နာမည်ကြီး တိုင်ပေ စားသောက်ဆိုင်မှာ အစာအဆိပ်သင့်မှုကြောင့် သေဆုံးသူ ၄ ဦးအထိ တိုးလာ

 295

ရောင်နီ (NP News) - ဧပြီ ၃ဝ

ထိုင်ဝမ်မြို့တော် တိုင်ပေရှိ မလေးရှား သက်သတ်လွတ်စားသောက်ဆိုင်တစ်ခုမှ အစာအဆိပ်သင့်မှု သံသယနဲ့ အမျိုးသမီးတစ်ဦး ဧပြီ ၂၉ ရက်က သေဆုံးခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Polam Kopitiam အမည်ရှိ အဆိုပါ သက်သက်လွတ် စားသောက်ဆိုင်မှ အစာအဆိပ်သင့်ဖြစ်ပွားမှုနဲ့ အခုဆိုရင် သေဆုံးသူ အရေအတွက် လေးဦးအထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ ထိုင်ဝမ် ကျန်းမာရေးနဲ့ လူမှုဖူလုံရေး လက်ထောက် ဝန်ကြီး ဗစ်တာဝမ်က ဧပြီ ၂၉ ရက်မှာ အတည်ပြုခဲ့ပါတယ်။

Focus Taiwan ရဲ့အဆိုအရ ဧပြီ ၂၉ ရက်က စတုတ္တမြောက် သေဆုံးသူအဖြစ် အသက် ၄၀ အရွယ် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ၎င်းရဲ့ အရင် ဧပြီ ၂၇ ရက်ကလည်း အခြားလူတစ်ဦး အဆိုပါ စားသောက်ဆိုင်မှ အစာအဆိပ်သင့်မှုနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ အခုသေဆုံးခဲ့တဲ့အမျိုးသမီးဟာ မတ်လလယ်က Polam Kopitiam စားသောက်ဆိုင်မှ ဟင်းပွဲတစ်ခု စားသောက်ပြီးနောက် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရောဂါပိုး ကူးစက်ခံရခြင်းတွေကြောင့် အထူးကြပ်မတ် ကုသဆောင်မှာ တစ်လကျော်နေခဲ့ရကာ ဧပြီလ ၂၉ ရက်နေ့ နံနက် ၃ နာရီမှာ အင်္ဂါများစွာ ချို့ယွင်းမှုကြောင့် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

အခုဆိုရင် အဆိုပါစားသောက်ဆိုင်မှာ စားသောက်ခဲ့တဲ့ လူ စုစုပေါင်း ၄ ဦး သေဆုံးခဲ့ပြီဖြစ်ပြီး အခြားလူ ၃၅ ဦး ဖျားနာခဲ့တယ်လို့ China Press က ဖော်ပြခဲ့ပါတယ်။ အဆိုပါ ဖျားနာသူတွေထဲမှ တစ်ဦးကလည်း အသည်း အစားထိုးခွဲစိတ်ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

စားသောက်ဆိုင်ဟာ ၂၀၂၂ ခုနှစ်က အစားအသောက် ဘေးကင်းရေးစစ်ဆေးမှုအောင်မြင်ခဲ့ပေမယ့်လည်း နောက်ပိုင်း စားသောက်ဆိုင်အတွင်း ပိုးဟပ်အမှုန်အမွှားများ တွေ့ရသလို ဝန်ထမ်းတွေရဲ့ ကျန်းမာရေးမှတ်တမ်း တွေကိုလည်း ပေးအပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ထိုင်ပေကျန်းမာရေး စစ်ဆေးရေးမှူးက ပြောပါတယ်။

Zawgyi Version;
နာမည္ႀကီး တိုင္ေပ စားေသာက္ဆိုင္မွာ အစာအဆိပ္သင့္မႈေၾကာင့္ ေသဆုံးသူ ၄ ဦးအထိ တိုးလာ
ေရာင္နီ (NP News) - ဧၿပီ ၃ဝ

ထိုင္ဝမ္ၿမိဳ႕ေတာ္ တိုင္ေပရွိ မေလးရွား သက္သတ္လြတ္စားေသာက္ဆိုင္တစ္ခုမွ အစာအဆိပ္သင့္မႈ သံသယနဲ႔ အမ်ိဳးသမီးတစ္ဦး ဧၿပီ ၂၉ ရက္က ေသဆုံးခဲ့တယ္လို႔ ေဒသတြင္း မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

Polam Kopitiam အမည္ရွိ အဆိုပါ သက္သက္လြတ္ စားေသာက္ဆိုင္မွ အစာအဆိပ္သင့္ျဖစ္ပြားမႈနဲ႔ အခုဆိုရင္ ေသဆုံးသူ အေရအတြက္ ေလးဦးအထိ ရွိလာခဲ့ၿပီျဖစ္တယ္လို႔ ထိုင္ဝမ္ က်န္းမာေရးနဲ႔ လူမႈဖူလုံေရး လက္ေထာက္ ဝန္ႀကီး ဗစ္တာဝမ္က ဧၿပီ ၂၉ ရက္မွာ အတည္ျပဳခဲ့ပါတယ္။

Focus Taiwan ရဲ႕အဆိုအရ ဧၿပီ ၂၉ ရက္က စတုတၱေျမာက္ ေသဆုံးသူအျဖစ္ အသက္ ၄၀ အ႐ြယ္ အမ်ိဳးသမီး တစ္ဦး ေသဆုံးခဲ့ၿပီး ၎ရဲ႕ အရင္ ဧၿပီ ၂၇ ရက္ကလည္း အျခားလူတစ္ဦး အဆိုပါ စားေသာက္ဆိုင္မွ အစာအဆိပ္သင့္မႈနဲ႔ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ အခုေသဆုံးခဲ့တဲ့အမ်ိဳးသမီးဟာ မတ္လလယ္က Polam Kopitiam စားေသာက္ဆိုင္မွ ဟင္းပြဲတစ္ခု စားေသာက္ၿပီးေနာက္ ပ်ိဳ႕အန္ျခင္း၊ ဝမ္းေလွ်ာျခင္း၊ ေရာဂါပိုး ကူးစက္ခံရျခင္းေတြေၾကာင့္ အထူးၾကပ္မတ္ ကုသေဆာင္မွာ တစ္လေက်ာ္ေနခဲ့ရကာ ဧၿပီလ ၂၉ ရက္ေန႔ နံနက္ ၃ နာရီမွာ အဂၤါမ်ားစြာ ခ်ိဳ႕ယြင္းမႈေၾကာင့္ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။

အခုဆိုရင္ အဆိုပါစားေသာက္ဆိုင္မွာ စားေသာက္ခဲ့တဲ့ လူ စုစုေပါင္း ၄ ဦး ေသဆုံးခဲ့ၿပီျဖစ္ၿပီး အျခားလူ ၃၅ ဦး ဖ်ားနာခဲ့တယ္လို႔ China Press က ေဖာ္ျပခဲ့ပါတယ္။ အဆိုပါ ဖ်ားနာသူေတြထဲမွ တစ္ဦးကလည္း အသည္း အစားထိုးခြဲစိတ္ကုသမႈ ခံယူေနရတယ္လို႔ သိရပါတယ္။

စားေသာက္ဆိုင္ဟာ ၂၀၂၂ ခုႏွစ္က အစားအေသာက္ ေဘးကင္းေရးစစ္ေဆးမႈေအာင္ျမင္ခဲ့ေပမယ့္လည္း ေနာက္ပိုင္း စားေသာက္ဆိုင္အတြင္း ပိုးဟပ္အမႈန္အမႊားမ်ား ေတြ႕ရသလို ဝန္ထမ္းေတြရဲ႕ က်န္းမာေရးမွတ္တမ္း ေတြကိုလည္း ေပးအပ္ဖို႔ ပ်က္ကြက္ခဲ့တယ္လို႔ ထိုင္ေပက်န္းမာေရး စစ္ေဆးေရးမႉးက ေျပာပါတယ္။

Related news

© 2021. All rights reserved.