ဆိုင်ကလုန်းမုန်တိုင်း မွန်ထာကြောင့် နေပြည်တော်နှင့် ပြည်နယ်၊တိုင်း (၁၄)ခုတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း များဖြစ်ပေါ်နိုင်

 431

စော(NP News)-အောက်တိုဘာ ၂၇
ဆိုင်ကလုန်းမုန်တိုင်း မွန်ထာကြောင့် နေပြည်တော်နှင့် ပြည်နယ်၊တိုင်း (၁၄)ခုတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (အောက်တိုဘာ ၂၇ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ တိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၅၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၂၆၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက် ရေမိုင် ၃၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဖြစ်ကြောင်း မိုးဇလမှသတ်မှတ်ထားသည်။
ယင်း ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး မနက်ဖြန် (အောက်တိုဘာ ၂၈ရက်)တွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ကာ အဆိုပါ ညပိုင်းတွင် အင်ဒရာ ပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် ယနေ့ အောက်တိုဘာ (၂၇)ရက်၊ နံနက်မှ (၂၈)ရက်အတွင်း ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ ကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ဆိုင်ကလုန်းမုန်တိုင်း မွန်ထာ ၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်းသိရသည်။
ထိုသို့ဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ရေလျှံမှုများကို ကြိုတင်သတိပြုနိုင် ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

Zawgyi Version:
ဆိုင္ကလုန္းမုန္တိုင္း မြန္ထာေၾကာင့္ ေနျပည္ေတာ္ႏွင့္ ျပည္နယ္၊တိုင္း (၁၄)ခုတြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္ျခင္း မ်ားျဖစ္ေပၚႏိုင္
ေစာ(NP News)-ေအာက္တိုဘာ ၂၇
ဆိုင္ကလုန္းမုန္တိုင္း မြန္ထာေၾကာင့္ ေနျပည္ေတာ္ႏွင့္ ျပည္နယ္၊တိုင္း (၁၄)ခုတြင္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေလျပင္းတိုက္ခတ္ျခင္းမ်ားျဖစ္ေပၚႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ေအာက္တိုဘာ ၂၇ရက္)တြင္ အသိေပးထုတ္ျပန္ထားသည္။
မိုးဇလ၏ တိုင္းထြာခ်က္အရ ဘဂၤလား ပင္လယ္ေအာ္အေနာက္ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ဆိုင္ကလုန္းမုန္တိုင္း “မြန္ထာ” သည္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး ဘဂၤလားပင္လယ္ေအာ္အေနာက္ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္အလယ္ပိုင္းသို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဆိုင္ကလုန္းမုန္တိုင္း “မြန္ထာ” သည္ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕ (Coco Island) ၏ အေနာက္-အေနာက္ေတာင္ဘက္ ေရမိုင္ ၅၁၅ မိုင္ခန႔္၊ အိႏၵိယႏိုင္ငံ၊ ခ်င္းႏိုင္ၿမိဳ႕ (Chennai) ၏ အေရွ႕-အေရွ႕ေတာင္ဘက္ ေရမိုင္ ၂၆၀ မိုင္ခန႔္၊ ကာကီနာဒါၿမိဳ႕ (Kakinada) ၏ အေရွ႕ေတာင္ဘက္ ေရမိုင္ ၃၀၅ မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနၿပီး လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိပါသျဖင့္ အဝါေရာင္အဆင့္ျဖစ္ေၾကာင္း မိုးဇလမွသတ္မွတ္ထားသည္။
ယင္း ဆိုင္ကလုန္းမုန္တိုင္း “မြန္ထာ” သည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားႏိုင္ၿပီး မနက္ျဖန္ (ေအာက္တိုဘာ ၂၈ရက္)တြင္ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း အျဖစ္သို႔ ေရာက္ရွိႏိုင္ကာ အဆိုပါ ညပိုင္းတြင္ အင္ဒရာ ပရာေဒ့ရွ္ကမ္းေျခကို ျဖတ္ေက်ာ္ႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။
ဆိုင္ကလုန္းမုန္တိုင္းအရွိန္ေၾကာင့္ ယေန႔ ေအာက္တိုဘာ (၂၇)ရက္၊ နံနက္မွ (၂၈)ရက္အတြင္း ရက္ေန႔အတြင္း ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာ က်ဲက်ဲမွ ေနရာစိပ္စိပ္ႏွင့္ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ရွမ္း ျပည္နယ္တို႔တြင္ ေနရာကြက္က်ားမွ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ဆိုင္ကလုန္းမုန္တိုင္း မြန္ထာ ၏ အရွိန္ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ အတူ ေလျပင္းတိုက္ခတ္ျခင္း၊ ႐ုတ္တရက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္ေၾကာင္းသိရသည္။
ထိုသို႔ျဖစ္ေပၚႏိုင္၍ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳႏိုင္ ရန္ႏွင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊‌ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထားသည္။

Related news

© 2021. All rights reserved.