မုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ မဝင်ရောက်နိုင်သော်လည်း မိုးရွာသွန်းခြင်းများဖြစ်ပေါ်နိုင်

586

စော(NP News)-အောက်တိုဘာ ၂၆
ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် သည် မြန်မာနိုင်ငံသို့ မဝင်ရောက်နိုင်သော်လည်း မိုးရွာသွန်းခြင်းများဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (အောက်တိုဘာ ၂၆ရက်)တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလ၏ တိုင်းထွာချက်အရ အဆိုပါမုန်တိုင်းငယ်သည် ဆက်လက်တည်ရှိနေပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏ အနောက်တောင်ဘက် ရေမိုင် ၄၀၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၄၃၀ မိုင်ခန့်၊ ကာကီနာဒါမြို့ (Kakinada) ၏ အရှေ့တောင်ဘက် ရေမိုင် ၄၆၀ မိုင်ခန့်အကွာရှိ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
ယင်းမုန်တိုင်းငယ်၏ လက်ရှိအခြေအနေသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ၍ အဝါရောင်အဆင့်ဖြစ်ကြောင်း မိုးဇလမှ သတ်မှတ်ထားသည်။
အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး လာမည့်၆ နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ် အဖြစ်ရောက်ရှိနိုင်ကာ မနက်ဖြန် အောက်တိုဘာ (၂၇)ရက်၌ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ရောရရှိနိုင်ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ ၂၈ရက်တွင် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်သဖြင့် အဆိုပါနေ့၊ ညပိုင်းတွင် အင်ဒရာပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။
မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ (အောက်တိုဘာ ၂၆ရက်)၊ နံနက်မှအောက်တိုဘာ (၂၈)ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် အသိပေးထုတ်ပြန်ထားသည်။

Zawgyi version:
မုန္တိုင္းငယ္သည္ ျမန္မာႏိုင္ငံသို႔ မဝင္ေရာက္ႏိုင္ေသာ္လည္း မိုး႐ြာသြန္းျခင္းမ်ားျဖစ္ေပၚႏိုင္
ေစာ(NP News)-ေအာက္တိုဘာ ၂၆
ဘဂၤလား ပင္လယ္ေအာ္အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ မုန္တိုင္းငယ္ သည္ ျမန္မာႏိုင္ငံသို႔ မဝင္ေရာက္ႏိုင္ေသာ္လည္း မိုး႐ြာသြန္းျခင္းမ်ားျဖစ္ေပၚႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ေအာက္တိုဘာ ၂၆ရက္)တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
မိုးဇလ၏ တိုင္းထြာခ်က္အရ အဆိုပါမုန္တိုင္းငယ္သည္ ဆက္လက္တည္ရွိေနၿပီး ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕ (Coco Island) ၏ အေနာက္ေတာင္ဘက္ ေရမိုင္ ၄၀၀ မိုင္ခန႔္၊ အိႏၵိယႏိုင္ငံ၊ ခ်င္းႏိုင္ၿမိဳ႕ (Chennai) ၏ အေရွ႕-အေရွ႕ေတာင္ဘက္ ေရမိုင္ ၄၃၀ မိုင္ခန႔္၊ ကာကီနာဒါၿမိဳ႕ (Kakinada) ၏ အေရွ႕ေတာင္ဘက္ ေရမိုင္ ၄၆၀ မိုင္ခန႔္အကြာရွိ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း သိရသည္။
ယင္းမုန္တိုင္းငယ္၏ လက္ရွိအေျခအေနသည္ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိ၍ အဝါေရာင္အဆင့္ျဖစ္ေၾကာင္း မိုးဇလမွ သတ္မွတ္ထားသည္။
အဆိုပါ မုန္တိုင္းငယ္သည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားႏိုင္ၿပီး လာမည့္၆ နာရီအတြင္း အားေကာင္းေသာမုန္တိုင္းငယ္ အျဖစ္ေရာက္ရွိႏိုင္ကာ မနက္ျဖန္ ေအာက္တိုဘာ (၂၇)ရက္၌ ဘဂၤလားပင္လယ္ေအာ္အေနာက္ေတာင္ပိုင္းတြင္ ဆိုင္ကလုန္း မုန္တိုင္းအျဖစ္ေရာရရွိႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ေအာက္တိုဘာ ၂၈ရက္တြင္ အားေကာင္းေသာဆိုင္ကလုန္းမုန္တိုင္း အျဖစ္သို႔ ေရာက္ရွိႏိုင္သျဖင့္ အဆိုပါေန႔၊ ညပိုင္းတြင္ အင္ဒရာပရာေဒ့ရွ္ကမ္းေျခကို ျဖတ္ေက်ာ္ႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။
မုန္တိုင္းငယ္၏ အရွိန္ေၾကာင့္ ယေန႔ (ေအာက္တိုဘာ ၂၆ရက္)၊ နံနက္မွေအာက္တိုဘာ (၂၈)ရက္အတြင္း ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္ႏွင့္ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာ ကြက္က်ားမွ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္း တိုက္ခတ္ျခင္း၊ ႐ုတ္တရက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚ ႏိုင္၍ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္၊ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳရန္ႏွင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳရန္ အသိေပးထုတ္ျပန္ထားသည္။