့္ဆုံး အပူခ်ိန္အျဖစ္ (၄၈ ဒသမ ၂) ဒီဂရီ စင္တီဂရိတ္ျဖင့္ အျမင့္ဆုံးစံခ်ိန္သစ္တင္ခဲ့ၿပီး ကမာၻ႔ အပူဆုံးၿမိဳ႕မ်ားစာရင္း၌ ပါဝင္ခဲ့သည္။ ကမာၻ႔အပူဆုံး ၿမိဳ႕မ်ား စာရင္း၌ ေခ်ာက္ၿမိဳ႕အျပင္ မေကြးၿမိဳ႕၊ မင္းဘူး ၿမိဳ႕၊ ေညာင္ဦးၿမိဳ႕၊ စစ္ကိုင္းၿမိဳ႕၊ မႏၲေလးၿမိဳ႕ႏွင့္ မုံ႐ြာၿမိဳ႕မ်ားလည္း အဆိုပါစာရင္းတြင္ပါဝင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.