ပဋိပက္ခအကျိုးဆက်အဖြစ် ခူမီးလူမျိုး (၅ဝဝဝ)ကျော် ပြည်ပတွင် အခက်အခဲကြုံနေ

 441

ပုလဲ (NP News) - အောက်တိုဘာ ၁၁

ပဋိပက္ခအကျိုးဆက်အဖြစ် ခူမီးလူမျိုး (၅ဝဝဝ)ကျော် ပြည်ပတွင် အခက်အခဲကြုံနေကြောင်း ခူမီးလူမျိုးများ အကြောင်းသိရှိသူတစ်ဦးက NP News သို့ပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝဒေသရှိ ခူမီးတိုင်းရင်းသားများအနေဖြင့် ဒေသတွင်းပဋိပက္ခများကြောင့် မလေးရှားနိုင်ငံ အပါအဝင် ဂျပန်နိုင်ငံ၊ ကိုးရီးယားနိုင်ငံနှင့် အရှေ့အလယ်ပိုင်းဒေသ သွားရောက် အလုပ်လုပ်ကိုင်မှု များရှိနေရာ ခူမီးတိုင်းရင်းသား (၅ဝဝဝ) ထက်မနည်း ပြည်ပတွင်ရောက်ရှိနေပြီး အခက်အခဲကြုံတွေ့နေရခြင်းဖြစ် ကြောင်းလည်း သိရသည်။
“ခူမီးတွေ (၉)တန်း၊ (၁၀) တန်းသမားတွေ အများကြီး။ အလုပ်တွေကလည်း မရှိဘူး။ ပွဲစားတွေက မြောက်ပိုင်း အဖွဲ့က မင်းတို့မလေးကိုသွား။ အလုပ်ရမယ် ဘာညာ။ နှမ်းတွေ ရောင်းရင် သိန်း (၂၀)၊ (၃၀)။ သိန်း (၅၀)၊ (၁၀၀) ပေးရမယ် ဆိုပြီး မိဘတွေက ပေးလိုက်တယ်။ မလေးကို ရောက်သွားတယ်။ အလုပ်မရဘူး။ အခု မလေးမှာ ပလက်ဝမြို့နယ်က ခူမီးလူမျိုးတွေ အယောက် (၅၀၀၀)လောက်ရှိတယ်။ ရှိတဲ့အခါကျတော့ သူတို့က အလုပ် မရဘူး” ဟု ခူမီးလူမျိုးများအကြောင်း သိရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် မလေးရှားနိုင်ငံအနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် တရားဝင်သွားရောက်လုပ်ကိုင်နေသူများ နှင့် ဒုက္ခသည်များမှလွဲ၍ ဖမ်းဆီးမှုများပြုလုပ်နေရာ တရားမဝင်ရောက်ရှိနေသည့် မြန်မာလုပ်သားများအနေဖြင့် နေ့စဉ် စိုးရိမ်စိတ်ဖြင့် အလုပ်လုပ်ကိုင်နေရကြောင်းလည်း သိရသည်။
“အလုပ်မရရင် တတိယနိုင်ငံပို့မယ်ဆိုပြီး လုပ်နေတာတွေ ရှိတယ်။ အမေရိကားရောက်ရင် ကြီးပွားမယ်တို့ ဘာတို့နဲ့ အဲဒီလိုနဲ့ အမေရိကားကို ပို့တဲ့လူရှိတယ်။ ဂျပန်ကိုရောက်တဲ့လူရှိတယ်။ ကိုရီးယားကို ရောက်တဲ့လူတွေရှိတယ်။ ဒူဘိုင်းကိုရောက်တဲ့ လူရှိတယ်။ အကုန်လုံးပဲ ။ အရှေ့အလယ်ပိုင်းတွေ ရောက်တာ ရှိတယ်။ သူများဆီသွားပြီး စစ်ဘေး ဒုက္ခသည်နဲ့နေတာဆိုတော့ ပိုက်ဆံ မပို့နိုင်ဘူး။ ပထမတော့ပို့နိုင်တယ်။ အခုနောက်ပိုင်း မပို့နိုင်တော့ဘူး။ မိဘတွေက ပထမပိုင်းတော့ ဝမ်းသာတယ်။ နောက်ပိုင်းတော့ သူတို့သားသမီးတွေက ဗမာပြည်ကိုလည်း ပြန်ဝင်လို့မရတော့ဘူး။ ဟိုမှာ အဲဒီလိုဖြစ်နေတာ အယောက် (၅၀၀၀)လောက်ရှိတယ်။ ဟိုမှာ အချင်းချင်း အိမ်ထောင်တွေကျလို့ ကလေးတွေ ဘာတွေရ တော်တော်ဒုက္ခရောက်နေကြတာရှိတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
တရားမဝင် ရောက်ရှိနေသော မြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုးအများစုသည် ဒုက္ခသည်အဖြစ် လျှောက်ထားမှု များ ပိုများလာသော်လည်း ရရှိသူ နည်းပါးကြောင်း သိရသည်။
မလေးရှားအစိုးရအနေဖြင့် မြန်မာနိုင်ငံသားများအပါအဝင် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီး၍ မိခင်နိုင်ငံများသို့ပြန်လည်ပို့ဆောင်မှုများဆောင်ရွက်နေရာ သောင်းနှင့်ချီသော မြန်မာနိုင်ငံသားများကို ဖမ်းဆီး ထိန်းသိမ်းပြီး ပြန်လည်လွှဲပြောင်း ပေးထားကြောင်း သိရသည်။

Zawgyi Version:
ပဋိပကၡအက်ိဳးဆက္အျဖစ္ ခူမီးလူမ်ိဳး (၅ဝဝဝ)ေက်ာ္ ျပည္ပတြင္ အခက္အခဲႀကဳံေန
ပုလဲ (NP News) - ေအာက္တိုဘာ ၁၁
ပဋိပကၡအက်ိဳးဆက္အျဖစ္ ခူမီးလူမ်ိဳး (၅ဝဝဝ)ေက်ာ္ ျပည္ပတြင္ အခက္အခဲႀကဳံေနေၾကာင္း ခူမီးလူမ်ိဳးမ်ား အေၾကာင္းသိရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္ဝေဒသရွိ ခူမီးတိုင္းရင္းသားမ်ားအေနျဖင့္ ေဒသတြင္းပဋိပကၡမ်ားေၾကာင့္ မေလးရွားႏိုင္ငံ အပါအဝင္ ဂ်ပန္ႏိုင္ငံ၊ ကိုးရီးယားႏိုင္ငံႏွင့္ အေရွ႕အလယ္ပိုင္းေဒသ သြားေရာက္ အလုပ္လုပ္ကိုင္မႈ မ်ားရွိေနရာ ခူမီးတိုင္းရင္းသား (၅ဝဝဝ) ထက္မနည္း ျပည္ပတြင္ေရာက္ရွိေနၿပီး အခက္အခဲႀကဳံေတြ႕ေနရျခင္းျဖစ္ ေၾကာင္းလည္း သိရသည္။
“ခူမီးေတြ (၉)တန္း၊ (၁၀) တန္းသမားေတြ အမ်ားႀကီး။ အလုပ္ေတြကလည္း မရွိဘူး။ ပြဲစားေတြက ေျမာက္ပိုင္း အဖြဲ႕က မင္းတို႔မေလးကိုသြား။ အလုပ္ရမယ္ ဘာညာ။ ႏွမ္းေတြ ေရာင္းရင္ သိန္း (၂၀)၊ (၃၀)။ သိန္း (၅၀)၊ (၁၀၀) ေပးရမယ္ ဆိုၿပီး မိဘေတြက ေပးလိုက္တယ္။ မေလးကို ေရာက္သြားတယ္။ အလုပ္မရဘူး။ အခု မေလးမွာ ပလက္ဝၿမိဳ႕နယ္က ခူမီးလူမ်ိဳးေတြ အေယာက္ (၅၀၀၀)ေလာက္ရွိတယ္။ ရွိတဲ့အခါက်ေတာ့ သူတို႔က အလုပ္ မရဘူး” ဟု ခူမီးလူမ်ိဳးမ်ားအေၾကာင္း သိရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ မေလးရွားႏိုင္ငံအေနျဖင့္ ႏိုင္ငံကူးလက္မွတ္ျဖင့္ တရားဝင္သြားေရာက္လုပ္ကိုင္ေနသူမ်ား ႏွင့္ ဒုကၡသည္မ်ားမွလြဲ၍ ဖမ္းဆီးမႈမ်ားျပဳလုပ္ေနရာ တရားမဝင္ေရာက္ရွိေနသည့္ ျမန္မာလုပ္သားမ်ားအေနျဖင့္ ေန႔စဥ္ စိုးရိမ္စိတ္ျဖင့္ အလုပ္လုပ္ကိုင္ေနရေၾကာင္းလည္း သိရသည္။
“အလုပ္မရရင္ တတိယႏိုင္ငံပို႔မယ္ဆိုၿပီး လုပ္ေနတာေတြ ရွိတယ္။ အေမရိကားေရာက္ရင္ ႀကီးပြားမယ္တို႔ ဘာတို႔နဲ႔ အဲဒီလိုနဲ႔ အေမရိကားကို ပို႔တဲ့လူရွိတယ္။ ဂ်ပန္ကိုေရာက္တဲ့လူရွိတယ္။ ကိုရီးယားကို ေရာက္တဲ့လူေတြရွိတယ္။ ဒူဘိုင္းကိုေရာက္တဲ့ လူရွိတယ္။ အကုန္လုံးပဲ ။ အေရွ႕အလယ္ပိုင္းေတြ ေရာက္တာ ရွိတယ္။ သူမ်ားဆီသြားၿပီး စစ္ေဘး ဒုကၡသည္နဲ႔ေနတာဆိုေတာ့ ပိုက္ဆံ မပို႔ႏိုင္ဘူး။ ပထမေတာ့ပို႔ႏိုင္တယ္။ အခုေနာက္ပိုင္း မပို႔ႏိုင္ေတာ့ဘူး။ မိဘေတြက ပထမပိုင္းေတာ့ ဝမ္းသာတယ္။ ေနာက္ပိုင္းေတာ့ သူတို႔သားသမီးေတြက ဗမာျပည္ကိုလည္း ျပန္ဝင္လို႔မရေတာ့ဘူး။ ဟိုမွာ အဲဒီလိုျဖစ္ေနတာ အေယာက္ (၅၀၀၀)ေလာက္ရွိတယ္။ ဟိုမွာ အခ်င္းခ်င္း အိမ္ေထာင္ေတြက်လို႔ ကေလးေတြ ဘာေတြရ ေတာ္ေတာ္ဒုကၡေရာက္ေနၾကတာရွိတယ္” ဟု ၎က ဆက္လက္ ေျပာသည္။
တရားမဝင္ ေရာက္ရွိေနေသာ ျမန္မာႏိုင္ငံသား တိုင္းရင္းသားလူမ်ိဳးအမ်ားစုသည္ ဒုကၡသည္အျဖစ္ ေလွ်ာက္ထားမႈ မ်ား ပိုမ်ားလာေသာ္လည္း ရရွိသူ နည္းပါးေၾကာင္း သိရသည္။
မေလးရွားအစိုးရအေနျဖင့္ ျမန္မာႏိုင္ငံသားမ်ားအပါအဝင္ တရားမဝင္ ႏိုင္ငံျခားသားမ်ားကို ဖမ္းဆီး၍ မိခင္ႏိုင္ငံမ်ားသို႔ျပန္လည္ပို႔ေဆာင္မႈမ်ားေဆာင္႐ြက္ေနရာ ေသာင္းႏွင့္ခ်ီေသာ ျမန္မာႏိုင္ငံသားမ်ားကို ဖမ္းဆီး ထိန္းသိမ္းၿပီး ျပန္လည္လႊဲေျပာင္း ေပးထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.