ကလေး ၂ ကို ကြိမ်းမောင်းခဲ့တဲ့အမျိုးသားကို သွားရောက်ထိုးကြိတ်ခဲ့တဲ့ ဖခင် ထောင်ဒဏ်ချမှတ်ခံရ

 1180

ရောင်နီ (NP News) - အောက်တိုဘာ ၁၁

ကစားကွင်းတစ်ခုမှာ ကလေးကို ကြိမ်းမောင်းခဲ့ခြင်းကြောင့် သွားရောက်ထိုးကြိတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ထိုးကြိတ်ခဲ့တဲ့ ဖခင် ထောင်ဒဏ်ချမှတ်ခံရပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်က ဝမ်ချွန်ရှောင်း အမည်ရှိ ဖခင်တစ်ဦးဟာ Pandan Gardens ရဲ့ အချက် အချာနေရာ Bouncy Paradise ကစားကွင်းမှာ သူ့ရဲ့ကလေးငယ်နှစ်ဦး၊ အခြားမိသားစုဝင်တွေနဲ့အတူ ရှိနေခဲ့ပါတယ်။
ဝမ်ရဲ့သားတစ်ယောက်က သူ့ကို ကစားကွင်းမှာ လူကြီးတစ်ယောက်က ကြိမ်းမောင်းလိုက်တယ်လို့ ဆိုတာကြောင့် ကစားကွင်းထဲ ထိုင်နေတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးဆီ သွားရောက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။ ထိုးကျိတ်ခံရတဲ့အမျိုးသားဟာ ဆေးခွင့် ၁၄ ရက် ယူထားရပြီး အမြဲတမ်း အာရုံကြောထုံကျင်ခြင်းနဲ့ အမာရွတ် စတဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ချေရှိတယ်လို့ သိရပါ တယ်။ ဝမ်ရဲ့အပြုအမူကို ရက်စက်ကြမ်းကြုတ်ပြီး တစ်ဖက်သတ်ဆန်တဲ့အခြေအနေအဖြစ် သတ်မှတ်ထားပြီး လိုအပ်တာထက် သားကောင်ကို ပိုမိုကျူးလွန်ခဲ့တယ်လို့ အစိုးရရှေ့နေက ပြောကြားပါတယ်။
ယခု အောက်တိုဘာ ၉ ရက်မှာတော့ ဝမ်ကို ထောင်ဒဏ် ၉ လ ချမှတ်ခံခဲ့ရပြီး လျော်ကြေးငွေ ဒေါ်လာ ၄၀၈ ခန့် ပေးဆောင်ဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version:
ကေလး ၂ ကို ႀကိမ္းေမာင္းခဲ့တဲ့အမ်ိဳးသားကို သြားေရာက္ထိုးက်ိတ္ခဲ့တဲ့ ဖခင္ ေထာင္ဒဏ္ခ်မွတ္ခံရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၁
ကစားကြင္းတစ္ခုမွာ ကေလးကို ႀကိမ္းေမာင္းခဲ့ျခင္းေၾကာင့္ သြားေရာက္ထိုးႀကိတ္ခဲ့တဲ့ အမ်ိဳးသားတစ္ဦးကို ထိုးႀကိတ္ခဲ့တဲ့ ဖခင္ ေထာင္ဒဏ္ခ်မွတ္ခံရပါတယ္။
၂၀၂၃ ခုႏွစ္ စက္တင္ဘာ ၃ ရက္က ဝမ္ခြၽန္ေရွာင္း အမည္ရွိ ဖခင္တစ္ဦးဟာ Pandan Gardens ရဲ႕ အခ်က္ အခ်ာေနရာ Bouncy Paradise ကစားကြင္းမွာ သူ႔ရဲ႕ကေလးငယ္ႏွစ္ဦး၊ အျခားမိသားစုဝင္ေတြနဲ႔အတူ ရွိေနခဲ့ပါတယ္။
ဝမ္ရဲ႕သားတစ္ေယာက္က သူ႔ကို ကစားကြင္းမွာ လူႀကီးတစ္ေယာက္က ႀကိမ္းေမာင္းလိုက္တယ္လို႔ ဆိုတာေၾကာင့္ ကစားကြင္းထဲ ထိုင္ေနတဲ့ အသက္ ၅၆ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးဆီ သြားေရာက္ကာ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့တယ္လို႔ တရား႐ုံးက ဆိုပါတယ္။ ထိုးက်ိတ္ခံရတဲ့အမ်ိဳးသားဟာ ေဆးခြင့္ ၁၄ ရက္ ယူထားရၿပီး အၿမဲတမ္း အာ႐ုံေၾကာထုံက်င္ျခင္းနဲ႔ အမာ႐ြတ္ စတဲ့ ေနာက္ဆက္တြဲျပႆနာေတြျဖစ္ႏိုင္ေခ်ရွိတယ္လို႔ သိရပါ တယ္။ ဝမ္ရဲ႕အျပဳအမူကို ရက္စက္ၾကမ္းၾကဳတ္ၿပီး တစ္ဖက္သတ္ဆန္တဲ့အေျခအေနအျဖစ္ သတ္မွတ္ထားၿပီး လိုအပ္တာထက္ သားေကာင္ကို ပိုမိုက်ဴးလြန္ခဲ့တယ္လို႔ အစိုးရေရွ႕ေနက ေျပာၾကားပါတယ္။
ယခု ေအာက္တိုဘာ ၉ ရက္မွာေတာ့ ဝမ္ကို ေထာင္ဒဏ္ ၉ လ ခ်မွတ္ခံခဲ့ရၿပီး ေလ်ာ္ေၾကးေငြ ေဒၚလာ ၄၀၈ ခန႔္ ေပးေဆာင္ဖို႔ အမိန႔္ခ်ခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.