Elon Musk သည် ပေကျင်းတွင် တရုတ်နိုင်ငံ၏ နံပါတ် ၂ ခေါင်းဆောင်နှင့်တွေ့ဆုံ

 1124

ALynn (NP News) - ဧပြီ ၂၉

Tesla CEO Elon Musk သည် ပေကျင်းသို့ ကြိုတင်ကြေညာခြင်းမရှိ အလည်အပတ်သွားရောက်ပြီး တရုတ်၏ နံပါတ် ၂ အဆင့်ရှိ ခေါင်းဆောင်နှင့်တွေ့ဆုံခဲ့သည်။ တရုတ်ကားထုတ်လုပ်သူများက ၎င်းတို့၏ လျှပ်စစ်ကားများကို ဧပြီလ ၂၅ မှ မေလ ၅ ရက်အထိ အရောင်းမြှင့်တင်ရေး ဆောင်ရွက်နေချိန်တွင် Elon Musk သည် တရုတ်ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံခဲ့သည်။

၎င်းတို့တွေ့ဆုံရာတွင် လီက Elon Musk အား “အမေရိကန်နှင့် တရုတ်အကြား “win-win” ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်လိုကြောင်း၊ တရုတ်တွင် Tesla ၏ လုပ်ငန်းလည်ပတ်မှုသည် နှစ်နိုင်ငံအတူ တကွပူးပေါင်းဆောင်ရွက်ခြင်း ၏ အောင်မြင်မှုသာဓကဖြစ်ကြောင်း” ပြောကြားခဲ့သည်။

ထို့ပြင် “တရုတ်၏ကြီးမားသောဈေးကွက်သည် နိုင်ငံခြားလုပ်ငန်းများကို ကြိုဆိုလျက်ရှိကြောင်း၊ ဝန်ဆောင်မှု အာမခံချက်များကိုလည်း ပိုမိုခိုင်မာအောင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း” ကိုလည်း လီက ထည့်သွင်း ပြောကြားခဲ့သည်။

Elon Musk က X တွင် “နံပါတ် ၂ ခေါင်းဆောင်နှင့် တွေ့ဆုံခွင့်ရသည့်အတွက် ဂုဏ်ယူမိပါကြောင်း” ပို့စ်တင်ခဲ့သည်။

Elon Musk ၏ တရုတ်ခရီးစဉ်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် “အလွန်တင်းကျပ်သော Tesla စည်းမျဉ်းများ” နှင့်ပတ်သက်၍ တွေ့ဆုံရန် ချိန်းဆိုချက်ကို ဖျက်သိမ်းပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ Tesla သည် အမေရိကန်ပြင်ပရှိ အကြီးမားဆုံးထုတ်လုပ်ရေးစက်ရုံကို ရှန်ဟိုင်းတွင် ထားရှိပြီး ၎င်း၏ မော်တော်ယာဉ် တစ်ဝက်ခန့်ကို ရှန်ဟိုင်းတွင် ထုတ်လုပ်သည်။

Tesla သည် တရုတ်အမှတ်တံဆိပ်များ၏ ပြိုင်ဆိုင်မှုပြင်းထန်မှုကြောင့် ရောင်းအား နှေးကွေးနေသဖြင့် ရုန်းကန်နေ ရသည်။ Tesla ၏ မော်တော်ကားတင်ပို့မှုသည် ပထမသုံးလပတ်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဇူလိုင်လကတည်းက ၎င်း၏ စတော့ရှယ်ယာစျေးနှုန်းမှာ ၄၀ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သည်။ ကုမ္ပဏီသည် ပြီးခဲ့သည့်နှစ်က အမြတ်ငွေ ဒေါ်လာ ၂ ဒသမ ၅၁ ဘီလျံရှိခဲ့ရာမှ ယခုနှစ် ပထမသုံးလပတ်တွင် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံသို့ ကျဆင်းသွားကြောင်း အစီရင်ခံတင်ပြခဲ့သည်။

Zawgyi Version;
Elon Musk သည္ ေပက်င္းတြင္ တ႐ုတ္ႏိုင္ငံ၏ နံပါတ္ ၂ ေခါင္းေဆာင္ႏွင့္ေတြ႕ဆုံ
ALynn (NP News) - ဧၿပီ ၂၉

Tesla CEO Elon Musk သည္ ေပက်င္းသို႔ ႀကိဳတင္ေၾကညာျခင္းမရွိ အလည္အပတ္သြားေရာက္ၿပီး တ႐ုတ္၏ နံပါတ္ ၂ အဆင့္ရွိ ေခါင္းေဆာင္ႏွင့္ေတြ႕ဆုံခဲ့သည္။ တ႐ုတ္ကားထုတ္လုပ္သူမ်ားက ၎တို႔၏ လွ်ပ္စစ္ကားမ်ားကို ဧၿပီလ ၂၅ မွ ေမလ ၅ ရက္အထိ အေရာင္းျမႇင့္တင္ေရး ေဆာင္႐ြက္ေနခ်ိန္တြင္ Elon Musk သည္ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခ်န္းႏွင့္ ေတြ႕ဆုံခဲ့သည္။

၎တို႔ေတြ႕ဆုံရာတြင္ လီက Elon Musk အား “အေမရိကန္ႏွင့္ တ႐ုတ္အၾကား “win-win” ပူးေပါင္း ေဆာင္႐ြက္မႈ ျပဳလုပ္လိုေၾကာင္း၊ တ႐ုတ္တြင္ Tesla ၏ လုပ္ငန္းလည္ပတ္မႈသည္ ႏွစ္ႏိုင္ငံအတူ တကြပူးေပါင္းေဆာင္႐ြက္ျခင္း ၏ ေအာင္ျမင္မႈသာဓကျဖစ္ေၾကာင္း” ေျပာၾကားခဲ့သည္။

ထို႔ျပင္ “တ႐ုတ္၏ႀကီးမားေသာေဈးကြက္သည္ ႏိုင္ငံျခားလုပ္ငန္းမ်ားကို ႀကိဳဆိုလ်က္ရွိေၾကာင္း၊ ဝန္ေဆာင္မႈ အာမခံခ်က္မ်ားကိုလည္း ပိုမိုခိုင္မာေအာင္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း” ကိုလည္း လီက ထည့္သြင္း ေျပာၾကားခဲ့သည္။

Elon Musk က X တြင္ “နံပါတ္ ၂ ေခါင္းေဆာင္ႏွင့္ ေတြ႕ဆုံခြင့္ရသည့္အတြက္ ဂုဏ္ယူမိပါေၾကာင္း” ပို႔စ္တင္ခဲ့သည္။

Elon Musk ၏ တ႐ုတ္ခရီးစဥ္သည္ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီႏွင့္ “အလြန္တင္းက်ပ္ေသာ Tesla စည္းမ်ဥ္းမ်ား” ႏွင့္ပတ္သက္၍ ေတြ႕ဆုံရန္ ခ်ိန္းဆိုခ်က္ကို ဖ်က္သိမ္းၿပီးေနာက္ ျဖစ္ေပၚလာျခင္းျဖစ္သည္။ Tesla သည္ အေမရိကန္ျပင္ပရွိ အႀကီးမားဆုံးထုတ္လုပ္ေရးစက္႐ုံကို ရွန္ဟိုင္းတြင္ ထားရွိၿပီး ၎၏ ေမာ္ေတာ္ယာဥ္ တစ္ဝက္ခန႔္ကို ရွန္ဟိုင္းတြင္ ထုတ္လုပ္သည္။

Tesla သည္ တ႐ုတ္အမွတ္တံဆိပ္မ်ား၏ ၿပိဳင္ဆိုင္မႈျပင္းထန္မႈေၾကာင့္ ေရာင္းအား ေႏွးေကြးေနသျဖင့္ ႐ုန္းကန္ေန ရသည္။ Tesla ၏ ေမာ္ေတာ္ကားတင္ပို႔မႈသည္ ပထမသုံးလပတ္တြင္ ၈ ဒသမ ၅ ရာခိုင္ႏႈန္း က်ဆင္းသြားၿပီး ဇူလိုင္လကတည္းက ၎၏ စေတာ့ရွယ္ယာေစ်းႏႈန္းမွာ ၄၀ ရာခိုင္ႏႈန္းသို႔ က်ဆင္းသြားခဲ့သည္။ ကုမၸဏီသည္ ၿပီးခဲ့သည့္ႏွစ္က အျမတ္ေငြ ေဒၚလာ ၂ ဒသမ ၅၁ ဘီလ်ံရွိခဲ့ရာမွ ယခုႏွစ္ ပထမသုံးလပတ္တြင္ ေဒၚလာ ၁ ဒသမ ၁ ဘီလ်ံသို႔ က်ဆင္းသြားေၾကာင္း အစီရင္ခံတင္ျပခဲ့သည္။

Related news

© 2021. All rights reserved.