တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား(၂၈၀၀)မဂ္ဂါဝပ်ခန့်သာ ပျမ်းမျှထုတ်လုပ်နိုင်ပြီး လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးလျက်ရှိနေ

 1943

ယွန်း(NP News) - မေ ၂

လက်ရှိကာလတွင် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား(၂၈၀၀)မဂ္ဂါဝပ်ခန့်သာ ပျမ်းမျှထုတ်လုပ်နိုင်ပြီး လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်ပေးလျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက မေလ(၁)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးလျက်ရှိသည့် ဓာတ်အားပေးစက်ရုံများ၏ အရင်းအမြစ်အလိုက် စုစုပေါင်း တပ်ဆင်စက်အင်အားမှာ ၇၁၈၄ ဒသမ ၄၆ မဂ္ဂါဝပ်ရှိကြောင်း သိရသည်။ထို့ပြင် နိုင်ငံတော်၏ လိုအပ်ချက်မှာ နှစ်စဥ် ၉ ရာခိုင်နှုန်း တိုးတက်သုံးစွဲလျက်ရှိသဖြင့် စုစုပေါင်း ၅၄၄၃ မဂ္ဂါဝပ် လိုအပ်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် လက်ရှိကာလတွင် ရွှေကျင်(၇၅ မဂ္ဂါဝပ်)၊ ဘီလူးချောင်း(၁)၊ (၂)၊ (၃) တို့မှ (၂၄၈ မဂ္ဂါဝပ်)နှင့် သဖန်းဆိပ်(၃၀ မဂ္ဂါဝပ်) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများမှ ထွက်ရှိသည့်ဓာတ်အားကို ပို့လွှတ်လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းကြောင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် ဓာတ်အား(၃၅၃ မဂ္ဂါဝပ်) အသားတင်လျော့နည်း ထုတ်လုပ်နေရကြောင်း သိရသည်။

အလားတူ လက်ရှိဓာတ်အားထုတ်လုပ်မှု၌ အပူစွမ်းအင်သုံးစက်ရုံများရှိ သဘာဝဓာတ်ငွေ့ အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအချိုးမှာ ၅၀ ရာခိုင်နှုန်း ခန့်ရှိသော်လည်း သဘာဝဓာတ်ငွေ့ ရရှိနိုင်မှု မှာလျော့နည်းလျက်ရှိသဖြင့် သဘာဝဓာတ်ငွေ့ သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှုမှာ ၄၄၆ မဂ္ဂါဝပ်ခန့်လျော့နည်းနေကြောင်း ဝန်ကြီးဌာနက ဆိုသည်။

သို့ဖြစ်၍ စုစုပေါင်းစက်များ၏ တပ်ဆင်အားများမှ ရေအားနှင့် သဘာဝဓာတ်ငွေ့သုံးစက်ရုံများ၏ ထုတ်လုပ်မှုတွင် ၇၉၉ မဂ္ဂါဝပ်ခန့်မှာ အသားတင် လျော့နည်းထုတ်လုပ်နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ကျန်ရှိသော စက်တပ်ဆင်အင်အား ၃၈၅ ဒသမ ၄ မဂ္ဂါဝပ်မှ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် စီမံဆောင်ရွက်ခဲ့သော်လည်း ၂၀၂၃ ခုနှစ် မုတ်သုန်ရာသီတွင် ၂၀၂၂ ခုနှစ်ထက် မိုးရွာသွန်းမှုလျော့နည်းခဲ့၍ ‌ဆည်များတွင်ရေပြည့်ဝစွာမရှိခြင်းများကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ သို့သော် မိုးမကျမီ ကာလအတွင်း ဓာတ်အားပြတ်တောက်မှု မဖြစ်ပွားစေရေးအတွက် နိုဝင်ဘာလမှ ဇွန်လအထိ ယခင်သို လှောင်စုဆောင်းထားသည့် ရေများအားချိန်ညှိ၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရခြင်း သဘာဝဓာတ်ငွေ့ ရရှိမှု မလုံလောက်ခြင်းတို့ကြောင့် တပ်ဆင်ထားသည့် စက်များတွင် စက်စွမ်းအားပြည့် လည်ပတ်နိုင်မှု မရှိဘဲ ယခုကာလတွင် တစ်ရက်ပျမ်းမျှ ၂၈၀၀ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ်နိုင်ပြီး လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်လုပ်ပေးနိုင်ကြောင်း သိရသည်။

zawgyi version
တစ္ရက္လွ်င္ လွ်ပ္စစ္ဓာတ္အား(၂၈၀၀)မဂၢါဝပ္ခန္႔သာ ပ်မ္းမွ်ထုတ္လုပ္ႏိုင္ၿပီး လိုအပ္ခ်က္၏ ၅၀ ရာခိုင္ႏႈန္းခန႔္သာ ထုတ္လုပ္ေပးလ်က္ရွိေန

ယြန္း(NP News) - ေမ ၂

လက္ရွိကာလတြင္ တစ္ရက္လွ်င္ လွ်ပ္စစ္ဓာတ္အား(၂၈၀၀)မဂၢါဝပ္ခန႔္သာ ပ်မ္းမွ်ထုတ္လုပ္ႏိုင္ၿပီး လိုအပ္ခ်က္၏ ၅၀ ရာခိုင္ႏႈန္းခန႔္သာ ထုတ္လုပ္ေပးလ်က္ရွိေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက ေမလ(၁)ရက္ေန႔တြင္ အသိေပးထုတ္ျပန္ထားသည္။

လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေပးလ်က္ရွိသည့္ ဓာတ္အားေပးစက္႐ုံမ်ား၏ အရင္းအျမစ္အလိုက္ စုစုေပါင္း တပ္ဆင္စက္အင္အားမွာ ၇၁၈၄ ဒသမ ၄၆ မဂၢါဝပ္ရွိေၾကာင္း သိရသည္။ထို႔ျပင္ ႏိုင္ငံေတာ္၏ လိုအပ္ခ်က္မွာ ႏွစ္စဥ္ ၉ ရာခိုင္ႏႈန္း တိုးတက္သုံးစြဲလ်က္ရွိသျဖင့္ စုစုေပါင္း ၅၄၄၃ မဂၢါဝပ္ လိုအပ္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

သို႔ေသာ္ လက္ရွိကာလတြင္ ေ႐ႊက်င္(၇၅ မဂၢါဝပ္)၊ ဘီလူးေခ်ာင္း(၁)၊ (၂)၊ (၃) တို႔မွ (၂၄၈ မဂၢါဝပ္)ႏွင့္ သဖန္းဆိပ္(၃၀ မဂၢါဝပ္) ေရအားလွ်ပ္စစ္ဓာတ္အားေပး စက္႐ုံမ်ားမွ ထြက္ရွိသည့္ဓာတ္အားကို ပို႔လႊတ္လ်က္ရွိသည့္ ၂၃၀ ေကဗြီ၊ ၁၃၂ ေကဗြီ ဓာတ္အားလိုင္းမ်ား ဖ်က္ဆီးခံထားရျခင္းေၾကာင့္ ေရအားလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားမွထြက္ရွိသည့္ ဓာတ္အား(၃၅၃ မဂၢါဝပ္) အသားတင္ေလ်ာ့နည္း ထုတ္လုပ္ေနရေၾကာင္း သိရသည္။

အလားတူ လက္ရွိဓာတ္အားထုတ္လုပ္မႈ၌ အပူစြမ္းအင္သုံးစက္႐ုံမ်ားရွိ သဘာဝဓာတ္ေငြ႕ အသုံးျပဳ၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈအခ်ိဳးမွာ ၅၀ ရာခိုင္ႏႈန္း ခန႔္ရွိေသာ္လည္း သဘာဝဓာတ္ေငြ႕ ရရွိႏိုင္မႈ မွာေလ်ာ့နည္းလ်က္ရွိသျဖင့္ သဘာဝဓာတ္ေငြ႕ သုံးလွ်ပ္စစ္ဓာတ္အားေပးစက္႐ုံမ်ားမွ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေပးႏိုင္မႈမွာ ၄၄၆ မဂၢါဝပ္ခန႔္ေလ်ာ့နည္းေနေၾကာင္း ဝန္ႀကီးဌာနက ဆိုသည္။

သို႔ျဖစ္၍ စုစုေပါင္းစက္မ်ား၏ တပ္ဆင္အားမ်ားမွ ေရအားႏွင့္ သဘာဝဓာတ္ေငြ႕သုံးစက္႐ုံမ်ား၏ ထုတ္လုပ္မႈတြင္ ၇၉၉ မဂၢါဝပ္ခန႔္မွာ အသားတင္ ေလ်ာ့နည္းထုတ္လုပ္ေနရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ က်န္ရွိေသာ စက္တပ္ဆင္အင္အား ၃၈၅ ဒသမ ၄ မဂၢါဝပ္မွ ဓာတ္အားထုတ္လုပ္ျဖန႔္ျဖဴးႏိုင္ရန္ စီမံေဆာင္႐ြက္ခဲ့ေသာ္လည္း ၂၀၂၃ ခုႏွစ္ မုတ္သုန္ရာသီတြင္ ၂၀၂၂ ခုႏွစ္ထက္ မိုး႐ြာသြန္းမႈေလ်ာ့နည္းခဲ့၍ ‌ဆည္မ်ားတြင္ေရျပည့္ဝစြာမရွိျခင္းမ်ားကို ႀကဳံေတြ႕ခဲ့ရေၾကာင္း သိရသည္။ သို႔ေသာ္ မိုးမက်မီ ကာလအတြင္း ဓာတ္အားျပတ္ေတာက္မႈ မျဖစ္ပြားေစေရးအတြက္ ႏိုဝင္ဘာလမွ ဇြန္လအထိ ယခင္သို ေလွာင္စုေဆာင္းထားသည့္ ေရမ်ားအားခ်ိန္ညႇိ၍ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ရျခင္း သဘာဝဓာတ္ေငြ႕ ရရွိမႈ မလုံေလာက္ျခင္းတို႔ေၾကာင့္ တပ္ဆင္ထားသည့္ စက္မ်ားတြင္ စက္စြမ္းအားျပည့္ လည္ပတ္ႏိုင္မႈ မရွိဘဲ ယခုကာလတြင္ တစ္ရက္ပ်မ္းမွ် ၂၈၀၀ မဂၢါဝပ္ခန႔္သာ ထုတ္လုပ္ႏိုင္ၿပီး လိုအပ္ခ်က္၏ ၅၀ ရာခိုင္ႏႈန္းခန႔္ကိုသာ ထုတ္လုပ္ေပးႏိုင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.