ရွှေပြည်သာမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်(၂၆)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးဘေးသင့်ပြည်သူ (၁၂၀) နီးပါးရှိ

 1326

သန့်ဇင်(NP News)-ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်(၂၆)လုံး မီးလောင်ဆုံးရှုံးသွားခဲ့ ပြီး မီးဘေးသင့် ပြည်သူ(၁၂၀)နီးပါးရှိကြောင်း We love care (လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်း) ထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဧပြလ ၂၉ ရက်)၊ မွန်းတည့် ၁၂ နာရီ ၄ မိနစ်အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ (၁၂)ရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဘယ်ကစလောင်တာလည်းဆိုတာတော့ မီးသတ်က စုံစမ်းစစ်ဆေးနေတုန်းပါ။ မီးလောင်တဲ့နေရာက အိမ်ခြေက ခပ်စိပ်စိပ်လေးတွေဆိုတော့ အိမ်တော်တော်များများ လောင်သွားတယ်။ အရမ်းပူတာနဲ့ အိမ်ကလည်း မီးလောင် လွယ်တဲ့အိမ်တွေဖြစ်နေတော့ တော်တော်ကို လောင်သွားတာပါ” ဟု 𝙒𝙚 𝙇𝙤𝙫𝙚 𝘾𝙖𝙧𝙚 (လူမှုဘဝစောင့်ရှောက်ရေး ပရဟိတအသင်း) မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူနေအိမ်(၂၆)လုံးခန့် မီးလောင်ဆုံးရှုံးသွားခဲ့ပြီး မီးဘေးသင့်ပြည်သူ(၁၂၀)ခန့်ကို နီးစပ်ရာ ဘုန်းကြီးကျောင်းသို့ ပို့ဆောင်နေရာချထားရကြောင်း သိရသည်။

“မီးလောင်နေတုန်း ထိခိုက်တဲ့ လူတွေတော့ရှိတယ်။ ပွန်းပဲ့လောက်ပါပဲ။ လက်ရှိမှာတော့ မီးဘေးသင့် (၁၂၀)ခန့်ကို အနီးအနားက ဘုန်းကြီးကျောင်းမှာ နေရာချထားပါတယ်။ အဲဒီမီးဘေးသင့်တွေအတွက်လည်း စာနပ်ရိက္ခာတို့ အဝတ်အထည်တို့ သောက်သုံးရေတို့ လှူဒါန်းနေတဲ့အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း လိုအပ်နေတဲ့အရာတွေရှိနေသေးတော့ အဝတ်ပဲဖြစ်ဖြစ် အခြားလိုအပ်တာလေးတွေ လှူဒါန်းစေချင်သေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် ၎င်းမီးလောင်မှုကို ရွှေပြည်သာမြိုနယ်မီးသတ်တပ်ဖွဲ့အပြင် အခြားအသင်းအဖွဲ့များက Level 1 အဆင့် ဖြင့် မိနစ်(၄၀)ခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် နိုင်ငံတစ်ဝှမ်းအပူချိန်မြင့်တက်လာသည့်အတွက် မီးလောင်မှုဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာနိုင်သော ကြောင့် မီးမပေါ့ဆကြရင်နှင့် မီးလောင်လွယ်သည့်ပစ္စည်းများအား အထူးဂရုစိုက်အသုံးပြုကြပါရန် အထက်ပါ လူမှုကူညီရေးအသင်းက အကြံပြုပြောဆိုထားသည်။

Zawgyi Version;
ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားရာ လူေနအိမ္(၂၆)လုံး မီးေလာင္ဆုံးရႈံးခဲ့ၿပီး မီးေဘးသင့္ျပည္သူ (၁၂၀) နီးပါးရွိ
သန႔္ဇင္(NP News)-ဧၿပီ ၂၉

ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားရာ လူေနအိမ္(၂၆)လုံး မီးေလာင္ဆုံးရႈံးသြားခဲ့ ၿပီး မီးေဘးသင့္ ျပည္သူ(၁၂၀)နီးပါးရွိေၾကာင္း We love care (လူမႈဘဝေစာင့္ေရွာက္ေရးပရဟိတအသင္း) ထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ဧျပလ ၂၉ ရက္)၊ မြန္းတည့္ ၁၂ နာရီ ၄ မိနစ္အခ်ိန္ခန႔္က ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၁၂)ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘယ္ကစေလာင္တာလည္းဆိုတာေတာ့ မီးသတ္က စုံစမ္းစစ္ေဆးေနတုန္းပါ။ မီးေလာင္တဲ့ေနရာက အိမ္ေျခက ခပ္စိပ္စိပ္ေလးေတြဆိုေတာ့ အိမ္ေတာ္ေတာ္မ်ားမ်ား ေလာင္သြားတယ္။ အရမ္းပူတာနဲ႔ အိမ္ကလည္း မီးေလာင္ လြယ္တဲ့အိမ္ေတြျဖစ္ေနေတာ့ ေတာ္ေတာ္ကို ေလာင္သြားတာပါ” ဟု 𝙒𝙚 𝙇𝙤𝙫𝙚 𝘾𝙖𝙧𝙚 (လူမႈဘဝေစာင့္ေရွာက္ေရး ပရဟိတအသင္း) မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူေနအိမ္(၂၆)လုံးခန႔္ မီးေလာင္ဆုံးရႈံးသြားခဲ့ၿပီး မီးေဘးသင့္ျပည္သူ(၁၂၀)ခန႔္ကို နီးစပ္ရာ ဘုန္းႀကီးေက်ာင္းသို႔ ပို႔ေဆာင္ေနရာခ်ထားရေၾကာင္း သိရသည္။

“မီးေလာင္ေနတုန္း ထိခိုက္တဲ့ လူေတြေတာ့ရွိတယ္။ ပြန္းပဲ့ေလာက္ပါပဲ။ လက္ရွိမွာေတာ့ မီးေဘးသင့္ (၁၂၀)ခန႔္ကို အနီးအနားက ဘုန္းႀကီးေက်ာင္းမွာ ေနရာခ်ထားပါတယ္။ အဲဒီမီးေဘးသင့္ေတြအတြက္လည္း စာနပ္ရိကၡာတို႔ အဝတ္အထည္တို႔ ေသာက္သုံးေရတို႔ လႉဒါန္းေနတဲ့အဖြဲ႕အစည္းေတြလည္း ရွိပါတယ္။ ဒါေပမယ့္လည္း လိုအပ္ေနတဲ့အရာေတြရွိေနေသးေတာ့ အဝတ္ပဲျဖစ္ျဖစ္ အျခားလိုအပ္တာေလးေတြ လႉဒါန္းေစခ်င္ေသးတယ္” ဟု ၎က ဆက္လက္ေျပာသည္။

ထို႔ေၾကာင့္ ၎မီးေလာင္မႈကို ေ႐ႊျပည္သာၿမိဳနယ္မီးသတ္တပ္ဖြဲ႕အျပင္ အျခားအသင္းအဖြဲ႕မ်ားက Level 1 အဆင့္ ျဖင့္ မိနစ္(၄၀)ခန႔္အၾကာ မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

လက္ရွိတြင္ ႏိုင္ငံတစ္ဝွမ္းအပူခ်ိန္ျမင့္တက္လာသည့္အတြက္ မီးေလာင္မႈျဖစ္စဥ္မ်ား ပိုမိုျဖစ္ေပၚလာႏိုင္ေသာ ေၾကာင့္ မီးမေပါ့ဆၾကရင္ႏွင့္ မီးေလာင္လြယ္သည့္ပစၥည္းမ်ားအား အထူးဂ႐ုစိုက္အသုံးျပဳၾကပါရန္ အထက္ပါ လူမႈကူညီေရးအသင္းက အႀကံျပဳေျပာဆိုထားသည္။

Related news

© 2021. All rights reserved.